Baby pineapple လေးတွေကို စားသင့်လား

Baby pineapple လေးတွေကို စားသင့်လား - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2021 12:09 pm တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ခုတလော facebookပေါ်မှာ ခေတ်စားနေတဲ့ နာနတ်သီးသေးသေးလေးတွေ အကြောင်း သတိပေးချင်လို့ပါ။ Baby pineapple လို့ ခေါ်တဲ့ ဒီနာနတ်သီးသေးသေးလေးတွေက အခွံပါခွာထားပြီး အလုံးလိုက်လေး၊ တော်တော်ချစ်ဖို့လည်း ကောင်းပါတယ်။ စားဖူးတဲ့သူတဲ့သူတွေကတော့ တော်တော်လေး ချိုတယ်လို့ပြောကြပါတယ်။ ပြဿနာက တချို့တွေက စားပြီးလို့ သိပ်မကြာဘူး။ မူးဝေ အော့အန်ပြီး နေရတာ တစ်မျိုးကြီး ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် ဒီနာနတ်သီးလေးတွေက ဘာပြဿနာများ ရှိနေလို့လဲ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ . . .

Baby pineapple လေးတွေက အဆိပ်သင့်စေသလား။

တကယ်တမ်းပြောရရင် ဒီနာနတ်သီးလေးတွေကို မလေးရှား အပါအဝင် ထိုင်ဝမ်၊ စင်ကာပူနဲ့ တခြား နိုင်ငံတွေမှာ တင်သွင်းရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ အထူးသဖြင့် Dragon fruit လို့ ခေါ်တဲ့ တံဆိပ်ပါ။ အကြောင်းက ဒီနာနတ်သီးတွေမှာ cyclamic acid (cyclamate)လို့ ခေါ်တဲ့ ဓာတုပစ္စည်း ပါနေလို့ပါတဲ့။

Cyclamic acid က ဘာဖြစ်လို့လဲ။

Cyclamic acid ဆိုတာ အလွယ်ပြောရင်တော့ ဆေးသကြားလို ပစ္စည်းမျိုးပေါ့။ အစားအစာတွေကို ချိုစေချင်ရင် သုံးတဲ့ပစ္စည်းပါ။ သာမန် အိမ်သုံးသကြားထက် အဆ ၃၀ကနေ ၆၀အထိ ပိုချိုပါတယ်။ တချို့နိုင်ငံတွေမှာ အသီးခြောက်တွေ၊ အအေးတွေ၊ သကြားအစားထိုးသုံးချင်တယ်ဆိုရင် စိတ်ချရတဲ့ ပမာဏတစ်ခုမှာ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၄၅နိုင်ငံမှာ အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။ စင်ကာပူမှာ ဆိုရင်လည်း အေးခဲထားတဲ့ အသီးတွေမှာ Cyclamic acidကို သုံးဖို့ ခွင့်မပြုထားပါဘူး။ ဒီဓာတုပစ္စည်းတွေပါတဲ့ နာနတ်သီးကို တစ်ထုပ်ခွဲလောက် စားမိတယ်ဆိုရင် ပေါင် ၁၂၀ကျော် (၆၀ ကီလို)ရှိတဲ့ လူတစ်ယောက်ဟာ ကျန်းမာရေး ဆိုးကျိုးတွေ ရလာမှာပါ။

Cyclamic acidရဲ့ ကျန်းမာရေး ဆိုးကျိုးတွေက ဘာတွေလဲ။

Cyclamic acid ကို ပမာဏ များများနဲ့ အချိန်ကြာကြာ စားသုံးမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာ၊ အသည်းပျက်စီးတာ၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ တချို့ လေ့လာချက်တွေမှာလည်း Cyclamic acidက ဆီးအိမ်ကင်ဆာ ဖြစ်စေတယ်လို့လည်း ပြောထားပါတယ်။

Baby pineapple စားမယ့်သူတွေအတွက် သတိပေးချက်

တကယ်တော့ နာနတ်သီးက ပြဿနာ ရှိနေတယ် ဆိုတာထက် သူ့ကို ချိုအောင်ဆိုပြီး လူတွေ ပြုပြင်ပြီး ထည့်ထားတဲ့ Cyclamic acid က ပြဿနာ ရှိနေတာပါ။ စားမယ်ဆိုလည်း သဘာဝသစ်သီးကိုပဲ စားသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်စားမယ့် တံဆိပ်က Cyclamic acid ကင်းရဲ့လား။ FDA ခွင့်ပြုချက် ရပြီးသားလားဆိုတာ စစ်ဆေးပြီးမှ စားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]














Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service