ကျန်းမာရေးအကျိုးများသည့် ပင်လယ်ထဲက ရေညှိများ - Property Knowledge in Myanmar from iMyanmarHouse.com
762 Views

ကျန်းမာရေးအကျိုးများသည့် ပင်လယ်ထဲက ရေညှိများ

Knowledge | Posted by Zarni Kyaw

[Unicode]

ရေညှိတွေဆိုတာ ပင်လယ်ထဲကနေထွက်တဲ့ သဘာဝအရွက်တွေပဲဖြစ်ပါတယ်။ Seaweed လို့ခေါ်တဲ့ ရေညှိတွေက အမျိုးအစားအများကြီးရှိကြပြီး အစိမ်းရောင်၊ အညိုရောင်၊ အနီရောင် စသဖြင့် စားလို့ရတဲ့အမျိုးအနွယ်တွေက အများကြီးပါ။

ဘယ်ရေညှိအမျိုးအစားမဆို ကျန်းမာရေးအတွက်တော့ အထောက်အကူ ပြုကြပါတယ်။

ကုန်းပေါ်မှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ထူးခြားတဲ့အာဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။

ကျန်းမာစေတဲ့ ဓာတ်စာတွေအဖြစ် ထည့်သွင်းစားသုံးဖို့လည်း သင့်လျော်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုထားကြပါတယ်။

ရေညှိမှာဆိုရင် အိုင်အိုဒင်းဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် B12၊ ဗီတာမင်ကေ၊ သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဆေးဝါးအဖြစ်ထုတ်လုပ်တဲ့ နေရာမှာ နာမည်ကြီးပြီး ဆေးတောင့်၊ ဆေးမှုန့် ၂ မျိုးစလုံးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

ရေညှိတွေကို စားသုံးပုံ

အနီရောင်ရေညှိအမျိုးအစားဖြစ်တဲ့ Nori ကိုတော့ရေညှိထမင်းလိပ်ပြုလုပ်တဲ့အခါမှာ အသုံးပြုကြသလို ခေါက်ဆွဲပြုတ်၊ ထမင်း စတာတွေအပေါ်မှာလည်း နှမ်းနဲ့ရောဖြူးပြီး စားကြပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်အသုပ်တွေမှာလည်း ထည့်သွင်းစားသုံးနိုင်ပါသေးတယ်။ ထိုသာမက ရေညှိတွေကို အဆာပြေမုန့်တွေအဖြစ် ပြုလုပ်ဖန်တီးနေကြပါပြီ။ ရေညှိကြော်၊ ရေညှိအသားခပ်မှုန့်တွေအပြင် ရေညှိမုန့်ခြောက်တွေကိုလည်း ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါတယ်။

အခြောက်ခံ၊ အမှုန့်ကြိတ်ပြီး အာဟာရဖြည့်စွက်ဆေးတွေအဖြစ်လည်း ပြုလုပ်ကြပါတယ်။ ရေညှိကြော်တွေကို ဝါးစားရတာ မကြိုက်တဲ့သူတွေအတွက်တော့ အမှုန့်ကြိတ်ပြီး Smoothie ဖျော်ရည် ဒါမှမဟုတ် စွပ်ပြုတ်တွေထဲထည့်ပြီး စားသုံးနိုင်ပါတယ်။ စားဖိုမှူးတွေရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ရေညှိရေခဲမုန့်ကိုတောင် နိုင်ငံတစ်ချို့မှာ စားသုံးနေကြပါပြီ။ ဂျပန်နိုင်ငံရဲ့ မီဆိုဟင်းရည်ထဲမှာပါတဲ့ ရေညှိကိုတော့ ကိုးရီးယားထမင်းလိပ်နဲ့ ဆူရှီတွေမှာ အသုံးပြုကြပါတယ်။

ရေညှိအမျိုးအစားကွဲများနှင့် အသုံးဝင်ပုံများ

ပင်လယ်ရေညှိတွေက အမျိုးအစားကွဲများစွာရှိကြပြီး တစ်ခုနဲ့တစ်ခု မတူကြသလို စားသုံးတဲ့အခါရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မတူညီကြပါဘူး။ Kelp လို့ ခေါ်တဲ့ ရေညှိအမျိုးအစားခွဲပေါင်း ၃၀ ခန့် ရှိကြပါတယ်။ ဒီအမျိုးအစားတွေကတော့ ပင်လယ်ထဲမှာ ရေငုပ်တဲ့အခါ မိမိတို့ ရဲ့ ခြေထောက်နဲ့ ငြိနေတတ်တဲ့ ရေညှိအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာလို “ရေမှော်”လို့ ခေါ်ကြပါတယ်။ နာမည်ကြီးရေညှိတွေကတော့ -

၁။ Algin လို့ခေါ်တဲ့ ရေညှိ

ရေညှိကိုအခြေခံပြီး ထောင်ချီတဲ့စားသောက်ကုန်တွေ ပြုလုပ်လေ့ရှိကြပါတယ်။ Algin လို့ ခေါ်တဲ့ ရေညှိအမျိုးအစားကတော့ ပျော့ပျောင်းတာမို့ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် နဲ့ ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ ရေခဲမုန့် တွေထဲ ထည့်စားလို့ရတဲ့ရေညှိက Algin အမျိုးအစားပဲ ဖြစ်ပါတယ်။

၂။ Nori လို့ ခေါ်တဲ့ ရေညှိ

 

Nori လို့ခေါ်ကြတဲ့ ရေညှိအမျိုးအစားကတော့ သေးငယ်ပြီး အခြောက်ခံရောင်းကြပါတယ်။ Nori ရေညှိအမျိုးအစားဟာ Kelp ရေညှိအမျိုးအစားတွေလိုပဲ ထမင်းလိပ်တွေလုပ်တဲ့အခါမှာ အသုံးပြုကြပါတယ်။ အမိုင်နိုအက်စစ်နဲ့ ဂလူတမိတ် ပါဝင်ပြီး အရသာရှိတာမို့ မိမိကြိုက်နှစ်သက်တဲ့ဟင်းတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

၃။ စိမ်းပြာရှေညှိ (Spirulina)

စိမ်းပြာရှေညှိအဖြစ် နာမည်ကြော်ကြားတာကတော့ စပီရူလိုင်းနား(Spirulina) ပဲ ဖြစ်ပါတယ်။ စပီရူလိုင်းနားဟာ အာဟာရဓာတ်အကြွယ်ဝဆုံး စားစရာတွေထဲမှာ ပါဝင်ပါတယ်။ အာကာသထဲကိုသွားရတဲ့ အာကာသယာဥ်မှူးတွေအတွက် အာဟာရဓာတ်တွေ ပေးစွမ်းနိုင်တဲ့ ရေညှိတစ်မျိုးပါ။ စပီရူလိုင်းနားရေညှိခြောက် ၁ ဇွန်း(ဒါမှမဟုတ်)၁ပြားမှာ ပရိုတင်းများစွာပါဝင်တဲ့အပြင် အမိုင်နိုအက်စစ်၊ ဗီတာမင်များစွာ၊ သတ္တုဓာတ်နဲ့ လျှပ်လိုက်ရည်တို့ ပါဝင်နေတာကို တွေ့ရှိထားကြပါတယ်။

၄။ Dulseလို့ခေါ်တဲ့ ရေညှိ

Dulse လို့ခေါ်တဲ့ ရေညှိအမျိုးအစားကတော့ ဆလတ်ရွက်နဲ့တူပြီး အနီရောင်အဆင်းရှိပါတယ်။ Dulse ရေညှိအမျိုးအစားဟာ ရေအောက်မှာခူးပြီးပြီးချင်း အခြောက်ခံရပြီး ရေညှိပွင့်ခြောက် ဒါမှမဟုတ် အမှုန့်ကြိတ်ပြီး ပေါင်ဒါမှုန့်အဖြစ်နဲ့ မြင်တွေ့ရတတ်လို့ပါပဲ။

၅။ Wakame လို့ခေါ်တဲ့ ရေညှိ

အညိုရောင်ရေညှိအမျိုးအစားဖြစ်တဲ့ Wakame ရေညှိဟာဆိုရင်လည်း ထင်ရှားကျော်ကြားပြီး အရွက်သုပ်ထဲမှာ ထည့်စားလို့ရသလို ထမင်းလိပ်နဲ့ စွပ်ပြုတ်တွေထဲ ထည့်ပြီးအစားများပါတယ်။ Walame အမျိုးအစားရေညှိကိုတော့ အခြောက်ခံရောင်းပေမယ့် စားခါနီးမှာ ရေထဲခဏခဏစိမ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရေညှိထဲကပ်နေတဲ့ ဆားတွေလျော့ပါးသွားပြီး လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။

၆။ Kombu လို့ခေါ်တဲ့ ရေညှိ

Kombu ရေညှိကို အစားအသောက်တွေမှာ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုကြပါတယ်။ မီဆိုဟင်းရည်တွေမှာ ဟင်းခတ်အမွှေးအကြိုင်အရည်အနေနဲ့ ထည့်သွင်းစားသုံးကြ ပါတယ်။ Kombu ရေညှိမှာ ဂက်စ်တွေကို ဖြိုခွဲနိုင်တဲ့ အင်ဇိုင်းများစွာ ပါဝင်တယ်လို့ တွေ့ရှိထားပါတယ်။

၇။ Chlorella လို့ခေါ်တဲ့ ရေချိုရေညှိ

ရေချိုရေညှိ Chlorella ကလည်း အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ ဒါပေမယ့် သူ့နဂိုမူရင်းအတိုင်းဆို မာကျောပြီး အစာခြေဖို့ ခက်ခဲတာကြောင့် ဒီရေညှိကို ဆေးဝါးအဖြစ်သာ တွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။

ရေညှိရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

၁။ သိုင်းရွိုက်နှင့် ပတ်သက်သော ရောဂါများအတွက် ကောင်းမွန်ခြင်း

ရေညှိမှာ အိုင်အိုဒင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းနဲ့ ဖက်တီးအက်စစ်တွေ ပေါကြွယ်ဝပါတယ်။ သိုင်းရွိုက်လို့ခေါ်တဲ့ လည်မျိုကျန်းမာရေးအတွက်က တော့ အိုင်အိုဒင်းဓာတ်က မရှိမဖြစ် လိုအပ်တာပါ။

သိုင်းရွိုက်ပြဿာနာဖြစ်ပြီဆိုရင် ကိုယ်အလေးချိန်တက်လွယ်ခြင်း၊ အဝလွန်ခြင်းနဲ့ လည်ပင်းကြီးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အိုင်အိုဒင်းမလုံလောက်မှုကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ဦးနှောက်နဲ့ အရိုးကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာပေါ်ရှိ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တစ်နေ့တာအတွက်လုံလောက်တဲ့ အိုင်အိုဒင်းပမာဏ ၁၅၀ မီလီဂရမ်ကို မရရှိကြပါဘူး။ ဒီလိုမျိုးအတွက်ဆိုရင် ရေညှိဟာ သတ္တုဓာတ်တွေကြွယ်ဝဖို့အတွက် အကောင်းဆုံး ဖြည့်စွက်အစားအစာဖြစ်တယ်လို့ အကြံပြုချင်ပါတယ်။

Kombu ရေညှိကို စားသုံးတာက အကောင်းဆုံးဖြစ် ပြီး Wakame နဲ့ Nori ရေညှိတွေကိုလည်း စားသုံးနိုင်ပါတယ်။ အိုင်အိုဒင်းအတွက် ရေညှိကိုစားသုံးမယ်ဆိုရင် ဆရာဝန် ညွှန်ကြားချက်နှင့်အညီ စားသုံးသင့်ပါတယ်။

၂။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိချက်အရ ရေညှိတွေမှာ ရောဂါတွေကိုကုသပေးနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ရေညှိတွေမှာ ဆဲလ်ဖြစ်ပွားမှုတွေကို ပျက်စီးစေနိုင်တဲ့ ရယ်ဒီကယ််လ်တွေကို ထိန်းချုပ်နိုင်တဲ့ Antioxidants တွေ ပါဝင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အိုမီဂါ - 3 ဖက်တီးအက်စစ်တွေလည်း ရေညှိထဲမှာ ပါရှိနေပါတယ်။

ရေညှိတွေက ရောဂါတွေကိုကာကွယ်ရာမှာ ကူညီပေးပြီး ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက်လည်း အကူအညီကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ အစာခြေဖျက်မှုဆိုင်ရာ ပြဿာနာကို ဖြေရှင်းပေးခြင်း

ရေညှိမှာ အမျှင်ဓာတ်တွေဟာ ၂၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ဒါဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ Prebiotics ပဲဖြစ်ပါတယ်။

ညအချိန်တွေမှာတောင် အမျှင်ဓာတ်တွေက အစာခြေဖျက်မှုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး အိပ်နေချိန်မှာ ဗိုက်မဆာစေတာပဲ ဖြစ်ပါတယ်။

၄။ ခဲသတ္တုအဆိပ်သင့်မှုကို ကာကွယ်ပေးခြင်း

လေထုညစ်ညမ်းမှုတွေကြုံနေရတဲ့ ခန္ဓာကိုယ်၊ ငါးတွေအစားများပြီး မာကျူရီဓာတ်လွန်ကဲနေတဲ့ ခန္ဓာကိုယ်တွေဟာ သတ္တုဓာတ်တွေ လွန်ကဲနေတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ Chlorella ရေညှိနဲ့ စပီရူလိုင်းနား ရေညှိမျိုးကို စားသုံးပေးသင့်ပါတယ်။ ရေညှိတွေဟာ Cadmium နဲ့ ခဲသတ္တုအဆိပ်သင့်မှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။

၅။ သံဓာတ်နဲ့ ကြေးနီဓာတ် ကြွယ်ဝစွာပါရှိခြင်း

ရေညှိမှာ မဂ္ဂနီဆီယမ်၊ သံ၊ ကြေးနီ၊ ဇင့်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်စတဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။

ရေညှိတွေမှာ ဟင်းနုနွယ်ရွက်နဲ့ အသားတွေထက်ပင် သံဓာတ်နဲ့ ကြေးနီဓာတ်တွေ ပိုမိုပါဝင်ပါတယ်။ ၁၀၀ ဂရမ်အသားနဲ့ ၈ ဂရမ် Dulse ရေညှိမှာ တူညီတဲ့ သံဓာတ်ပမာဏရှိတယ်လို့ ဆိုနိုင်ပါတယ်။

ရေညှိတွေကို ရေညှိဆေးဝါး၊ ရေညှိမုန့်၊ ရေညှိဟင်းချို၊ ရေညှိခြောက်သုပ် စတဲ့ပုံစံအမျိုးမျိုးနဲ့ တစ်ပတ်မှာ ၃ ကြိမ်ကနေ ၅ ကြိမ် စားသုံးနိုင်ပါတယ်။

သူတို့ဟာ ပင်လယ်ကနေထွက်တဲ့ သဘာဝအရွက် ဖြစ်တာမို့ အစာအိမ်ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အပြင် များပြားလှတဲ့အကျိုးကျေးဇူးတွေရှိပြီး အဆိပ်အတောက်တွေကို ပြေစေနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပြားလှတဲ့ ရေညှိတွေကို ဖြည့်စွက်အစားအစာအဖြစ် စားသုံးရင်း ကိုယ်ခံအားအကောင်းဆုံးနဲ့ ရောဂါဆိုးတွေကို တိုက်ထုတ်တွန်းလှန်နိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

က်န္းမာေရးအက်ိဳးမ်ားသည့္ ပင္လယ္ထဲက ေရညႇိမ်ား

 

ေရညႇိေတြဆိုတာ ပင္လယ္ထဲကေနထြက္တဲ့ သဘာဝအ႐ြက္ေတြပဲျဖစ္ပါတယ္။ Seaweed လို႔ေခၚတဲ့ ေရညႇိေတြက အမ်ိဳးအစားအမ်ားႀကီး႐ွိၾကၿပီး အစိမ္းေရာင္၊ အညိဳေရာင္၊ အနီေရာင္ စသျဖင့္ စားလို႔ရတဲ့အမ်ိဳးအႏြယ္ေတြက အမ်ားႀကီးပါ။

ဘယ္ေရညႇိအမ်ိဳးအစားမဆို က်န္းမာေရးအတြက္ေတာ့ အေထာက္အကူ ျပဳၾကပါတယ္။

ကုန္းေပၚမွာစိုက္တဲ့ ဟင္းသီးဟင္း႐ြက္ေတြနဲ႔မတူဘဲ ထူးျခားတဲ့အာဟာရေတြကို ေပးစြမ္းႏိုင္ပါတယ္။

က်န္းမာေစတဲ့ ဓာတ္စာေတြအျဖစ္ ထည့္သြင္းစားသုံးဖို႔လည္း သင့္ေလ်ာ္တယ္လို႔ အာဟာရပညာ႐ွင္ေတြက အၾကံျပဳထားၾကပါတယ္။

ေရညႇိမွာဆိုရင္ အိုင္အိုဒင္းဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္ B12၊ ဗီတာမင္ေက၊ သံဓာတ္၊မဂၢနီဆီယမ္နဲ႔ ကယ္လ္စီယမ္ေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ ေဆးဝါးအျဖစ္ထုတ္လုပ္တဲ့ ေနရာမွာ နာမည္ႀကီးၿပီး ေဆးေတာင့္၊ ေဆးမႈန္႔ ၂ မ်ိဳးစလုံးနဲ႔ ဝယ္ယူရ႐ွိႏိုင္ပါတယ္။

ေရညႇိေတြကို စားသုံးပုံ

အနီေရာင္ေရညႇိအမ်ိဳးအစားျဖစ္တဲ့ Nori ကိုေတာ့ေရညႇိထမင္းလိပ္ျပဳလုပ္တဲ့အခါမွာ အသုံးျပဳၾကသလို ေခါက္ဆြဲျပဳတ္၊ ထမင္း စတာေတြအေပၚမွာလည္း ႏွမ္းနဲ႔ေရာျဖဴးၿပီး စားၾကပါတယ္။ ဒါ့အျပင္ ဟင္းသီးဟင္း႐ြက္အသုပ္ေတြမွာလည္း ထည့္သြင္းစားသုံးႏိုင္ပါေသးတယ္။ ထိုသာမက ေရညႇိေတြကို အဆာေျပမုန္႔ေတြအျဖစ္ ျပဳလုပ္ဖန္တီးေနၾကပါၿပီ။ ေရညႇိေၾကာ္၊ ေရညႇိအသားခပ္မႈန္႔ေတြအျပင္ ေရညႇိမုန္႔ေျခာက္ေတြကိုလည္း ဝယ္ယူရ႐ွိႏိုင္ၿပီပဲျဖစ္ပါတယ္။

အေျခာက္ခံ၊ အမႈန္႔ႀကိတ္ၿပီး အာဟာရျဖည့္စြက္ေဆးေတြအျဖစ္လည္း ျပဳလုပ္ၾကပါတယ္။ ေရညႇိေၾကာ္ေတြကို ဝါးစားရတာ မႀကိဳက္တဲ့သူေတြအတြက္ေတာ့ အမႈန္႔ႀကိတ္ၿပီး Smoothie ေဖ်ာ္ရည္ ဒါမွမဟုတ္ စြပ္ျပဳတ္ေတြထဲထည့္ၿပီး စားသုံးႏိုင္ပါတယ္။ စားဖိုမႉးေတြရဲ႕ ဆန္းသစ္တီထြင္မႈေတြနဲ႔ ေရညႇိေရခဲမုန္႔ကိုေတာင္ ႏိုင္ငံတစ္ခ်ိဳ႕မွာ စားသုံးေနၾကပါၿပီ။ ဂ်ပန္ႏိုင္ငံရဲ႕ မီဆိုဟင္းရည္ထဲမွာပါတဲ့ ေရညႇိကိုေတာ့ ကိုးရီးယားထမင္းလိပ္နဲ႔ ဆူ႐ွီေတြမွာ အသုံးျပဳၾကပါတယ္။

ေရညႇိအမ်ိဳးအစားကြဲမ်ားႏွင့္ အသုံးဝင္ပုံမ်ား

ပင္လယ္ေရညႇိေတြက အမ်ိဳးအစားကြဲမ်ားစြာ႐ွိၾကၿပီး တစ္ခုနဲ႔တစ္ခု မတူၾကသလို စားသုံးတဲ့အခါရ႐ွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြကလည္း မတူညီၾကပါဘူး။ Kelp လို႔ ေခၚတဲ့ ေရညႇိအမ်ိဳးအစားခြဲေပါင္း ၃၀ ခန္႔ ႐ွိၾကပါတယ္။ ဒီအမ်ိဳးအစားေတြကေတာ့ ပင္လယ္ထဲမွာ ေရငုပ္တဲ့အခါ မိမိတို႔ ရဲ႕ ေျခေထာက္နဲ႔ ၿငိေနတတ္တဲ့ ေရညႇိအမ်ိဳးအစားေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ျမန္မာလို “ေရေမွာ္”လို႔ ေခၚၾကပါတယ္။ နာမည္ႀကီးေရညႇိေတြကေတာ့ -

၁။ Algin လို႔ေခၚတဲ့ ေရညႇိ

ေရညႇိကိုအေျခခံၿပီး ေထာင္ခ်ီတဲ့စားေသာက္ကုန္ေတြ ျပဳလုပ္ေလ့႐ွိၾကပါတယ္။ Algin လို႔ ေခၚတဲ့ ေရညႇိအမ်ိဳးအစားကေတာ့ ေပ်ာ့ေပ်ာင္းတာမို႔ သြားတိုက္ေဆး၊ ေခါင္းေလွ်ာ္ရည္ နဲ႔ ေဆးဝါးထုတ္လုပ္တဲ့ေနရာမွာ အသုံးျပဳၾကပါတယ္။ ေရခဲမုန္႔ ေတြထဲ ထည့္စားလို႔ရတဲ့ေရညႇိက Algin အမ်ိဳးအစားပဲ ျဖစ္ပါတယ္။

၂။ Nori လို႔ ေခၚတဲ့ ေရညႇိ

Nori လို႔ေခၚၾကတဲ့ ေရညႇိအမ်ိဳးအစားကေတာ့ ေသးငယ္ၿပီး အေျခာက္ခံေရာင္းၾကပါတယ္။ Nori ေရညႇိအမ်ိဳးအစားဟာ Kelp ေရညႇိအမ်ိဳးအစားေတြလိုပဲ ထမင္းလိပ္ေတြလုပ္တဲ့အခါမွာ အသုံးျပဳၾကပါတယ္။ အမိုင္ႏိုအက္စစ္နဲ႔ ဂလူတမိတ္ ပါဝင္ၿပီး အရသာ႐ွိတာမို႔ မိမိႀကိဳက္ႏွစ္သက္တဲ့ဟင္းေတြနဲ႔ တြဲဖက္စားသုံးႏိုင္ပါတယ္။

၃။ စိမ္းျပာေ႐ွညႇိ (Spirulina)

စိမ္းျပာေ႐ွညႇိအျဖစ္ နာမည္ေၾကာ္ၾကားတာကေတာ့ စပီ႐ူလိုင္းနား(Spirulina) ပဲ ျဖစ္ပါတယ္။ စပီ႐ူလိုင္းနားဟာ အာဟာရဓာတ္အႂကြယ္ဝဆုံး စားစရာေတြထဲမွာ ပါဝင္ပါတယ္။ အာကာသထဲကိုသြားရတဲ့ အာကာသယာဥ္မႉးေတြအတြက္ အာဟာရဓာတ္ေတြ ေပးစြမ္းႏိုင္တဲ့ ေရညႇိတစ္မ်ိဳးပါ။ စပီ႐ူလိုင္းနားေရညႇိေျခာက္ ၁ ဇြန္း(ဒါမွမဟုတ္)၁ျပားမွာ ပ႐ိုတင္းမ်ားစြာပါဝင္တဲ့အျပင္ အမိုင္ႏိုအက္စစ္၊ ဗီတာမင္မ်ားစြာ၊ သတၱဳဓာတ္နဲ႔ လွ်ပ္လိုက္ရည္တို႔ ပါဝင္ေနတာကို ေတြ႕႐ွိထားၾကပါတယ္။

၄။ Dulseလို႔ေခၚတဲ့ ေရညႇိ

Dulse လို႔ေခၚတဲ့ ေရညႇိအမ်ိဳးအစားကေတာ့ ဆလတ္႐ြက္နဲ႔တူၿပီး အနီေရာင္အဆင္း႐ွိပါတယ္။ Dulse ေရညႇိအမ်ိဳးအစားဟာ ေရေအာက္မွာခူးၿပီးၿပီးခ်င္း အေျခာက္ခံရၿပီး ေရညႇိပြင့္ေျခာက္ ဒါမွမဟုတ္ အမႈန္႔ႀကိတ္ၿပီး ေပါင္ဒါမႈန္႔အျဖစ္နဲ႔ ျမင္ေတြ႕ရတတ္လို႔ပါပဲ။

၅။ Wakame လို႔ေခၚတဲ့ ေရညႇိ

အညိဳေရာင္ေရညႇိအမ်ိဳးအစားျဖစ္တဲ့ Wakame ေရညႇိဟာဆိုရင္လည္း ထင္႐ွားေက်ာ္ၾကားၿပီး အ႐ြက္သုပ္ထဲမွာ ထည့္စားလို႔ရသလို ထမင္းလိပ္နဲ႔ စြပ္ျပဳတ္ေတြထဲ ထည့္ၿပီးအစားမ်ားပါတယ္။ Walame အမ်ိဳးအစားေရညႇိကိုေတာ့ အေျခာက္ခံေရာင္းေပမယ့္ စားခါနီးမွာ ေရထဲခဏခဏစိမ္ေပးဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ေရညႇိထဲကပ္ေနတဲ့ ဆားေတြေလ်ာ့ပါးသြားၿပီး လိုအပ္တဲ့အာဟာရဓာတ္ေတြ ရ႐ွိႏိုင္မွာျဖစ္ပါတယ္။

၆။ Kombu လို႔ေခၚတဲ့ ေရညႇိ

Kombu ေရညႇိကို အစားအေသာက္ေတြမွာ ဟင္းခတ္မႈန္႔အျဖစ္ အသုံးျပဳၾကပါတယ္။ မီဆိုဟင္းရည္ေတြမွာ ဟင္းခတ္အေမႊးအႀကိဳင္အရည္အေနနဲ႔ ထည့္သြင္းစားသုံးၾက ပါတယ္။ Kombu ေရညႇိမွာ ဂက္စ္ေတြကို ၿဖိဳခြဲႏိုင္တဲ့ အင္ဇိုင္းမ်ားစြာ ပါဝင္တယ္လို႔ ေတြ႕႐ွိထားပါတယ္။

၇။ Chlorella လို႔ေခၚတဲ့ ေရခ်ိဳေရညႇိ

ေရခ်ိဳေရညႇိ Chlorella ကလည္း အာဟာရဓာတ္မ်ားစြာ ႂကြယ္ဝပါတယ္။ ဒါေပမယ့္ သူ႕နဂိုမူရင္းအတိုင္းဆို မာေက်ာၿပီး အစာေျခဖို႔ ခက္ခဲတာေၾကာင့္ ဒီေရညႇိကို ေဆးဝါးအျဖစ္သာ ေတြ႕ရတတ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ အဆိပ္အေတာက္ေတြကို ဖယ္႐ွားႏိုင္တဲ့ အစြမ္းသတၱိေတြ႐ွိပါတယ္။

ေရညႇိရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့-

၁။ သိုင္း႐ြိဳက္ႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားအတြက္ ေကာင္းမြန္ျခင္း

ေရညႇိမွာ အိုင္အိုဒင္းဓာတ္၊ အမွ်င္ဓာတ္၊ ဗီတာမင္၊ သတၱဳဓာတ္၊ ပ႐ိုတင္းနဲ႔ ဖက္တီးအက္စစ္ေတြ ေပါႂကြယ္ဝပါတယ္။ သိုင္း႐ြိဳက္လို႔ေခၚတဲ့ လည္မ်ိဳက်န္းမာေရးအတြက္က ေတာ့ အိုင္အိုဒင္းဓာတ္က မ႐ွိမျဖစ္ လိုအပ္တာပါ။

သိုင္း႐ြိဳက္ျပႆာနာျဖစ္ၿပီဆိုရင္ ကိုယ္အေလးခ်ိန္တက္လြယ္ျခင္း၊ အဝလြန္ျခင္းနဲ႔ လည္ပင္းႀကီးေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ အိုင္အိုဒင္းမလုံေလာက္မႈေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သေႏၶသားရဲ႕ဦးေႏွာက္နဲ႔ အ႐ိုးက်န္းမာေရးကို ထိခိုက္ေစၿပီး ကိုယ္ဝန္ပ်က္က်တဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။

ယေန႔အခ်ိန္မွာ ကမ႓ာေပၚ႐ွိ လူဦးေရရဲ႕ သုံးပုံတစ္ပုံဟာ တစ္ေန႔တာအတြက္လုံေလာက္တဲ့ အိုင္အိုဒင္းပမာဏ ၁၅၀ မီလီဂရမ္ကို မရ႐ွိၾကပါဘူး။ ဒီလိုမ်ိဳးအတြက္ဆိုရင္ ေရညႇိဟာ သတၱဳဓာတ္ေတြႂကြယ္ဝဖို႔အတြက္ အေကာင္းဆုံး ျဖည့္စြက္အစားအစာျဖစ္တယ္လို႔ အၾကံျပဳခ်င္ပါတယ္။

Kombu ေရညႇိကို စားသုံးတာက အေကာင္းဆုံးျဖစ္ ၿပီး Wakame နဲ႔ Nori ေရညႇိေတြကိုလည္း စားသုံးႏိုင္ပါတယ္။ အိုင္အိုဒင္းအတြက္ ေရညႇိကိုစားသုံးမယ္ဆိုရင္ ဆရာဝန္ ၫႊန္ၾကားခ်က္ႏွင့္အညီ စားသုံးသင့္ပါတယ္။

၂။ ႏွလုံးက်န္းမာေရးအတြက္ ေကာင္းမြန္ေစျခင္း

သိပၸံပညာ႐ွင္တို႔ ႐ွာေဖြေတြ႕႐ွိခ်က္အရ ေရညႇိေတြမွာ ေရာဂါေတြကိုကုသေပးႏိုင္တဲ့ စြမ္းအားေတြ႐ွိပါတယ္။ ေရညႇိေတြမွာ ဆဲလ္ျဖစ္ပြားမႈေတြကို ပ်က္စီးေစႏိုင္တဲ့ ရယ္ဒီကယ္္လ္ေတြကို ထိန္းခ်ဳပ္ႏိုင္တဲ့ Antioxidants ေတြ ပါဝင္ပါတယ္။

ႏွလုံးက်န္းမာေရးအတြက္ အေထာက္အကူျပဳေပးႏိုင္တဲ့ အိုမီဂါ - 3 ဖက္တီးအက္စစ္ေတြလည္း ေရညႇိထဲမွာ ပါ႐ွိေနပါတယ္။

ေရညႇိေတြက ေရာဂါေတြကိုကာကြယ္ရာမွာ ကူညီေပးၿပီး ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔၊ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိဖို႔အတြက္လည္း အကူအညီေကာင္းတစ္ခု ျဖစ္ပါတယ္။

၃။ အစာေျခဖ်က္မႈဆိုင္ရာ ျပႆာနာကို ေျဖ႐ွင္းေပးျခင္း

ေရညႇိမွာ အမွ်င္ဓာတ္ေတြဟာ ၂၅ ရာခိုင္ႏႈန္းကေန ၇၅ ရာခိုင္ႏႈန္းအထိ ပါဝင္ပါတယ္။ဒါဟာ အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့ Prebiotics ပဲျဖစ္ပါတယ္။

ညအခ်ိန္ေတြမွာေတာင္ အမွ်င္ဓာတ္ေတြက အစာေျခဖ်က္မႈရဲ႕ ျပႆနာေတြကို ေျဖ႐ွင္းေပးၿပီး အိပ္ေနခ်ိန္မွာ ဗိုက္မဆာေစတာပဲ ျဖစ္ပါတယ္။

၄။ ခဲသတၱဳအဆိပ္သင့္မႈကို ကာကြယ္ေပးျခင္း

ေလထုညစ္ညမ္းမႈေတြၾကဳံေနရတဲ့ ခႏၶာကိုယ္၊ ငါးေတြအစားမ်ားၿပီး မာက်ဴရီဓာတ္လြန္ကဲေနတဲ့ ခႏၶာကိုယ္ေတြဟာ သတၱဳဓာတ္ေတြ လြန္ကဲေနတတ္ပါတယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ Chlorella ေရညႇိနဲ႔ စပီ႐ူလိုင္းနား ေရညႇိမ်ိဳးကို စားသုံးေပးသင့္ပါတယ္။ ေရညႇိေတြဟာ Cadmium နဲ႔ ခဲသတၱဳအဆိပ္သင့္မႈေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာေတြ႕႐ွိထားၾကပါတယ္။

၅။ သံဓာတ္နဲ႔ ေၾကးနီဓာတ္ ႂကြယ္ဝစြာပါ႐ွိျခင္း

ေရညႇိမွာ မဂၢနီဆီယမ္၊ သံ၊ ေၾကးနီ၊ ဇင့္၊ ဆိုဒီယမ္၊ ကယ္လ္စီယမ္စတဲ့ သတၱဳဓာတ္ေတြ စုံလင္စြာပါဝင္ပါတယ္။

ေရညႇိေတြမွာ ဟင္းႏုႏြယ္႐ြက္နဲ႔ အသားေတြထက္ပင္ သံဓာတ္နဲ႔ ေၾကးနီဓာတ္ေတြ ပိုမိုပါဝင္ပါတယ္။ ၁၀၀ ဂရမ္အသားနဲ႔ ၈ ဂရမ္ Dulse ေရညႇိမွာ တူညီတဲ့ သံဓာတ္ပမာဏ႐ွိတယ္လို႔ ဆိုႏိုင္ပါတယ္။

ေရညႇိေတြကို ေရညႇိေဆးဝါး၊ ေရညႇိမုန္႔၊ ေရညႇိဟင္းခ်ိဳ၊ ေရညႇိေျခာက္သုပ္ စတဲ့ပုံစံအမ်ိဳးမ်ိဳးနဲ႔ တစ္ပတ္မွာ ၃ ႀကိမ္ကေန ၅ ႀကိမ္ စားသုံးႏိုင္ပါတယ္။

သူတို႔ဟာ ပင္လယ္ကေနထြက္တဲ့ သဘာဝအ႐ြက္ ျဖစ္တာမို႔ အစာအိမ္က်န္းမာေရးအတြက္ေကာင္းမြန္ေစတဲ့အျပင္ မ်ားျပားလွတဲ့အက်ိဳးေက်းဇူးေတြ႐ွိၿပီး အဆိပ္အေတာက္ေတြကို ေျပေစႏိုင္ပါတယ္။

က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားျပားလွတဲ့ ေရညႇိေတြကို ျဖည့္စြက္အစားအစာအျဖစ္ စားသုံးရင္း ကိုယ္ခံအားအေကာင္းဆုံးနဲ႔ ေရာဂါဆိုးေတြကို တိုက္ထုတ္တြန္းလွန္ႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
platinum-garden
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service