ငရုတ်ကောင်းနဲ့ နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
1265 Views

ငရုတ်ကောင်းနဲ့ နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး

Knowledge | Posted by Aye Myat Thu

[Unicode]

ဟင်းချက်တဲ့အခါ ဆီပူလာရင် နနွင်းမှုန့်လေးထည့်ပြီး ဆီသတ်လို့ ဟင်းအိုးချခါနီးရင် မွှေးမွှေးလေးဖြစ်နေစေဖို့ဆိုပြီး ငရုတ်ကောင်းမှုန့်လေး ထည့်ချက်တတ်တဲ့ အိမ်ရှင်မလေးတွေရှိလား။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်ရော သင့်မိသားစုကပါ အနံ့အရသာပြည့်စုံတဲ့ဟင်းတွေကိုစားရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုရနေပါတယ်နော်။

ငရုတ်ကောင်းနဲ့နနွင်းအတွဲအစပ်ကပေးတဲ့ ကျန်းမာရေး

ဒီဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးက တစ်မျိုးချင်းအလိုက်လည်း ကျန်းမာရေး အာနိသင်တွေပေးသလို နှစ်မျိုးတွဲစပ်လိုက်တဲ့အခါမှာလည်း တစ်ခုနဲ့တစ်ခုဖေးမပေးရင်း ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသတဲ့။ ဒီအတွဲအစပ်ကပေးတဲ့ ကျန်းမာရေးတွေကဘာများလဲ သိချင်ရင် တူတူဆက်ကြည့်လိုက်ရအောင်နော်။

နာကျင်မှုကိုသက်သာစေနိုင်ပါတယ်

နနွင်းက ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ဟိုးအရင်ကတည်းက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်စေဖို့ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့နဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း အိမ်းတွင်းဆေးတစ်လက်ပေါ့။

ဒီလိုအာနိသင်များတဲ့ နနွင်းကို ငရုတ်ကောင်းနဲ့တွဲဖက်လိုက်တဲ့အခါ နာတာရှည်နာကျင်မှုတွေကိုပါ သက်သာအောင်လုပ်ဆောင်ပေးပါတော့တယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ကနာကျင်မှုကိုသက်သာစေပြီး အာရုံ​ကြောနာကျင်မှုတွေကိုရော ခန္ဓာကိုယ်ကြွက်သားနဲ့အရိုးတွေမှာဖြစ်နေတဲ့ နာကျင်မှုတွေကိုပါ သိသိသာသာသက်သာစေပါတော့တယ်။

အဝလွန်တာကို သက်သာစေနိုင်တယ်

ကိုယ်အလေးချိန်များနေလို့ ဝိတ်ချချင်နေပြီလား။ ဒါဆိုရင်တော့ နနွင်းနဲ့ ငရုတ်ကောင်းပါတဲ့ ဟင်းလေးတွေစားပေးပါ။ နနွင်းစစ်စစ်နဲ့ ငရုတ်ကောင်း၊ ချင်း တို့က ခန္ဓာကိုယ်က အဆီပိုတွေကို အကောင်းဆုံးဖျော်ချပေးနိုင်ပါတယ်။ မနက်ခင်းမှာ ဒီပစ္စည်း ၃ မျိုးကို ရေနွေးဆူဆူထဲထည့်ပြီး သောက်ပေးရင်ကို အဆီတွေပျော်ပြီး ကိုယ်အလေးချိန်ကို လျော့ကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ဆီးချိုရောဂါက ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးတစ်မျိုးပါ။ ဆီးချိုက သွေးကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နနွင်းနဲ့ငရုတ်ကောင်းမှာပါတဲ့ဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပြီး သွေးချိုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

နနွင်းနဲ့ငရုတ်ကောင်းက အဆစ်ရောင်တာလိုမျိုး အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုတွေဖြစ်နေရင် ဒီနှစ်မျိုးကိုရောပြီး အသုံးပြုပေးလို့ရပါတယ်။ အနှစ်ဖျော်ပြီးလိမ်းပေးလို့ရသလို ရေနွေးနဲ့ရောစပ်ပြီး သောက်ပေးလို့လည်းရပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

နနွင်းနဲ့ငရုတ်ကောင်းက ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ သွေးကင်ဆာ၊ အစာရေမျိုကင်ဆာ၊အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာဆဲလ်တွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီအတွဲအစပ်ကို ပုံမှန်စားသုံးပေးတာက ကင်ဆာကာကွယ်ရာလည်းရောက်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ရော ကုသတဲ့အနေနဲ့ပါ စားသုံးပေးသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]


 













ကင်ဆာကာကွယ်ပေးတယ်





Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service