ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2025 2:12 pm တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ပျားဆိုသည်မှာ လေထဲတွင်ပျံသန်းနိုင်တဲ့ အစုအဖွဲ့နဲ့ စနစ်တကျနေလေ့ရှိတဲ့ အင်းဆက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ပျားမျိုးစိတ် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကာ ပန်းပွင်တဲ့ သစ်ပင်ပေါက်ရောက်ရာ ဒေသအားလုံးမှာ တွေ့နိုင်ပါတယ်။

ပျားတွေကို သဘာဝဆေးဝါးကျွမ်းကျင်ပညာရှင် အဖြစ်တောင်တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားတို့ဖန်တီးထုတ်လုပ်လိုက်တဲ့ ပျားရည်၊ပျားနို့၊ပျားကော်၊ပျားဖယောင်းမှ ပျားဆိပ်အထိ လူသားတို့၏ ကျန်းမာရေးအတွက် များစွာအသုံးဝင်တဲ့အတွက် ကျွမ်းကျင်ပညာရှင်များလို့ တင်စားခေါ်ဝေါ်ကြတာကို လွန်မယ် မထင်ပါ။

လူသားတွေက ရှေးနှစ်ပေါင်းများစွာကတည်းက ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေကို အသုံးပြုခဲ့ကြပါတယ်။ သမိုင်းသုတေသီတွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ ကတည်းက ပျားရည်ကို သုံးစွဲခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်။

ပျားရည်က ဆေးဘက်ဝင်တာကို လူတိုင်းလိုလိုပင် လက်ခံယုံကြည်ကြပါတယ်။ အရွယ်မရွေး လူမျိုးပေါင်းစုံ ကျန်းမာရေးအတွက် သုံးစွဲနေကြတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် ပျားရည်ကို မိမိပတ်ဝန်းကျင်ရှိအရာတွေနဲ့ လွယ်ကူစွာ ရောစပ်သုံးစွဲနိုင်မယ့် ဆေးနည်းများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အစာအိမ်ရောဂါအတွက်

နနွင်းမှုန့်နဲ့ ဖီးကြမ်းငှက်ပျောသီးစိမ်းကို ပါးပါးလှီးပြီး အခြောက်လှန်း အမှုန့်ထောင်းပါ။ ဆတူရောပါ။ ထိုအမှုန့်ကို ပျားရည်နှင့် ဆတူရောပြီး အစာစာပြီးတိုင်းသောက်ပါ။

၂။ မျက်စိအမြင်ကြည်လင်မှု မရှိလျှင်

ပျားရည်သန့်သန့်ကို မျက်စဥ်းခတ်ပေးပါ။မျက်စိအေး၍ ကြည်လင်စေပါသည်။

၃။ မောပန်းလွယ်ပြီး အင်အားချိနဲ့သူများ

ရှောက်ရည်နဲ့ ပျားရည်ကို ရောစပ်သောက်ပါ။(ရေအေးဖြင့်)

၄။ မူးဝေအော့အန်ခရီးပန်းသူများ

ရှောက်ရည်နဲ့ ပျားရည်ကို ရောစပ်သောက်ပါ။(ရေနွေးဖြင့်)

၅။ အအေးမိပါက

နွားနို့ နဲ့ ပျားရည်ကို ရောသောက်ပါ။သံပုရာရည်နဲ့ ပျားရည်ကို စပ်သောက်ပါ။

၆။ ချောင်းဆိုးသော်

သံပုရာသီးနဲ့ ပျားရည် ဆတူရော၍ တစ်နေ့ ၃ကြိမ်သောက် ပါ။ ဆေးပုလဲမြစ်ကိုသွေး၍ ပျားရည်နဲ့ ဆတူရောပြီး တစ်နေ့ ၃ကြိမ်သောက်ပါ။

၇။ မူးဝေခြင်းအမျိုးမျိုးအတွက်

ဧကရာဇ်မြစ်ကို သွေးပြီး ပျားရည်နဲ့ ဆတူရောစပ်၍ တိုက်ပါ။

၈။ ဆီးပူဆီးအောင့်ဖြစ်ပါက

နနွင်းမှုန့်နဲ့ ဆီးဖြူသီးကိုထောင်းပြီး အရည်ညှစ်ကာ ပျားရည်နဲ့ ဆတူစပ်၍သောက်ပါ။

၉။ ဝမ်းဗိုက်နာ၍ အော့အန်နေလျှင်

ဒိန်ချဥ်နဲ့ပျားရည်(သို့) အုန်းနို့နဲ့ ပျားရည် စပ်သောက်ပါ။

၁၀။ ဝမ်းဖောဝမ်းရောင်ဖြစ်လျှင်

သဘော်သီးစိမ်း မီးကျွမ်းဖုတ်ပြီး ၅ကျပ်သား၊ဆားဖုတ်၂ကျပ်သားနှင့် ပျားရည် သင့်ရုံထည့်ပြီး မကြာခဏ လျက်ပေးပါ။

၁၁။ ထိခိုက်ရှနာသွေးထွက်သံယိုဖြစ်ပါက

ပျားရည်ထည့်ပေးပါ။အသားနုတက်ပြီး အနာကျက်မြန်ပါတယ်။

၁၂။ နာတာရှည်အိပ်ရာခင်း အပူလောင်တာဖြစ်ပါက

ပျားရည်လိမ်းပေးပါ။အနာကျက်မြန်ပါတယ်။

၁၃။ အနာအိုအနာဆွေးပုပ်နေပါက

ကံ့ကော်စေ့အဆီနှင့် ပျားရည်လိမ်းပေးပါ။သက်သာပျောက် ကင်းစေပါတယ်။

၁၄။ ရေနွေးပူ၊မီးပူလောင်ပါက

ကွမ်းရွက်ကို မီးအုံ အရည်ညှစ်ပြီး ပျားရည်ဆတူရောကာ အပူလောင်တဲ့ နေရာကိုလိမ်းပေးပါ။

၁၅။ လိပ်ခေါင်းဖြစ်သော်

ဖက်ယားရွက်ကိုပြုတ်ပြီး ပျားရည်နဲ့ ဆတူရောစပ်တိုက်ပေးပါ။

၁၆။ ဖောရောင်နေပါက

တရုတ်စကားမြစ်ကို နုတ်နုတ်စင်းပြီး သုံးခွက် တစ်ခွက်တင်ကျိုပြီး ပျားရည်နှင့် ဆတူစပ်၍သောက်ပါ။

၁၇။ အသည်းဝါရောဂါဖြစ်ပါက

တမာရွက်သတ္တုရည် လက်ဖက်ရည်ဇွန်းတစ်ဝက်အား ပျားရည်ဆတူစပ်၍ နံနက်/ညသောက်ပါ။

၁၈။ နှုတ်မမြိန်ဘဲ အစားပြတ်ခဲ့သော်

နနွင်းမှုန့်နဲ့ ပျားရည်ရောပြီး ဇီးကင်းခန့်လုံးကာ တစ်နေ့ ၄ လုံးစားပေးပါ။

၁၉။ ဆီးဝမ်း လေမှန် အင်အားပြည့်ဖြိုးစေရန်

ငှက်ပျောအူတိုင်ရည်ကို ပျားရည်နဲ့ ဆတူစပ်သောက်ပါ။

၂၀။ စိတ်ပျိုကိုယ်နု လှပသန်စွမ်းစေရန်

သူငှက်နာ ငှက်ပျောကို အခွံနွှာပြီး ပျားရည်မှာ တစ်ညခန့်စိမ်ထားပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

၂၁။ အသားအရေစိုပြေချောမွတ်လိုလျှင်

ပျားရည်နဲ့ ဂလစ်ဆရင်းအလှဆီ ဆတူစပ်၍ လိမ်းပေးပါ။

၂၂။ ကလေးများဉာဏ်ထက်သန် ဖွံ့ဖြိုးစေရန်

မြင်းခွာရွက်သတ္တုရည်နဲ့ ပျားရည် ဆတူရောစပ်တိုက်ပေးပါ။

၂၃။ ကလေးဝမ်းပျက်သော်

ပဲနံသာစေ့နဲ့ နံနံစေ့ အမျှစီ ကြိတ်ပြီးပျားရည်စပ်၍ စားပေးပါ။သရက်စေ့ဆံအမှုန့် ၁ပဲသားကို ပျားရည်အတူစပ်ပြီးတိုက်ပေးပါ။

၂၄။ ကလေးနှာစေးချောင်းဆိုးဖြစ်သော်

ကြိတ်မှန်ရွက်သတ္တုရည် ၂စက်၊ပျားရည် ၁စက် ရောတိုက်ပေးပါ။

ကဲ..ဒါဆိုရင် ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုပုံမျိုးစုံကိုသိကြပြီမို့ အကျိုးရှိရှိအသုံးပြုနိုင်ကြပြီး ရောဂါအပေါင်းမှလည်း ကင်းဝေးကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း ရေးသားသူ-ဦးဇော်(dof)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service