သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယာန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
608 Views

သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယာန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား။

Knowledge | Posted by Aye Myat Thu

[Unicode]

 

သေတမ်းစာဆိုသည်မှာ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများအနေ ဖြင့် ၎င်းတို့ သေဆုံးသည့်အခါ ၎င်းတို့ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မ‌ရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေပေးစေလိုကြောင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်း တစ်ရပ် ဖြစ်သည်။

သေတမ်းစာတစ်စောင်အား သေတမ်းစာရေးခွင့်ရှိသူသည် ၎င်းသက်ရှိ ထင်ရှားရှိစဉ် မည်သည့်အချိန်တွင်မဆို ရေးသားနိုင်သကဲ့သို့ မည်သည့်အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်းခွင့် ရှိပါသည်။ သေတမ်းစာ ရေးသားပြီးနောက် သေတမ်းစာရေးသားသူ သေဆုံးသွားပါက အမွေဆက်ခံခြင်းအက်ဥပဒေ ပုဒ်မ (၂၂၂) အရ သေတမ်းစာဆောင်ရွက်ခွင့်ပေးထားသူ (Executor) မှ သက်ဆိုင်ရာ တရားရုံးတွင် သေတမ်းစာအား အတည်ပြုပေးရန် လျှောက်ထားရမည်ဖြစ်ပြီး အမွေခွဲဝေခြင်းကို သေတမ်းစာနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများသည် ၎င်းတို့ သက်ရှိထင်ရှားရှိစဉ်တွင် ၎င်းတို့ပိုင်ဆိုင်သည့်ပစ္စည်းများအား မည်သူတို့အား မည်ကဲ့သို့ ခွဲဝေပေးမည်ကို အတိအလင်း ရေးသား ဖော်ပြ ထားပါက ဗုဒ္ဓဘာသာဝင်မြေးများသည် အဆိုပါ သေတမ်းစာကို လိုက်နာရမည် ဖြစ်ပါသည်။

သို့သော် သေတမ်းစာ ရေးသားခြင်းမရှိဘဲ အဘိုး၊ အဘွားများမှာ ကွယ်လွန်သွားပါက ၎င်းတို့ ကျန်ရစ်ခဲ့သည့် ပစ္စည်း များကို အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၄၁ အရ အဆိုပါမြေးများသည် ၎င်းတို့၏ မိဘများ သက်ရှိ ထင်ရှားရှိခဲ့လျှင် ရရှိမည့် အမွေပုံဝေစုအတိုင်းရမည်ဖြစ်ပြီး အဆိုပါမိဘများမှ မွေးဖွားထားသည့် သားသမီး များသည် ညီတူမျှတူ ခွဲဝေယူရမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေသတမ္းစာမေရးဘဲ ကြယ္လြန္သြားတဲ့ ခရစ္ယာန္ ဘာသာကိုးကြယ္သူ အဘိုး၊ အဘြားမ်ားရဲ႕အေမြကို ဗုဒၶဘာသာကိုးကြယ္သူ ေျမးမ်ားက ခံစားခြင့္႐ွိသလား။

 

 

 

ေသတမ္းစာဆိုသည္မွာ ခရစ္ယာန္ဘာသာ၊ အစၥလမ္ဘာသာႏွင့္ ဟိႏၵဴဘာသာ ကိုးကြယ္သူမ်ားအေန ျဖင့္ ၎တို႔ ေသဆုံးသည့္အခါ ၎တို႔ပိုင္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္ မ‌ေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို မည္ကဲ့သို႔ ခြဲေဝေပးေစလိုေၾကာင္း ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္ေပးသည့္ ေၾကညာစာတမ္း တစ္ရပ္ ျဖစ္သည္။

ေသတမ္းစာတစ္ေစာင္အား ေသတမ္းစာေရးခြင့္႐ွိသူသည္ ၎သက္႐ွိ ထင္႐ွား႐ွိစဥ္ မည္သည့္အခ်ိန္တြင္မဆို ေရးသားႏိုင္သကဲ့သို႔ မည္သည့္အခ်ိန္တြင္မဆို ျပန္လည္႐ုပ္သိမ္းခြင့္ ႐ွိပါသည္။ ေသတမ္းစာ ေရးသားၿပီးေနာက္ ေသတမ္းစာေရးသားသူ ေသဆုံးသြားပါက အေမြဆက္ခံျခင္းအက္ဥပေဒ ပုဒ္မ (၂၂၂) အရ ေသတမ္းစာေဆာင္႐ြက္ခြင့္ေပးထားသူ (Executor) မွ သက္ဆိုင္ရာ တရား႐ုံးတြင္ ေသတမ္းစာအား အတည္ျပဳေပးရန္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး အေမြခြဲေဝျခင္းကို ေသတမ္းစာႏွင့္အညီ ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

ထို႔ေၾကာင့္ ခရစ္ယာန္ဘာသာကိုးကြယ္သူ အဘိုး၊ အဘြားမ်ားသည္ ၎တို႔ သက္႐ွိထင္႐ွား႐ွိစဥ္တြင္ ၎တို႔ပိုင္ဆိုင္သည့္ပစၥည္းမ်ားအား မည္သူတို႔အား မည္ကဲ့သို႔ ခြဲေဝေပးမည္ကို အတိအလင္း ေရးသား ေဖာ္ျပ ထားပါက ဗုဒၶဘာသာဝင္ေျမးမ်ားသည္ အဆိုပါ ေသတမ္းစာကို လိုက္နာရမည္ ျဖစ္ပါသည္။

သို႔ေသာ္ ေသတမ္းစာ ေရးသားျခင္းမ႐ွိဘဲ အဘိုး၊ အဘြားမ်ားမွာ ကြယ္လြန္သြားပါက ၎တို႔ က်န္ရစ္ခဲ့သည့္ ပစၥည္း မ်ားကို အေမြဆက္ခံျခင္း အက္ဥပေဒ ပုဒ္မ ၄၁ အရ အဆိုပါေျမးမ်ားသည္ ၎တို႔၏ မိဘမ်ား သက္႐ွိ ထင္႐ွား႐ွိခဲ့လွ်င္ ရ႐ွိမည့္ အေမြပုံေဝစုအတိုင္းရမည္ျဖစ္ၿပီး အဆိုပါမိဘမ်ားမွ ေမြးဖြားထားသည့္ သားသမီး မ်ားသည္ ညီတူမွ်တူ ခြဲေဝယူရမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

Upcoming Property Events

119-mdy
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service