ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ငါးအကြေးခွံတွေကို သင် .. လွှင့်ပစ်နေတုန်းပဲလား..? - Property Knowledge in Myanmar from iMyanmarHouse.com
2497 Views
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ငါးအကြေးခွံတွေကို သင် .. လွှင့်ပစ်နေတုန်းပဲလား..?
Knowledge | Posted by Hnin Ei Khin
[Unicode]
လူအများစုက ငါးဟင်းမချက်ပြုတ်မီ ငါးအကြေးခွံကို သင်ပြီး စွန့်ပစ်တတ်ကြပါတယ်။ ကျွန်မတို့ စွန့်ပစ် လိုက်တဲ့ငါးအကြေးခွံတွေမှာ ပရိုတင်း(အသားဓါတ်)ကြွယ်ဝစွာပါ ဝင်နေပြီး အဆီဓါတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်များ ပါရှိတဲ့အပြင် ကြွယ်ဝတဲ့ လက်ဆီသင်ဓါတ်(lecithin) လည်း ပါရှိတာကို မှတ်သားခဲ့ရဖူးပါတယ်။
လက်ဆီသင်ဓါတ်က မှတ်ဉာဏ် စွမ်းအားကို ကောင်းစေနိုင်ပြီး ဦးနှောက်အတွင်း ဆဲလ်များ ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ရုံ သာမက လူ့ခန္ဓာကိုယ်အိုမင်းရင့်ရော်မှုကိုလည်း ကြိုတင်ကာကွယ်နိုင် ပါတယ်။
ဒါ့အပြင် ငါးအကြေးခွံထဲမှာ မပြည့်ဝဆီ(unsaturated fat) တွေ ပါရှိလို့ သွေးကြောနံရံမှာ ကိုလက် စရော(cholesterol) အများအပြား မကပ်ငြိရအောင် ကာကွယ်တားဆီးနိုင်ပါတယ်။ သွေးကြောနံရံမှာ ကိုလက်စထရောနည်းပါးမယ်ဆိုရင် သွေးတိုးရောဂါ၊ နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်..။ ဒါတင်မက ငါးတံခွန်ငါးရဲ့အကြေးဟာ ကင်ဆာရောဂါကို အတော်လေးခုခံကာကွယ်နိုင်ကြောင်း သုတေသီတွေက ဆိုထားကြပါတယ်..။
ငါးအကြေးခွံက ကျန်းမာရေးအတွက် ချက်ပြုတ်စားသုံးဖို့ အသုံးဝင်တာတင်မဟုတ်ဘဲ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေမှာပါ ကုန်ကြမ်းအဖြစ်အသုံးပြုဖို့ ဂျပန်နဲ့ ထိုင်းနိုင်ငံက မြန်မာ့ရေချိုငါးအကြေးခွံကို ဝယ်ယူမှုတွေ ရှိလာကြတယ်လို့ သိရပါတယ်။ ငါးအကြေးခွံက ထွက်ရှိတဲ့ ကော်လဂျင်(collagen)ဓါတ်ကို အလှကုန်မှာ အသုံးပြုတာဖြစ်ပြီး ဝယ်လိုအားအရ များများရောင်းနိုင်ရင် နောက်ပိုင်းမှာ ဈေးပိုရနိုင်တယ်လို့ ဆိုကြပါတယ်။
ရေချိုငါးအကြေးခွံတွေထဲမှာ တီလားပီးယားငါးအကြေးခွံကို ပိုမိုဝယ်ယူကြပေမယ့် တီလားပီးယား ငါးအကြေးခွံကို အရေအတွက် အများကြီး မထုတ်နိုင်တဲ့အတွက် ပြည်တွင်းမှ အဓိကမွေးငါးများဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူတို့ရဲ့ အကြေးခွံတွေကိုလည်း ငါးစာအဖြစ်အသုံးပြုဖို့ ထိုင်းနိုင်ငံမှ ဝယ်ယူကြကြောင်း သိရပါတယ်။ အခုနောက်ပိုင်းမှာလည်း စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းမှာ အသုံးပြုကြတဲ့ ငါးအမိုင်နိုအက်စစ်မှာ ငါးအကြေးခွံ ပါဝင်သော ငါးစွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်ကြတာကို သိရှိပြီး ဖြစ်မှာပါ။
တချိူ့နိုင်ငံတွေမှာ ငါးအကြေးခွံကို ချက်ပြုတ်စားသောက်တာတောင် လုပ်နေကြပြီမို့ အလွယ်တကူ ချက်လို့ရအောင် ချက်ပြုတ်နည်းလမ်းလေးကိုပါ ပြောပြပေးလိုက်ပါတယ်။
၁။ ငါးအကောင်ကြီးကြီးတစ်ကောင်ကို ရေဆေးသန့်စင်ပြီး အကြေးထိုး ရရှိလာတဲ့ ငါးအကြေးခွံတွေကို ရေနဲ့ သန့်စင်အောင်ပြန်လည်ဆေးကြောပြီး ရေသင့်ရုံ ထည့်ထားတဲ့ အိုးထဲထည့်ကာ စေးထန်းတဲ့ ဟင်းရည်အပျစ် ဖြစ်လာအောင် ကျိုချက်ပါ။
၂။ ကျိုချက်ပြီးတဲ့ ငါးအကြေးဟင်းထဲ ငါးအကြေးအကြေ များကို တွေ့ပါကဆယ်ယူ၍ စွန့်ပစ်ပါ။
၃။ ပြီးရင် ချင်း၊ ဟင်းချက်အရက်အနည်းငယ်နဲ့ နောက်ထပ်အချိန်အနည်းငယ် ချက်ပြုတ်ပြီးပါက ငါးအကြေး ခွံဟင်းရည် ကျက်ပါပြီ။
ကျိုချက်ပြီးသား ငါးအကြေးဟင်းရည် အပျစ်ကို ကြွေပန်းကန်လုံးကြီးထဲထည့်၊ ရေခဲသေတ္တာထဲသွင်းပြီး အအေးခံ ထားနိုင်ပါတယ်။ ဟင်းရည်အပျစ်အေးခဲလာရင်တော့ လွယ်ကူပြီး ဆေးဖက်ဝင်တဲ့ ငါးကြေးခွံဟင်းရည်ကို စားသုံးနိုင်ပါပြီ ဆိုတဲ့အကြောင်း ဗဟုသုတဖြစ်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ရပါတယ်။
ကဲ..ဒီတော့..ဒီလောက်ဆေးဖက်ဝင်နေတဲ့ ငါးအကြေးခွံတွေကို မိတ်ဆွေတို့ လွှင့်ပစ်နေကြဦးမှာလား..??
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: greenwaymyanmar
[Zawgyi]
တချို့နိုင်ငံတွေမှာ ငါးအကြေးခွံကို ချက်ပြုတ်စားသောက်တာတောင် လုပ်နေကြပြီမို့ အလွယ်တကူ ချက်လို့ရအောင် ချက်ပြုတ်နည်းလမ်းလေးကိုပါ ပြောပြပေးလိုက်ပါတယ်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service