သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရဲ့ အခန်းပေါင်း (၈၀၀)ကို ဒီဇင်ဘာလအတွင်းထပ်မံ ငှားရမ်းခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
851 Views

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရဲ့ အခန်းပေါင်း (၈၀၀)ကို ဒီဇင်ဘာလအတွင်းထပ်မံ ငှားရမ်းခွင့်ပြုမည်

[Unicode]

ရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ်ထဲက သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရဲ့ အိမ်ခန်းပေါင်း (၈၀၀) ကို အခုနှစ် ဒီဇင်ဘာလထဲမှာ ထပ်မံငှားရမ်းခွင့်ပြုဖို့ လျှောက်လွှာထပ်ခေါ်သွားမယ်လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးဦးစီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အိမ်ခန်းပေါင်း (၁၁၀၀) ကျော်ကို ငှားရမ်းခွင့်ပြုထားပြီး လျှောက်လွှာတင်ထားသူ (၁၀၀၀၀) ကျော် ရှိတယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီပြည်သူ့အငှားအိမ်ရာဟာ အိမ်ခန်းပေါင်း (၃၀၀၀) ကျော်ပါဝင်တာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ တည်ဆောက်ပြီးစီးတဲ့ အိမ်ခန်းပေါင်း (၁၁၀၀) ကျော်ကို ငှားရမ်းခွင့်ပြုထားပြီး စီမံကိန်းပြီးစီးတဲ့အပေါ် မူတည်ပြီး အပိုင်းအလိုက် ငှားရမ်းခွင့်ပြုသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ဒုတိယအဆင့်အနေနဲ့ အိမ်ခန်းပေါင်း (၈၀၀)ကို အခုနှစ်ကုန်ပိုင်းမှာ ငှားရမ်းဖို့ရှိနေပါတယ်။

အဲဒီအိမ်ရာစီမံကိန်းကို လာမယ့် ၂၀၂၄ ခုနှစ် ဧပြီလထဲမှာအပြီးတည်ဆောက်သွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာထားပါတယ်။ အိမ်ခန်းငှားရမ်းခွင့်ရရှိသူတွေဟာ အိမ်ခန်းတန်ဖိုးရဲ့ (၃)လ လစာကို ကြိုတင်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ခန်းငှားရမ်းခပေးဆောင် တဲ့နေရာမှာ (၃)လ ထပ်ပိုပြီးပေးဆောင်ဖို့ပျက်ကွက်ပါက အိမ်ခန်းကိုပြန်လည် အပ်နှံရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

အဲဒီအိမ်ရာထဲကို YBS ယာဉ်လိုင်းတွေ ပြေးစွဲပေးသွားမှာဖြစ်သလို အိမ်ရာထဲမှာ ဈေးဆိုင်တွေနဲ့ ဈေးဝယ်စင်တာ တွေ ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အိမ်ခန်းငှားရမ်းခွင့် ရရှိသူတွေအနေနဲ့ သတ်မှတ်ဝန်ဆောင်မှု အခကြေးငွေတွေကို လစဉ်ပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

သုခဒဂုံ ျပည္သူ႕အငွားအိမ္ရာရဲ႕ အခန္းေပါင္း(၈၀၀)ကို ဒီဇင္ဘာလအတြင္းထပ္မံ ငွားရမ္းခြင့္ျပဳမည္

 

ရန္ကုန္တိုင္းေတာင္ဒဂုံၿမိဳ႕နယ္ထဲက သုခဒဂုံ ျပည္သူ႕အငွားအိမ္ရာရဲ႕ အိမ္ခန္းေပါင္း(၈၀၀) ကို အခုႏွစ္ ဒီဇင္ဘာလထဲမွာ ထပ္မံငွားရမ္းခြင့္ျပဳဖို႔ ေလွ်ာက္လႊာထပ္ေခၚသြားမယ္လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးဦးစီးဌာနက သိရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက အိမ္ခန္းေပါင္း(၁၁၀၀) ေက်ာ္ကို ငွားရမ္းခြင့္ျပဳထားၿပီး ေလွ်ာက္လႊာတင္ထားသူ (၁၀၀၀၀) ေက်ာ္ ႐ွိတယ္လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

အဲဒီျပည္သူ႕အငွားအိမ္ရာဟာ အိမ္ခန္းေပါင္း (၃၀၀၀) ေက်ာ္ပါဝင္တာျဖစ္ပါတယ္။ ပထမအဆင့္အေနနဲ႔ တည္ေဆာက္ၿပီးစီးတဲ့ အိမ္ခန္းေပါင္း(၁၁၀၀) ေက်ာ္ကို ငွားရမ္းခြင့္ျပဳထားၿပီး စီမံကိန္းၿပီးစီးတဲ့အေပၚ မူတည္ၿပီး အပိုင္းအလိုက္ ငွားရမ္းခြင့္ျပဳသြားမယ္လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ လက္႐ွိမွာေတာ့ ဒုတိယအဆင့္အေနနဲ႔ အိမ္ခန္းေပါင္း(၈၀၀)ကို အခုႏွစ္ကုန္ပိုင္းမွာ ငွားရမ္းဖို႔႐ွိေနပါတယ္။

အဲဒီအိမ္ရာစီမံကိန္းကို လာမယ့္ ၂၀၂၄ ခုႏွစ္ ဧၿပီလထဲမွာအၿပီးတည္ေဆာက္သြားမယ္လို႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ေၾကညာထားပါတယ္။ အိမ္ခန္းငွားရမ္းခြင့္ရ႐ွိသူေတြဟာ အိမ္ခန္းတန္ဖိုးရဲ႕ (၃)လ လစာကို ႀကိဳတင္ေပးေဆာင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ခန္းငွားရမ္းခေပးေဆာင္ တဲ့ေနရာမွာ (၃)လ ထပ္ပိုၿပီးေပးေဆာင္ဖို႔ပ်က္ကြက္ပါက အိမ္ခန္းကိုျပန္လည္ အပ္ႏွံရမယ္လို႔လည္း သတ္မွတ္ထားပါတယ္။

အဲဒီအိမ္ရာထဲကို YBS ယာဥ္လိုင္းေတြ ေျပးစြဲေပးသြားမွာျဖစ္သလို အိမ္ရာထဲမွာ ေဈးဆိုင္ေတြနဲ႔ ေဈးဝယ္စင္တာ ေတြ ဖြင့္လွစ္ေပးသြားမွာ ျဖစ္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။ အိမ္ခန္းငွားရမ္းခြင့္ ရ႐ွိသူေတြအေနနဲ႔ သတ္မွတ္ဝန္ေဆာင္မႈ အခေၾကးေငြေတြကို လစဥ္ေပးေဆာင္ရမယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service