စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
1008 Views

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ

Knowledge | Posted by Aye Myat Thu

[Unicode]

 

ဒီခေတ်ကြီးမှာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံး အိမ်ခြံမြေလောကနဲ့ပတ်သတ်ပြီး iMyanmarHouse ရဲ့ အိမ်ခြံမြေချစ်သူတိုင်း လေ့လာသင့်တဲ့ အိမ်ခြံမြေအမေးအဖြေ သုံးခုကို စုစည်းတင်ဆက်ပေးထားပါတယ်။

 

မေးခွန်း (၁) - ဘဏ်ချိတ်တိုက်ခန်းဝယ်ရင် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြပါ။

 

(၃၀%)Down Payment ချနိုင်ပြီး လစဉ်ပုံမှန်ဝင်ငွေရှိပါက Home Loan စနစ်ဖြင့် Bank ချေးငွေလျှောက်ထားကာ အိမ်ခြံမြေတိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်နိုင်ပါသည်။

လစာ၏ (၃)ပုံ(၁)အား လစဉ်ပေးသွင်းရသဖြင့် သတ်မှတ်ဝင်ငွေ% ပြည့်မှီရန်တော့လိုအပ်ပါသည်။ အရစ်ကျပေးသွင်းရန်ငွေ မပြည့်မှီပါကမိသားစုသန်းခေါင်စုစာရင်းဝင်နှင့်ပူးတွဲ၍ လျှောက်ထားလျှင်လဲ အဆင်ပြေပါသည်။

ဘဏ်ပေါ်မူတည်၍ ချေးငွေပေးသည့် သက်တမ်းကာလ ကွာခြားမှုရှိပါသည်။အိမ်ခြံမြေ အမျိုး အစားပေါ်မူတည်၍လဲ ချေးငွေရရှိမည့် သက်တမ်းကာလမှာ ကွာခြားမှုရှိပြီး မိမိအဆင်ပြေသည့်ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူနိုင်ပါသည်။ အိမ်ခြံမြေဆိုပါကRC တိုက်ဖြစ်ရန် လိုအပ်ပါသည်။

ချေးငွေအမျိုးအစား၊ အတိုးနှုန်း၊ ကနဦးပေးသွင်းငွေနှင့် လစဉ်ပေးသွင်းရမည့်ငွေပမာဏတို့ကို မိမိချေးငွေယူမည့် Home Loan Bank နှင့် အသေးစိတ်ဆွေးနွေးရပါမည်။ ချေးငွေရရှိပြီး ရက်ပေါင်း (၃၀) အတွင်း ဘဏ်ချေးငွေပေးဆပ်ရန် ပျက်ကွက်ပါကစာချုပ်ပျက်ပြယ်မည်ဖြစ်ကာ ဘဏ်လုပ်ထုံးလုပ်နည်း နှင့် အညီဆောင်ရွက်ခြင်းခံရမည်ဖြစ်ပါသည်။ဘဏ်မှ စစ်ဆေးနိုင်ရန် လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူအောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

(၁)။မှတ်ပုံတင်

(၂)။Passport (ရှိလျှင်)

(၃)။ပတ်စပို့အရွယ်အစား ဓာတ်ပုံ

(၄)။စရန်ပေးစာချုပ်မိတ္တူ

(၅)။ရပ်ကွက်ထောက်ခံစာ

(၆။သန်းခေါင်းစာရင်းမိတ္တူ

(၇)။သက်ဆိုင်ရာကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ

(၈)။Pay Slip (or) Salary Slip

(၉)။Tax Slip (အခွန်ပြေစာ)

(၁၀)။Bank Statement (၆လစာ)

(၁၁)။ဝန်ထမ်းကတ်မိတ္တူ။

ချေးငွေခွင့်ပြုချက်ရရှိပါက ရာဖြတ်တင်ခြင်း၊ ဝယ်ယူမည့်တိုက်ခန်း၏ပိုင်ဆိုင်မှုစာရွက်စာတမ်းများ စစ်ဆေးခြင်း၊ လျှောက်ထားသူ၏ဝင်ငွေရလမ်းအထောက်အထားများအား BanK မှ (၂/၃)ပတ်အတွင်း စစ်ဆေးပြီး Home Loan Bank ချေးငွေရရှိကာ အိမ်၊ခြံ၊မြေ ဝယ်ယူပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) -  မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ခြင်းမပြုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်သနည်း။

 

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ-၁၆အရ အောက်ပါစာချုပ်စာတမ်းများကိုမှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်နိုင်ပါသည်။

(၁) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊

(၂) မရွှေ့မပြောင်းနိုင်သာပစ္စည်းနှင့် ဆက်စပ်၍ တန်ဖိုးငွေ(၁)သိန်းနှင့်အထက်ရှိသည့်ပစ္စည်းများ ရောင်းချခြင်းဆိုင်ရာဆိုင်ခွင့်အကျိုးစီးပွားတစ်စုံဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ခိုင်မာစေရန်ပြုလုပ်သည့်သေတမ်းစာ မဟုတ် သော စာချုပ်စာတမ်းများ နှင့်စီရင်ချက်၊ဒီကရီ၊အမိန့်။

(၃) တန်ဖိုးငွေ (၁)သိန်းနှင့်အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ပေါင်နှံငွေချေးခြင်းမှတပါး နှင့် ပေါင်နှံခြင်းကို ဖျက်သိမ်းသောစာချုပ်များ။

(၄) မရွှေ့မပြောင်းနိုင်သာပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊တစ်နှစ်ထက်ပို၍ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ။

(၅) ကုမ္ပဏီအသင်းအဖွဲ့က မရွှေ့မပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေတချို့ကိုဖြစ် စေ ပေါင်နှံခြင်း၊ပေးအပ်ခြင်း၊လွှဲပြောင်းခြင်းပြုသည့်စာချုပ်စာတမ်းများ။

(၆) ကိတ္ထိမသားသမီးမွေးစားခြင်းစာချုပ်များ။ (၇)နိုင်ငံတော်အစိုးရက အခါအားလျော်စွာသတ်မှတ်သည့်စာချုပ်စာတမ်းများအား မှတ်ပုံမတင် မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ထားပါသည်။

ပုဒ်မ-၁၆အရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများကို မှတ်ပုံတင်ခြင်းမပြုလျှင် ပုဒ်မ-၄၈အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လွှဲပြောင်းခြင်း၊ငှားရမ်းခြင်းတို့သည် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ကိတ္တိမသားသမီးမွေးစားခြင်းများတွင်လဲစာချုပ်စာတမ်းအား မှတ်ပုံ မတင်လျှင် သက်သေခံ အထောက်အထားဖြစ်လာမှာ မဟုတ်ပါဘူး။

အထက်ဖော်ပြပါပုဒ်မ-၁၆ပါ စာချုပ်စာတမ်းများအား မှတ်ပုံတင်ရှိထားလျှင်အဆိုပါစာချုပ် စာတမ်းပါ ပစ္စည်းများသည့် တရားဝင်ပိုင်ဆိုင်မှုဖြစ်ကာ ကတိပြုချက်များ၊ စည်းကမ်းချက်များသည်လဲ တရားဝင် အတည်မည်ဖြစ်ကြောင်းဖြေဆိုရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း (၃) - အိမ်နှင့်ခြံ တစ်ပါတည်း ဝယ်ယူမည်ဆိုပါက လုပ်ဆောင်ရမည့်အချက်များကို ရှင်းပြပါ။

 

အိမ်၊ခြံ၊မြေအား တစ်ပါးတည်းဝယ်ယူမည်ဆိုပါက အမည်ပေါက်မှန်မမှန်စစ်ဆေးမှုစတင်ပြုရပါမည်။ စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာစီမံခန့်ခွဲမှုဌာနတွင်မြေကွက်အတွက် စုံစမ်းမှုလဲ ပြုရပါမည်။ ရောင်းချသူအား မြေပိုင်ဆိုင်မှုပတ်သတ်၍အရောင်းမြေပုံတစ်စောင် ထုတ်ခိုင်းရပါမည်။ (တစ်နှစ်)အတွင်း ထုတ်ယူထားသောမြေပုံရှိပါက ထပ်မံထုတ်ရန်မလိုပါ။ဂရန်အမည်ပေါက်မှာ လင်မယားနှစ်ဦးအမည်မပေါက်သော်လည်းလင်မယားနှစ်ဦးပေါင်းသင်း နေပါက မြေပိုင်ဆိုင်မှုမှာ နှစ်ဦးပိုင်ပင်ဖြစ်သောကြောင့်စာချုပ်ချုပ်ဆိုသည့်အခါ ရောင်းချသူနေရာ၌ နှစ်ဦး လက်မှတ်စုံထိုးခိုင်းပါ။ လင်မယားနှစ်ဦးကွာရှင်းပြီးဖြစ်သည်ဆိုလျှင်လဲ နောင်ပိုင်ဆိုင်မှု အငြင်းပွှားမှု မဖြစ် စေရန်အထောက်အထားစာရွက်စာတမ်းများ တောင်းယူကြည့်ရှုပါ။

စာချုပ်ချုပ်ဆိုခြင်းပြုသည့်အခါ မြေပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းပေါ်မူတည်၍ စာချုပ်ချုပ်သည့်သတ်မှတ်စည်းကမ်းချက်များ ကွာခြားချက်တော့ရှိပါသည်။ မူရင်းများကြည့်ရှုပြီးသည့် အခါမှ စရန်ပေးချပါ။ အသိသက်သေ အနည်းဆုံး (၂)ဦးဖြင့်

စာချုပ်ချုပ်မှုပြုရပြီး ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေညာပြီး ကန့်ကွက်မှုမရှိမှပဋိဉာဉ်အက်ဥပဒေနှင့်အညီ ငွေကြေစာချုပ်ချုပ်ဆိုပါ။ ရောင်းသူ ဝယ်သူနှစ်ဘက် ညှီနှိုင်းချက်ဖြင့် သတ်မှတ်ကတိပြုနေ့ရက်တွင် အိမ်၊ခြံအား လက်ရောက်ရယူထားရမည်။အရောင်းအဝယ်ပြုသည့်ခြံအကျယ်အဝန်း ပေပြည့်မပြည့်ကို တိုင်းတာစစ်ဆေးရန်လဲလိုအပ်ပါ သည်။ ခြံမြေအား ကျူးကျော်မှုများကြောင့် စာချုပ်ပါပေမပြည့်ပါကရောင်းချသူအား ကျူးကျော်မူများ ဖယ်ရှားစေပြီးမှ ကျန်ငွေချေပါ။

ထို့နောက် မှတ်ပုံတင်စာချုပ်စာတမ်းအက်ဥပဒေနှင့်အညီမှတ်ပုံတင်စာချုပ်ချုပ်ချုပ်ဆိုရန်အတွက် ကာလစီစစ် ရေးအဖွဲ့သို့ ရာဖြတ်တင်ကာအခွန်တော်တံဆိပ်ခေါင်း ထမ်းဆောင်ရပါမည်။မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက မြေပိုင်ဆိုင်မှု အမည်ပေါက်ပြောင်းလဲနိုင်ရေးအတွက်ဆက်လက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုဝယ်ယူသည့်အခါ တန်ဖိုးငွေ(၁) သိန်းနှင့် အထက်ရှိသည့်ပစ္စည်းများအားစာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ-၁၆အရ မှတ်ပုံမဖြစ် မနေတင်ရှိရန်လိုအပ်ပါသည်။

ထို့သို့ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင်ပိုင်ဆိုင်မှုရရှိမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

စုံလင္ေဖြ႐ွာ အိမ္ျခံေျမဥပေဒေရးရာ

ဒီေခတ္ႀကီးမွာ ရင္းႏွီးျမဳပ္ႏွံဖို႔ အေကာင္းဆုံး အိမ္ျခံေျမေလာကနဲ႔ပတ္သတ္ၿပီး iMyanmarHouse.com ရဲ႕ အိမ္ျခံေျမခ်စ္သူတိုင္း ေလ့လာသင့္တဲ့ အိမ္ျခံေျမအေမးအေျဖ သုံးခုကို စုစည္းတင္ဆက္ေပးထားပါတယ္။

 

ေမးခြန္း (၁) - ဘဏ္ခ်ိတ္တိုက္ခန္းဝယ္ရင္ လုပ္ေဆာင္ရမည့္အခ်က္မ်ားကို ေဖာ္ျပပါ။

 

(၃၀%)Down Payment ခ်ႏိုင္ၿပီး လစဥ္ပုံမွန္ဝင္ေငြ႐ွိပါက Home Loan စနစ္ျဖင့္ Bank ေခ်းေငြေလွ်ာက္ထားကာ အိမ္ျခံေျမတိုက္ခန္းမ်ား ဝယ္ယူပိုင္ဆိုင္ႏိုင္ပါသည္။

လစာ၏ (၃)ပုံ(၁)အား လစဥ္ေပးသြင္းရသျဖင့္ သတ္မွတ္ဝင္ေငြ% ျပည့္မွီရန္ေတာ့လိုအပ္ပါသည္။ အရစ္က်ေပးသြင္းရန္ေငြ မျပည့္မွီပါကမိသားစုသန္းေခါင္စုစာရင္းဝင္ႏွင့္ပူးတြဲ၍ ေလွ်ာက္ထားလွ်င္လဲ အဆင္ေျပပါသည္။

ဘဏ္ေပၚမူတည္၍ ေခ်းေငြေပးသည့္ သက္တမ္းကာလ ကြာျခားမႈ႐ွိပါသည္။အိမ္ျခံေျမ အမ်ိဳး အစားေပၚမူတည္၍လဲ ေခ်းေငြရ႐ွိမည့္ သက္တမ္းကာလမွာ ကြာျခားမႈ႐ွိၿပီး မိမိအဆင္ေျပသည့္ဘဏ္ႏွင့္ ခ်ိတ္ဆက္ ဝယ္ယူႏိုင္ပါသည္။ အိမ္ျခံေျမဆိုပါက RC တိုက္ျဖစ္ရန္ လိုအပ္ပါသည္။

ေခ်းေငြအမ်ိဳးအစား၊ အတိုးႏႈန္း၊ ကနဦးေပးသြင္းေငြႏွင့္ လစဥ္ေပးသြင္းရမည့္ေငြပမာဏတို႔ကို မိမိေခ်းေငြယူမည့္ Home Loan Bank ႏွင့္ အေသးစိတ္ေဆြးေႏြးရပါမည္။ ေခ်းေငြရ႐ွိၿပီး ရက္ေပါင္း (၃၀) အတြင္း ဘဏ္ေခ်းေငြေပးဆပ္ရန္ ပ်က္ကြက္ပါကစာခ်ဳပ္ပ်က္ျပယ္မည္ျဖစ္ကာ ဘဏ္လုပ္ထုံးလုပ္နည္း ႏွင့္ အညီေဆာင္႐ြက္ျခင္းခံရမည္ျဖစ္ပါသည္။ဘဏ္မွ စစ္ေဆးႏိုင္ရန္ ေလွ်ာက္ထားသူမွ ေလွ်ာက္လႊာႏွင့္အတူေအာက္ပါစာ႐ြက္စာတမ္းမ်ား ပူးတြဲတင္ျပရန္ လိုအပ္ပါသည္။

(၁)။မွတ္ပုံတင္

(၂)။Passport (႐ွိလွ်င္)

(၃)။ပတ္စပို႔အ႐ြယ္အစား ဓာတ္ပုံ

(၄)။စရန္ေပးစာခ်ဳပ္မိတၱဴ

(၅)။ရပ္ကြက္ေထာက္ခံစာ

(၆။သန္းေခါင္းစာရင္းမိတၱဴ

(၇)။သက္ဆိုင္ရာကုမၸဏီ၏ ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာ

(၈)။Pay Slip (or) Salary Slip

(၉)။Tax Slip (အခြန္ေျပစာ)

(၁၀)။Bank Statement (၆လစာ)

(၁၁)။ဝန္ထမ္းကတ္မိတၱဴ။

ေခ်းေငြခြင့္ျပဳခ်က္ရ႐ွိပါက ရာျဖတ္တင္ျခင္း၊ ဝယ္ယူမည့္တိုက္ခန္း၏ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းမ်ား စစ္ေဆးျခင္း၊ ေလွ်ာက္ထားသူ၏ဝင္ေငြရလမ္းအေထာက္အထားမ်ားအား BanK မွ (၂/၃)ပတ္အတြင္း စစ္ေဆးၿပီး Home Loan Bank ေခ်းေငြရ႐ွိကာ အိမ္၊ျခံ၊ေျမ ဝယ္ယူပိုင္ဆိုင္ႏိုင္မွာျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) -  မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းေတြကို မွတ္ပုံတင္ျခင္းမျပဳရင္ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေပၚလာႏိုင္သနည္း။

စာခ်ဳပ္စာတမ္းမ်ားမွတ္ပုံတင္ဥပေဒ-၁၆အရ ေအာက္ပါစာခ်ဳပ္စာတမ္းမ်ားကိုမွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ႏိုင္ပါသည္။

(၁) မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို အပိုင္ေပးသည့္စာခ်ဳပ္စာတမ္းမ်ား၊

(၂) မေ႐ႊ႕မေျပာင္းႏိုင္သာပစၥည္းႏွင့္ ဆက္စပ္၍ တန္ဖိုးေငြ(၁)သိန္းႏွင့္အထက္႐ွိသည့္ပစၥည္းမ်ား ေရာင္းခ်ျခင္းဆိုင္ရာဆိုင္ခြင့္အက်ိဳးစီးပြားတစ္စုံျဖစ္ေစေရးအတြက္ ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊စြန္႔လႊတ္ျခင္းႏွင့္ ဖ်က္သိမ္းျခင္းတို႔ ခိုင္မာေစရန္ျပဳလုပ္သည့္ေသတမ္းစာ မဟုတ္ ေသာ စာခ်ဳပ္စာတမ္းမ်ား ႏွင့္စီရင္ခ်က္၊ဒီကရီ၊အမိန္႔။

(၃) တန္ဖိုးေငြ (၁)သိန္းႏွင့္အထက္႐ွိေသာ ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကိုအပ္ႏွံ၍ေပါင္ႏွံေငြေခ်းျခင္းမွတပါး ႏွင့္ ေပါင္ႏွံျခင္းကို ဖ်က္သိမ္းေသာစာခ်ဳပ္မ်ား။

(၄) မေ႐ႊ႕မေျပာင္းႏိုင္သာပစၥည္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ ငွားရမ္းျခင္း၊တစ္ႏွစ္ထက္ပို၍ငွားရမ္းျခင္း၊ ငွားရမ္းခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္းစာခ်ဳပ္မ်ား။

(၅) ကုမၸဏီအသင္းအဖြဲ႕က မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းပိုင္ဆိုင္ခြင့္အားလုံးကိုျဖစ္ေစတခ်ိဳ႕ကိုျဖစ္ ေစ ေပါင္ႏွံျခင္း၊ေပးအပ္ျခင္း၊လႊဲေျပာင္းျခင္းျပဳသည့္စာခ်ဳပ္စာတမ္းမ်ား။

(၆) ကိတၳိမသားသမီးေမြးစားျခင္းစာခ်ဳပ္မ်ား။ (၇)ႏိုင္ငံေတာ္အစိုးရက အခါအားေလ်ာ္စြာသတ္မွတ္သည့္စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံမတင္ မေနရ စာခ်ဳပ္စာတမ္းအျဖစ္ သတ္မွတ္ထားပါသည္။

ပုဒ္မ-၁၆အရ မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းမ်ားကို မွတ္ပုံတင္ျခင္းမျပဳလွ်င္ ပုဒ္မ-၄၈အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို လႊဲေျပာင္းျခင္း၊ငွားရမ္းျခင္းတို႔သည္ အက်ိဳးသက္ေရာက္မႈ ႐ွိမွာ မဟုတ္ပါဘူး။ ကိတၱိမသားသမီးေမြးစားျခင္းမ်ားတြင္လဲစာခ်ဳပ္စာတမ္းအား မွတ္ပုံ မတင္လွ်င္ သက္ေသခံ အေထာက္အထားျဖစ္လာမွာ မဟုတ္ပါဘူး။

အထက္ေဖာ္ျပပါပုဒ္မ-၁၆ပါ စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္႐ွိထားလွ်င္အဆိုပါစာခ်ဳပ္ စာတမ္းပါ ပစၥည္းမ်ားသည့္ တရားဝင္ပိုင္ဆိုင္မႈျဖစ္ကာ ကတိျပဳခ်က္မ်ား၊ စည္းကမ္းခ်က္မ်ားသည္လဲ တရားဝင္ အတည္မည္ျဖစ္ေၾကာင္းေျဖဆိုေရးသားေပးလိုက္ပါတယ္။

 

ေမးခြန္း (၃) - အိမ္ႏွင့္ျခံ တစ္ပါတည္း ဝယ္ယူမည္ဆိုပါက လုပ္ေဆာင္ရမည့္အခ်က္မ်ားကို ႐ွင္းျပပါ။

အိမ္၊ျခံ၊ေျမအား တစ္ပါးတည္းဝယ္ယူမည္ဆိုပါက အမည္ေပါက္မွန္မမွန္စစ္ေဆးမႈစတင္ျပဳရပါမည္။ စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပေျမယာစီမံခန္႔ခြဲမႈဌာနတြင္ေျမကြက္အတြက္ စုံစမ္းမႈလဲ ျပဳရပါမည္။ ေရာင္းခ်သူအား ေျမပိုင္ဆိုင္မႈပတ္သတ္၍အေရာင္းေျမပုံတစ္ေစာင္ ထုတ္ခိုင္းရပါမည္။ (တစ္ႏွစ္)အတြင္း ထုတ္ယူထားေသာေျမပုံ႐ွိပါက ထပ္မံထုတ္ရန္မလိုပါ။ဂရန္အမည္ေပါက္မွာ လင္မယားႏွစ္ဦးအမည္မေပါက္ေသာ္လည္းလင္မယားႏွစ္ဦးေပါင္းသင္း ေနပါက ေျမပိုင္ဆိုင္မႈမွာ ႏွစ္ဦးပိုင္ပင္ျဖစ္ေသာေၾကာင့္စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ ေရာင္းခ်သူေနရာ၌ ႏွစ္ဦး လက္မွတ္စုံထိုးခိုင္းပါ။ လင္မယားႏွစ္ဦး ကြာ႐ွင္းၿပီးျဖစ္သည္ဆိုလွ်င္လဲ ေနာင္ပိုင္ဆိုင္မႈ အျငင္းပႊားမႈ မျဖစ္ ေစရန္အေထာက္အထားစာ႐ြက္စာတမ္းမ်ား ေတာင္းယူၾကည့္႐ႈပါ။

စာခ်ဳပ္ခ်ဳပ္ဆိုျခင္းျပဳသည့္အခါ ေျမပိုင္ဆိုင္မႈ အေထာက္အထားစာ႐ြက္စာတမ္းေပၚမူတည္၍ စာခ်ဳပ္ခ်ဳပ္သည့္သတ္မွတ္စည္းကမ္းခ်က္မ်ား ကြာျခားခ်က္ေတာ့႐ွိပါသည္။ မူရင္းမ်ားၾကည့္႐ႈၿပီးသည့္ အခါမွ စရန္ေပးခ်ပါ။ အသိသက္ေသ အနည္းဆုံး (၂)ဦးျဖင့္

စာခ်ဳပ္ခ်ဳပ္မႈျပဳရၿပီး ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကညာၿပီး ကန္႔ကြက္မႈမ႐ွိမွပဋိဉာဥ္အက္ဥပေဒႏွင့္အညီ ေငြေၾကစာခ်ဳပ္ခ်ဳပ္ဆိုပါ။ ေရာင္းသူ ဝယ္သူႏွစ္ဘက္ ညႇီႏိႈင္းခ်က္ျဖင့္ သတ္မွတ္ကတိျပဳေန႔ရက္တြင္ အိမ္၊ျခံအား လက္ေရာက္ရယူထားရမည္။အေရာင္းအဝယ္ျပဳသည့္ျခံအက်ယ္အဝန္း ေပျပည့္မျပည့္ကို တိုင္းတာစစ္ေဆးရန္လဲလိုအပ္ပါ သည္။ ျခံေျမအား က်ဴးေက်ာ္မႈမ်ားေၾကာင့္ စာခ်ဳပ္ပါေပမျပည့္ပါကေရာင္းခ်သူအား က်ဴးေက်ာ္မူမ်ား ဖယ္႐ွားေစၿပီးမွ က်န္ေငြေခ်ပါ။

ထို႔ေနာက္ မွတ္ပုံတင္စာခ်ဳပ္စာတမ္းအက္ဥပေဒႏွင့္အညီ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ ကာလစီစစ္ ေရးအဖြဲ႕သို႔ ရာျဖတ္တင္ကာအခြန္ေတာ္တံဆိပ္ေခါင္း ထမ္းေဆာင္ရပါမည္။မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးပါက ေျမပိုင္ဆိုင္မႈ အမည္ေပါက္ေျပာင္းလဲႏိုင္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္ရန္ လိုအပ္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကိုဝယ္ယူသည့္အခါ တန္ဖိုးေငြ(၁) သိန္းႏွင့္ အထက္႐ွိသည့္ပစၥည္းမ်ားအားစာခ်ဳပ္စာတမ္းမွတ္ပုံတင္အက္ဥပေဒ-၁၆အရ မွတ္ပုံမျဖစ္ မေနတင္႐ွိရန္လိုအပ္ပါသည္။

ထို႔သို႔ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ တရားဝင္ပိုင္ဆိုင္မႈရ႐ွိမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service