တိုက်ခန်းအရောင်းအဝယ် နှင့်ပက်သက်ပြီးအမျိုးအစား(၃)မျိုး

တိုက်ခန်းအရောင်းအဝယ် နှင့်ပက်သက်ပြီးအမျိုးအစား(၃)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
29 Dec 2020 11:33 am တွင် တင်ခဲ့သည်
1162 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 [Unicode]

တိုက်ခန်းအရောင်းအဝယ်တွင် အဓိကအားဖြင့် သုံးမျိုးရှိပါသည်။ 

(၁)တိုက်ဆောက်လုပ်ခြင်းမပြီးမှီ ပြုလုပ်သော ‘‘ ကြိုပွိုင့်’’ အရောင်းအဝယ်၊ 

(၂) တိုက်ခန်းအပေါင်ထားမှုအတွက် ‘‘ရောင်းပေါင်’’ အရောင်းအဝယ်၊

(၃) ‘‘ပုံမှန်’’အရောင်းအဝယ်တို့ဖြစ်ကြပါသည်။

ဤနေရာတွင် ပုံမှန်အရောင်းအဝယ်ကို ဇောင်းပေးဖော်ပြသွားမည်ဖြစ်ပါသည်။ တိုက်ခန်း၏တည်နေရာနှင့် ပကတိအနေအထားအား ကြိုက်နှစ်သက်သည့်အပြင် ပိုင်ဆိုင်မှုအထောက်အထားများလည်းလက်ခံနိုင်ဖွယ်ရှိပါက ဝယ်လိုသူသည် တိုက်ခန်းရှင်နှင့် တန်ဖိုး(ဈေးနှုန်း)ညှိနှိုင်းရန်သာကျန်ရှိသည်။ ထိုသို့ညှိနှိုင်း၍ နှစ်ဦးနှစ်၀ ကျေနပ်သောတန်ဖိုး(ဈေးနှုန်း)တစ်ခုတွင် အရောင်းအဝယ်ဈေးတည့်သွားပြီဆိုပါက ‘‘ ဆုံမှတ် ’’တစ်ခုသို့ရောက်သည့်သင်္ကေတတစ်ရပ်အဖြစ် ငွေပေးချေစာချုပ် ချုပ်ဆိုရပါမည်။သို့မှသာသဘောတူညီချက် တည်မြဲမည်ဖြစ်ပါသည်။

ငွေပေးချေရာတွင် တစ်ခါတည်းငွေအကြေချေ၍ ပေးချေနိုင်သလိုစရံချ၍ ကျန်ငွေကိုသဘောတူကာလသတ်မှတ်ကာအရစ်ခွဲပြီးပေးချေလေ့ရှိပါသည်။အရစ်ကျအလိုက်ပေးချေတတ်ပါသည်။ စရံချလျှင် စရံပေးစာချုပ်နှင့်အတူပစ္စည်းစာရင်း၊ ရောင်းသူ၏မှတ်ပုံတင်(မူရင်းနှင့်မိတ္တူတိုက်ဆိုင်စစ်ဆေးပြီး) မိတ္တူ၊ တိုက်ခန်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်(မိတ္တူ)၊ ဆက်စပ်စာချုပ် (မိတ္တူ)များနှင့်တကွ အထောက်အထားမိတ္တူများအားလုံးကို ဝယ်ယူသူသို့ ပေးအပ်လေ့ရှိပါသည်။ ဝယ်ယူသူမှ တောင်းခံပိုင်ခွင့်ရှိပါသည်။

ငွေအကြေချေသည့်အခါ အရောင်းအဝယ်စာချုပ်တွင် သက်သေများနှင့်အတူတိုက်မြေပိုင်ရှင်ကိုယ်တိုင် သက်သေပြုလက်မှတ် ရေးထိုးရန်လိုအပ်ပါသည်။သို့မှသာတိုက်ခန်းလခပြေစာကိုမိမိအမည်ဖြင့် ထွက်ရှိမည်ဖြစ်ပါသည်။ လက်မှတ်ရေးထိုးခစရိတ်အဖြစ် ရောင်းသူကမြေရှင်သို့ ကာလသတ်မှတ်ချက်အတိုင်းပေးရပါမည်။ 

စာချုပ်ချုပ်ဆိုပြီးစီးပါကမူလပိုင်ဆိုင်မှုအထောက်အထား (မူရင်း)များနှင့်အတူအခန်းသော့အားဝယ်ယူသူထံလက်ရောက်ပေးအပ်၍ ရောင်းသူကတိုက်ခန်းကိုလွှဲပြောင်းအပ်နှံရပါမည်။တစ်ဆက်တည်းမှာပဲ အရောင်းအဝယ်စာချုပ်မိတ္တူတစ်စောင်ကိုသက်ဆိုင်ရာရပ်ကွက်ကောင်စီသို့ ပေးအပ်ရပါသည်။ဤတွင် တိုက်ခန်းအရောင်းအဝယ်ကိစ္စရပ်တစ်ခု ပြီးမြောက်ပါသည်။

အရောင်းအဝယ်တစ်ခုဆောင်ရွက်ရာတွင် ရောင်းမှားဝယ်မှားမဖြစ်ရေးသည် အထူးအရေးကြီးသောအချက်ဖြစ်ပါသည်။ အိမ်ခြံမြေလောက၌ တိုက်ခန်းအရောင်းအဝယ်ပြုရာတွင် အထူးသဖြင့် ဝယ်သူသည် ဥပဒေအကျိုးဆောင်ရှေ့နေ၊ (သို့) အတွေ့အကြုံရှိပြီးရှေ့နေကဲ့သို့ ဥပဒေသိတတ်နားလည်သူများ၏အကူအညီကိုရယူ၍ ဆောင်ရွက်ရန်လိုအပ်ပါသည်။သို့မှသာမိမိကြိုးစားရှာဖွေထားသောငွေကြေး၊ ချွေးနည်းစာများကုန်ရကျိုးနပ်ပြီးတစ်သက်တာစိတ်အေးရမည်ဖြစ်ကြောင်းကိုစေတနာထားရေးသားလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  သန်းဦး(မဏ္ဍိုင်)၏ အိမ်ခြံမြေဝတ္တုဆောင်းပါးများမှ ကောက်နုတ်ဖော်ပြပါသည်။

 

[Zawgyi]


 















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service