ဒလတံတားစီမံကိန်း ပြီးစီးတော့မည့် သတင်းများကြောင့် ဒလမြေဈေးများ ဈေးမြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
1256 Views

ဒလတံတားစီမံကိန်း ပြီးစီးတော့မည့် သတင်းများကြောင့် ဒလမြေဈေးများ ဈေးမြင့်တက်နေ

[Unicode]

 

ဒလတံတားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးတည်ဆောက်ရမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အခုနှစ် မတ်လပိုင်းမှာ ထုတ်ပြန်ထားသည်။

ဒလတံတား ပြီးစည်းတော့မည့် သတင်းများကြောင့် ဒလမြို့  ပန်းဆိုတန်းဆိပ်ကမ်းအနီးရှိ ရပ်ကွက်တစ်ချို့၏ အိမ်ခြံမြေဈေးများအပြင် တံတား အဆင်းရှိ ကျန်စစ်သား၊ ကမာကဆစ်စသောရပ်ကွက်များက မြေဈေးများလည်း ယခု လပိုင်းမှာ မြင့်တက်လာကြောင်း ဒလမြို့ နေ ဒေသခံတစ်ချို့က ပြောသည်။

အရင်လပိုင်းတုန်းက ကျပ်သိန်း ၈၀၀ ကျော် ပေါက်ဈေးရှိခဲ့သည့် ပေ၂၀ ၊ ပေ၄၀ မြေကွက်တစ်ကွက်သည် လက်ရှိတွင် ကျပ်သိန်း ၁၂၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးထက်ဝက်မြင့် တက်သွားကြောင်း ဒေသခံတွေက ပြောသည်။

“ အရင်အပတ်က လမ်းထဲမှာ လာဝယ်သွားတာတော့ သိန်း ၅၀၀ကျော်နဲ့ လာဝယ်သွားတယ်။ အဲ့အိမ်က အရင်က သိန်း ၂၀၀ လောက်ပဲ ပေါက်ဈေးရှိတာ အခုတလော ဈေးတွေ မြင့်နေတယ်။ ဒါတောင် ရပ်ကွက်လမ်းကြားထဲက အိမ်မို့လို့ လမ်းမတန်းဆို သိန်း ၂၀၀၀ လောက်ဈေးခေါ်နေကြပြီ”ဟု ဒလမြို့ခံတစ်ဦးက ပြောသည်။

မြန်မာကိုးရီးယား ချစ်ကြည်ရေး(ဒလ)တံတားသည် သံမဏိကြိုးဆိုင်း တံတားများအနက် အရှည်ဆုံးနဲ့ အကြီးဆုံးဖြစ်ပြီး တံတားအောက်ဘက်ကနေ ပင်လယ်ကူးကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ဒီဇိုင်းသတ်မှတ်တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒလမြစ်ကူးတံတား၏ ပင်မ အရှည်သည် ၂၂ ၆၄၀ ပေရှိပြီး ခံနိုင်ဝန်မှာ ယာဉ်တစ်စီးခြင်း ၇၅ တန် ဖြစ်သည်။ ရန်ကုန်မြစ်အတွင်းရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အမြင့် ပေ ၁၆၀ နှင့် ရေလမ်း ကင်းလွတ်အကျယ် ၉၉၈ ပေ ရှိပြီး ထိုမြစ်ကူးတံတားကို ပြီးခဲ့သည် ၂၀၁၉ ခုနှစ် မေလ အတွင်း စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဒလတံတားစီမံကိန္း ၿပီးစီးေတာ့မည့္ သတင္းမ်ားေၾကာင့္ ဒလေျမေဈးမ်ား ေဈးျမင့္တက္ေန

 

 

ဒလတံတားကို ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလထဲမွာ အၿပီးတည္ေဆာက္ရမွာျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အခုႏွစ္ မတ္လပိုင္းမွာ ထုတ္ျပန္ထားသည္။

ဒလတံတား ၿပီးစည္းေတာ့မည့္ သတင္းမ်ားေၾကာင့္  ဒလၿမိဳ႕ ပန္းဆိုတန္းဆိပ္ကမ္းအနီး႐ွိ ရပ္ကြက္တစ္ခ်ိဳ႕၏ အိမ္ျခံေျမေဈးမ်ားအျပင္ တံတား အဆင္း႐ွိ က်န္စစ္သား၊ ကမာကဆစ္စေသာရပ္ကြက္မ်ားက ေျမေဈးမ်ားလည္း ယခု လပိုင္းမွာ ျမင့္တက္လာေၾကာင္း ဒလၿမိဳ႕ ေန ေဒသခံတစ္ခ်ိဳ႕က ေျပာသည္။

အရင္လပိုင္းတုန္းက က်ပ္သိန္း ၈၀၀ ေက်ာ္ ေပါက္ေဈး႐ွိခဲ့သည့္ ေပ၂၀ ၊ ေပ၄၀ ေျမကြက္တစ္ကြက္သည္ လက္႐ွိတြင္ က်ပ္သိန္း ၁၂၀၀ ေက်ာ္ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ကာ ေဈးထက္ဝက္ျမင့္ တက္သြားေၾကာင္း ေဒသခံေတြက ေျပာသည္။

“ အရင္အပတ္က လမ္းထဲမွာ လာဝယ္သြားတာေတာ့ သိန္း ၅၀၀ေက်ာ္နဲ႔ လာဝယ္သြားတယ္။ အဲ့အိမ္က အရင္က သိန္း ၂၀၀ ေလာက္ပဲ ေပါက္ေဈး႐ွိတာ အခုတေလာ ေဈးေတြ ျမင့္ေနတယ္။ ဒါေတာင္ ရပ္ကြက္လမ္းၾကားထဲက အိမ္မို႔လို႔ လမ္းမတန္းဆို သိန္း ၂၀၀၀ ေလာက္ေဈးေခၚေနၾကၿပီ”ဟု ဒလၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ျမန္မာကိုးရီးယား ခ်စ္ၾကည္ေရး(ဒလ)တံတားသည္ သံမဏိႀကိဳးဆိုင္း တံတားမ်ားအနက္ အ႐ွည္ဆုံးနဲ႔ အႀကီးဆုံးျဖစ္ၿပီး တံတားေအာက္ဘက္ကေန ပင္လယ္ကူးကုန္တင္သေဘၤာမ်ား ျဖတ္သန္းသြားလာႏိုင္ရန္ ဒီဇိုင္းသတ္မွတ္တည္ေဆာက္ထားျခင္း ျဖစ္သည္။ ဒလျမစ္ကူးတံတား၏ ပင္မ အ႐ွည္သည္ ၂၂ ၆၄၀ ေပ႐ွိၿပီး ခံႏိုင္ဝန္မွာ ယာဥ္တစ္စီးျခင္း ၇၅ တန္ ျဖစ္သည္။ ရန္ကုန္ျမစ္အတြင္း႐ွိ ပင္လယ္ကူးသေဘၤာႀကီးမ်ား ျဖတ္သန္းသြားလာႏိုင္ရန္ အျမင့္ ေပ ၁၆၀ ႏွင့္ ေရလမ္း ကင္းလြတ္အက်ယ္ ၉၉၈ ေပ ႐ွိၿပီး ထိုျမစ္ကူးတံတားကို ၿပီးခဲ့သည္ ၂၀၁၉ ခုႏွစ္ ေမလ အတြင္း စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service