: This is the mansion from which Shakira would have thrown Gerard Piqué after alleged infidelity - Property Knowledge in Myanmar from iMyanmarHouse.com
1327 Views

: This is the mansion from which Shakira would have thrown Gerard Piqué after alleged infidelity

Knowledge | Posted by Zarni Kyaw

[Unicode]

ဒီနေ့ဒီအချိန်မှာ အိမ်သာသုံးစက္ကူကို အသုံးမပြုသူ မရှိသလောက် ရှားပါတယ်။ ဒါတွေကလည်း နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မကြာသေးမီကပဲ အိမ်သာသုံးစက္ကူတွေက ကျန်းမာရေးကို အမှန်တကယ်ဆိုးရွားစေနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အိမ်သာသုံးစက္ကူကို ၁၈၉၀ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ ပထမဆုံး အပျော့စား နှစိလွှာ အိမ်သာသုံးစက္ကူ ပေါ်လာပါတယ်။ ၁၉၆၀ခုနှစ်မှာတော့ အရောင်အမျိုးမျိုးရှိတဲ့ စက္ကူကိုထုတ်လုပ်လာပါတယ်။

အိမ်သာသုံးစက္ကူတွေက အလွန်အသုံးဝင်ပြီး သက်တောင့်သက်သာရှိတဲ့ တီထွင်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် ကျွမ်းကျင်သူတွေကတော့ စက္ကူတွေဟာ အန္တရာယ်ရှိတယ်လို့ မကြာခဏ ပြောနေကြပါတယ်။ ဘာတွေလဲ ဆိုတာကို love media နဲ့တူတူကြည့်လိုက်ရအောင်။

အိမ်သာသုံးစက္ကူကို ဘာနဲ့ပြုလုပ်ထားတာလဲ။

အိမ်သာသုံးစက္ကူကို သစ်သား ဒါမှမဟုတ် ပြန်လည်အသုံးပြုထားတဲ့ စက္ကူတွေနဲ့ ပြုလုပ်ထားပါတယ်။ ပထမအခြေအနေမှာတော့ အောက်ပါထုတ်ကုန်တွေကိုအသုံးပြုထားပါတယ်။

- သစ်မာ

အိမ်သာသုံးစက္ကူကို သစ်မာ 70% (သစ်သား၊ ဝက်သစ်ချပင်၊ မေပယ်) နဲ့လုပ်ထားပါတယ်။ အမျှင်တိုတွေက စက္ကူကို ပျော့ပြောင်းစေပါတယ်။

- သစ်ပျော့

အိမ်သာသုံးစက္ကူမှာ ရှည်လျားပြီးအမျှင်တွေပါရှိတဲ့ 30% သစ်သားပျော့ (Douglas fir၊ Southern ထင်းရှူး) ပါဝင်ပါတယ်။ သူတို့က စက္ကူကို တာရှည်ခံအောင်လုပ်ပေးပါတယ်။

- သစ်သားထဲကနေ အမျှင်တွေ ထုတ်ယူဖို့ ဓာတုပစ္စည်းတွေကို အသုံးပြုထားပါတယ်။

- အရောင်ချွတ်ဆေး

စက္ကူဖြူူဖြူသန့်သန့်လေးတွေရဖို့ ထုတ်လုပ်သူတွေက ကလိုရင်းဒိုင်အောက်ဆိုဒ် (ကလိုရင်းအခြေခံအရောင်ချွတ်ဆေး) ကို အသုံးပြုကြပါတယ်။

- ရေကိုလည်း စုပ်ယူသွားပြီး ပိုးမွှားတွေလည်း ကပ်နိုင်ပါတယ်။

အိမ်သာသုံးစက္ကူကို ပြန်လည်အသုံးပြုထားတဲ့ စက္ကူတွေနဲ့ လုပ်တဲ့အခါမှာတော့ ဒီပစ္စည်းတွေကို အသုံးပြုပါတယ်။

- စက္ကူ

သတင်းစာနှင့် ရုံးသုံးစာရွက်အဟောင်းတွေကို အသုံးပြုပါတယ်။

- ရေ

- အရောင်ချွတ်ဆေး

ပစ္စည်းတွေကို အရောင်ချွတ်ဖို့ အိုဇုန်း၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နှင့် ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်တို့ကို အသုံးပြုပါတယ်။

- ဓာတုဆေးဝါး

အိမ်သာသုံးစက္ကူရဲ့ အန္တရာယ်များ အားလုံးသိကြတဲ့အတိုင်း အိမ်သာသုံးစက္ကူတွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။ သူ့ရဲ့ ထုတ်လုပ်မှုမှာ ဓာတုပစ္စည်းအများအပြားကို အသုံးပြုထားတာကြောင့် အန္တရာယ်လည်း ရှိပါတယ်။

- Phthalates

phthalates ပါဝင်မှုက endocrine စနစ်နှင့် မျိုးပွားမှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေအပေါ် မကောင်းတဲ့ သက်ရောက်မှုရှိစေပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

- စက္ကူဖြူစေဖို့ Semiolatile chlorinated organic compounds (SVCOCs) ကို အသုံးပြုထားပါတယ်။

- Polycyclic aromatic hydrocarbon က ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေပြီးတော့ endocrine စနစ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

- Formaldehyde ကို ရေစိုခံစက္ကူပြုလုပ်ဖို့ အသုံးပြုပါတယ်။ ဒါပေမယ့် ဒါဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းဖြစ်ပြီး အရေပြားယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

- ပြန်လည်အသုံးပြုထားတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့ အိမ်သာသုံးစက္ကူတွေမှာ Bisphenol A (BPA) ပါဝင်ပါတယ်။ ဒါဟာ endocrine စနစ်အပေါ်တုံ့ပြန်မှုရှိပြီးမျိုးပွားမှုဆိုင်ရာပြဿနာတွေ၊ အပျိုဖော်ဝင်စအစောပိုင်းမှာ နာကျင်တာတွေနှင့် ရင်သားကင်ဆာတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

- အိမ်သာသုံးစက္ကူမှာပါတဲ့ အရောင်ဆိုးဆေးတွေက ထိတွေ့အရေပြားရောင်ရမ်းခြင်း (ဓာတ်မတည့်ခြင်း) ကို ဖြစ်စေနိုင်ပါတယ်။

အိမ်သာသုံးစက္ကူ အမျိုးအစားအချို့မှာ PAHs၊ phthalates နှင့် SVCOCs တွေ မြင့်မားနေကြောင်း သက်သေပြတဲ့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ လက်ခံထားကြပါတယ်။

- ရနံ့ပါတဲ့ အိမ်သာသုံးစက္ကူတွေက ဆီးလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး အချို့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။

- အိမ်သာသုံးစက္ကူ အသုံးပြုခြင်းက စအိုတစ်ဝိုက်မှာရှိတဲ့ အာရုံကြောတွေ အာရုံခံနိုင်စွမ်းကို ပြဿနာရှိစေပါတယ်။ ဝမ်းသွားခြင်း၊ ယားယံခြင်း နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေက အိမ်သာသုံးစက္ကူကို အသုံးပြုဖို့ အကြံမပြုထားပါဘူး။။ ရေကိုသာ အသုံးပြုသင့်ပါတယ်။

အိမ်သာသုံးစက္ကူနေရာမှာ ဘာနဲ့အစားထိုးမလဲ။

ကျွမ်းကျင်သူတွေကတော့ ရေကိုသာ အသုံးပြုဖို့ အကြံပေးထားကြပါတယ်။

- တစ်ကိုယ်ရေသန့်ရှင်းမှု။

ရေနှင့် ဆပ်ပြာကို အသုံးပြုခြင်းက စက္ကူနဲ့ သုတ်တာထက် ပိုပြီး တစ်ကိုယ်ရေသန့်ရှင်းမှု ရှိစေပါတယ်။

- လိပ်ခေါင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ရေကို အသုံးပြုခြင်းက စအိုအပေါ် ဖိအားကို လျော့ကျစေပြီး လိပ်ခေါင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

- သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေပါတယ်။

အိမ်သာသုံးစက္ကူက ပတ်ဝန်းကျင်အတွက် အဆိပ်ဖြစ်စေပါတယ်။ အကြွင်းအကျန်တွေက ကာဗွန်တွေကို ချန်ထားခဲ့ပြီး သစ်တောတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် အိမ်သာသုံးစက္ကူသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချဖို့ အရေးကြီးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Zombie (lovemedia)

 

 

[Zawgyi]

အိမ္သာသုံးစကၠဴက ဘာေၾကာင့္ က်န္းမာေရးနဲ႔ မညီၫြတ္တာလဲ

ဒီေန႔ဒီအခ်ိန္မွာ အိမ္သာသုံးစကၠဴကို အသုံးမျပဳသူ မ႐ွိသေလာက္ ႐ွားပါတယ္။ ဒါေတြကလည္း ေန႔စဥ္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ မၾကာေသးမီကပဲ အိမ္သာသုံးစကၠဴေတြက က်န္းမာေရးကို အမွန္တကယ္ဆိုး႐ြားေစႏိုင္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အိမ္သာသုံးစကၠဴကို ၁၈၉၀ ခုႏွစ္ကတည္းက စတင္ေရာင္းခ်ခဲ့ပါတယ္။ ၁၉၄၂ ခုႏွစ္မွာ ပထမဆုံး အေပ်ာ့စား ႏွစိလႊာ အိမ္သာသုံးစကၠဴ ေပၚလာပါတယ္။ ၁၉၆၀ခုႏွစ္မွာေတာ့ အေရာင္အမ်ိဳးမ်ိဳး႐ွိတဲ့ စကၠဴကိုထုတ္လုပ္လာပါတယ္။

အိမ္သာသုံးစကၠဴေတြက အလြန္အသုံးဝင္ၿပီး သက္ေတာင့္သက္သာ႐ွိတဲ့ တီထြင္မႈတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ေခတ္ ကြၽမ္းက်င္သူေတြကေတာ့ စကၠဴေတြဟာ အႏၲရာယ္႐ွိတယ္လို႔ မၾကာခဏ ေျပာေနၾကပါတယ္။ ဘာေတြလဲ ဆိုတာကို love media နဲ႔တူတူၾကည့္လိုက္ရေအာင္။

အိမ္သာသုံးစကၠဴကို ဘာနဲ႔ျပဳလုပ္ထားတာလဲ။

အိမ္သာသုံးစကၠဴကို သစ္သား ဒါမွမဟုတ္ ျပန္လည္အသုံးျပဳထားတဲ့ စကၠဴေတြနဲ႔ ျပဳလုပ္ထားပါတယ္။ ပထမအေျခအေနမွာေတာ့ ေအာက္ပါထုတ္ကုန္ေတြကိုအသုံးျပဳထားပါတယ္။

- သစ္မာ

အိမ္သာသုံးစကၠဴကို သစ္မာ 70% (သစ္သား၊ ဝက္သစ္ခ်ပင္၊ ေမပယ္) နဲ႔လုပ္ထားပါတယ္။ အမွ်င္တိုေတြက စကၠဴကို ေပ်ာ့ေျပာင္းေစပါတယ္။

- သစ္ေပ်ာ့

အိမ္သာသုံးစကၠဴမွာ ႐ွည္လ်ားၿပီးအမွ်င္ေတြပါ႐ွိတဲ့ 30% သစ္သားေပ်ာ့ (Douglas fir၊ Southern ထင္း႐ွဴး) ပါဝင္ပါတယ္။ သူတို႔က စကၠဴကို တာ႐ွည္ခံေအာင္လုပ္ေပးပါတယ္။

- သစ္သားထဲကေန အမွ်င္ေတြ ထုတ္ယူဖို႔ ဓာတုပစၥည္းေတြကို အသုံးျပဳထားပါတယ္။

- အေရာင္ခြၽတ္ေဆး

စကၠဴျဖဴူျဖဴသန္႔သန္႔ေလးေတြရဖို႔ ထုတ္လုပ္သူေတြက ကလိုရင္းဒိုင္ေအာက္ဆိုဒ္ (ကလိုရင္းအေျခခံအေရာင္ခြၽတ္ေဆး) ကို အသုံးျပဳၾကပါတယ္။

- ေရကိုလည္း စုပ္ယူသြားၿပီး ပိုးမႊားေတြလည္း ကပ္ႏိုင္ပါတယ္။

အိမ္သာသုံးစကၠဴကို ျပန္လည္အသုံးျပဳထားတဲ့ စကၠဴေတြနဲ႔ လုပ္တဲ့အခါမွာေတာ့ ဒီပစၥည္းေတြကို အသုံးျပဳပါတယ္။

- စကၠဴ

သတင္းစာႏွင့္ ႐ုံးသုံးစာ႐ြက္အေဟာင္းေတြကို အသုံးျပဳပါတယ္။

- ေရ

- အေရာင္ခြၽတ္ေဆး

ပစၥည္းေတြကို အေရာင္ခြၽတ္ဖို႔ အိုဇုန္း၊ ေအာက္ဆီဂ်င္၊ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ႏွင့္ ဆိုဒီယမ္ဟိုက္ဒေရာဆိုဒ္တို႔ကို အသုံးျပဳပါတယ္။

- ဓာတုေဆးဝါး

အိမ္သာသုံးစကၠဴရဲ႕ အႏၲရာယ္မ်ား အားလုံးသိၾကတဲ့အတိုင္း အိမ္သာသုံးစကၠဴေတြက က်န္းမာေရးအတြက္ မေကာင္းပါဘူး။ သူ႕ရဲ႕ ထုတ္လုပ္မႈမွာ ဓာတုပစၥည္းအမ်ားအျပားကို အသုံးျပဳထားတာေၾကာင့္ အႏၲရာယ္လည္း ႐ွိပါတယ္။

- Phthalates

phthalates ပါဝင္မႈက endocrine စနစ္ႏွင့္ မ်ိဳးပြားမႈဆိုင္ရာ လုပ္ငန္းေဆာင္တာေတြအေပၚ မေကာင္းတဲ့ သက္ေရာက္မႈ႐ွိေစပါတယ္။ ကေလးေတြရဲ႕ က်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

- စကၠဴျဖဴေစဖို႔ Semiolatile chlorinated organic compounds (SVCOCs) ကို အသုံးျပဳထားပါတယ္။

- Polycyclic aromatic hydrocarbon က ဓာတ္မတည့္တဲ့ တုံ႔ျပန္မႈေတြ ျဖစ္ေစၿပီးေတာ့ endocrine စနစ္ကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ပါတယ္။

- Formaldehyde ကို ေရစိုခံစကၠဴျပဳလုပ္ဖို႔ အသုံးျပဳပါတယ္။ ဒါေပမယ့္ ဒါဟာ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းျဖစ္ၿပီး အေရျပားယားယံမႈကို ျဖစ္ေစႏိုင္ပါတယ္။

- ျပန္လည္အသုံးျပဳထားတဲ့ပစၥည္းေတြနဲ႔လုပ္ထားတဲ့ အိမ္သာသုံးစကၠဴေတြမွာ Bisphenol A (BPA) ပါဝင္ပါတယ္။ ဒါဟာ endocrine စနစ္အေပၚတုံ႔ျပန္မႈ႐ွိၿပီးမ်ိဳးပြားမႈဆိုင္ရာျပႆနာေတြ၊ အပ်ိဳေဖာ္ဝင္စအေစာပိုင္းမွာ နာက်င္တာေတြႏွင့္ ရင္သားကင္ဆာတို႔ကိုျဖစ္ေပၚေစႏိုင္ပါတယ္။

- အိမ္သာသုံးစကၠဴမွာပါတဲ့ အေရာင္ဆိုးေဆးေတြက ထိေတြ႕အေရျပားေရာင္ရမ္းျခင္း (ဓာတ္မတည့္ျခင္း) ကို ျဖစ္ေစႏိုင္ပါတယ္။

အိမ္သာသုံးစကၠဴ အမ်ိဳးအစားအခ်ိဳ႕မွာ PAHs၊ phthalates ႏွင့္ SVCOCs ေတြ ျမင့္မားေနေၾကာင္း သက္ေသျပတဲ့ ေလ့လာမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ ကင္ဆာျဖစ္ႏိုင္ေျခကို တိုးျမင့္ေစတယ္လို႔ လက္ခံထားၾကပါတယ္။

- ရနံ႔ပါတဲ့ အိမ္သာသုံးစကၠဴေတြက ဆီးလမ္းေၾကာင္းကို ထိခိုက္ေစႏိုင္ၿပီး အခ်ိဳ႕အမ်ိဳးသမီးေတြမွာ ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ပါတယ္။

- အိမ္သာသုံးစကၠဴ အသုံးျပဳျခင္းက စအိုတစ္ဝိုက္မွာ႐ွိတဲ့ အာ႐ုံေၾကာေတြ အာ႐ုံခံႏိုင္စြမ္းကို ျပႆနာ႐ွိေစပါတယ္။ ဝမ္းသြားျခင္း၊ ယားယံျခင္း ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာ႐ွိသူေတြက အိမ္သာသုံးစကၠဴကို အသုံးျပဳဖို႔ အၾကံမျပဳထားပါဘူး။။ ေရကိုသာ အသုံးျပဳသင့္ပါတယ္။

အိမ္သာသုံးစကၠဴေနရာမွာ ဘာနဲ႔အစားထိုးမလဲ။

ကြၽမ္းက်င္သူေတြကေတာ့ ေရကိုသာ အသုံးျပဳဖို႔ အၾကံေပးထားၾကပါတယ္။

- တစ္ကိုယ္ေရသန္႔႐ွင္းမႈ။

ေရႏွင့္ ဆပ္ျပာကို အသုံးျပဳျခင္းက စကၠဴနဲ႔ သုတ္တာထက္ ပိုၿပီး တစ္ကိုယ္ေရသန္႔႐ွင္းမႈ ႐ွိေစပါတယ္။

- လိပ္ေခါင္းျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။

ေရကို အသုံးျပဳျခင္းက စအိုအေပၚ ဖိအားကို ေလ်ာ့က်ေစၿပီး လိပ္ေခါင္းျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။

- သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈနည္းေစပါတယ္။

အိမ္သာသုံးစကၠဴက ပတ္ဝန္းက်င္အတြက္ အဆိပ္ျဖစ္ေစပါတယ္။ အႂကြင္းအက်န္ေတြက ကာဗြန္ေတြကို ခ်န္ထားခဲ့ၿပီး သစ္ေတာေတြကို ထိခိုက္ေစပါတယ္။ အဲဒါေၾကာင့္ အိမ္သာသုံးစကၠဴသုံးစြဲမႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ဖို႔ အေရးႀကီးပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Zombie (lovemedia)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service