ဧကရာဇ်လိပ်ပြာတို့ ခဏတာခိုနားရာ အယ်လ်ရိုဆာရီယိုဥယျာဉ်ကမ္ဘာ - Property News in Myanmar from iMyanmarHouse.com
926 Views

ဧကရာဇ်လိပ်ပြာတို့ ခဏတာခိုနားရာ အယ်လ်ရိုဆာရီယိုဥယျာဉ်ကမ္ဘာ

[Unicode]

 

ရောင်စုံတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ပြီး ပန်းပွင့်တစ်ပွင့်ကနေနောက်တစ်ပွင့်ဆီကို ကူးလူးပျံသန်းနေတဲ့လိပ်ပြာလေးတွေကိုတွေ့ရင် စိတ်ထဲမှာ အလိုလို ပျော်ရွှင်တတ်ကြတယ်မလား။ဒါကြောင့်လည်း ရင်ခုန်စိတ်လှုပ်ရှားတယ်ဆိုတဲ့ခံစားမှုကို နူးညံ့လှပတဲ့လိပ်ပြာလေးတွေနဲ့ ခိုင်းနှိုင်းတင်စားပြောဆိုကြတာပေါ့။

 

များသောအားဖြင့် လိပ်ပြာလေးတွေကို တစ်ကောင်တည်းတွေ့ရတတ်ပြီး တစ်ခါတစ်လေမှာတော့ ဖိုမမောင်နှံအတူယှဉ်တွဲပြီး ကျီစယ်နေတာကိုတွေ့ရတတ်ပါတယ်။

 

 

ဒါပေမဲ့ တစ်နေရာတည်းမှာ လိပ်ပြာထောင်ပေါင်းများစွာပျံသန်းနေတာကိုတော့ တွေ့ဖူးကြမယ်မထင်ပါဘူး။

 

 

မက္ကဆီကိုနိုင်ငံက အယ်လ်ရိုဆာရီယိုဥယျာဉ်ကိုမရောက်ဖူးသေးခင်အထိပေါ့။

 

အယ်လ်ရိုဆာရီယိုဥယျာဉ်ဆိုတာ မက္ကဆီကိုမြို့တော်ကနေ လေးနာရီလောက်ကားမောင်းရုံနဲ့ရောက်ရှိနိုင်တဲ့ ဘေးမဲ့ဥယျာဉ်တစ်ခုဖြစ်ပါတယ်။ယူနက်စကိုကအသိအမှတ်ပြုထားတဲ့ အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး လှပလွန်းတဲ့ရွှေရောင်လိပ်ပြာလေးတွေ ပျံသန်း‌နေတဲ့ဒဏ္ဍာရီဆန်ဆန်ဥယျာဉ်တစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။

 

လိပ်ပြာတွေအများကြီးထဲမှာမှ လိမ္မော်ရောင်အသွေးပေါ်မှာ အဖြူရောင်အစက်အပြောက်ရှိပြီး အနားသတ်တွေကို အနက်ရောင်ဘောင်ကွတ်ထားတဲ့ ဧကရာဇ်လိပ်ပြာလေးတွေဟာ ရွေ့ပြောင်းနေထိုင်တတ်တဲ့သဘာဝရှိတဲ့ တစ်ခုတည်းသောမျိုးစိတ်ဖြစ်ပါတယ်။

 

နှစ်စဉ်နှစ်တိုင်းဆောင်းရာသီကိုရောက်ပြီဆိုရင် ဧကရာဇ်လိပ်ပြာ သန်း ၂၀ ကျော်ခန့်ဟာ သူတို့ရဲ့နေရပ်ဖြစ်တဲ့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေကနေ မိုင်ပေါင်း ၃၀၀၀ အကွာမှာရှိတဲ့ မက္ကဆီကိုနိုင်ငံကို ရွေ့ပြောင်းလာတတ်ကြပါတယ်။သူတို့ရွေ့ပြောင်းရတဲ့အဓိကအကြောင်းအရင်းကတော့ ဆောင်းရာသီရဲ့အအေးဒဏ်ကိုရှောင်ပြီး နွေးထွေးတဲ့နေရာမှာ သူတို့ရဲ့ ရင်သွေးလေးတွေကိုမွေးဖွားဖို့အတွက် ပါ။

 

နိုဝင်ဘာလကနေ မတ်လအတွင်းမှာဆိုရင် ဧကရာဇ်လိပ်ပြာလေးတွေကို အယ်လ်ရိုဆာရီယိုဥယျာဉ်ရဲ့‌ နေရာအနှံ့အပြားမှာတွေ့နိုင်ပါတယ်။နေ့လယ်မွန်းတည့်ချိန်ဟာ သူတို့ရဲ့လှုပ်ရှားမှုကို မြင်တွေ့နိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ကြည်လင်တောက်ပတဲ့နေရောင်ခြည်အောက်မှာ ရွှေရောင်လိပ်ပြာလေးတွေ ဝဲပျံနေတဲ့မြင်ကွင်းက စိတ်ကူးနဲ့ပုံဖော်ကြည့်ရင်တောင် ကြည်နူးနွေးထွေးတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

 

ကိုယ့်ရဲ့အနားကဖြတ်သွားတဲ့ လိပ်ပြာလေးတွေရဲ့တောင်ပံခတ်သံကိုအနီးကပ်ခံစားရင်း ကောင်းကင်ပြာပြာအောက် ထင်းရှူးပင်တွေကြားမှာ ဝဲပျံနေတဲ့လိပ်ပြာလေးတွေကိုငေးမောဖို့အတွက် အယ်လ်ရိုဆာရီယိုဥယျာဉ်ကမ္ဘာလေးထဲကို တစ်ကြိမ်တစ်ခါတော့သွားရောက်လည်ပတ်ပါလို့ အကြံပြုလိုက်ပါတယ်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref : journeywonder.com

 

 

 

[Zawgyi]

ဧကရာဇ္လိပ္ျပာတို႔ ခဏတာခိုနားရာ အယ္လ္႐ိုဆာရီယိုဥယ်ာဥ္ကမ႓ာ

 

ေရာင္စုံေတာင္ပံေတြကို တဖ်တ္ဖ်တ္ခတ္ၿပီး ပန္းပြင့္တစ္ပြင့္ကေနေနာက္တစ္ပြင့္ဆီကို ကူးလူးပ်ံသန္းေနတဲ့လိပ္ျပာေလးေတြကိုေတြ႕ရင္ စိတ္ထဲမွာ အလိုလို ေပ်ာ္႐ႊင္တတ္ၾကတယ္မလား။ဒါေၾကာင့္လည္း ရင္ခုန္စိတ္လႈပ္႐ွားတယ္ဆိုတဲ့ခံစားမႈကို ႏူးညံ့လွပတဲ့လိပ္ျပာေလးေတြနဲ႔ ခိုင္းႏိႈင္းတင္စားေျပာဆိုၾကတာေပါ့။

မ်ားေသာအားျဖင့္ လိပ္ျပာေလးေတြကို တစ္ေကာင္တည္းေတြ႕ရတတ္ၿပီး တစ္ခါတစ္ေလမွာေတာ့ ဖိုမေမာင္ႏွံအတူယွဥ္တြဲၿပီး က်ီစယ္ေနတာကိုေတြ႕ရတတ္ပါတယ္။

ဒါေပမဲ့ တစ္ေနရာတည္းမွာ လိပ္ျပာေထာင္ေပါင္းမ်ားစြာပ်ံသန္းေနတာကိုေတာ့ ေတြ႕ဖူးၾကမယ္မထင္ပါဘူး။

မကၠဆီကိုႏိုင္ငံက အယ္လ္႐ိုဆာရီယိုဥယ်ာဥ္ကိုမေရာက္ဖူးေသးခင္အထိေပါ့။

အယ္လ္႐ိုဆာရီယိုဥယ်ာဥ္ဆိုတာ မကၠဆီကိုၿမိဳ႕ေတာ္ကေန ေလးနာရီေလာက္ကားေမာင္း႐ုံနဲ႔ေရာက္႐ွိႏိုင္တဲ့ ေဘးမဲ့ဥယ်ာဥ္တစ္ခုျဖစ္ပါတယ္။ယူနက္စကိုကအသိအမွတ္ျပဳထားတဲ့ အေမြအႏွစ္ေနရာတစ္ခုျဖစ္ၿပီး လွပလြန္းတဲ့ေ႐ႊေရာင္လိပ္ျပာေလးေတြ ပ်ံသန္း‌ေနတဲ့ဒ႑ာရီဆန္ဆန္ဥယ်ာဥ္တစ္ခုအျဖစ္လည္း နာမည္ႀကီးပါတယ္။

လိပ္ျပာေတြအမ်ားႀကီးထဲမွာမွ လိေမၼာ္ေရာင္အေသြးေပၚမွာ အျဖဴေရာင္အစက္အေျပာက္႐ွိၿပီး အနားသတ္ေတြကို အနက္ေရာင္ေဘာင္ကြတ္ထားတဲ့ ဧကရာဇ္လိပ္ျပာေလးေတြဟာ ေ႐ြ႕ေျပာင္းေနထိုင္တတ္တဲ့သဘာဝ႐ွိတဲ့ တစ္ခုတည္းေသာမ်ိဳးစိတ္ျဖစ္ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္းေဆာင္းရာသီကိုေရာက္ၿပီဆိုရင္ ဧကရာဇ္လိပ္ျပာ သန္း ၂၀ ေက်ာ္ခန္႔ဟာ သူတို႔ရဲ႕ေနရပ္ျဖစ္တဲ့ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံေတြကေန မိုင္ေပါင္း ၃၀၀၀ အကြာမွာ႐ွိတဲ့ မကၠဆီကိုႏိုင္ငံကို ေ႐ြ႕ေျပာင္းလာတတ္ၾကပါတယ္။သူတို႔ေ႐ြ႕ေျပာင္းရတဲ့အဓိကအေၾကာင္းအရင္းကေတာ့ ေဆာင္းရာသီရဲ႕အေအးဒဏ္ကိုေ႐ွာင္ၿပီး ေႏြးေထြးတဲ့ေနရာမွာ သူတို႔ရဲ႕ ရင္ေသြးေလးေတြကိုေမြးဖြားဖို႔အတြက္ ပါ။

ႏိုဝင္ဘာလကေန မတ္လအတြင္းမွာဆိုရင္ ဧကရာဇ္လိပ္ျပာေလးေတြကို အယ္လ္႐ိုဆာရီယိုဥယ်ာဥ္ရဲ႕‌ ေနရာအႏွံ႔အျပားမွာေတြ႕ႏိုင္ပါတယ္။ေန႔လယ္မြန္းတည့္ခ်ိန္ဟာ သူတို႔ရဲ႕လႈပ္႐ွားမႈကို ျမင္ေတြ႕ႏိုင္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး ၾကည္လင္ေတာက္ပတဲ့ေနေရာင္ျခည္ေအာက္မွာ ေ႐ႊေရာင္လိပ္ျပာေလးေတြ ဝဲပ်ံေနတဲ့ျမင္ကြင္းက စိတ္ကူးနဲ႔ပုံေဖာ္ၾကည့္ရင္ေတာင္ ၾကည္ႏူးေႏြးေထြးတဲ့ခံစားခ်က္ကို ေပးစြမ္းႏိုင္ပါတယ္။

ကိုယ့္ရဲ႕အနားကျဖတ္သြားတဲ့ လိပ္ျပာေလးေတြရဲ႕ေတာင္ပံခတ္သံကိုအနီးကပ္ခံစားရင္း ေကာင္းကင္ျပာျပာေအာက္ ထင္း႐ွဴးပင္ေတြၾကားမွာ ဝဲပ်ံေနတဲ့လိပ္ျပာေလးေတြကိုေငးေမာဖို႔အတြက္ အယ္လ္႐ိုဆာရီယိုဥယ်ာဥ္ကမ႓ာေလးထဲကို တစ္ႀကိမ္တစ္ခါေတာ့သြားေရာက္လည္ပတ္ပါလို႔ အၾကံျပဳလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref : journeywonder.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service