အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

တရားရုံးမှ လေလံဝယ်ယူထားသော အိမ်မြေကို တရားသူကြီး မှ ရောင်းကြောင်းသက်သေခံလက်မှတ် ရရှိထားပြီး ဂရန်အမည်ပေါက် ဖြစ်ရန် ဘယ်လို့ဆောက်ရွက်ဖို့ လိုအပ်ပါလဲ ခင်ဗျာ ?

မေးသူ - U Htkie Wai

### Unicode Version ### တရားမကျင့်ထုံး နည်းဥပဒေ-၉၄အရ ထုတ်ပေးသော အရောင်းသက်သေခံလတ်မှတ်မိတ္တူကို ရောင်းချသည့်မြေ (သို့) ယင်းအစိတ်အပိုင်းတည်ရှိရာ ခရိုင်ခွဲနယ်မြေ၏ဒုတိယမှတ်ပုံတင်အရာရှိထံ ချက်ချင်းပေးပို့ရပါမည်။ ဂရန်အမည်ပေါက်ဖြစ်စေရန်...

ဆရာရှင့်ကျွန်မ တောင်ဒဂုံလယ်သမား ၃ လမ်းမှာ ပါမစ်မြေမူရင်းကို ၂၀ x ၆၀ ကိုသယ်ယူမလို့ပါ သို့သော်နေထိုင်ရန်ဖြစ်သောကြောင့် အဲရပ်ကွက်က (ပေ၂၀ x ပေ ၆၀) နဲ့ဂရန်လျှောက်လို့ရပါသလားရှင် ဂရန်လျှောက်ပါက ဘာတွေလိုအပ်သေးပါလဲရှင့် ကျေးဇူးတင်ပါတယ်။

မေးသူ - Daw Yadanar

[Unicode] ပါမစ်မြေကို ဝယ်ယူမည်ဆိုပါက ကနဦးအနေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသော ပါမစ် (သို့) အိုးအိမ်နှင့် မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးသော ပါမစ်ဆိုတာ တိကျစွာသိရှိရန် လိုအပ်ပါသည်။ ပါမစ်ထုတ်ပေးရာဌာနသိရှိပါက ဌာနတွင် ရောင်းချမည့်သူမှာ...

ရွာမြေအမျိုးစားကိုဝယ်ယူသင့်မသင့်ဖြေကြားပေးပါ။ မေမြို့ဖက်တွင်ရောင်းချနေသောမြေကွက်များ ကိုအစိုးရကတရားဝင်အသိမှတ်ပြုထားခြင်းရှိမရှိသိချင်ပါသည်။

မေးသူ - Ko Arkar

[Unicode] ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ မြေကွက်ကို ရွာမြေလို့ခေါ်ကြပါတယ်။ မြေကွက်ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုပါသည်။ တရားဝင်နေထိုင်ခွင့်ရနိုင်တဲ့မြေအဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ...

အိမ်ခြံမြေဝယ်ရာတွင်အဝယ်မမှားစေရန်နှင့်စိတ်ချသေချာမှုရှိစေရန်ရောင်းသူထံမှရှေ့နေနှင့်အတူမ ည်သည့်စာရွက်စာတမ်းများကိုတောင်းယူစစ်ဆေးသင့်ပါသလဲ။ သတင်းစာကြေငြာရာတွင် ၁၄ရက်( သို့) ၇ ရက်စောင့်ကြည့်ရပါသလား။ ဝယ်သူကိုယ်တိုင်ကကြေငြာတာနဲ့ဝယ်သူ၏ရှေ့နေကကြေငြာတာ ဘယ်ဟာကဘောင်ဝင်ပါသလဲ။ဂရန်နှင့်အမည်ပေါက်မှန်မမှန်စစ်ရန်အတွက်စည်ပင်သို့လျှောက်ထားရာတွင်မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။မည်မျှကြာမြင့်ပါသလဲ။စည်ပင်ကိုရောင်းသူလိုက်ဖို့လိုအပ်ပါသလား။ငွေဘယ်လောက်သွင်းရပါသလဲ။ဂရန်အမည်ပေါက်ရောင်းသူထံမှ SP ကိုမည်သည့်အဆင့်မှ စတင်ယူသင့်ပါသလဲ။ရာဖြတ်ရုံးမတင်မှီယူသင့်လား။စာချုပ်ရုံးမတင်မှီယူသင့်လား။SPအတွက်စာချုပ်ရုံးမှရယူရေးအတွက်မည်သည့်စာရွက်စာတမ်းလိုအပ်ပါသလဲ။ဘယ်လောက်ကြာပါသလဲ။ငွေဘယ်လောက်သွင်းရပါသလဲ။တိုက်အသစ်ပါသောခြံကိုဝယ်သောအခါရောင်းသူထံမှ Bcc, ရေ မီး အစရှိသည့် Permit များရယူဖို့လိုအပ်ပါသလား။

မေးသူ - U Htay Kywel

[Unicode] ဂရန်မြေဝယ်ယူလိုပါက စရန်ငွေမပေးမီ ဂရန်မိတ္တူကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဌာနများတွင် ဂရန်တွင်ပါသည့်မူလအမည်ပေါက် မှန်/မမှန်၊ ဂရန်ထုတ်ပေးထားခြင်းရှိ/မရှိဦးစွာ စစ်ဆေးပါ။ ကနဦးမူလပိုင်ရှင် အမည်ပေါက် (FIRST...

တိုက်ခန်းမြေညီထပ် ဝယ်ယူမည်ဆိုပါကမြေကြီးပါအပိုင်ရတာလား၊ အဆောက်အအုံတစ်တိုက်လုံး ပြိုကြ သွားပါက ထိုမြေကွက်ကိုမြေညီထပ်ကို ဝယ်ထားတဲ့လူပိုင်ဆိုင်ပါသလား၊ ဒါမှမဟုတ်ဘယ်လိုလဲပေါ့နော်၊ အဲ့ဒါနဲ့ ပတ်သတ်ပြီးသိခြင်လို့ပါ၊ ကျးဇူးပြု၍ဖြေကြားပေးပါ။

မေးသူ - Zin Min Oo

[Unicode] တိုက်ခန်းဆိုသည်မှာ ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍ နေထိုင်ခွင့်နှင့် ထပ်ဆင့် လွှဲပြောင်း၊ ငှားရမ်းပိုင်ခွင့်ရှိသော အိမ်ငှားတစ်ဦးဖြစ်ပါသည်။ ၁၉၆၀ ခုနှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေနှင့်အကျုံးဝင်သဖြင့် ဝယ်ယူသူသည်...