မန္တလေးအိမ်ခြံမြေဈေးကွက် အငှားပြန်သွက်လာ - Property News in Myanmar from iMyanmarHouse.com
1065 Views
မန္တလေးအိမ်ခြံမြေဈေးကွက် အငှားပြန်သွက်လာ
[Unicode]
မန္တလေးအိမ်ခြံမြေဈေးကွက်  ထဲမှာ အိမ်ခန်း၊ဆိုင်ခန်းငှားရမ်းသူတွေ အခုရက်ပိုင်းထဲ များပြားလာတဲ့အတွက် ငှားရမ်းခဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ မန္တလေး အိမ်ခြံမြေရောင်းဝယ်ငှား လုပ်ငန်းလုပ်ကိုင်သူ တွေက ပြောပါတယ်။
မြို့တွင်းပိုင်းလမ်းမတန်းနဲ့ အချက်အခြာကျတဲ့နေရာတွေကို ငှားရမ်းမှုတွေများလာပြီး ငှားရမ်းခဈေးနှုန်းတွေဟာလည်း အရင်ထက် (၅)သောင်းကျော်လောက်ဈေးမြင့်လာတယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အရင်တစ်လငှားရမ်းခငွေကျပ် နှစ်သိန်းခွဲသာ ပေါက်ဈေးရှိခဲ့တဲ့ အိမ်ခန်းဈေးနှုန်းတွေဟာ အခုလက်ရှိမှာ ငွေကျပ် ၃ သိန်းနီးပါးအထိ ဈေးမြင့်တက်လာနေပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားက ရွှေ့ပြောင်းနေထိုင်သူတွေ အခုရက်ပိုင်းထဲမှာ ပိုမိုငှားရမ်းလာကြတယ်လို့လည်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ အရင်လပိုင်းတုန်းက မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အရောင်းရော အငှားဈေးကွက်ပါ တည်ငြိမ်နေပေမယ့် အခုရက်ပိုင်းအတွင်း အငှားပြန်သွက်လာသလို ဈေးနှုန်းတွေလည်း မြင့်တက်လာတာပါ။
လက်ရှိမှာ  မန္တလေးမြေကွက်  အဝယ်ဈေးတွေဟာ နေရာနဲ့အကွက်အကွင်းပေါ်မူတည်ပြီး ကျပ်သိန်း(၅၀၀၀)ကျော် ကနေ သိန်း(၂၀၀၀၀)ကျော် အထိ ပေါက်ဈေးရှိနေတယ်လို့ မန္တလေးအိမ်ခြံမြေဈေးကွက်ထဲကနေ သိရပါတယ်။  မန္တလေးကွန်ဒိုအငှား  ဈေးနှုန်း တွေဟာလည်း တစ်လကို (၁၀) သိန်းကနေ ကျပ် သိန်း (၂၀) ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့လည်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service