အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ ။နှစ်ခြောက်ဆယ် ဂရံမြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်း တစ်ခန်းကို ၀ယ်ထားတယ် ဆိုပါစို့။ နှစ်ခြောက်ဆယ်ပြည့်တဲ့ အချိန်မှာ မြေရှင်က အဲဒီ အဆောက်အဦးကို ဖျိုပြီး အသစ်ပြန်ဆောက်လို့ ရပါသလား၊ ရတယ်ဆိုရင် အဲဒီတိုက်ခန်း ၀ယ်ထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မူ့က ဘယ်လိုဖြစ်နိုင်လဲ။ ခင်ဗျာ ကျေးဇူးတင်ပါတယ်။

မေးသူ - ကိုဟန်

အနှစ်​(၆၀) ဂရန်​​မြေ​ပေါ်မှာ ​ဆောက်​ထားတဲ့ တိုက်​ခန်းတစ်​ခုကို "ကိုဟန်​"၀ယ်​ထားရင်​ အဲဒီတိုက်​ခန်း မပြိုမပျက်​မချင်း ပိုင်​ဆိုင်​ခွင့်​ ရှိပါတယ်​။ သဘာဝ​ဘေးနဲ့ ရန်​သူမျိုး ၅ပါး ​ဘေး​ကြောင့်​ ၀ယ်​ထားတဲ့ တိုက်​တစ်​လုံး ပျက်​စီး သွားမှသာ ​မြေရှင်​က...

ပုံစံ ၇/ ပုံစံ ၁၀၅ ရှိထားပြီးသော မြေကွက်ကို ၀ယ်ယူပြီး အိမ်ဆောက်လုပ် ဖို့အတွက် လျှောက် ထားလို့ ရပါသလား၊ ထန်းတပင်မြို့နယ်ဘက် မှာ ရောင်းနေတဲ့ မြေကွက်တွေပါ၊ထိုမြေကွက်များကိုရော ၀ယ်ယူဖို့ သင့်ပါလားရှင့်။

မေးသူ - မဇင္မီ

မဇင်မီက ထန်းတပင်မြို့နယ်ဘက်မှာ ရောင်းနေတဲ့ မြေကွက်တွေကို ဝယ်ယူ ပြီး အိမ်ဆောက်ဖို့ စိတ်ကူးနေတယ် ထင်တယ်။ မဝယ်ရသေး မီ မောင်ကောင်းဖေ ကို သတိတရနဲ့ မေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလို ညီမရေ၊ ပုံစံ-၇၊ ပုံစ-၁၀၅ ဆိုတာနဲ့ အိမ်ဆောက်လို့ရတဲ့ ပါမစ်မြေ၊ ဂရန်မြေ၊...

မြောက်ဒဂုံမှာ အိမ်ဆောက်ချင်လို့ အိမ်ဆောက်ခွင့်ပါမစ် ဘယ်လိုလျှောက်ရမယ်ဆိုတာ သိချင်ပါတယ်။

မေးသူ - Thein Sithu Hlaing

[Unicode] (၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ ၁။ ဌာနသတ်မှတ်လျှောက်လွှာ(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ (ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန် (ဂ)...

လယ်ယာမြေနှင့်ပတ်သက်လို့မေးချင်လို့ပါဆရာ။ လယ 3/ခ ၊လန 39 နှင့် လယ 30 တို့ရဲ့ ကွာခြားချက်ကိုအတိအကျလေးသိချင်လို့ ပါဆရာ။ ဂရန်လျှောက်မယ်ဆိုရင်ရော ဘယ်မြေက လျှောက် လို့လွယ်ပါသလဲ၊ ရောင်းပေါင်လွှဲပြောင်းပိုင်ခွင့်ကောရှိပါသလားဆရာ။ ဂရန်ရလျှင်ရော သက်တမ်းဘယ်လောက်ရပါသလဲဆရာ။

မေးသူ - ဦးမျိုးမင်းဇော်

လန ၃၉ (လယ်ယာမြေနိုင်ငံရေးဥပဒေ) ကိုဖျက်သိမ်းပြီး ယခု ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ "လ/ယ-၃၀" ဖြစ်လာတယ်လို့မှတ်လိုက်ရင် ရှင်းသွားပါတယ် ။ လ/ယ-၃(ခ)နဲ့ အကျုံးမဝင်မှသာ ရရှိနိုင်ပါတယ်။ လယ်ယာမြေ ဖြစ်နေရင် လ/ယ -၃၀ အရ လယ်ယာမြေ ကို အခြားနည်းအသံးပြုရန် လျှောက်ယူရပါတယ်။...

တစ်ခုလောက် မေးချင်လို့ပါ ဆရာ။ ဒီရက်ပိုင်း တိုက်ပြိုတဲ့ သတင်းတွေကြားရတော့ အခန်းပိုင်ရှင်တွေကဒီအတိုင်း ဆုံးရှုံးသွားတာလား။ ပြန်ဆောက်ရင် တိုက်ခန်းပြန်ရမှာလား။ အဲ့လိုပြန်ရဖို့ ငွေကြေးစိုက်ထုတ်ရမှုရှိပါသလား။ သိချင်ပါတယ် ဆရာ။ အရည်အသွေးမကောင်းလို့၊ မီးလောင်လို့၊ ငလျင်လှုပ်လို့ တိုက်ခန်းပျက်စီးသွားရင် ဆုံးရှုံးသွားမှာလား။ ပြန်ရဖို့ ငွေထပ်ပေးရမှာလားသိချင်ပါတယ်။

မေးသူ - Thein Htoo Aung

[Unicode] ဝယ်ထားတဲ့တိုက်ခန်း သက်တမ်းကုန်ဆုံးတာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးတာပဲဖြစ်ဖြစ် ဆုံးရှုံးတဲ့အခါအခန်း ပြန်မရနိုင်ပါ။ ဝယ်ထားတဲ့ အခန်းပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့၊ မြေရှင်က...