ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး - Property News in Myanmar from iMyanmarHouse.com
1229 Views

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး

[Unicode]

 

အန်းဖဝဒေသရဲ့ နာမည်ကြီး အန်းဖဝရေပေါ်ဈေး ကို မြို့တော်ဘန်ကောက်ကနေ ကြာချိန်တစ်နာရီတည်းနဲ့တင် သွားရောက်နိုင်ပါတယ်။ ရေပေါ်ဈေးတည်နေရာကတော့ မဲခေါင်မြစ်ရဲ့မြစ်လက်တက်တစ်ခုပေါ်မှာဖြစ်ပြီး Wat Amphawa Chetiyaram ဘုရားကျောင်းရဲ့အနီးမှာရှိပါတယ်။

 

နိုင်ငံခြားသားခရီးသွားများဟာ လှေကလေးတစ်စီးငှား‌ အန်းဖဝရေပေါ်ဈေးမှာလည်ပတ်ရင်း မဲခေါင်မြစ်ဝှမ်းရဲ့ တစ်စိတ်တစ်ပိုင်းအလှတရားကို ခံစားနိုင်ပါသေးတယ်။‌ ရေပေါ်ဈေးကို သောကြာနေ့ကနေတနင်္ဂနွေနေ့အထိကျင်းပပြီး အချိန်ကတော့ နေ့လည် ၁၂ နာရီဝန်းကျင်မှ ညအထိဖြစ်ပါတယ်။

 

 

မေလကနေ အောက်တိုဘာလဟာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး တွေ့ရခဲတဲ့ ပိုးစုန်းကြူးလေးများကိုပါ တွေ့မြင်နိုင်ပါသေးတယ်။

 

 

အန်းဖဝရေပေါ်ဈေးဟာ စားသောက်ဖွယ်ရာအမှတ်တရပစ္စည်းတွေစုံလင်စွာရောင်းချတဲ့နေရာဖြစ်ပြီး ပြည်ပခရီးသွားများသာမက ထိုင်းလူမျိုးကြားထဲမှာပါ နာမည်ကြီးပါတယ်။ အန်းဖဝရေပေါ်ဈေးရဲ့ အဓိကဆွဲဆောင်မှုကတော့ အမျိုးအစားစုံလင်စွာ ဝယ်ယူနိုင်တဲ့ အစားအသောက်များပဲဖြစ်ပါတယ်။

 

 

 

ထိုင်းရိုးရာစားစရာများ၊ ခေါက်ဆွဲ၊ ထိုင်းလက်ဖက်ရည်၊ အရည်ရွှမ်းရွှမ်းအသီး၊ အသီးဖျော်ရည်၊ ပင်လယ်စာအကင်များကို ခရီးသွားများဟာ လှေကလေးစီးရင်းစားသောက်နိုင်ပြီး ထိုင်းဒေသထွက်ပစ္စည်းလေးများကိုလည်း အမှတ်တရအဖြစ်ဝယ်ယူသွားနိုင်ပါတယ်။

 

 

ရေပေါ်ဈေးထဲမှ လှေဈေးသည်များရောင်းချတဲ့ လှေခေါက်ဆွဲဟာ အလွန်နာမည်ကြီးပြီး ရေပေါ်ဈေးဘေးမှ လမ်းကလေးပေါ်မှာလည်း စားသောက်ဆိုင်များစွာရှိပါသေးတယ်။

 

 

လှေခေါက်ဆွဲနည်းတူ အရသာထူးခြားကောင်းမွန်တဲ့ ပင်လယ်စာကင်ကိုလည်း ခရီးသွားများကြားနာမည်ကြီးပြီး ချိုမွှေးကောင်းမွန်တဲ့ ထိုင်းရိုးရာအချိုမုန့်များ၊ စုံလင်လှတဲ့ပင်လယ်စာဟင်းများကိုလည်း ဈေးနှုန်းချိုသာစွာနှင့်ဝယ်ယူနိုင်ပါသေးတယ်။

 

 

 

ပြည်တွင်းထဲ ခရီးသွားရတာ ရိုးနေပြီဆိုတဲ့ မြန်မာနိုင်ငံသားများ အရင်ဦးဆုံးရွေးချယ်ကြတာကတော့ လည်ပတ်ဖွယ်နေရာပေါများလှတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံပါပဲ။ ထိုင်းနိုင်ငံကို Honeymoon ပဲဖြစ်ဖြစ် ခရီးသွား Vlog ရိုက်ဖို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အလည်အပတ်ရောက်ရှိခဲ့ရင်တော့ အန်းဖဝဒေသရဲ့ နာမည်ကြီးအန်းဖဝရေပေါ်ဈေးကို သွားရောက်လည်ပတ်ဖို့အကြံပြုချင်ပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ထိုင္းႏိုင္ငံရဲ႕ ထိပ္တန္းလည္ပတ္ဖြယ္ေနရာ အစည္းကားဆုံး အန္းဖဝ ေရေပၚေဈး

 

အန္းဖဝေဒသရဲ႕ နာမည္ႀကီး အန္းဖဝေရေပၚေဈး ကို ၿမိဳ႕ေတာ္ဘန္ေကာက္ကေန ၾကာခ်ိန္တစ္နာရီတည္းနဲ႔တင္ သြားေရာက္ႏိုင္ပါတယ္။ ေရေပၚေဈးတည္ေနရာကေတာ့ မဲေခါင္ျမစ္ရဲ႕ျမစ္လက္တက္တစ္ခုေပၚမွာျဖစ္ၿပီး Wat Amphawa Chetiyaram ဘုရားေက်ာင္းရဲ႕အနီးမွာ႐ွိပါတယ္။ ႏိုင္ငံျခားသားခရီးသြားမ်ားဟာ ေလွကေလးတစ္စီးငွား‌ အန္းဖဝေရေပၚေဈးမွာလည္ပတ္ရင္း မဲေခါင္ျမစ္ဝွမ္းရဲ႕ တစ္စိတ္တစ္ပိုင္းအလွတရားကို ခံစားႏိုင္ပါေသးတယ္။‌ ေရေပၚေဈးကို ေသာၾကာေန႔ကေနတနဂၤေႏြေန႔အထိက်င္းပၿပီး အခ်ိန္ကေတာ့ ေန႔လည္ ၁၂ နာရီဝန္းက်င္မွ ညအထိျဖစ္ပါတယ္။ ေမလကေန ေအာက္တိုဘာလဟာ သြားေရာက္လည္ပတ္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး ေတြ႕ရခဲတဲ့ ပိုးစုန္းၾကဴးေလးမ်ားကိုပါ ေတြ႕ျမင္ႏိုင္ပါေသးတယ္။

အန္းဖဝေရေပၚေဈးဟာ စားေသာက္ဖြယ္ရာအမွတ္တရပစၥည္းေတြစုံလင္စြာေရာင္းခ်တဲ့ေနရာျဖစ္ၿပီး ျပည္ပခရီးသြားမ်ားသာမက ထိုင္းလူမ်ိဳးၾကားထဲမွာပါ နာမည္ႀကီးပါတယ္။ အန္းဖဝေရေပၚေဈးရဲ႕ အဓိကဆြဲေဆာင္မႈကေတာ့ အမ်ိဳးအစားစုံလင္စြာ ဝယ္ယူႏိုင္တဲ့ အစားအေသာက္မ်ားပဲျဖစ္ပါတယ္။ ထိုင္း႐ိုးရာစားစရာမ်ား၊ ေခါက္ဆြဲ၊ ထိုင္းလက္ဖက္ရည္၊ အရည္႐ႊမ္း႐ႊမ္းအသီး၊ အသီးေဖ်ာ္ရည္၊ ပင္လယ္စာအကင္မ်ားကို ခရီးသြားမ်ားဟာ ေလွကေလးစီးရင္းစားေသာက္ႏိုင္ၿပီး ထိုင္းေဒသထြက္ပစၥည္းေလးမ်ားကိုလည္း အမွတ္တရအျဖစ္ဝယ္ယူသြားႏိုင္ပါတယ္။ ေရေပၚေဈးထဲမွ ေလွေဈးသည္မ်ားေရာင္းခ်တဲ့ ေလွေခါက္ဆြဲဟာ အလြန္နာမည္ႀကီးၿပီး ေရေပၚေဈးေဘးမွ လမ္းကေလးေပၚမွာလည္း စားေသာက္ဆိုင္မ်ားစြာ႐ွိပါေသးတယ္။ ေလွေခါက္ဆြဲနည္းတူ အရသာထူးျခားေကာင္းမြန္တဲ့ ပင္လယ္စာကင္ကိုလည္း ခရီးသြားမ်ားၾကားနာမည္ႀကီးၿပီး ခ်ိဳေမႊးေကာင္းမြန္တဲ့ ထိုင္း႐ိုးရာအခ်ိဳမုန္႔မ်ား၊ စုံလင္လွတဲ့ပင္လယ္စာဟင္းမ်ားကိုလည္း ေဈးႏႈန္းခ်ိဳသာစြာႏွင့္ဝယ္ယူႏိုင္ပါေသးတယ္။

ျပည္တြင္းထဲ ခရီးသြားရတာ ႐ိုးေနၿပီဆိုတဲ့ ျမန္မာႏိုင္ငံသားမ်ား အရင္ဦးဆုံးေ႐ြးခ်ယ္ၾကတာကေတာ့ လည္ပတ္ဖြယ္ေနရာေပါမ်ားလွတဲ့ အိမ္နီးခ်င္းထိုင္းႏိုင္ငံပါပဲ။ ထိုင္းႏိုင္ငံကို Honeymoon ပဲျဖစ္ျဖစ္ ခရီးသြား Vlog ႐ိုက္ဖို႔ပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ အလည္အပတ္ေရာက္႐ွိခဲ့ရင္ေတာ့ အန္းဖဝေဒသရဲ႕ နာမည္ႀကီးအန္းဖဝေရေပၚေဈးကို သြားေရာက္လည္ပတ္ဖို႔အၾကံျပဳခ်င္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service