ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1702 Views

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

Knowledge | Posted by Si Thu Aung

[Unicode]

ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေထဲမှာ ဘဲသားမှ ဘဲသားဆိုပြီး ကြိုက်သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလို ကျန်းမာရေးအတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဘဲသားမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ …….

ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ကယ်လ်လိုရီ

အဆီ

ဆိုဒီယမ်

ပရိုတင်း

သံဓာတ်

ဆီလီနီယမ်

ဗီတာမင် C

ဗီတာမင် B

နီကာဆင် တို့ ပါဝင်နေပါတယ်။

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

အသားတွေထဲမှာမှ ဘဲသားကို ကြိုက်လို့ ဘဲကင် စားလို့ကိုမဝဘူးဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဘဲသားက ဘရာဇီးနက်ခ်၊ ငါး နဲ့ အခြား တိရစ္ဆာန်တွေကနေရတဲ့ ပရိုတင်းတွေလိုပဲ ကောင်းမွန်တဲ့ ဆီလီနီယမ်ကို ပေးစွမ်းနိုင်ပါတယ်။ ဆီလီနီယမ်က ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ဖို့နဲ့ အရောင်ကျစေဖို့ ထောက်ကူပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

သိုင်းရွိုက်ကျန်းမာစေတယ်

ဆီလီနီယမ်က သိုင်းရွိုက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘဲသားမှာ ဆီလီနီယမ် ပါဝင်နေတာကြောင့် ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးမယ်ဆိုရင် သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အရိုးတွေ သန်မာစေတယ်

လေ့လာမှုတွေအရ ဘဲသား အပါအဝင် တိရစ္ဆာန်ကနေ ရတဲ့ ပရိုတင်းတွေကို စားသုံးပေးတာက အရိုးသိပ်သည်းဆကို တိုးစေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ပိုသန်မာအောင် ကယ်လ်ဆီယမ်ကိုလည်း လုံလောက်ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။

နှလုံး ကျန်းမာစေနိုင်တယ်

အဆီများတဲ့ ပင်လယ်ငါးတွေမှာ နှလုံးကျန်းမာစေနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ ဘဲသားမှာလည်း နှလုံးကျန်းမာစေနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ နှလုံး ကျန်းမာစေဖို့နဲ့ နှလုံးသွေးကြော ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တာကြောင့် ဘဲသားကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးလို့ ရပါတယ်။ ဒါ့အပြင် ဘဲသားက သံဓာတ်လည်း ပြည့်ဝစေတာကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

တစ်ခုရှိတာက ဘဲအရေခွံက အဆီပါဝင်မှု များတာကြောင့် ဒါကိုတော့ များများမစားသင့်ပါဘူး။

ကဲ …… အသားတွေထဲမှာမှ ဘဲကင် ကိုအကြိုက်ဆုံး ဘဲသား စားရတာကို သဘောကျတယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]


 





ကယ်လ်လိုရီ

အဆီ

ဆိုဒီယမ်

ပရိုတင်း

သံဓာတ်

ဆီလီနီယမ်

ဗီတာမင် C

ဗီတာမင် B








အရိုးတွေ သန်မာစေတယ်










Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service