အိမ်နှင့်မြေကိုနှစ်ဦးသဘောတူလွှဲပြောင်းရောင်းချပြီး စာချုပ်မှတ်ပုံမတင်မီ စာချုပ်ချုပ်ဆိုသူ ကွယ်လွန် သွားပါက မည်သို့ဆက်လက်ဆောင်ရွက်မလဲ။
အိမ်နှင့်မြေကိုနှစ်ဦးသဘောတူလွှဲပြောင်းရောင်းချပြီး စာချုပ်မှတ်ပုံမတင်မီ စာချုပ်ချုပ်ဆိုသူ ကွယ်လွန် သွားပါက မည်သို့ဆက်လက်ဆောင်ရွက်မလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2021 1:25 pm တွင် တင်ခဲ့သည်
862 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အိမ်နှင့်မြေကိုနှစ်ဦးသဘောတူလွှဲပြောင်းရောင်းချပြီး စာချုပ်မှတ်ပုံမတင်မီ စာချုပ်ချုပ်ဆိုသူကွယ်လွန်သွားပါက ယခင်က ၁၉၀၈ခုနှစ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ပါ ဥပဒေပြဌာန်းချက်အရ ဆောင်ရွက်ကြသော်လည်း ယခုအခါ ၎င်းဥပဒေကို ၂၀၁၈ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉) အဖြစ် ၂၀၁၈ခုနှစ်၊ မတ်လ(၂၀)ရက်နေ့တွင် ပြဌာန်းလိုက်သော ၂၀၁၈စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ၏ ပုဒ်မ - ၈၇ဖြင့် ရုတ်သိမ်းလိုက်ပြီးဖြစ်ပါသည်။ ၂၀၁၈ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပါပြဌာန်းချက်များအရ -
စာချုပ်စာတမ်းမှတ်ပုံမတင်မီ စာချုပ်ချုပ်ဆိုသူကွယ်လွန်သွားပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ အောက်ပါပုဂ္ဂိုလ်တို့က စာချုပ်စာတမ်းများ မှတ်ပုံတင်ခွင့်ရှိသည်-
(က) စာချုပ်ချုပ်ဆိုကြသည့်ပုဂ္ဂိုလ်များ၊ တရားရုံးဒီကရီ သို့မဟုတ် အမိန့်ဖြစ်လျှင် ယင်းဒီကရီ သို့မဟုတ် အမိန့်အရ အကျိုးခံစားခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊
(ခ) ပုဒ်မ ၃၊ ပုဒ်မခွဲ(ဇ)ပါပုဂ္ဂိုလ်များ၊( စာချုပ်ချုပ်ဆိုကြသည့်ပုဂ္ဂိုလ်များမှ လွှဲအပ်ထားသည့်ကိုယ်စား ပြုသူများကိုဆိုလိုသည်။) (ဂ) ပုဒ်မခွဲ(က)ပါပုဂ္ဂိုလ်များက ကိုယ်စားလှယ်အဖြစ် တရားဝင်ဆောင်ရွက်ပေးရန် လက်မှတ်ရေးထိုးလွှဲအပ်ထားသည့် အောက်ပါ ကိုယ်စားလှယ်လွှဲစာရရှိထားသူများ-
(၁) ကိုယ်စားလှယ်လွှဲအပ်သူသည် မြန်မာနိုင်ငံအတွင်း နေထိုင်ပါက လွှဲအပ်သည့် အချိန်တွင် နေထိုင်သည့် ပုဒ်မ၇နှင့်ပုဒ်မ၈ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် ကိုယ်စားလှယ် လွှဲအပ်ကြောင်း လက်မှတ်ရေးထိုး၍ ပုဒ်မ ၇ နှင့် ပုဒ်မ၈ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ်လွှဲစာရရှိထားသူ။
(၂) ကိုယ်စားလှယ်လွှဲသူသည်မြန်မာနိုင်ငံပြင်ပတွင်နေထိုင်၍ ကိုယ်စားလှယ်လွှဲစာကို ပြည်ပ၌ ပြုလုပ်ခဲ့ပြီး လာရောက် မှတ်ပုံတင်ခြင်းဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးတွင်ခန့်အပ်တာဝန် ပေးအပ်ထားသည့်အရာရှိတစ်ဦးဦး၏ထပ်ဆင့်ထောက်ခံချက် သို့မဟုတ်ယင်းအရာရှိ၏ရှေ့တွင် ပြုလုပ်ထားသည့် ကိုယ်စားလှယ်လွှဲစာ ရရှိထားသူ။
၃၁။ (က) စာချုပ်စာတမ်းချုပ်ဆိုသူတို့သည်အားလုံးတစ်ပြိုင်တည်းဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။
(ခ) စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ(က) အရ တင်ပြလာသောစာချုပ်နှင့် စပ်လျဉ်း၍ အောက်ပါတို့ကို စိစစ်ရမည်- (၁) စာချုပ်စာတမ်းချုပ်ဆိုသူတို့သည် စာချုပ်စာတမ်းကိုနှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုခြင်းဟုတ်/ မဟုတ်၊ (၂) စာချုပ်စာတမ်းချုပ်ဆိုသူများသည် ကိုယ်တိုင်လာရောက်မှတ်ပုံတင်ခြင်း ဟုတ်/မဟုတ်၊ (၃)စာချုပ်စာတမ်းမှတ်ပုံတင်သူသည် စာချုပ်စာတမ်းချုပ်ဆိုသူများ၏ ကိုယ်စား သို့မဟုတ် ကိုယ်စားလှယ် လွှဲအပ်ခံရသူများ ဟုတ်/မဟုတ်။ (ဂ) ပုဒ်မခွဲ (က)နှင့်(ခ)တို့ပါ အချက်များသည် ဒီကရီလက်ခံ၊ အမိန့်လက်ခံများနှင့် မသက်ဆိုင်စေရ။
၃၂။ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် အောက်ပါအချက်များ နှင့်ညီညွတ်ပါက စာချုပ်စာတမ်းကိုလက်ခံ၍ မှတ်ပုံတင်ခွင့်ပြုနိုင်သည်- (က) စာချုပ်စာတမ်းမှတ်ပုံတင်သူတို့ကို ကိုယ်တိုင်သိရှိခြင်း သို့မဟုတ် စာချုပ်စာတမ်းချုပ်ဆိုသူများမှာအမှန်ဖြစ်ကြောင်း အခြား တစ်နည်းနည်းဖြင့်သိရှိခြင်း၊
(ခ) စာချုပ်စာတမ်းမှတ်ပုံတင်သူ သို့မဟုတ် စာချုပ်စာတမ်းမှတ်ပုံတင်သူ၏ ကိုယ်စားဆောင်ရွက်သူများ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခံရသူများက စာချုပ်စာတမ်းကို ချုပ်ဆိုကြောင်း ဝန်ခံခြင်း၊ (ဂ) စာချုပ်စာတမ်းချုပ်ဆိုသူကွယ်လွန်၍ ယင်းစာချုပ်စာတမ်းကို တရားရုံး၏ အမိန့်၊ ဒီကရီအရ မှတ်ပုံတင်သွင်းလာခြင်း၊ (ဃ) မည်သည့်စာချုပ်စာတမ်းကိုမဆိုမှတ်ပုံတင်သည့်အခါ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တို့အရ သတ်မှတ်ထားသည့်အခွန်တံဆိပ်ခေါင်းကို လုံလောက်စွာ ကပ်ထားပြီးဖြစ်ခြင်း။ (င) မိမိရှေ့သို့ရောက်ရှိလာသူတို့သည် စာချုပ်စာတမ်းနှင့်သက်ဆိုင်သူများ မှန်ကန်ခြင်းတို့ဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ချုပ်ဆိုနိုင်မည်ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service