အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ... - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2025 10:53 am တွင် တင်ခဲ့သည်
438 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဒီကနေ့မှာတော့ "စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည့်သို့ ဆောင်ရွက်နိုင်ပါသလဲ" ဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေသုံးခုကို ပြည့်စုံစွာ ဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

⚖️မေးခွန်း(၁) - စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည့်သို့ ဆောင်ရွက်နိုင်ပါသလဲ။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ- ၁၆ အရ တန်ဖိုးငွေ(၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ကြေညာခြင်း၊ ဖျက်သိမ်းခြင်း ဆောင်ရွက်သည့်ကိစ္စရပ်များတွင် မဖြစ်မနေ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးပင်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သော အိမ်ခြံ မြေအတွက် မှတ်ပုံတင်ခြင်းဖြစ်ပါက သက်သေခံ မြေပုံနှင့် မြေရာဇဝင်ပါ ပူးတွဲဖော်ပြပြီး ၎င်းပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းပြုရမည်။ တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် အခွန်တံဆိပ်ခေါင်းကိုလဲ ထမ်းဆောင်နိုင်ရမည်။ မှတ်ပုံတင်ရှိခွင့်ရှိသော အိမ်၊ခြံ၊မြေများအား လွှဲပြောင်းရောင်းချ၊ ငှားရမ်းရာတွင် မှတ်ပုံတင်စာချုပ်စာတမ်း ချုပ်ဆိုခြင်း မရှိလျှင် ဆောင်ရွက်ချက်များအားလုံးမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

ထို့ပြင် ပေါင်နှံခြင်းများတွင်လဲ ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံကာ ငွေချေးခြင်း ဆောင်ရွက်သည်မှအပ တန်ဖိုးငွေ (၁)သိန်းနှင့် အထက်ရှိသော ပေါင်နှံခြင်းစာချုပ်ကို မှတ်ပုံတင်ရှိရန် လိုပါသည်။ ငှားရမ်းခြင်းများတွင်လဲ တစ်နှစ်ထက် ပို၍ ငှားရမ်းခြင်း၊ တစ်နှစ်ပြီး တစ်နှစ်ငှားရမ်းခြင်းပြုပါက မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ရမည်။ ကိတ္ထိမသားသမီး မွေးစား ခြင်း စာချုပ်စာတမ်းများအားလဲ မှတ်ပုံတင်ရှိရန် လိုပါသည်။

အထက်ဖော်ပြပါ မှတ်ပုံတင်ခြင်း မဖြစ်မနေဆောင်ရွက်ရန် သတ်မှတ်ထားသည့်စာချုပ်များအား ပုဒ်မ-၂၂အရ ရက် ပေါင်း-၁၂၀ အတွင်း မဖြစ်မနေ မှတ်ပုံတင်ရှိရမည်။ မှတ်ပုံတင်ရန်အတွက် သတ်မှတ်ကာလတွင် နောက်ကျခဲ့ပါက မှတ်ပုံတင်အရာရှိထံ ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြရမည်။ နောက်ကျသည်မှာ ရက်ပေါင်း -(၁၂၀)ထက် မပိုလျှင် ပုဒ်မ-၂၃(ဂ)အရ သတ်မှတ်ဒဏ်ကြေးကို ပေးဆောင်စေပြီး မှတ်ပုံတင်ခြင်းကို ခွင့်ပြုပေးနိုင်ပါသည်။

စာချုပ်တစ်စောင်မှာ ပြည်ပနိုင်ငံအတွင်း ချုပ်ဆိုခြင်းဖြစ်ပါကလဲ နိုင်ငံအတွင်းသို့ ရောက်ရှိပြီး ရက်ပေါင်း-(၁၂၀)အ တွင်း မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ စာချုပ်အား ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက သက်ဆိုင်ရာ နိုင်ငံသံရုံး အရာရှိ၏ ထပ်ဆင့်ထောက်ခံချက်လဲပါရှိရမည်။ အဆိုပါပြည်ပတွင် ချုပ်ဆိုသော စာချုပ်မှာလဲ ရက်ပေါင်း-(၁၂၀)အတွင်း မှတ်ပုံတင်ရန် နောက်ကျပါက ပုဒ်-၂၃(ဂ)ပါအတိုင်း ဒဏ်ကြေးဖြင့် မှတ်ပုံတင်ရှိခွင့်ပြုပါရန် လျှောက်ထားခြင်း ပြုနိုင်ပါ သည်။ ပုဒ်မ- ၆၆ အရ မှတ်ပုံတင်ရန် ငြင်းပယ်ခြင်းခံရပါက တိုင်းဒေသကြီး/ပြည်နယ် အဆင့်ဆင့် မှတ်ပုံတင်အရာရှိထံ အယူခံတင်သွင်းခွင့်လဲ ရှိကြောင်းနှင့် စုံစစ်စစ်ဆေးရေးမှူးမှ စစ်ဆေးမှုလဲပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၂) - နှစ်ဦးတွဲအမည်ပေါက် မြေကွက်အား ခွဲဝေအမည်ပြောင်း၍ ရနိုင်ပါသလား။

မြေငှားဂရန်စာချုပ်များနှင့် ဘိုးဘွားပိုင် (မြေပိုင်မြေ)များတွင် နှစ်ဦးတွဲအမည်ပေါက် (သို့) အများဖြင့် အမည်ပေါက် ချထားပေးသည်များ ရှိပါသည်။ မြေကွက် ခွဲစိတ်ခြင်းများမှာတော့ ခွဲစိတ်မြေကွက်နှင့် ကျန်ရှိမြေကွက်မှာ (၂၀×၆၀)ပေ (၁၂၀၀ )စတုရန်းပေ ပြည့်မှီလျှင် တရားဝင်မြေကွက် ခွဲစိတ်ခြင်းပြုနိုင်ပါသည်။ ခွဲစိတ်မြေပုံ ထွက်ရှိရန်အတွက်အတိုင်းအတာ မြေပုံအရင်ထုတ်ယူရမည်။

တိုင်းတာမြေပုံဖြင့် ခွဲစိတ်မြေပုံထွက်ရှိရန် လျှောက်ထားမှုပြုရမည်။ လမ်းမကြီး အများပိုင်လမ်းမရှိသည့်နေရာများတွင် ကိုယ်ပိုင်လမ်းအသုံးပြုခွင့်ပေးနိုင်ရန် စည်ပင်မှ သတ်မှတ်ပေအတိုင်း မြေချန်လပ်ထားရမည်။

စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှု ဌာနမှ နှစ်သက်တမ်းအပိုင်းအခြားဖြင့် ထုတ်ပေးသော သက်တမ်း မကုန်ဆုံးသော မြေငှားစာချုပ်အား မြေငှားစာချုပ် ဂရန်ခွဲ ထုတ်ပေးနိုင်ပါသည်။

မြေသိမ်းမှတ်ချက်၊ မြေတန်ဖိုးဖြတ်၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်၊ဂရန်စည်းကမ်းပျက် မှတ်ချက်များ ရှိမရှိ ဌာနမှ စစ်ဆေးပြီး အရှုပ်အရှင်းမရှိလျှင် မြေကွက်ခွဲစိတ် အတည်ပြုပုံစံ-(၁)စုံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံ ဌာနမှ ထုတ်ပေးမည်ဖြစ်ပါသည်။ ဌာနမှ သတ်မှတ်ဝန်ဆောင်ခအတိုင်း လျှောက်ထားသူမှ ထမ်းဆောင်ရပါမည်။ ခွဲစိတ်မြေပုံ ထွက်ရှိပြီး နောက်ပိုင်းမှ နှစ်ဦးတွဲအမည်ပေါက်ဂရန်အား တစ်ဦးစီ ဂရန်ထွက်ရှိရန် ဆက်လက်လျှောက်ထားခြင်း ပြုနိုင်မည် ဖြစ်ပါသည်။

ဂရန်ခွဲလျှောက်ထားသည့်အခါ မြေငှားစာချုပ်ဂရန်မူရင်း၊ မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊ မရွှေ့မ ပြောင်းနိုင်သောပစ္စည်းကို ရောင်းကြောင်း လက်မှတ်စာ၊ မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တရားရုံးမှ ချမှတ်သော စီရင်ချက် အမိန့်နှင့် ဒီဂရီရှိလျှင်၊ ဂရန်ခွဲလျှောက်ထားသူ၏ မှတ်ပုံတင်၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) နောက်ဆုံးပေးဆောင်ထားသော မြေငှားခပြေစာ၊ မြေကွက်ခွဲစိတ် အတည်ပြုပုံစံခွင့်ပြုချက်(၁)စုံ၊ မြေကွက်ခွဲစိတ် တိုင်းတာ သည့် မြေပုံ(၁)စောင်တို့ဖြင့် သက်ဆိုင်ရာ မြေစီမံခန့်ခွဲမှု ဌာနတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေး လိုက်ပါသည်။

⚖️မေးခွန်း(၃) - ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ မည်သည့်မြေအမျိုးအစားတွင် ပါဝင်ပါသလဲ။

ပလပ်မြေဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေအရ ယခင်က သီးစားချထားသော မြေဖြစ်သော်လည်း ယခုသီးခြားချထားခြင်းမရှိသလို စိုက်ပျိုးမြေအဖြစ်မှ စွန့်လွှတ်ထားသော မြေကိုဆိုလိုပါသည်။ ထိုမြေမှာ ယခုအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လက်ရှိအသုံးပြုနိုင်ပါသည်။ အဆိုပါ မြေအမျိုးအစားထဲတွင် နိုင်ငံတော်မှ ပလပ်မြေအဖြစ် သတ်မှတ်ထားသော မြေများလဲ ပါဝင်ပါသည်။

မြေရိုင်းနှင့် ပလပ်မြေမှာလဲ ကွာခြားမှုရှိပြီး မြေရိုင်းဆိုသည်မှာ ချုံနွယ်၊သစ်ပင်၊ဝါးပင် ပေါက်ရောက်မှုလဲရှိနိုင်ပြီး မြေမျက်နှာသွင်ပြင်မှာလဲ ညီညာမှုမရှိသည်များလဲ ရှိပါသည်။ မြေရိုင်းအမျိုးအစားမှာ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်မှု မရှိသော မြေသစ်ဖြစ်ကာ တောရိုင်းမြေများ၊ တရားဝင်ပယ်ဖျက်ပြီးဖြစ်သည့် ကြိုးဝိုင်း၊ သစ်တောမြ၊ စားကျက်မြေ၊ အင်း အိုင်မြေတို့လဲ ပါဝင်ပါသည်။

ပလပ်မြေမှာ လယ်ယာမြေအမျိုးအစားနှင့် အကျုံးဝင် သက်ဆိုင်ခြင်းမရှိပါ။ ပလပ်မြေ မြေလွတ်၊မြေရိုင်းအား စီမံခန့်ခွဲရေး ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စီမံအုပ်ချုပ်ပါသည်။ ပလပ်မြေ မြေလွတ်၊မြေလပ်အား အသုံးပြုရန် လျှောက်ထားသူသည် ခွင့်ပြုချက်ရရှိပါက အာမခံကြေးများထားရှိပြီး မြေခွန်အားလဲ နှစ်စဉ်ထမ်းဆောင်ရန်လိုပါသည်။ ပလပ်မြေစနစ် တကျ စီမံခန့်ခွဲနိုင်ရန်အတွက် လုပ်ပိုင်ခွင့် လျှောက်ထားသူများကို ဗဟိုကော်မတီမှ စီစစ်မှုပြုမည်ဖြစ်ကာ သတ်မှတ် ချက်များနှင့် မကိုက်ညီပါက လျှောက်ထားမှုအား ငြင်းပယ်မှု ပြုနိုင်ပါသည်။

ပလပ်မြေများအား အသုံးပြုခွင့်ရရှိသူမှာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တူထုတ်လုပ်ခြင်း လုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့်အခြားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိပါသည်။

ပလပ်မြေများအား စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုလိုပါက ဧက-၅၀၀၀ ထက်မပိုစေဘဲ၊ ဥယျာဉ်ခြံသီးနှံဖြစ်ပါက ဧက-၃၀၀၀ ထက်မပိုစေဘဲ၊ ငါးမွေးမြူရေးလုပ်ငန်းအတွက် ဧက-၁၀၀၀ ထက်မပိုစေဘဲ၊ ကျေးလက် ဒေသ တောင်သူလယ်သမား မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုပါက ဧက-၅၀ထက် မပိုစေဘဲ ဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်ပါသည်။ ပလပ်မြေအား အသုံးပြုခွင့်ရရှိသူသည် မြေအား တဆင့်ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ခွဲစိတ်ခြင်း ဆောင်ရွက်ခွင့်မရှိပါ။ မြေအား သတ်မှတ်လုပ်ငန်းများသာ လုပ်ကိုင်ဆောင်ရွက်နေခြင်းများနှင့် လုပ်ငန်းများ ပြီးစီးမှု အခြေအ နေများအား သတ်မှတ်ချက်များနှင့်အညီ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ရေးသားဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service