နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား - Property Knowledge in Myanmar from iMyanmarHouse.com
3251 Views
နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား
Knowledge | Posted by Zarni Kyaw
[Unicode]
အပင်မြင့်မြင့်မှာ ကိုင်းတံ ညိုညို၊ အရွက်စိမ်းစိမ်းမှာ တွဲလီတွဲလောင်း ကျရင်း ပွင့်တတ်တဲ့ အဝါရောင်ပန်းလှလှလေးတွေက အခုလို ​နွေဦးရာသီဆိုရင် နွေရာသီကို အလှဆင်ဖို့ ပွင့်လာတတ်ကြပြီပဲ ဖြစ်ပါတယ်။ ဒီလို နွေရာသီကို တစ်ဖက်တစ်လမ်းက အလှဆင်နေတဲ့ ငုဝါပန်း အလှဆင်ရုံသက်သက်ပဲလား ….. ဆေးဖက်ရောဝင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
ငုဝါပန်း ဆိုတာ
ငုဝါပန်း ဆိုတာက ငုပင်ရဲ့ ပန်းပွင့်ပါ။ အပင်က အပင်ကြီးမျိုး မဟုတ်ပေမယ့် အလယ်အလတ်လောက်တော့ ကြီးပါတယ်။ အပင်က ပေ ၆၀ လောက်အထိ မြင့်နိုင်ပြီး ပင်စည် လုံးပတ်က ၀.၅ မီတာ ရှိပါတယ်။
အဝါရောင် အပွင့်လေးတွေ ပွင့်တတ်ပြီး အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ တွေ့ရနိုင်ပါတယ်။ အရွက်၊ အပွင့်၊ အသီး၊ ပင်စည်၊ အခေါက်၊ အမြစ် အားလုံးက ဆေးဖက်ဝင်ပါတယ်။
နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား
အရောင်အသွေး လှသလို ပုံစံလေးက ချစ်စရာကောင်းတဲ့ ငုဝါပန်းလေးက အခုလို ဆေးဖက်ဝင်ပါတယ်။
ဝမ်းချုပ်တာ သက်သာစေတယ်
ငုဝါပန်းလေးကို ဝမ်းချုပ်တာ သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ ကလေးလေးတွေမှာ ဖြစ်တာ ဝမ်းချုပ်တာ၊ ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ တိုင်းရင်းဆေးဆရာရဲ့ လမ်းညွှန်ချက်တော့ လိုပါတယ်။
ဘေဘီလေးတွေမှာ ဖြစ်တဲ့ ကြို့ထိုးတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
အရေပြား ကျန်းမာစေတယ်
ငုဝါပန်း အရွက်ကို အရေပြား ကျန်းမာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ညှင်း နဲ့ အရေပြားပေါ်က အနာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ခြေပြီး အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။
ချောင်းဆိုး သက်သာစေတယ်
ငုဝါပန်းရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ချောင်းဆိုး သက်သာစေနိုင်တာပါ။ အဖျား သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အသက်ရှူ လမ်းကြောင်း ကျန်းမာစေနီုင်သလို ခန္ဓာကိုယ်တွင်းကို ကူးစက်ရောဂါတွေ မဝင်ရောက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။
နှာခေါင်းပိတ်တာကို သက်သာစေတယ်
ငုဝါပန်းကို နှာခေါင်းပိတ်တာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို သန့်စင်ပေးသလို အရောင်ကျစေနိုင်ပါတယ်။ အအေးမိတာကြောင့် နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်ပါတယ်။
နှလုံး ကျန်းမာစေတယ်
ငုဝါပန်းက နှလုံးကြွက်သားတွေကို သန်မာစေပြီး သွေးတွင်း အတီ မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို သွေးကြောထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဆီးလမ်းကြောင်း ကျန်းမာစေတယ်
ငုဝါပန်းက ဆီးရွှင်စေနိုင်ပြီး ဆီးသွားရင် ပူသလို ခံစားရတာ၊ ဆီးကျန်နေသလို ခံစားရတာ၊ ဆီးကောင်းကောင်း သွားလို့ မရတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေနိုင်ပါတယ်။
အဖျားကျစေနိုင်တယ်
ငုဝါပန်းက အဖျားကျစေနိုင်ပြီး ငှက်ဖျား သက်သာစေနိုင်ပါတယ်။ အအေးမိ ဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ blackwater fever ကိုလည်း သက်သာစေနိုင်ပါတယ်။
အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်
ငုဝါပန်းရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ အသားအရေကို ကြည်လင်စေသလို ချွေးနံ့ပြင်းတာကိုလည်း သက်သာစေမှာပါ။
ဘာတွေ သတိထားရမလဲ
ငုဝါပန်းက ဆေးဖက်ဝင်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ် ဆိုပေမယ့်လည်း........
* အစိမ်း မစားပါနဲ့။ အဆိပ်အတောက် ဖြစ်စေနိုင်လို့ပါ။
* အများကြီး မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်လို့ပါ။
* ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ စားသုံးတာမျိုး မလုပ်ပါနဲ့။
* ရောဂါအခံရှိသူတွေ၊ စွဲသောက်နေတဲ့ ဆေးရှိသူတွေ အလွန်အကျွံစားတာမျိုးကို ရှောင်ရပါမယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ငုဝါပန်း ဆိုတာ
အရေပြား ကျန်းမာစေတယ်
နှလုံး ကျန်းမာစေတယ်
အဖျားကျစေနိုင်တယ်
ဘာတွေ သတိထားရမလဲ
Credit: hellosayarwon
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service