သုခဒဂုံပြည်သူ့အငှားအိမ်ရာမဲနှိုက်ခွင့်နှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းများရှိနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1142 Views
သုခဒဂုံပြည်သူ့အငှားအိမ်ရာမဲနှိုက်ခွင့်နှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းများရှိနေဟုဆို
[Unicode]
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ မဲနှိုက်ခွင့်နဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းအချက်အလတ်တွေကို မသမာသူတချို့က ဆောင်ရွက်နေတယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။
တချို့ဟာ သက်ဆိုင်ရာဌာနကအကြီးအကဲနဲ့ ပတ်သက်တယ်ဆိုပြီး ငွေကြေးလိမ်မှုတွေရှိနေတယ်လို့ မြို့ပြနှင့်အိမ်ရာဖွဲ့ဖြိုးရေးဦးစီးဌာနရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြည်သူများအနေနဲ့ အလိမ်မခံရအောင် မဲနှိုက်ခွင့်စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ရုံးတွေမှာ သွားရောက်ကြည့်ရှုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အိမ်ရာနဲ့ပတ်သက်တဲ့ အချက်အလတ်တွေကိုလည်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေးသွားမှာလို့ ဆိုပါတယ်။
တာဝန်ထမ်းဆောင်နေဆဲ အစိုးရဝန်ထမ်းတွေအနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာခန်းတွေကို ငှားရမ်းဖို့ အတွက် မဲနှိုက်ခွင့်ရှိသူစာရင်းတွေကို သက်ဆိုင်ရာဦးစီးဌာနတွေကို အကြောင်းကြားစာ ပေးပို့သွားမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။ မဲနှိုက်ခွင့်ရှိသူစာရင်းမှာ ပါရှိသူတွေအနေနဲ့ မိမိတို့မဲနှိုက်ရမယ့် အုပ်စုနဲ့ တိုက်နံပါတ်တွေမှာ မှတ်ပုံတင်မူရင်း ၊ အိမ်ထောင်စုစာရင်းတွေနဲ့ ကိုယ်တိုင်လာရောက် မဲနှိုက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်မူရင်း ၊ အိမ်ထောင်စုစာရင်းတွေနဲ့ မိသားစုဝင်တစ်ဦးကို ကိုယ်စားမဲနှိုက်ခိုင်းနိုင်တယ်လို့လည်း ကြေညာထားပါတယ်။ မဲနှိုက်ခွင့်စာရင်းမှာပါရှိသူတွေအနေနဲ့ လာမယ့်နိုဝင်ဘာလ (၁၃)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ လာရောက်မဲနှိုက်ရမှာလည်း ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service