BCC နဲ့ အစိမ်းဘုတ် ဆိုတာ ဘာလဲ? ဘယ်လိုကွာလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
2090 Views

BCC နဲ့ အစိမ်းဘုတ် ဆိုတာ ဘာလဲ? ဘယ်လိုကွာလဲ ?

Knowledge | Posted by Hnin Ei Khin

[Unicode]

 

အိမ်ခြံမြေလောကသားတိုင်းလိုလို ကြုံတွေ့ရတဲ့ BCC နဲ့ အစိမ်းဘုတ်ကွဲပြားခြားနားမှု ရှေ့နေကိုယ်တိုင်ရှင်းပြထားချက်လေးကို ဖတ်ကြည့်လိုက်ရအောင်။

 

မေးခွန်း (၁) - BCC နဲ့ အစိမ်းဘုတ် ကွဲပြားခြားနားချက်ကို ရှင်းပြပါ။

BCC ဆိုသည်မှာ စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြု စာရွက်ဖြစ်ပြီး အဆိုပါစာရွက်တွင် လူနေထိုင်ခွင့်လို့ရေးထားခြင်းမရှိသော်လည်း အဆောက်အဦး ပြီးစီးသဖြင့် လူနေထိုင်ခွင့်ရှိခြင်းဖြစ်ပါသည်။ BCC ၏ အဓိပ္ပာယ်မှာ (Building Complete Certificate) ဖြစ်ပြီး တနည်းဆိုသော လူနေထိုင်ရန် ခွင့်ပြုသည်ဟု သတ်မှတ်နိုင်သည်။

တိုက်ခန်းအရောင်းအဝယ်ပြုလုပ်သည့်အခါ ဝယ်ယူသူမှ မေးမြန်းစစ်ဆေးကြည့်ရှုရမည့်စာရွက်ဖြစ်ကာ BCC မရရှိထားသော အဆောက်အဦးကို ဝယ်ယူမိပါက နောင်တချိန် ပြန်ရောင်းသည့်အခါ အဆင်ပြေလွယ်ကူစွာ ရောင်းချ နိုင်မည် မဟုတ်ပါ။ BCC ရရှိကြောင်း စစ်ဆေးတွေ့ရှိပါက အစိမ်းဘုတ်အား မစစ်ဆေးလဲရပါတယ် BCC ရရှိခြင်းမှာ အစိမ်းဘုတ်အတိုင်း စစ်ဆေးအဆင်ပြေ၍ ပေးအပ်ခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် BCC ရရှိသော အဆောက်အဦးဖြစ်မှသာ မီတာများ ချပေးလ့ရှိပါတယ်။

အစိမ်းဘုတ်ဆိုသည်မှာ ဆောက်လုပ်ခွင့်ပြုအမိန့်ကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းစာရွက်ရရှိမှသာ တရားဝင် အဆောက်အအုံ ဆောက်လုပ်ခွင့်ရှိခြင်းဖြစ်ပါသည်။ အဆိုပါ စာရွက်တွင် လူနေထိုင်ရန်ဆိုတဲ့ စာလုံးပါနေသောကြောင့် အရပ်ထဲတွင် ဘီစီစီနှင့် မှားတတ်ကြပါသည်။ အမှန်မှာ လူနေရန်ခွင့်ပြုမိန့်ဟု ဆိုလိုခြင်းမဟုတ်ဘဲ လူနေရန်နှင့် လုပ်ငန်းလုပ်ရန် ခွဲခြားသတ်မှတ်ထားခြင်းပင် ဖြစ်ပါသည်။

တရားဝင်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမိန့်ရရှိထားပြီးမှသာ BCC (Building Complete Certificate) ရရှိရန် လျှောက်ထားရယူ နိုင်မှာဖြစ်ပါတယ်။ အစိမ်းဘုတ်တစ်ခုထဲပြပြီး ကြိုပွိုင့်များတွင် အရောင်းအဝယ်ပြုလုပ်နေကြသော်လည်း အဆောက်အဦး ပြီးစီးချိန်တွင် BCC ရရှိရန် ကန်ထရိုက်/မြေရှင်က လျှောက်ထားရယူ ပေးရဦး မည်ဖြစ်ပါတယ်။

အစိမ်းဘုတ်ကျကာ ဆောက်လုပ်ခွင့်ပြုထားပြီး BCC လျှောက်ထားမရယူထားခြင်းမှာ အဆောက်အဦး အတွက် သတ်မှတ်ချက်ပုံစံဖြင့် မကိုက်ညီသောကြောင့် စည်ပင်သာယာရေးကော်မတီထံသို့ မတင်ပြခြင်းကြောင့် ဖြစ်ပါသည်။ BCC မရရှိသော အဆောက်အဦးတွင် နေထိုင်ကြောင်း ကော်မတီမှ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးနှင့် အရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

အဆိုပါ BCC အား လျှောက်ထား မရယူခြင်း၊ မရရှိခြင်းဖြစ်နေသော အဆောက်အဦး၏ တိုက်ခန်းအား ဝယ်ရန် မသင့်လျှော်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ။

ဂရန်မြေဆိုသည်မှာ လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ မြေငှားစာချုပ်ရရှိသော မြေကွက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ နှစ်၃၀၊နှစ်၆၀၊နှစ်၉၀ ဟူ၍ မြေငှားဂရန်များ ချပေးထားပြီး တည်တံ့ခိုင်မာသော အဆောက်အအုံတည်ရှိနေမယ်ဆိုရင် နှစ်(၃၀) နှစ်ရှည်မြေငှားဂရန်ချပေးကာ သက်တမ်းလဲ ( ၃ )ကြိမ် ဆောင်ရွက်နိုင်ပါသည်။ ယခုမှ စတင် ပေးသောဂရန်ဖြစ်ပါက (၁၀) သာ ချထားပေးပါသည်။သက်တမ်းကုန်ဆုံးလျှင် အသစ်ပြန်လည် လျှောက်ထားရယူရပါမယ်။

ဂရန်မြေများမှာ အနည်းဆုံးပေ (၄၀) ချပေးထားခြင်းဖြစ်ပြီး ပေ(၂၀)သာ ဝယ်ယူခြင်းဖြစ်ပါက စည်ပင်သာယာ ရေးကော်မတီထံတွင် ဂရန်ခွဲရရှိရန် လျှောက်ထားရပါမယ်။ မြေကွက်အတိုင်းအတာ မျက်နှာစာ အနည်းဆုံး ပေ၂၀ ရှိပါက ဂရန်လျှောက်ထားနိုင်ပါသည်။ စုစုပေါင်းဧရိယာ အနည်းဆုံး စတုရန်ပေ-၁၂၀၀ ရှိရမည်။ ထို့ကြောင့် မြေကွက် ပေ၂၀ ရှိကာ ခွဲစိတ်နိုင်မှ ဝယ်ယူသင့်ပါတယ်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ဝယ်ယူပိုင်ဆိုင်ခြင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းရှိရန် လိုအပ်ပြီး ချုပ်ဆိုထားခြင်း မရှိပါက မှတ်ပုံတင်စာချုပ် ပြန်လည်ချုပ်ဆိုရန် လိုအပ်ပါသည်။ မြေငှားစာချုပ်(ဂရန်)ခွဲလျှောက်ထားပါက အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရပါမည် ---

- မြေငှားစာချုပ်ဂရန်

- မှတ်ပုံတင်စာချုပ်စာတမ်း

- မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ တရားရုံးမှ ချမှတ်ထားသော စီရင်ချက် အမိန့်နှင့်ဒီကရီ

- နိုင်ငံသားစီစစ်ရေးကတ်ပြား

- မြေငှားခကြွေးကျန်ကင်းရှင်း အထောက်အထား နောက်ဆုံးပေးဆောင်ထားသောမြေငှားခပြေစာ

- မြေကွက်ခွဲစိတ်အတည်ပြုပုံစံ ခွင့်ပြုချက်(၁)စုံ

- မြေကွက်ခွဲစိတ် တိုင်းတာထားသည့် မြေပုံ(၁)စောင်တို့ လိုအပ်ပြီး ဌာနမှ စာရွက်စာတမ်းများ မှန်ကန်ပြည့်စုံမှုရှိကာ ကန့်ကွက်သူမရှိခြင်း၊ မြေပြင်အခြေအနေဖြင့် ကိုက်ညီ မှုရှိခြင်း ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုမရှိသာ ဂရန်ထုတ် ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အမည်ခံ၊ အမည်ငှါးကို ဂရန် ထုတ်ပေးတာရှိပါသလား ။

(၁) အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း (Benami) ဘီနာမီစနစ်အရ အမည်ငှားတွင်ပိုင်ဆိုင်မှုခိုင်မာခြင်းရှိပါသလား။

ဘီနာမီ (ခ) အမည်ခံစနစ်ဖြင့်ဝယ်ယူခြင်းသည် မိဘက သားသမီးများအတွက် ရည်စူး၍ ဝယ်ယူခြင်းများလဲရှိပြီး မြန်မာဓလေ့ထုံးတမ်းစဉ်လာအရလဲ ထိုသို့ဝယ်ယူနိုင်ပါသည်။ အပိုင်ပေးစေလိုသော ရည်ရွယ်ချက်ရှိ မရှိလဲ ကြည့်ရှုရမည်ဖြစ်ကာ မိဘက သားသမီးနာမည်ဖြင့် ဝယ်ယူပါက အပိုင်ပေးခြင်းသဘောဖြစ်စေနိုင်ပြီး အခြားသူများအား ဘီနာမီ စနစ်ဖြင့် ဝယ်ယူစေခြင်းမှာ အမည်ခံ၍ ဝယ်ယူစေခြင်းဖြစ်ပါသည်။

ဘီနာမီစနစ်ဖြင့် ဝယ်ယူပါက အမည်ခံရော၊ အမှန်ဝယ်သူနှစ်ဦးလုံး နာမည်ဖော်ပြရန်မလိုပါ။ နှစ်ဦးလုံး နာမည်ဖြင့် ဝယ်ပါက ပူးတွဲဝယ်ယူသည့် သဘောသက်ရောက်စေသည်။ ဘီနာမီစနစ်မှာ ကိုယ်စားလှယ်နှင့် စာချုပ်ချုပ်ဆို ဝယ်ယူခြင်းနှင့်လဲ မသက်ဆိုင်ပါ ဘီနာမီစနစ်မှာ အမည်ခံအား စာချုပ်တွင် ဖော်ပြ၍ အမည်ငှားရမ်းသုံးစွဲခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ပိုင်ဆိုင်မှု အထောက်အထားများနှင့် ဂရန်မူရင်းအား အမည်ခံ၏ လက်ဝယ်တွင် ထားရှိခြင်းမပြုရန်နှင့် တိကျသော ကတိခံဝန်ချက်အား နှစ်ဦးကြားတွင် ပြုလုပ်ထားသင့်ပါသည်။

ထို့ကြောင့် အမည်ငှားပြုလုပ်စေလိုသူမှာ မိမိယုံကြည်စိတ်ချရသော ဆွေမျိုးသာ ဖြစ်သင့်ပါသည်။ ဂရန် မူရင်းပါ ပူးတွဲ၍ အမည်ခံ လက်ဝယ်ပေးအပ်ထားပါက ၎င်းမှ ဂရန်လျှောက်ထားသည့်အခါ ၎င်းအမည်ဖြင့် ဂရန်ထွက်ရှိမည်ဖြစ်ပါသည်။ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှလဲ အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်း ဖြစ်ကြောင်း သိရှိနိုင်မည်မဟုတ်ပါ။

အမှုဖြစ်စဉ်ပေါ်မူတည်ကာ အမည်ငှားဖြင့်ပစ္စည်းအား ဝယ်ယူခြင်းဟုတ် မဟုတ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဒေါ်အေးတင်ပါ-၂ နှင့် ဦးခေးဝှက်(ခ) ဦးစိန်တင်အမှု (၁၉၉၃ခုနှစ်၊မြန်မာနိုင်ငံ တရားစီရင်ထုံး၊စာ-၈၁) နှင့် (ဒေါ်ကြည်ခင်နှင့် ဦးမင်းငွေဝင်းပါ-၂) စီရင်ထုံးတွင် ထုံးဖွဲ့ထားပါသည်။

ဘီနာမီ( ခ) အမည်ငှားဖြင့် အရာင်းအဝယ်ပြုလုပ်ခြင်းဟုတ်မဟုတ် ဆုံးဖြတ်ခြင်းကို ဒေါ်အစူရာဘီ(ခ) ဒေါ်ချစ်တီးယား နှင့် ဒေါ်ဖာတူး(ခ)ဒေါ်မြမြဝင်းအမှု (၁၉၆၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၁၄၈)ပါ အမှုတွင် တွေ့ရှိနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

 

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

BCC နဲ႔ အစိမ္းဘုတ္ ဆိုတာ ဘာလဲ? ဘယ္လိုကြာလဲ ?

 

အိမ္ျခံေျမေလာကသားတိုင္းလိုလို ၾကဳံေတြ႕ရတဲ့ BCC နဲ႔ အစိမ္းဘုတ္ကြဲျပားျခားနားမႈ ေ႐ွ႕ေနကိုယ္တိုင္႐ွင္းျပထားခ်က္ေလးကို ဖတ္ၾကည့္လိုက္ရေအာင္။

 

ေမးခြန္း (၁) - BCC နဲ႔ အစိမ္းဘုတ္ ကြဲျပားျခားနားခ်က္ကို ႐ွင္းျပပါ။

BCC ဆိုသည္မွာ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ေပးသည့္ အေဆာက္အဦးၿပီးစီးေၾကာင္း အသိအမွတ္ျပဳ စာ႐ြက္ျဖစ္ၿပီး အဆိုပါစာ႐ြက္တြင္ လူေနထိုင္ခြင့္လို႔ေရးထားျခင္းမ႐ွိေသာ္လည္း အေဆာက္အဦး ၿပီးစီးသျဖင့္ လူေနထိုင္ခြင့္႐ွိျခင္းျဖစ္ပါသည္။ BCC ၏ အဓိပၸာယ္မွာ (Building Complete Certificate) ျဖစ္ၿပီး တနည္းဆိုေသာ လူေနထိုင္ရန္ ခြင့္ျပဳသည္ဟု သတ္မွတ္ႏိုင္သည္။

တိုက္ခန္းအေရာင္းအဝယ္ျပဳလုပ္သည့္အခါ ဝယ္ယူသူမွ ေမးျမန္းစစ္ေဆးၾကည့္႐ႈရမည့္စာ႐ြက္ျဖစ္ကာ BCC မရ႐ွိထားေသာ အေဆာက္အဦးကို ဝယ္ယူမိပါက ေနာင္တခ်ိန္ ျပန္ေရာင္းသည့္အခါ အဆင္ေျပလြယ္ကူစြာ ေရာင္းခ် ႏိုင္မည္ မဟုတ္ပါ။ BCC ရ႐ွိေၾကာင္း စစ္ေဆးေတြ႕႐ွိပါက အစိမ္းဘုတ္အား မစစ္ေဆးလဲရပါတယ္ BCC ရ႐ွိျခင္းမွာ အစိမ္းဘုတ္အတိုင္း စစ္ေဆးအဆင္ေျပ၍ ေပးအပ္ျခင္းျဖစ္ပါတယ္။ ယခုေနာက္ပိုင္းတြင္ BCC ရ႐ွိေသာ အေဆာက္အဦးျဖစ္မွသာ မီတာမ်ား ခ်ေပးလ့႐ွိပါတယ္။

အစိမ္းဘုတ္ဆိုသည္မွာ ေဆာက္လုပ္ခြင့္ျပဳအမိန္႔ကို ဆိုလိုျခင္းျဖစ္ၿပီး ၎စာ႐ြက္ရ႐ွိမွသာ တရားဝင္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္႐ွိျခင္းျဖစ္ပါသည္။ အဆိုပါ စာ႐ြက္တြင္ လူေနထိုင္ရန္ဆိုတဲ့ စာလုံးပါေနေသာေၾကာင့္ အရပ္ထဲတြင္ ဘီစီစီႏွင့္ မွားတတ္ၾကပါသည္။ အမွန္မွာ လူေနရန္ခြင့္ျပဳမိန္႔ဟု ဆိုလိုျခင္းမဟုတ္ဘဲ လူေနရန္ႏွင့္ လုပ္ငန္းလုပ္ရန္ ခြဲျခားသတ္မွတ္ထားျခင္းပင္ ျဖစ္ပါသည္။

တရားဝင္အေဆာက္အအုံ ေဆာက္လုပ္ခြင့္ျပဳမိန္႔ရ႐ွိထားၿပီးမွသာ BCC (Building Complete Certificate) ရ႐ွိရန္ ေလွ်ာက္ထားရယူ ႏိုင္မွာျဖစ္ပါတယ္။ အစိမ္းဘုတ္တစ္ခုထဲျပၿပီး ႀကိဳပြိဳင့္မ်ားတြင္ အေရာင္းအဝယ္ျပဳလုပ္ေနၾကေသာ္လည္း အေဆာက္အဦး ၿပီးစီးခ်ိန္တြင္ BCC ရ႐ွိရန္ ကန္ထ႐ိုက္/ေျမ႐ွင္က ေလွ်ာက္ထားရယူ ေပးရဦး မည္ျဖစ္ပါတယ္။

အစိမ္းဘုတ္က်ကာ ေဆာက္လုပ္ခြင့္ျပဳထားၿပီး BCC ေလွ်ာက္ထားမရယူထားျခင္းမွာ အေဆာက္အဦး အတြက္ သတ္မွတ္ခ်က္ပုံစံျဖင့္ မကိုက္ညီေသာေၾကာင့္ စည္ပင္သာယာေရးေကာ္မတီထံသို႔ မတင္ျပျခင္းေၾကာင့္ ျဖစ္ပါသည္။ BCC မရ႐ွိေသာ အေဆာက္အဦးတြင္ ေနထိုင္ေၾကာင္း ေကာ္မတီမွ စစ္ေဆးေတြ႕႐ွိပါက ဒဏ္ေၾကးႏွင့္ အေရးယူျခင္း ခံရမည္ျဖစ္ပါသည္။

အဆိုပါ BCC အား ေလွ်ာက္ထား မရယူျခင္း၊ မရ႐ွိျခင္းျဖစ္ေနေသာ အေဆာက္အဦး၏ တိုက္ခန္းအား ဝယ္ရန္ မသင့္ေလွ်ာ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေပ ၂၀ ေျမကို ဂရန္ေပါက္ေအာင္ ဘယ္လိုလုပ္ရမလဲ။

ဂရန္ေျမဆိုသည္မွာ လူေနထိုင္ရန္အတြက္ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းအတြက္ ျဖစ္ေစ ေျမငွားစာခ်ဳပ္ရ႐ွိေသာ ေျမကြက္ကို ဆိုလိုျခင္းျဖစ္ပါသည္။ ႏွစ္၃၀၊ႏွစ္၆၀၊ႏွစ္၉၀ ဟူ၍ ေျမငွားဂရန္မ်ား ခ်ေပးထားၿပီး တည္တံ့ခိုင္မာေသာ အေဆာက္အအုံတည္႐ွိေနမယ္ဆိုရင္ ႏွစ္(၃၀) ႏွစ္႐ွည္ေျမငွားဂရန္ခ်ေပးကာ သက္တမ္းလဲ ( ၃ )ႀကိမ္ ေဆာင္႐ြက္ႏိုင္ပါသည္။ ယခုမွ စတင္ ေပးေသာဂရန္ျဖစ္ပါက (၁၀) သာ ခ်ထားေပးပါသည္။သက္တမ္းကုန္ဆုံးလွ်င္ အသစ္ျပန္လည္ ေလွ်ာက္ထားရယူရပါမယ္။

ဂရန္ေျမမ်ားမွာ အနည္းဆုံးေပ (၄၀) ခ်ေပးထားျခင္းျဖစ္ၿပီး ေပ(၂၀)သာ ဝယ္ယူျခင္းျဖစ္ပါက စည္ပင္သာယာ ေရးေကာ္မတီထံတြင္ ဂရန္ခြဲရ႐ွိရန္ ေလွ်ာက္ထားရပါမယ္။ ေျမကြက္အတိုင္းအတာ မ်က္ႏွာစာ အနည္းဆုံး ေပ၂၀ ႐ွိပါက ဂရန္ေလွ်ာက္ထားႏိုင္ပါသည္။ စုစုေပါင္းဧရိယာ အနည္းဆုံး စတုရန္ေပ-၁၂၀၀ ႐ွိရမည္။ ထို႔ေၾကာင့္ ေျမကြက္ ေပ၂၀ ႐ွိကာ ခြဲစိတ္ႏိုင္မွ ဝယ္ယူသင့္ပါတယ္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား ဝယ္ယူပိုင္ဆိုင္ျခင္းမွာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း႐ွိရန္ လိုအပ္ၿပီး ခ်ဳပ္ဆိုထားျခင္း မ႐ွိပါက မွတ္ပုံတင္စာခ်ဳပ္ ျပန္လည္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ ေျမငွားစာခ်ဳပ္(ဂရန္)ခြဲေလွ်ာက္ထားပါက ေအာက္ပါအေထာက္အထားမ်ား ပူးတြဲတင္ျပရပါမည္ ---

- ေျမငွားစာခ်ဳပ္ဂရန္

- မွတ္ပုံတင္စာခ်ဳပ္စာတမ္း

- ေျမပိုင္ဆိုင္မႈႏွင့္ပတ္သတ္၍ တရား႐ုံးမွ ခ်မွတ္ထားေသာ စီရင္ခ်က္ အမိန္႔ႏွင့္ဒီကရီ

- ႏိုင္ငံသားစီစစ္ေရးကတ္ျပား

- ေျမငွားခေႂကြးက်န္ကင္း႐ွင္း အေထာက္အထား ေနာက္ဆုံးေပးေဆာင္ထားေသာေျမငွားခေျပစာ

- ေျမကြက္ခြဲစိတ္အတည္ျပဳပုံစံ ခြင့္ျပဳခ်က္(၁)စုံ

- ေျမကြက္ခြဲစိတ္ တိုင္းတာထားသည့္ ေျမပုံ(၁)ေစာင္တို႔ လိုအပ္ၿပီး ဌာနမွ စာ႐ြက္စာတမ္းမ်ား မွန္ကန္ျပည့္စုံမႈ႐ွိကာ ကန္႔ကြက္သူမ႐ွိျခင္း၊ ေျမျပင္အေျခအေနျဖင့္ ကိုက္ညီ မႈ႐ွိျခင္း ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒႏွင့္ ၿငိစြန္းမႈမ႐ွိသာ ဂရန္ထုတ္ ေပးမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အမည္ခံ၊ အမည္ငွါးကို ဂရန္ ထုတ္ေပးတာ႐ွိပါသလား ။

(၁) အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္း (Benami) ဘီနာမီစနစ္အရ အမည္ငွားတြင္ပိုင္ဆိုင္မႈခိုင္မာျခင္း႐ွိပါသလား။

ဘီနာမီ (ခ) အမည္ခံစနစ္ျဖင့္ဝယ္ယူျခင္းသည္ မိဘက သားသမီးမ်ားအတြက္ ရည္စူး၍ ဝယ္ယူျခင္းမ်ားလဲ႐ွိၿပီး ျမန္မာဓေလ့ထုံးတမ္းစဥ္လာအရလဲ ထိုသို႔ဝယ္ယူႏိုင္ပါသည္။ အပိုင္ေပးေစလိုေသာ ရည္႐ြယ္ခ်က္႐ွိ မ႐ွိလဲ ၾကည့္႐ႈရမည္ျဖစ္ကာ မိဘက သားသမီးနာမည္ျဖင့္ ဝယ္ယူပါက အပိုင္ေပးျခင္းသေဘာျဖစ္ေစႏိုင္ၿပီး အျခားသူမ်ားအား ဘီနာမီ စနစ္ျဖင့္ ဝယ္ယူေစျခင္းမွာ အမည္ခံ၍ ဝယ္ယူေစျခင္းျဖစ္ပါသည္။

ဘီနာမီစနစ္ျဖင့္ ဝယ္ယူပါက အမည္ခံေရာ၊ အမွန္ဝယ္သူႏွစ္ဦးလုံး နာမည္ေဖာ္ျပရန္မလိုပါ။ ႏွစ္ဦးလုံး နာမည္ျဖင့္ ဝယ္ပါက ပူးတြဲဝယ္ယူသည့္ သေဘာသက္ေရာက္ေစသည္။ ဘီနာမီစနစ္မွာ ကိုယ္စားလွယ္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို ဝယ္ယူျခင္းႏွင့္လဲ မသက္ဆိုင္ပါ ဘီနာမီစနစ္မွာ အမည္ခံအား စာခ်ဳပ္တြင္ ေဖာ္ျပ၍ အမည္ငွားရမ္းသုံးစြဲျခင္းပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ပိုင္ဆိုင္မႈ အေထာက္အထားမ်ားႏွင့္ ဂရန္မူရင္းအား အမည္ခံ၏ လက္ဝယ္တြင္ ထား႐ွိျခင္းမျပဳရန္ႏွင့္ တိက်ေသာ ကတိခံဝန္ခ်က္အား ႏွစ္ဦးၾကားတြင္ ျပဳလုပ္ထားသင့္ပါသည္။

ထို႔ေၾကာင့္ အမည္ငွားျပဳလုပ္ေစလိုသူမွာ မိမိယုံၾကည္စိတ္ခ်ရေသာ ေဆြမ်ိဳးသာ ျဖစ္သင့္ပါသည္။ ဂရန္ မူရင္းပါ ပူးတြဲ၍ အမည္ခံ လက္ဝယ္ေပးအပ္ထားပါက ၎မွ ဂရန္ေလွ်ာက္ထားသည့္အခါ ၎အမည္ျဖင့္ ဂရန္ထြက္႐ွိမည္ျဖစ္ပါသည္။ သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမွလဲ အမည္ငွားစနစ္ျဖင့္ ဝယ္ယူျခင္း ျဖစ္ေၾကာင္း သိ႐ွိႏိုင္မည္မဟုတ္ပါ။

အမႈျဖစ္စဥ္ေပၚမူတည္ကာ အမည္ငွားျဖင့္ပစၥည္းအား ဝယ္ယူျခင္းဟုတ္ မဟုတ္ ဆုံးျဖတ္ရမည္ျဖစ္ေၾကာင္း ေဒၚေအးတင္ပါ-၂ ႏွင့္ ဦးေခးဝွက္(ခ) ဦးစိန္တင္အမႈ (၁၉၉၃ခုႏွစ္၊ျမန္မာႏိုင္ငံ တရားစီရင္ထုံး၊စာ-၈၁) ႏွင့္ (ေဒၚၾကည္ခင္ႏွင့္ ဦးမင္းေငြဝင္းပါ-၂) စီရင္ထုံးတြင္ ထုံးဖြဲ႕ထားပါသည္။

ဘီနာမီ( ခ) အမည္ငွားျဖင့္ အရာင္းအဝယ္ျပဳလုပ္ျခင္းဟုတ္မဟုတ္ ဆုံးျဖတ္ျခင္းကို ေဒၚအစူရာဘီ(ခ) ေဒၚခ်စ္တီးယား ႏွင့္ ေဒၚဖာတူး(ခ)ေဒၚျမျမဝင္းအမႈ (၁၉၆၉ ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊ စာ-၁၄၈)ပါ အမႈတြင္ ေတြ႕႐ွိႏိုင္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service