ဘယ်တော့မှ ဖွင့်မကြည့်ခဲ့သင့်သည့် ကပ်ဘေးတွေရဲ့အစ ထူးဆန်းသော ပန်ဒိုရာ သေတ္တာ - Property News in Myanmar from iMyanmarHouse.com
1635 Views
ဘယ်တော့မှ ဖွင့်မကြည့်ခဲ့သင့်သည့် ကပ်ဘေးတွေရဲ့အစ ထူးဆန်းသော ပန်ဒိုရာ သေတ္တာ
[Unicode]
“ပန်ဒိုရာရဲ့သေတ္တာ”ဆိုတဲ့ စကားစုကို တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။
အံ့ဖွယ်အရာတစ်ခုကို တင်စားပြောတိုင်း ဒီစကားကို နေရာတော်တော်များများမှာ အသုံးပြုတတ်ကြတယ်။
မစူးစမ်းသင့်တဲ့ အခါမျိုးမှာဆို “ပန်ဒိုရာရဲ့ သေတ္တာ” လို ဖွင့်မကြည့်သင့်ဘူးလို့လည်း ပြောတတ်ကြတယ်မလား။
ဒါဆို ပန်ဒိုရာရဲ့သေတ္တာလို့ ဘာကြောင့်ညွှန်းဆိုနေကြတာလဲ? အဲစကားက ဘယ်ကနေ စတင် ပေါ်ပေါက်လာတာလဲ?
တော်တော်များများက ဒါကို သိချင်နေကြမယ်ထင်ပါတယ်။
တကယ်တော့ ဒီအကြောင်းအရာက အာဒံ၊ ဧဝတို့လို ဒဏ္ဍာရီတစ်ပုဒ်ကနေ ဖြစ်တည်လာတာပါ။ “ပန်ဒိုရာရဲ့သေတ္တာ”ကတော့ ဂရိဒဏ္ဍာရီတစ်ပုဒ်ပဲဖြစ်ပါတယ်။
ပန်ဒိုရာဆိုတာက ပထမဆုံးသော လူသားအမျိုးသမီးတစ်ဦးပါတဲ့။
ကမ္ဘာဦးအစ လူသားမိန်းကလေးဖြစ်တာကြောင့် နတ်ဘုရားတွေဆီက လက်ဆောင်ကောင်းချီးတွေကို အများကြီး လက်ခံ ရရှိခဲ့ပါတယ်။ ပန်ဒိုရာသေတ္တာအပါအဝင်ပါ။
ဒါပေမယ့် တခြားသော လက်ဆောင်တွေနဲ့ မတူဘဲ “ပန်ဒိုရာသေတ္တာ” ကိုတော့ ဖွင့်မကြည့်ဖို့ရာ သတိပေးခဲ့ပါတယ်။
စူးစမ်းချင်စိတ်ကို မတွန်းလှန်နိုင်တော့တဲ့ ပန်ဒိုရာက သေတ္တာကို ဖွင့်လိုက်မိတဲ့အခါ သေတ္တာထဲကနေ “ပျော်ရွှင်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ မေတ္တာတရား၊ ဘေးဆိုးကဒ်ဆိုး” စတဲ့ လူကို ဒုက္ခပေးနိုင်တဲ့အရာတွေ ထွက်ရှိလာခဲ့ပါတယ်တဲ့။
ပန်ဒိုရာက သေတ္တာကို အမြန်ပိတ်လိုက်ပေမယ့် အခါနှောင်းသွားပါပြီ။
သေတ္တာထဲမှာ မျှော်လင့်ချက်တစ်ခုတည်း အပြင်ထွက် မလာနိုင်ဘဲ ကျန်ရှိနေခဲ့ပါတယ်။
အဲဒီရဲ့ အကျိုးဆက်အနေနဲ့ လူသားတွေက သေတ္တာထဲက ထွက်ရှိသွားတဲ့အရာတွေရဲ့ ကပ်ဘေးတွေကို ခံစားကြရပါတယ်။
ဘယ်လောက်ပင်ပန်းစွာ ခံစားရပါစေ။ မျှော်လင့်ချက်သေတ္တာကို ဆုပ်ကိုင်ရင်း ဒုက္ခတွေကို ခံစားခဲ့ရတဲ့ ပန်ဒိုရာလို လူသားတွေမှာလည်း မျှော်လင့်ချက်တစ်ခုကတော့ အမြဲရင်ထဲ ကိန်းအောင်းနေတာပါ။
မျှော်လင့်ချက်သာ မကျန်ရှိရင် လူသားတွေက ဆက်လက်ရပ်တည်နိုင်ဖို့ရာ ခက်ခဲသွားတော့မှာပါ။
ဂရိဒဏ္ဍာရီအရဆို “ပန်ဒိုရာရဲ့သေတ္တာ” က ကပ်ဘေးတွေရဲ့ အစ လို့ဆိုနိုင်ပါတယ်။ စူးစမ်းခြင်းရဲ့ အပြစ်ဒဏ်တစ်ခုလည်းဖြစ်သလို လက်ဆောင်ကောင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
ဒဏ္ဍာရီထဲမှာ မှတ်တမ်းတင်ခဲ့တာကတော့ ပန်ဒိုရာက သေတ္တာတစ်ခု မဟုတ်ဘဲ အိုးတစ်လုံးပါတဲ့။ နောက်ပိုင်းမှ သေတ္တာလို့ ပြောင်းလဲခေါ်ဆိုလာရခြင်းပါ။
ပန်ဒိုရာဟာ ဂရိလိုဆို “လက်ဆောင်” လို့ အဓိပ္ပာယ်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service