မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။ - Property Knowledge in Myanmar from iMyanmarHouse.com
894 Views

မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။

Knowledge | Posted by Hnin Ei Khin

[Unicode]

 

အင်း ... သမီးရဲ့ ကန့်ကွက်စာ ပေးပို့ပိုင်ခွင့်ရှိသူကတော့ (၄)မျိုးရှိတယ်။

-အစိုးရဌာန -အဖွဲ့အစည်း -ပုဂ္ဂလိက -ကာယကံရှင်(သို့)မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာရရှိထားသူပေါ့။

- ဆရာသူတို့က ကန့်ကွက်လွှာနဲ့အတူ ဘယ်အချက်တွေ ပူးတွဲတင်ပြရပါမလဲဆရာ။

သူတို့ပူးတွဲပါဝင်တင်ပြရမယ့်အချက်တွေကတော့ ...

(က) မြေပိုင်ဆိုင်မှုအထောက်အထားတွေ ဒါမှမဟုတ်ရင်လဲ ဥပဒေအရ ပိုင်ဆိုင်ခွင့်ရရှိနိုင်သည့်အထောက်အထား

(ခ) ယာယီ တားဝရမ်း(သို့)ထာဝရ တားဝရမ်း

(ဂ) အမှုရင်ဆိုင်နေဆဲ အထောက်အထား

(ဃ) အယူခံအမှုဝင်ရောက်နေသည့်အထောက်အထား

(င) တရားရုံးမှ အမွေဆက်ခံခွင့်အမိန့်နှင့်စီမံခန့်ခွဲမှုအမိန့် တွေ တင်ပြနိုင်ရပါမယ်။

- အဲဒီအထောက်အထားတွေ မတင်ပြနိုင်ရင် ကန့်ကွက်စာတင်ပြလို့မရနိုင်ဘူးပေါ့နော်ဆရာ။

ဟုတ်တယ်ကွဲ့ ... တရားဝင်ကန့်ကွက်စာတင်ပြလို့မရနိုင်ဘူးပေါ့။

- ကန့်ကွက်တင်ပြလာရင် ဘယ်လိုစီစစ်ပေးပါသလဲဆရာ။

မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပြီး တင်ပြသည့်အထောက်အထားများ ကန့်ကွက်မြေနှင့်သက်ဆိုင်မှုရှိမရှိ၊မြို့မြေစာရင်း၊ အခွန်စည်းကြပ်ပုံစာရင်းတွေ စီစစ်ပါတယ်။

ကန့်ကွက်သူက အထောက်အထားအခိုင်အမာနဲ့ ကန့်ကွက်ခဲ့ရင် ကန့်ကွက်ခံရသူကို အထောက်အထားများဖြင့် ဖြေရှင်း ဆောင်ရွက်စေပြီး ကန့်ကွက်ခံရသူ ဖြေရှင်းနိုင်ပါက ကန့်ကွက်သူရဲ့ ကန့်ကွက်မှုကို လက်ခံဆောင်ရွက် ပေးလို့မရကြောင်း ကျိုးကြောင်းရှင်းလင်းပေးပါလိမ့်မယ်။

ကန့်ကွက်သူမှ တရားရုံးတွင်အဆုံးအဖြတ်ခံယူလိုရင် အချိန်ကာလသတ်မှတ်ပေးပြီး သတ်မှတ်ကာလမှာ တရားရုံး အထောက်အထား(သို့)တားဝရမ်း ကန့်ကွက်သူမှ တင်ပြရပါမယ်။

- ခိုင်လုံသောအထောက်အထားများ ကန့်ကွက်တင်ပြပါက မြေကွက်အတွက်လျှောက်ထားမူများအား ယာယီဆိုင်းငံ့ ထားရန်(သို့)ပိတ်သိမ်းရန်အတွက် ဆက်လက်လုပ်ဆောင်ပါတယ်။ အဲဒီကန့်ကွက်စာကို ပြန်လည်ရုတ်သိမ်းလို့ရော ရနိုင်ပါသလားဆရာ။

ပြန်လည်ရုတ်သိမ်းချင်ရင်တော့ သက်ဆိုင်ရာ အရာရှိရှေ့မှာ ရုတ်သိမ်းကြောင်း လက်မှတ်ရေးထိုး ရမယ်၊ တရားရုံး အမိန့်နဲ့ ကန့်ကွက်စာတင်ပြထားရင်တော့ သက်ဆိုင်ရာတရားရုံးရဲ့ အမှုပိတ်သိမ်းကြောင်း အထောက်အထား တင်ပြရမှာပေါ့ကွယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 





















 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service