Properties Questions and Answers

ဘဏ်ချေးငွေကို ဂရန်နှင့်ချေးရာ ရာဖြတ်တွင် ကြိုးပေးရာတွင် ခိုင်မာစေရန်နှင့် အပ်သူကော ရင်းနှီးမြုပ်နှံသူပါ စိတ်ချကျေနပ်မှုရှိစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားစေလိုပါသည် ခင်ဗျာ ။

မေးသူ - မျိုးသန့်ဇင်

ဘဏ်​​ငွေ​ချေးသူဘက်​က​တော့ ​မြေပိုင်​ဆိုင်​မှု ဂရန်​​ပေးရတယ်​။ ဘဏ်​ကသတ်​မှတ်​ထားတဲ့ စည်းကမ်းချက်​​တွေကို လိုက်​နာပါမယ်​ဆိုပြီး အာမခံလက်​မှတ်​ ​ရေးထိုး​ပေးရတယ်​။ တကယ်​လို့ ​ပေါင်​ထားတဲ့ဂရန်​ကို ပြန်​မ​ရွေးနိုင်​ရင်​ ဂရန်​ပိုင်​ရှင်​ကိုယ်​စား...

Bank Loan Home Permit က လျှောက်ပြီး ဘယ်လောက်ကြာမှ ရတာလဲရှင့်။

မေးသူ - မဌေးဌေးဝင်း

မင်္ဂလာပါ မဌေးဌေးဝင်း ရှင့် Bank Loan Home Permit က လျှောက်ပြီး တစ်လခွဲ နှစ်လအကြာမှာ ရတက်ပါတယ်။ မြန်ရင် မြန်သလို စာချုပ်စာတမ်းပြည့်စုံရင်တော့ နှစ်ပတ် ကနေ တစ်လအတွင်း ရနိုင်ပါတယ်ရှင့်။

မြို့အတွင်း​ ရပ်​ကွပ်​တစ်​ခုမှာ ယခင်​က တစ်​လုံးသစ်​သားဖြင့်​ပြုလုပ်​ထား​သော အိမ်​​လေး တည်​ရှိပါသည်​။ထိုအိမ်​​လေး​ရှေ့တွင်​ယခုအခါ သစ်​သား နှစ်​ထပ်​အိမ်​​ဆောက်​လုပ်ပါသည်​။ ထိုအခါ စည်​ပင်​ရုံးမှ ​ခေါ်​ဆောင်​ပြီး ငွေ ၉သောင်း ​ကောက်​ခံပါတယ် ကျွန်​​တော်​ နားမလည် ​သည်​မှာ မည်​သည်​​ကြောင့်​ပေး​ဆောင်​ရသည်​ကို မသိပါသဖြင့်​ ပြန်​လည်​​ဖြေကြားပေး​စေချင်​ပါတယ်​ ။

မေးသူ - ကို​ကျော်​မြတ်​ဦး

" ကို​ကျော်​မြတ်​ဦး " ပိုင်​တဲ့ယခင်​သစ်​သားအိမ်​​ရှေ့မှာ ယခု(၂)ထပ်​ပျဉ်​​ထောင်​ အိမ်​​ဆောက်​ပြီဆိုကတည်းက ရန်​ကုန်​မြို့ ​တော်​စီပင်​သာယာ​ရေး​ကော်​မတီ ဥပ​ဒေအရ အိမ်​​ဆောက်​လုပ်​ခွင့်​ တင်​ပြရပါတယ်​။ ခွင့်​ပြုချက်​မရှိဘဲ ​ဆောက်​လုပ်​မယ်​ဆိုရင်​...

မြောက်ဒဂုံ ၄၀ရပ်ကွက် ဗိုလ်တေဇလမ်းပါရှင့် / မူရင်းအမည်ပေါက်သူကိုဆက်သွယ်ရန် အခက်အခဲအနည်းငယ်တော့ရှိပါတယ် တွေ့ခဲ့ရင် အမြတ်ခွန်ကို ကျမတို့ဘက်မှဆောင်ပေးမှပြောင်းပေးလိမ့်မယ်ထင်ပါတယ်ရှင့် ၂၀၀၇ လောက်က ၁၃၀နဲ့ ချုပ်ခဲ့တာဆိုတော့ ယခုအမည်ပေါက်ပြောင်းမယ်ဆိုရင် စာချုပ်ပြန်ချုပ်ရမှာလားရှင့် အမြန်ခွန်နည်းအောင်ဘယ်လိုလုပ်လို့ရပါသလဲရှင့် ။

မေးသူ - မသဇင်

ဂရန်​​မြေဖြစ်​ရင်​ ဂရန်​မူရင်းအမည်​​ပေါက်​ကို ​တွေ့​အောင်​ရှာတာ အ​ကောင်းဆုံးပါ။ ဘာ​ကြောင့်​လဲဆို​တော့ အရပ်​ထဲမှာ ချုပ်​ဆိုထားတဲ့ ​မြေကွက်​အ​ရောင်းအ၀ယ်​ ကတိစာချုပ်​ဆိုတာ တစ်​ပိုင်းတစ်​စ​ ​ဆောင်​ရွက်​ထားတာဖြစ်​လို့ မပြီး​သေးပါဘူး။...

ပုံစံ၇ ကို ခိုးယူပါသည်ဟုစွပ်ဆွဲ၍ တရားရုံး၌ရင်ဆိုင်နေရပါသည် ။ ပုံစံ၇ ကခိုး၍ရပါသလား စာရွက်စိမ်းပေါ်တွင် ပြင်ယုံမျဖြင်ရနိုင်ပါသလား သိပါရစေ ။

မေးသူ - ကိုသိန်းမင်း

ပုံစံ(၇)လို့​ခေါ်တဲ့"လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​ "ကို ပိုင်​ရှင်​က မ​ပေးဘဲ၊ မရိုးမ​ဖြောင့်​​သောသ​ဘောနဲ့ တိတ်​တဆိတ်​ ယူလိုက်​မယ်​ဆိုရင်​"ခိုးမှု"ဖြစ်​ပါတယ်​။ စာရွက်​စိမ်းတာ၊စာရွက်​ဖြူတာနဲ့ မဆိုင်​ပါဘူး။ နိုင်​ငံ​တော်​အစိုးရက...

လူနေထိုင်နေသော ရွာဂရံမရှိရွာမြေစစ်စစ်ကိုဝယ်လိုလျှင် မည်သည့်စာရွက်အထောက်အထားများ ရရှိပါသလဲခင်ဗျာ။ ရွာမြေကို ဘိုးဘွားပိုင်အမည်ပေါက်ဆိုတာ ရှိပါသလားခင်ဗျာ ။ အဲ့ဒါက စာရွက်လားခင်ဗျာ (သို့)မြို့မြေစာရင်းရုံးမှာပဲ ရေးထားတာလားခင်ဗျာ။ ဒါမှမဟုတ် ဘိုးဘွားပိုင်အမည်ပေါက်မဟုတ်သော ရွာတွင်းရှိရွာမြေစစ်စစ်ဆိုတာရော ရှိပါသလားခင်ဗျာ။ရှိလျှင် ထိုကဲ့သို့ ရွာမြေကိုဝယ်လျှင် ဘယ်လိုစာရွက်အထောက်အထားများ ရရှိရန်လိုအပ်ပါသလဲခင်ဗျာ။ ရှုပ်သွားရင်တောင်ပန်ပါတယ်ခင်ဗျာ။ အတိုချုပ်ကတော့ ရွာမြေစစ်စစ်ကိုဝယ်ယူလျှင် ရယူထားရမည့်စာရွက်အထောက်အထား ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။

မေးသူ - ဦးစိန်

ဂရန်​မရှိတဲ့ ရွာ​မြေစစ်​စစ်​ကိုဝယ်​ရင်​ ရွာ​မြေ​ပြေစာရှိတတ်​ပါတယ်​။ ​ပြေစာမှာ​တော့ ရွာ​မြေလို့​ရေးမထားပါဘူး။ ဥယျာဉ်​ခြံ​မြေ "G"​မြေလို့ အင်္ဂလိပ်​လို​ရေးထားတာ ​တွေ့ဘူးပါတယ်​။ များ​သောအားဖြင့်​​တော့ ရွာ​မြေ​တွေမှာ ဘိုး​ဘေးဘီဘင်​ ​နေလာတာ​တောင်​...

ပြင်ဦးလွင်မြို့အနီး က ညောင်နီရွာတွင် ရွာမြေ၀ယ်ယူရန်အတွက် စာရွက်စာတမ်းမေးကြည့်ရာ အရောင်းအ၀ယ် စပ်ဆက်စာချုပ် နှင့် ကျေးရွာလူကြီးအသိအမှတ်ပြုလက်မှတ်ထိုးပေးမည်ပြောပါသည်။ မြေကွက်မှာရွာမြေစစ်သည်ဟုပြောပါသည်။ ဘေးဝန်းကျင်တွင်လည်းအိမ်ခြေများရှိပါသည်။ မြေစာရင်းရုံးက ရွာမြေဟုထောက်ခံပေးလျှင် ၀ယ်လို့ရပါသလားခင်ဗျ။ ခိုင်မာသေချာမှုရှိချင်လျှင် လိုအပ်သည်များကိုသိချင်ပါသည်ခင်ဗျား။ယခင်ပိုင်ရှင် အမည်ပေါက်ရှိခြင်း ၊ မရှိခြင်း တို့လိုအပ်ပါလားခင်ဗျ။ စပ်ဆက်စာချုပ်ပဲရှိတယ်ဟုပြောပါသည် ။

မေးသူ - ကိုနေ

ပြင်​ဦးလွင်​မြို့အနီးက ​ညောင်​နီရွာမှာ ​မြေ၀ယ်​မယ်​ဆိုရင်​ မြို့နယ်​​မြေစာရင်းရုံးလို့ လူတိုင်းသိ​နေကြတဲ့(ယခု လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​ စာရင်းအင်းဦးစီးဋ္ဌာန)မှာ သွားပြီး စုံစမ်းဖို့လိုပါတယ်​။ အဲဒီရုံးက ​ညောင်​နီရွာမှာ...

ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ ။နှစ်ခြောက်ဆယ် ဂရံမြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်း တစ်ခန်းကို ၀ယ်ထားတယ် ဆိုပါစို့။ နှစ်ခြောက်ဆယ်ပြည့်တဲ့ အချိန်မှာ မြေရှင်က အဲဒီ အဆောက်အဦးကို ဖျိုပြီး အသစ်ပြန်ဆောက်လို့ ရပါသလား၊ ရတယ်ဆိုရင် အဲဒီတိုက်ခန်း ၀ယ်ထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မူ့က ဘယ်လိုဖြစ်နိုင်လဲ။ ခင်ဗျာ ကျေးဇူးတင်ပါတယ်။

မေးသူ - ကိုဟန်

အနှစ်​(၆၀) ဂရန်​​မြေ​ပေါ်မှာ ​ဆောက်​ထားတဲ့ တိုက်​ခန်းတစ်​ခုကို "ကိုဟန်​"၀ယ်​ထားရင်​ အဲဒီတိုက်​ခန်း မပြိုမပျက်​မချင်း ပိုင်​ဆိုင်​ခွင့်​ ရှိပါတယ်​။ သဘာဝ​ဘေးနဲ့ ရန်​သူမျိုး ၅ပါး ​ဘေး​ကြောင့်​ ၀ယ်​ထားတဲ့ တိုက်​တစ်​လုံး ပျက်​စီး သွားမှသာ ​မြေရှင်​က...

တစ်ခါ မေးခဲ့ ဖူးသူပါ .. လက်ထဲ မှာ မူရင်းဂရံ မြေပုံ SP အားလုံး ရှိပါတယ်.. မ/ ဒဂုံ ၄၃ ရပ်ကွက် လမ်းသွယ် ပါ ။ အရင် ၃-လ လောက်က မှ သူငယ်ချင်းက အမည်ပြောင်း လုပ်ပြီး အခု အိမ် စ ဆောက်နေပါပြီ .. စာချုပ်ကြီးချုပ် ဖို့ အခွန်ရုံး မှာ ရာဖြတ်တာ မြေ ၃၀၀ နဲ့ အိမ် က ၆၀ သတ်မှတ်ပြီး အခွန်က ၇၅ သိန်း လောက်ကျပါတယ် .. သူ ငွေဖြူ ပြ နိုင်တဲ့ အတွက် တံဆိပ်ခေါင်း ဖိုးပဲ ၁၅ သိန်းခန့် ပေးသွင်းရ ပါတယ် တဲ့ ။ ကျမ အခု ပဲ မ/ဒဂုံ အခွန်ရုံးက ပြန် ရောက်ပါတယ် ၊ အခု ရာဖြတ်တာ ၄၃ ရပ်ကွက် လမ်းသွယ် တွေ အတွက် က ၈၀၀ ကျပ် ပါ တဲ့ ။ ကျမ မြေက ၄၁x၆၀ ပေ မို့ ၈၁၀ သိန်း အိမ်က ၇၀ ကျပ် နဲ့ ရာဖြတ် ပြီး စုစုပေါင်း ၈၈၀ သိန်း အတွက် .. တွက် လိုက်တာ တံဆိပ်ခေါင်း ဖိုး အပါ ဆိုရင် ၃၅၀ သိန်း ကျော်ကျသင့်ပါမယ် တဲ့ ။ ကျမ ဝယ် ခဲ့တာ ၅၇၀ သိန်း ပါ ။ ဖေဖဝါရီ ၂ ရက် က မှပါ ။ ကျမ တော်တော်တုန်လှုပ်သွား ရပါတယ်။ အမည်ပေါက် ပြောင်းပြီး မှ ကျမ မိသားစု နေဖို့ အိမ်ဆောက်ဖို့ နောက် တစ်နှစ် ကျော် လောက်မှဖြစ်နိုင်မှာပါ .. ။ တခြား ရပ်ကွက်လမ်းသွယ် တွေက သိန်း ၃၀၀-၄၀၀ လောက်ပဲ သတ်မှတ် ထားတာပါ ။ ကျမ ဘာဆက်လုပ်ရမယ် မသိလောက်အောင်ပါ ပဲ .. အကြံ ပြု ပေးပါ ဦး ရှင်။ ကျေးဇူးတင်စွာဖြင့်....

မေးသူ - ဒေါ်ကေသွယ်ဦး

ညီမအနေနဲ့ တုန်လှုပ်သွားမယ်ဆိုရင်လည်း တုန်လှုပ်စရာပဲလေ ၄၃ ရပ်ကွက် ချင်းတူပါလျက် ဘာကြောင့်များ ညီမဝယ်တဲ့အခါ မှ ဈေးပိုကြီးသွားရတာလည်း စဉ်းစာစရာပေါ့ သူငယ်ချင်းဝယ်တုန်းက ၁ ကွက်လုံးကို သိန်း ၃၀၀ ပဲသတ်မှတ်တယ် ' မကေသွယ် ' ဝယ်တဲ့အခါကျတော့ ၁ကွက် သိန်း ၈၀၀...

ဒါဘာတိုက်ခန်းတွေ နဲ့ ပထမထပ် အပေါ်က မှန်ခန်းတွေ ကဥပဒေ အရ ပိုင်ဆိုင်ခွင့်ခိုင်မာမှု ရှိသလားလို့ သိချင်ပါတယ်ခင်ဗျား။ နောက်ပြီး တိုက်ခန်း က သဘာဝ ဘေး ကြောင့် ပဲဖြစ်ဖြစ်၊ အခြားကြောင်းကြောင့် ပဲဖြစ်ဖြစ် ပျက်ဆီး သွားလို့ တိုက်သစ် ပြန်ဆောက်ရင် ငွေ ထပ်ပေးရပါသေးလား သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

မေးသူ - ကိုလွင်ဗိုလ်အောင်

ဒါဘာတိုက်​ခန်း​တွေနဲ့ ပထမထပ် ပေါ်က မှန်​ခန်း​တွေအားလုံး ဥပ​ဒေအရ ပိုင်​ဆိုင်​ခွင့်​ ခိုင်​မာမှုရှိပါတယ်​။ ဘာ​ကြောင့်​လဲဆို​တော့ အဲဒီအခန်း ​တွေလည်း အခြားအခန်း​တွေနဲ့ တစ်​ဆက်​တည်း တွဲ​ဆောက်​ထားလို့ပါပဲ။ တရားဝင်​လူ​နေထိုင်​ လို့လည်းရတယ်​။...