အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းများရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
3431 Views

အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းများရောင်းချပေးမည်

[Unicode]

အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းများရောင်းချပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖေဖော်ဝါရီ ၄ ရက်က အသိပေးထားကြောင်းသိရသည်။

အောင်မြင့်မိုရ်အိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ထားခြင်းဖြစ်ပြီး အခန်းဈေးနှုန်းအသေးစိတ်နှင့် အဆောက်အအုံဒီဇိုင်းတို့ကို သိလိုသူတွေအနေနှင့် DUHD Sale Housing Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း အသိပေးထားသည်။

အောင်မြင့်မိုရ်အိမ်ရာရှိ ရောင်းချပေးမည့် အခန်းများမှာ-

(က) ၄ခန်းတွဲ ၃ထပ် Shop house အဆောက်အအုံတွင် မြေညီထပ်တွင် ၁၃၀၀ စတုရန်းပေရှိသည့် အခန်း(၁၆)ရှိပြီး ကျန်အထပ်များတွင် ၉၀၀ စတုရန်းပေရှိသည့် အခန်း (၃၂)ခန်းရှိပြီး၊ အခန်းဈေးနှုန်းများအနေဖြင့် (၁)ခန်းကို(ငွေကျပ် သိန်း၄၆၀ မှ သိန်း ၂၈၀ အထိ) ဖြစ်ကြောင်းသိရသည်။

(ခ) ၈ခန်းတွဲ ၄ထပ် အဆောက်အအုံတွင် (၄၈၄ စတုရန်းပေ မှ ၅၂၂ စတုရန်းပေ)ရှိသည့် အခန်း ၄၅ ခန်းရှိ ကြောင်း၊ အခန်းဈေးနှုန်းများအနေဖြင့် (၁)ခန်းကို(ငွေကျပ် သိန်း ၁၆၀ မှ သိန်း ၁၂၀အထိ)သတ်မှတ်ထားသည်။

(ဂ) ၆ခန်းတွဲ ၄ထပ်အဆောက်အအုံတွင် (၄၆၈ စတုရန်းပေရှိသည့် အခန်း(၆၆)ခန်း)ရှိပြီး အခန်း(၁)ခန်း၏ ဈေးနှုန်းအနေဖြင့်(ငွေကျပ် ၁၅၅သိန်းမှ သိန်း၁၁၀ အထိ)ရှိကြောင်းသိရသည်။

အဆိုပါ အောင်မြင့်မိုရ်အိမ်ရာရှိတိုက်ခန်းများကို ဝယ်ယူလိုသူများအနေဖြင့် Payment Order Cheque လည်းကောင်း၊ လက်ငင်းငွေအကြေပေးသွင်း၍လည်းကောင်း ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

အခန်းဝယ်ယူရန် လျှောက်ထားသည့် လျှောက်လွှာ အရေအတွက်နှင့်ရောင်းနိုင်သည့် အခန်းအရေအတွက် ပေါ်မူတည်၍ (၁၄.၂.၂၀၂၂)မှ(၂၅.၂.၂၀၂၂) ရက်နေ့အထိ ဦးရာလူစနစ်ဖြင့်ရောင်ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် အမှတ် ၂၂၈-၂၃၄၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊မြို့ပြျနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(တိုင်းရုံး)သို့ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










ဝယ်ယူလိုသူများအနေဖြင့် အမှတ် ၂၂၈-၂၃၄၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊မြို့ပျြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန(တိုင်းရုံး)သို့ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service