ငွေကြေးခိုင်မာလို့ အိမ်၊ခြံ၊မြေကို ရင်းနှီးမြှုပ်နှံသူပိုများလာ - Property News in Myanmar from iMyanmarHouse.com
1319 Views
ငွေကြေးခိုင်မာလို့ အိမ်၊ခြံ၊မြေကို ရင်းနှီးမြှုပ်နှံသူပိုများလာ
[Unicode]
ငွေကြေးတတ်နိုင်သူတွေဟာ ငွေကြေးလက်ဝယ်မကိုင်ထားတော့ဘဲ ပိုမိုခိုင်မာတဲ့အိမ်၊ခြံ၊မြေဘက်ကို ရင်းနှီးမြှုပ်နှံသူပိုများလာတယ်လို့ ပြည်တွင်းအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ အခု၂၀၂၃ ခုနှစ် ဟာ အရင်နှစ်တွေထက်စာရင်အိမ်ခြံမြေအရောင်းအဝယ်ပိုများလာတယ်လို့လည်ဆိုပါတယ်။ အဲဒီလိုအရောင်းအဝယ်ပိုလိုက်လာလို့ အိမ်ခြံမြေ  ဘက်ကို ရင်းနှီးမြှုပ်နှံသူတွေပိုများလာပြီး ဈေးတွေလည်းမြင့်တက်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကပြောပါတယ်။
ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်မူတည်ပြီး ကျပ်သိန်း ရာဂဏန်းကနေ ထောင်ကဏန်းအထိ အရောင်းအဝယ်ဖြစ်နေပြီး အများဆုံးကတော့ ကျပ်သိန်း ၅၀၀၀ ကြား မြေကွက်  တွေအရောင်းအဝယ်ပိုကောင်းတယ်လို့ဆိုပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ တိုက်ခန်း၊ ကွန်ဒိုတွေထက် မြေကွက်၊ခြံကွက်  တွေကို ရောင်းဝယ်သူပိုများလာပြီး အကွက်အကွင်းကောင်းတဲ့ ဆင်ခြေဖုံးမြို့နယ်တွေက မြေကွက်တွေပိုအရောင်းသွက်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကဆိုပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းနယ်နိမိတ်ထဲက မြေဈေးတွေဆိုရင် သိန်း ၁၀၀၀ ကနေ သိန်း ၅၀၀၀ အထိပေါက်ဈေးရှိနေပြီး အရောင်းဝယ်လိုက်နေတယ်လို့ ပြည်တွင်းအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ အခုနှစ် အစပိုင်းထဲက အရောင်းအဝယ်လိုက်လာပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံ(တောင်ပိုင်း)၊ဒဂုံ(အရှေ့ )နဲ့ဒဂုံဆိပ်ကမ်းစတဲ့မြို့နယ်တွေမှာအရောင်းအဝယ်ပိုဖြစ်လာပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service