မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2025 10:33 am တွင် တင်ခဲ့သည်
495 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မြေလွတ်၊မြေလပ်ဆိုသည်မှာ လယ်ယာမြေ အမျိုးအစားနှင့်တော့ မသက်ဆိုင်ပါ။ ယခင်က သီးစားခံယူ လုပ်ကိုင်ခဲ့ဖူးပြီး စိုက်ပျိုးမြေအဖြစ် အသုံးပြုမှုမရှိတော့သော စွန့်လွှတ်ထားသော မြေကို မြေလွတ်၊မြေလပ်ဟု ခေါ်ဆိုနိုင်ပါသည်။

မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ဝါးပင်၊ ခြံနွယ်တို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မြေအနေအထားမှာလဲ ညီညာသည်ဖြစ်စေ၊ မညီညာသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမှ အသုံးမပြုထားသော တောရိုင်းမြေတို့အပြင် ထိုထဲတွင် တရားဝင်ပယ်ဖျက်မှု မပြုရသေးသော ကြိုးဝိုင်းသစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်မြေများလဲ ပါဝင်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တဆင့်ဗဟိုကော်မတီ တစ်ရပ်ဖွဲ့စည်း၍ စီမံခန့်ခွဲမှုပြုပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ဓာတ်သတ္တူ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် ခွင့်ပြုချက်ပြုနိုင်ပြီး အသုံးပြုခွင့်ရရှိသူများမှာ မြေခွန်အား ထမ်းဆောင်နိုင်ရမည်။

သတ်မှတ်အာမခံ ကြေးအားလဲ ဘဏ်တစ်ခုခုတွင် ကြိုတင်ထားရှိမှုပြုရမည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလဲ ခွင့်ပြုပေးနိုင်ပါသည်။ နိုင်ငံသားများ ဆောင်ရွက်နိုင်မှုမရှိသော လုပ်ငန်းများကိုသာ ဥပဒေပုဒ်မ - ၁၂ အရ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုအတွက် ခွင့်ပြုပေးမည်ဖြစ်ပါသည်။

ပုဒ်မ-၁၀(ခ) အရ တောင်သူမိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုလျှင် ဧက-(၅၀)ထက်မပိုစေဘဲ ခွင့်ပြုချက်ပေးနိုင်ပါသည်။ မြေလွတ်၊ မြေလပ်၊မြေရိုင်းအား စိုက်ပျိုးရေး လုပ်ငန်းအတွက် ခွင့်ပြုခြင်းဖြစ်လျှင် နှစ်(၃၀)ထက် မပိုစေဘဲ ဥပဒေနှင့် သတ်မှတ်လုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်စေပါသည်။ စည်းကမ်းချက်များနှင့် ညီညွတ်လျှင် ထပ်မံ၍ နှစ်(၃၀)ထက်မပိုဘဲ သက်တမ်းတိုးခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွင် သတ်မှတ်စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်ဖြစ်ကာ နည်းဥပဒေ ပုဒ်မ- ၅ အရ (၂)နှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။ အဆိုပါမြေအား တနည်းနည်းဖြင့် လွှဲပြောင်းမှုပြုရန် ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ မြေကွက်ခွဲစိတ် အသုံးပြုခြင်း ဆောင်ရွက်ခွင့်မရှိပါ။ ခွင့်ပြုချက်လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း မပြုနိုင်ပါ။

ဗဟိုကော်မတီအဖွဲ့မှ မြေအား အသုံးပြုခြင်းတွင် စည်းကမ်းချက်များ ချိုးဖောက်ကျုးလွန်ကြောင်းတွေ့ရှိသည်နှင့် မြေအတွက် အာမခံအဖြစ်ပေးအပ်ထားသော ငွေများအား သိမ်းဆည်းမည့်အပြင် မြေအား ပြန်လည်သိမ်းယူခြင်း၊ ဖယ်ရှားခြင်းအား ခံရမည်ဖြစ်ပါသည်။ ပြစ်မှုကျုးလွန်မှုရှိလျှင် ပုဒ်မ-(၃၀)အရ ရဲအရေးပိုင်သော အမှုအဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။

မြေလွတ်မြေရိုင်းမှာ အမှန်တကယ်ခွင့်ပြုချက် လုပ်ငန်းအတိုင်းသာ ဆောင်ရွက်ခွင့်ရှိပြီး ခွင့်ပြုချက်မရှိဘဲဝင်ရောက်လုပ်ကိုင်လျှင်လဲ ပုဒ်မ - ၂၇၉(က)အရ အရေးယူခြင်းဆောင်ရွက်နိုင်ပါသည်။ မိမိနာမည်ဖြင့် မြေအသုံးပြုခွင့်ရရှိရန် ခွင့်ပြုချက်ချထားပေးလျှင် မိမိကိုယ်တိုင်သာ လုပ်ငန်းများဆောင်ရွက်ခွင့်ရှိကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ဖြေဆိုရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service