သဘာဝ ရနံ့လေးတွေနဲ့ ခြင်တွေကို အလွယ်တကူ နှိမ်နင်းနိုင်မယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
1211 Views

သဘာဝ ရနံ့လေးတွေနဲ့ ခြင်တွေကို အလွယ်တကူ နှိမ်နင်းနိုင်မယ့် နည်းလမ်းများ

Knowledge | Posted by Hnin Ei Khin

[Unicode]

ကမ္ဘာပေါ်မှာ အပေါများဆုံး အင်းဆက်တစ်မျိုးဖြစ်တဲ့အပြင် ရောဂါဘယတွေသယ်ဆောင်လာပြီး လူသားတွေရဲ့အသက်အန္တရာယ်ကို ရန်ရှာနေတာကတော့ ခြင် ပဲဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်ရှုပ်ဖွယ်ကောင်းပြီး အန္တရာယ်လည်းများတဲ့ ခြင်တွေကို နှိမ်နင်းတဲ့နည်း အများကြီးရှိပေမယ့်လည်း ခုတင်ဆက်ပေးသွားမှာကတော့ မွှေးပျံ့တဲ့ရနံလေးတွေနဲ့ ခြင်တွေကို အနားမလာနိုင်အောင်ကာကွယ်နိုင်မယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ 

၁။ သစ်ခွပန်း

အမှုန့်အခြေအနေရောက်အောင် ပြုလုပ်ထားတဲ့ သစ်ခွပန်း (၁) ဆ နဲ့ Baby Lotion (၁၀) ဆ ကိုရောစပ်ပြီး ရေမှာပျော်ဝင်အောင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Spray အနေနဲ့ အဲ့ဒီအရည်တွေကို ဖြန်းပေးထားမယ်ဆိုရင်တော့ ခြင်တွေရဲ့ အန္တရာယ်က ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

၂။ လေးညင်းပွင့်

လေးညင်းပွင့် (၅) ကျပ်သားလောက်ကို ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ခဏလောက်စိမ်ပြီး (၁၅) မိနစ်လောက် အပူပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ မွှေးပျံ့တဲ့ အမွှေးဆီတစ်ခုလိုဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအမွှေးဆီကိုသာ သင့်ခန္ဓာကိုယ်မှာ သုတ်လိမ်းထားမယ်ဆိုရင် ခြင်တွေသင့်အနားကို လာမှာမဟုတ်တော့ပါဘူး။

၃။ သစ်ကတိုးဆီ

ရှားပါးပြီးဆေးဖက်လည်းဝင်တဲ့ သစ်ကတိုးဆီရဲ့ ရနံ့ဟာလည်း ခြင်တွေသာမကဘဲ ပိုးဟပ်လို အင်းဆက်မျိုးတွေရဲ့ အကြောက်ဆုံးရနံ့ဖြစ်ပါတယ်။

၄။ Basil ရွက်

Basil ဆိုတာကတော့ မြန်မာလူမျိုးတွေ ပူစီနံလို့ခေါ်တဲ့ အပင်နဲ့ ခပ်ဆင်ဆင် ပုံသဏ္ဏန်ရှိပါတယ်။ ဒီအပင်ရဲ့ အရွက်တွေကိုခူးဖြတ်ကာ အခန်းထဲမှာ ထားမယ်ဆိုရင်တော့ ခြင်တွေလာရဲမှာမဟုတ်ပါဘူး။

၅။ မုယောစပါး

ရှေးယခင်အချိန်တွေက မုယောစပါးပင်ရဲ့ အမြစ်တွေကို ခြင်တွေ နဲ့ အခြားသော သွေးစုပ်တဲ့ အင်းဆက်တွေကို ခြောက်လှန့်ဖို့အတွက်အသုံးပြုကြတယ်လို့သိရပါတယ်။ မုယောစပါးအမြစ်တွေကို သေချာခုတ်စင်းပြီး ရေဂါလံဝက်လောက်နဲ့ (၃) ခွက် (၁) ခွက်တင်ကျိုပြီး အဝါရောင်သမ်းလာပြီဆို အပူပေးခြင်းကိုရပ်တန့်ရမှာဖြစ်ပါတယ်။

အဲ့ဒီအရည်နဲ့ မျက်နှာသစ်တာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသုတ်လိမ်းတာမျိုးလုပ်မယ်ဆိုရင် ခြင်တစ်ကောင်တစ်လေတောင် သင့်အနားကိုကပ်မှာမဟုတ်တော့ပါဘူး။

၆။ ဂန္ဓမာပန်းများ

ဒေစီပန်းတွေ နဲ့ ဂန္ဓမာ ပန်းမျိုးစိတ်တွေဟာလည်းခြင်တွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်ပရိသတ်ကြီးရေ။ ဒီပန်းတွေကို အမှုန့်ဖြစ်အောင်စီမံထားရမှာဖြစ်ပြီး ကြမ်းပြင်ပေါ်မှာ ဖြူးထားရမှာဖြစ်ပါတယ်။ သူ့ရနံ့က အင်းဆက်ပိုးမွှားတွေရဲ့ နာဗ့်ဆဲလ်တွေကို အကျိုးသက်ရောက်မှုရှိတာကြောင့် ခြင်နဲ့အင်းဆက်တွေရန်က ကင်းဝေးစေမှာပါ။ ဒါမှမဟုတ်လည်း ပန်းတွေကို စည်းပြီး ချိတ်ဆွဲထားမယ်ဆိုလည်း ရပါတယ်။

၇။ ဆီ၊ ခေါင်းလျှော်ရည် နှင့် ရှာလကာရည်

စိတ်အနှောက်အယှက်ပေးလွန်းတဲ့ ယင်ကောင်တွေ ခြင်တွေအတွက် အကြမ်းဆုံးနည်းတစ်နည်းဆိုရင်တော့ ဒီနည်းကို ပြရမှာပဲဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာသုံးတဲ့ ဆီတစ်မျိုးမျိုး နဲ့ ခေါင်းလျှော်ရည် (Shampoo) ၊ ရှာလကာရည်အနည်းငယ်လောက်ကို ရောနှောကာအပူပေးပြီး ကျိုချက်ရမှာဖြစ်ပါတယ်။ အဲ့ဒီကထွက်ပေါ်လာတဲ့ မွှေးရနံ့ကို ရတာနဲ့ ခြင်တွေယင်တွေ အတုန်းအရုန်း ဘဝပြောင်းသွားမှာပဲဖြစ်ပါတယ်။

ကဲအခုတင်ဆက်ပေးခဲ့တာကတော့ မိမိရဲ့ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်သလို ခြင်ဆေးခွေတွေလို အနံ့ပြင်းတဲ့နည်းတွေနဲ့ မဟုတ်ဘဲ ခြင်တွေကို အဝေးမောင်းထုတ်နိုင်မယ့် နည်းလေးတွေပဲ ဖြစ်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Shwe Khit

 

[Zawgyi]

သဘာဝ ရနံ႔ေလးေတြနဲ႔ ျခင္ေတြကို အလြယ္တကူ ႏွိမ္နင္းႏိုင္မယ့္ နည္းလမ္းမ်ား

ကမ႓ာေပၚမွာ အေပါမ်ားဆုံး အင္းဆက္တစ္မ်ိဳးျဖစ္တဲ့အျပင္ ေရာဂါဘယေတြသယ္ေဆာင္လာၿပီး လူသားေတြရဲ႕အသက္အႏၲရာယ္ကို ရန္႐ွာေနတာကေတာ့ ျခင္ ပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳး စိတ္႐ႈပ္ဖြယ္ေကာင္းၿပီး အႏၲရာယ္လည္းမ်ားတဲ့ ျခင္ေတြကို ႏွိမ္နင္းတဲ့နည္း အမ်ားႀကီး႐ွိေပမယ့္လည္း ခုတင္ဆက္ေပးသြားမွာကေတာ့ ေမႊးပ်ံ႕တဲ့ရနံေလးေတြနဲ႔ ျခင္ေတြကို အနားမလာႏိုင္ေအာင္ကာကြယ္ႏိုင္မယ့္နည္းေလးေတြပဲျဖစ္ပါတယ္။ 

၁။ သစ္ခြပန္း

အမႈန္႔အေျခအေနေရာက္ေအာင္ ျပဳလုပ္ထားတဲ့ သစ္ခြပန္း (၁) ဆ နဲ႔ Baby Lotion (၁၀) ဆ ကိုေရာစပ္ၿပီး ေရမွာေပ်ာ္ဝင္ေအာင္ထားရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ Spray အေနနဲ႔ အဲ့ဒီအရည္ေတြကို ျဖန္းေပးထားမယ္ဆိုရင္ေတာ့ ျခင္ေတြရဲ႕ အႏၲရာယ္က ကင္းေဝးႏိုင္မွာျဖစ္ပါတယ္။

၂။ ေလးညင္းပြင့္

ေလးညင္းပြင့္ (၅) က်ပ္သားေလာက္ကို ေရထည့္ထားတဲ့ ဖန္ခြက္ထဲမွာ ခဏေလာက္စိမ္ၿပီး (၁၅) မိနစ္ေလာက္ အပူေပးထားရမွာျဖစ္ပါတယ္။ ဒီလိုနဲ႔ ေမႊးပ်ံ႕တဲ့ အေမႊးဆီတစ္ခုလိုျဖစ္လာပါလိမ့္မယ္။ အဲ့ဒီအေမႊးဆီကိုသာ သင့္ခႏၶာကိုယ္မွာ သုတ္လိမ္းထားမယ္ဆိုရင္ ျခင္ေတြသင့္အနားကို လာမွာမဟုတ္ေတာ့ပါဘူး။

၃။ သစ္ကတိုးဆီ

႐ွားပါးၿပီးေဆးဖက္လည္းဝင္တဲ့ သစ္ကတိုးဆီရဲ႕ ရနံ႔ဟာလည္း ျခင္ေတြသာမကဘဲ ပိုးဟပ္လို အင္းဆက္မ်ိဳးေတြရဲ႕ အေၾကာက္ဆုံးရနံ႔ျဖစ္ပါတယ္။

၄။ Basil ႐ြက္

Basil ဆိုတာကေတာ့ ျမန္မာလူမ်ိဳးေတြ ပူစီနံလို႔ေခၚတဲ့ အပင္နဲ႔ ခပ္ဆင္ဆင္ ပုံသဏၰန္႐ွိပါတယ္။ ဒီအပင္ရဲ႕ အ႐ြက္ေတြကိုခူးျဖတ္ကာ အခန္းထဲမွာ ထားမယ္ဆိုရင္ေတာ့ ျခင္ေတြလာရဲမွာမဟုတ္ပါဘူး။

၅။ မုေယာစပါး

ေ႐ွးယခင္အခ်ိန္ေတြက မုေယာစပါးပင္ရဲ႕ အျမစ္ေတြကို ျခင္ေတြ နဲ႔ အျခားေသာ ေသြးစုပ္တဲ့ အင္းဆက္ေတြကို ေျခာက္လွန္႔ဖို႔အတြက္အသုံးျပဳၾကတယ္လို႔သိရပါတယ္။ မုေယာစပါးအျမစ္ေတြကို ေသခ်ာခုတ္စင္းၿပီး ေရဂါလံဝက္ေလာက္နဲ႔ (၃) ခြက္ (၁) ခြက္တင္က်ိဳၿပီး အဝါေရာင္သမ္းလာၿပီဆို အပူေပးျခင္းကိုရပ္တန္႔ရမွာျဖစ္ပါတယ္။

အဲ့ဒီအရည္နဲ႔ မ်က္ႏွာသစ္တာမ်ိဳး ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုသုတ္လိမ္းတာမ်ိဳးလုပ္မယ္ဆိုရင္ ျခင္တစ္ေကာင္တစ္ေလေတာင္ သင့္အနားကိုကပ္မွာမဟုတ္ေတာ့ပါဘူး။

၆။ ဂႏၶမာပန္းမ်ား

ေဒစီပန္းေတြ နဲ႔ ဂႏၶမာ ပန္းမ်ိဳးစိတ္ေတြဟာလည္းျခင္ေတြကို အႏိုင္ယူႏိုင္စြမ္း႐ွိပါတယ္ပရိသတ္ႀကီးေရ။ ဒီပန္းေတြကို အမႈန္႔ျဖစ္ေအာင္စီမံထားရမွာျဖစ္ၿပီး ၾကမ္းျပင္ေပၚမွာ ျဖဴးထားရမွာျဖစ္ပါတယ္။ သူ႕ရနံ႔က အင္းဆက္ပိုးမႊားေတြရဲ႕ နာဗ့္ဆဲလ္ေတြကို အက်ိဳးသက္ေရာက္မႈ႐ွိတာေၾကာင့္ ျခင္နဲ႔အင္းဆက္ေတြရန္က ကင္းေဝးေစမွာပါ။ ဒါမွမဟုတ္လည္း ပန္းေတြကို စည္းၿပီး ခ်ိတ္ဆြဲထားမယ္ဆိုလည္း ရပါတယ္။

၇။ ဆီ၊ ေခါင္းေလွ်ာ္ရည္ ႏွင့္ ႐ွာလကာရည္

စိတ္အေႏွာက္အယွက္ေပးလြန္းတဲ့ ယင္ေကာင္ေတြ ျခင္ေတြအတြက္ အၾကမ္းဆုံးနည္းတစ္နည္းဆိုရင္ေတာ့ ဒီနည္းကို ျပရမွာပဲျဖစ္ပါတယ္။ ခ်က္ျပဳတ္ရာမွာသုံးတဲ့ ဆီတစ္မ်ိဳးမ်ိဳး နဲ႔ ေခါင္းေလွ်ာ္ရည္ (Shampoo) ၊ ႐ွာလကာရည္အနည္းငယ္ေလာက္ကို ေရာေႏွာကာအပူေပးၿပီး က်ိဳခ်က္ရမွာျဖစ္ပါတယ္။ အဲ့ဒီကထြက္ေပၚလာတဲ့ ေမႊးရနံ႔ကို ရတာနဲ႔ ျခင္ေတြယင္ေတြ အတုန္းအ႐ုန္း ဘဝေျပာင္းသြားမွာပဲျဖစ္ပါတယ္။

ကဲအခုတင္ဆက္ေပးခဲ့တာကေတာ့ မိမိရဲ႕ပတ္ဝန္းက်င္မွာ အလြယ္တကူရႏိုင္သလို ျခင္ေဆးေခြေတြလို အနံ႔ျပင္းတဲ့နည္းေတြနဲ႔ မဟုတ္ဘဲ ျခင္ေတြကို အေဝးေမာင္းထုတ္ႏိုင္မယ့္ နည္းေလးေတြပဲ ျဖစ္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Shwe Khit

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service