ကြက် အရေခွံစားသုံး သင့် မသင့် - Property Knowledge in Myanmar from iMyanmarHouse.com
2280 Views

ကြက် အရေခွံစားသုံး သင့် မသင့်

Knowledge | Posted by Zarni Kyaw

[Unicode]

ကြက်အရေခွံမှာ အဆီတွေများစွာ ပါဝင်တယ်ဆိုပြီး ကိုလက်စထရောမြင့်တက်မှာ ကြောက်တာကြောင့် ကြက်သားဝယ်တဲ့အခါမှာ အရေခွံဆုတ်ပြီးသားကိုသာ ဝယ်ယူတာ ဒါမှမဟုတ် ချက်ပြီးသားဟင်းထဲက ကြက်အရေခွံကို မစားဘဲနေတာတွေ ရှိတတ်ကြပါတယ်။ ကြက်အရေခွံက တကယ်ပဲ ကိုလက်စထရောမြင့်တက်နိုင်ပြီး နှလုံးရောဂါရနိုင်သလားဆိုတာကို လေ့လာမှုပြုလုပ်ရာမှာ သင် သိထားတဲ့အချက်တွေ က မှားယွင်းနေတယ်လို့ သိရပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဆေးပညာကျွမ်းကျင် သူတွေက ကြက်အရေခွံကို အသင့်အတင့်စားသုံးတာက ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ဘူးလို့ သုံးသပ်ပြထားပါတယ်။ ဒါ့အပြင် ကြက်အရေခွံစားသုံးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေတောင် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

နှလုံးအတွက်ကောင်းမွန်နိုင်ခြင်း

အလွန်အံ့ဩဖွယ်ကောင်းတဲ့အချက်ပါ။ ကြက်အရေခွံမှာပါဝင်တဲ့အဆီက သင် သိထားသလို နှလုံးထိခိုက်နိုင်တဲ့ ကျန်းမာရေးဆိုးရွားနိုင်တဲ့အဆီတွေ မဟုတ်ပါဘူး။ သူက ထောပတ်သီးလိုမျိုး မပြည့်ဝဆီဖြစ်နေတဲ့အတွက် သွေးတွင်းမကောင်းတဲ့ကိုလက်စထရောနဲ့ သွေးဖိအားကိုလည်း ကျဆင်းနိုင်ပါတယ်။

အရေခွံပါသည့် ကြက်သားနှင့် အရေခွံဆုတ်ထားသည့် ကြက်သား ကယ်လိုရီပါဝင်မှု ပမာဏချင်း သိပ်မခြားနားခြင်း

၁၂ အောင်စအလေးချိန်ရှိတဲ့ အရေခွံပါတဲ့ ကြက်သားဟာ အဲဒီအလေးချိန်အတိုင်းရှိတဲ့ အရေခွံမပါတဲ့ကြက်သားထက် ၅၀ ကယ်လိုရီသာ ပိုများပါတယ်။

အနံ့အရသာနှင့်ပြည့်စုံခြင်း

အရေခွံပါဝင်တဲ့ကြက်သားက အနံ့အရသာနဲ့ ပိုပြည့်စုံတဲ့အတွက် အရသာရှိ အောင် ဆားအနည်းငယ်ပဲ ထည့်ဖို့ လိုအပ်ပါတယ်။ ဆားလျှော့စားတာက ကျန်းမာရေး နဲ့ ညီညွတ်ပါတယ်။

အဆီစုပ်ယူမှုနည်းခြင်း

ကြက်အရေခွံဟာ ဟင်းချက်ရာမှာ အကာအကွယ်တစ်ခုလိုဖြစ်နေတဲ့အတွက် ကြက်သားထဲကို ဆီအများကြီး မရောက်ရှိတော့ပါဘူး။

Tips

ကြက်အရေခွံဟာ အထက်ပါကောင်းကျိုးတွေနဲ့ ပြည့်စုံနေပေမယ့် သူ့ကို အလွန်အကျွံတော့ မစားသုံးသင့်ပါဘူး။ သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၆ က အိုမီဂါ ၃ ထက် ပိုများနေတာကြောင့်ပါ။ အိုမီဂါ ၆ နဲ့ အိုမီဂါ ၃ အချိုးအစားမညီမျှတာကြောင့် ပမာဏ များများကို နေ့စဉ် စားသုံးရင် ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးနိုင်ပါတယ်။ ဒါ့အပြင် တူးနေတဲ့အရေခွံကိုလည်း မစားသုံးသင့်ပါဘူး။ အာဟာရလုံးဝမရှိတဲ့အပြင် ကျန်းမာ ရေးအတွက် ဒုက္ခပေးနိုင်တာကြောင့်ပါ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: goodhealth

 

[Zawgyi]











Tips





Credit: goodhealth

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

Upcoming Property Events

Central Shop House
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service