ကညွတ်တစ်ပင်လုံးကို ဆေးအဖြစ်အသုံးချနည်း.... - Property Knowledge in Myanmar from iMyanmarHouse.com
2538 Views

ကညွတ်တစ်ပင်လုံးကို ဆေးအဖြစ်အသုံးချနည်း....

Knowledge | Posted by Aye Myat Thu

[Unicode]

မျိုးရင်း။ ။ Liliaceae (နှမ်းပန်းမျိုးရင်း)

ရုက္ခဗေဒအမည်။ ။ Aspragus officinalis Linn

 

အခေါ်အဝေါ်

မြန်မာအမည် ကညွတ်

အင်္ဂလိပ်အမည် Common Asparagus

မွန်အမည် Sani Kamat

ပုံသဏ္ဌာန်

အပင်

ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ ၁၀ပင်ထိမြင့်၏။ ကိုင်းဖြာ၏။ ပင်စည်လုံး အစိမ်းရောင်ရှိ၍ ချောမွေ့ပြီး ဖြောင့်မတ်သည်။ ပင်စည်ပေါ်တွင် အဝါရောင်ဆူးတောင့်ကြီးများရှိသည်။

အရွက်

အရွက်မြွာကလေးများ အလွန်သေးငယ်၍ အပ်ချောင်း ပုံသဏ္ဌာန်ရှိပြီး အနည်းငယ်ကွေးကောက်နေ၏ ၃ ရွက်စီစု၍ ရိုးတံပေါ်တွင် ရွက်လွှဲထွက်သည်။

အပွင့်

ငယ်၍ အဖြူရောင်ရှိပြီး မွေးကြိုင်သော အနံ့ရှိသည်။

အသီး

မှည့်သောအခါ အနီရောင်ရှိသည်။

အမြစ်

အပင်အောက်ခြေမြေကြီးထဲ၌ ဥကဲ့သို့သော အမြစ်များမြောက်များစွာစီတန်းနေသည်။

ပေါက်ရောက်သည့်ဒေသ

အထက်မြန်မာပြည်တွင် အတွေ့ရနည်းသည်။ မြန်မာနိုင်ငံ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသတွင် ပေါက်ရောက်သည်။ တောင်ပေါ်ဒေသနှင့် အေးသောအရပ်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စိုက်ပျိုးကြသည်။

စိုက်ပျိုးနည်းစနစ်

(၁) မျိုးစေ့ပျိုးထောင်ခြင်း

အစေ့မှပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ပတ်မှ ၆ပတ်ကြာတတ်သဖြင့် ၃၀ ဒီဂရီစင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့်အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။

(၂) စိုက်ပျိုးခြင်း

မြေဆွေးဩဇာဓာတ်များသည့် မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ်၃ပေ၊ အနက်၁ပေရှိ စိုက်မြောင်းများကို ၄ပေခွာ တူးဖော်၍ တစ်နှစ်ခန့်ရှိ ပျိုးပင်မှအမြစ်ကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။

(၃) ပြုစုဂရုစိုက်ခြင်း

မြေဆွေးခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကိုဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များမထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။

(၄) ရိတ်သိမ်းခြင်း

သက်နုကညွတ်ပင်များ ၂-၃နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ကြိမ် ၃ကြိမ်ခန့်သာ ဖြတ်ယူသင့်သည်။ ၃နှစ်သားကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိဖြတ်ယူနိုင်သည်။

အသုံးပြုသည့် အစိတ်အပိုင်း

အမြစ်၊ အညွန့်

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးခြေကိုနိုင်သည်။ သွေးလွန် သွေးအန်နာတို့ကိုပယ်၏။

အသုံးပြုပုံ

အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီး အားလုံးလူတို့အား အကျိုးပြုသည်။ သို့သော် အစို့အမြစ်သည် အဓိကအသုံးကျသည်။

အမြစ်။ ။ အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍ စားပါက အားကိုဖြစ်စေ၏။

ကညွတ်မြစ်အရည်ကို ပျားရည်၊ နွားနို့ရည်တို့နှင့် ရော၍သောက်ပါက ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။

၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူရော၍ သောက်ပါက ကြာရှည်စွာစွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။

အညွန့်

အညွန့်ကို စားသုံးခြင်းဖြင့် လေကိုကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေ သဖြင့် သားဖွားပြီးမိခင်များ စားသုံးရန်အထူးသင့်လျော်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

( မြန်မာ့ဆေးဝါးပင်များ စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

Credit: greenwaymyanmar

 

[Zawgyi]

ကၫြတ္တစ္ပင္လုံးကို ေဆးအျဖစ္အသုံးခ်နည္း....

 

မ်ိဳးရင္း။ ။ Liliaceae (ႏွမ္းပန္းမ်ိဳးရင္း)

႐ုကၡေဗဒအမည္။ ။ Aspragus officinalis Linn

အေခၚအေဝၚ

ျမန္မာအမည္ ကၫြတ္

အဂၤလိပ္အမည္ Common Asparagus

မြန္အမည္ Sani Kamat

ပုံသဏၭာန္

အပင္

ပင္ေပ်ာ့ပင္ငယ္မ်ိဳးျဖစ္၍ ၁၀ပင္ထိျမင့္၏။ ကိုင္းျဖာ၏။ ပင္စည္လုံး အစိမ္းေရာင္႐ွိ၍ ေခ်ာေမြ႕ၿပီး ေျဖာင့္မတ္သည္။ ပင္စည္ေပၚတြင္ အဝါေရာင္ဆူးေတာင့္ႀကီးမ်ား႐ွိသည္။

အ႐ြက္

အ႐ြက္ႁမြာကေလးမ်ား အလြန္ေသးငယ္၍ အပ္ေခ်ာင္း ပုံသဏၭာန္႐ွိၿပီး အနည္းငယ္ေကြးေကာက္ေန၏ ၃ ႐ြက္စီစု၍ ႐ိုးတံေပၚတြင္ ႐ြက္လႊဲထြက္သည္။

အပြင့္

ငယ္၍ အျဖဴေရာင္႐ွိၿပီး ေမြးႀကိဳင္ေသာ အနံ႔႐ွိသည္။

အသီး

မွည့္ေသာအခါ အနီေရာင္႐ွိသည္။

အျမစ္

အပင္ေအာက္ေျခေျမႀကီးထဲ၌ ဥကဲ့သို႔ေသာ အျမစ္မ်ားေျမာက္မ်ားစြာစီတန္းေနသည္။

ေပါက္ေရာက္သည့္ေဒသ

အထက္ျမန္မာျပည္တြင္ အေတြ႕ရနည္းသည္။ ျမန္မာႏိုင္ငံ စြတ္စိုထိုင္းမိႈင္းေသာ အရပ္ေဒသတြင္ ေပါက္ေရာက္သည္။ ေတာင္ေပၚေဒသႏွင့္ ေအးေသာအရပ္ေဒသမ်ားတြင္ စိုက္ပ်ိဳးျဖစ္ထြန္းႏိုင္သည္။

ေပါက္ေရာက္ပုံ

သဘာဝအေလ်ာက္ ေပါက္ေရာက္ေသာ္လည္း စားသုံးရန္အတြက္ စိုက္ပ်ိဳးၾကသည္။

စိုက္ပ်ိဳးနည္းစနစ္

(၁) မ်ိဳးေစ့ပ်ိဳးေထာင္ျခင္း

အေစ့မွပ်ိဳးေထာင္ပါက တစ္ႏွစ္ခန္႔ ပ်ိဳးေထာင္ရသည္။ အေစ့မွ အပင္ေပါက္ရန္ ၂ပတ္မွ ၆ပတ္ၾကာတတ္သျဖင့္ ၃၀ ဒီဂရီစင္တီဂရိတ္႐ွိေသာ ေရတြင္ ၃-၄ မိနစ္ခန္႔အၾကာစိမ္ၿပီး စိုက္ျခင္းျဖင့္ ၄-၅ ရက္အတြင္း အပင္ေပါက္ႏိုင္သည္။ ပ်ိဳးခင္းေဘာင္မ်ားကို ၂-၃ ေပခြာျပဳလုပ္၍ ေဘာင္မ်ားေပၚတြင္ မ်ိဳးေစ့ကို ၃-၄ လက္မျခားခြာၿပီး ပ်ိဳးႀကဲသင့္သည္။

(၂) စိုက္ပ်ိဳးျခင္း

ေျမေဆြးဩဇာဓာတ္မ်ားသည့္ ေျမကို ထြန္ယက္ျပဳျပင္ၿပီး အက်ယ္၃ေပ၊ အနက္၁ေပ႐ွိ စိုက္ေျမာင္းမ်ားကို ၄ေပခြာ တူးေဖာ္၍ တစ္ႏွစ္ခန္႔႐ွိ ပ်ိဳးပင္မွအျမစ္ကို မနာေစဘဲ မိုးဦးက်အခ်ိန္တြင္ စိုက္ပ်ိဳးရမည္။

(၃) ျပဳစုဂ႐ုစိုက္ျခင္း

ေျမေဆြးျခင္း၊ ေပါင္းသင္ျခင္းလုပ္ငန္းမ်ားကို မၾကာမၾကာ ျပဳလုပ္ေပးရမည္။ ကၫြတ္႐ိုးကိုျဖဴေအာင္ျပဳလုပ္ရာ၌ ဥတက္မ်ားေပၚတြင္ အေညႇာင့္မ်ားမထြက္မီ ထယ္ထိုးၿပီး ေျမဖို႔ထားရသည္။

(၄) ရိတ္သိမ္းျခင္း

သက္ႏုကၫြတ္ပင္မ်ား ၂-၃ႏွစ္သား အ႐ြယ္တြင္ ကၫြတ္အစို႔ကို ၂ႀကိမ္ ၃ႀကိမ္ခန္႔သာ ျဖတ္ယူသင့္သည္။ ၃ႏွစ္သားေက်ာ္လွ်င္မူ တစ္ႏွစ္အတြင္း ၄-၅ ႀကိမ္အထိျဖတ္ယူႏိုင္သည္။

အသုံးျပဳသည့္ အစိတ္အပိုင္း

အျမစ္၊ အၫြန္႔

အာနိသင္

ျမန္မာ့ေဆးက်မ္းမ်ားအလိုရ ခ်ိဳေအးေသာ အရသာ႐ွိ၍ ေအးေသာ ဂုဏ္သတၱိ႐ွိ၏။ သလိပ္ကို ေၾကေစ၍ ေသြးေျခကိုႏိုင္သည္။ ေသြးလြန္ ေသြးအန္နာတို႔ကိုပယ္၏။

အသုံးျပဳပုံ

အ႐ြက္၊ အပင္၊ အစို႔၊ အျမစ္၊ အသီး အားလုံးလူတို႔အား အက်ိဳးျပဳသည္။ သို႔ေသာ္ အစို႔အျမစ္သည္ အဓိကအသုံးက်သည္။

အျမစ္။ ။ အျမစ္ကို ခ်က္ျပဳတ္စားေသာက္၍လည္းေကာင္း ႏြားႏို႔ႏွင့္အတူ ႏို႔ထမင္းျပဳလုပ္၍ စားပါက အားကိုျဖစ္ေစ၏။

ကၫြတ္ျမစ္အရည္ကို ပ်ားရည္၊ ႏြားႏို႔ရည္တို႔ႏွင့္ ေရာ၍ေသာက္ပါက ဆီးပူ၊ ဆီးေအာင့္ျခင္း၊ ကိုက္ခဲျခင္းႏွင့္ အမ်ိဳးမ်ိဳးေသာ သည္းေျခေရာဂါမ်ား ေပ်ာက္ကင္း၏။

၎ျမစ္အရည္ကို ႏြားႏို႔ႏွင့္ အေလးခ်ိန္တူေရာ၍ ေသာက္ပါက ၾကာ႐ွည္စြာစြဲကပ္ေနေသာ ေက်ာက္တည္ေရာဂါ ေပ်ာက္ကင္း၏။ အဆိပ္အမ်ိဳးမ်ိဳးသင့္ေသာ ေရာဂါမ်ားကိုလည္း ေပ်ာက္ကင္းေစႏိုင္သည္။

အၫြန္႔

အၫြန္႔ကို စားသုံးျခင္းျဖင့္ ေလကိုေၾကေစ၏။ အင္အားကို ျဖည့္တင္းေစ၏။ ေသြးအားေကာင္းေစ သျဖင့္ သားဖြားၿပီးမိခင္မ်ား စားသုံးရန္အထူးသင့္ေလ်ာ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

( ျမန္မာ့ေဆးဝါးပင္မ်ား စာအုပ္မွေကာက္ႏုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္)

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service