ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2025 10:53 am တွင် တင်ခဲ့သည်
324 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဒီအပတ်အတွက်က အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒီအပတ်လေးမှာတော့ အမေးအများဆုံးအိမ်ခြံမြေဥပဒေအမေးအဖြေ (၃)ခုကို တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

⚖️မေးခွန်း(၁) - ကျမ်းကျိန်လွှာကို ဘယ်လိုနေရာတွေမှာ လိုအပ်လဲ။

ကျမ်းကျိန်လွှာမှာ သက်သေခံဥပဒေပုဒ်မ- ၃ တွင် သက်သေခံ အထောက်အထားစကားရပ်တွင်တော့ အကျုံးမ ဝင်ပါ ဥပဒေအရ အတိအလင်းခွင့်ပြုချက်မှအပ ကျမ်းကျိန်လွှာအား သက်သေအထောက်အထားအဖြစ် လက်မခံပါ။ တရားရုံးမှ သင့်တော်သည့်ကိစ္စရပ်များအတွက်သာ ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြရန် အမိန့်ချမှတ်နိုင်ပြီး တရား ရုံးမှ ခွင့်မပြုပါက ကျမ်းကျိန်လွှာဖြင့် သက်သေထူပြသခွင့်မရှိပါ။

မမှန်မကန် လိမ်လည်ထွက်ဆို၍ ကျမ်းကျိန်လွှာ ပြုလုပ်ခြင်းမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၁၉၃ နှင့် သက်ဆိုင်ကာ ပြစ်မှုကျုးလွန်ခြင်းပင်ဖြစ်ပါသည်။ ကျမ်းကျိန်လွှာဖြင့် သက်သေပြသပြီး အကြောင်းအရာတစ်စုံတစ်ရာနှင့် ဆန့်ကျင်ကွဲလွဲ စွာ ကျမ်းကျိန်ထားလျှင် တရားစွဲဆို အရေးယူခံရမည် သာဖြစ်ပါသည်။

ကျမ်ကျိန်လွှာတစ်စောင် ပြုလုပ်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း - ၁၅၀ အပေါ် အကြောင်းအရာအား ရိုက်နှက် ကာ ကျမ်းသစ္စာအရာရှိရှေ့မှောက်တွင် ပြုလုပ်ရမည်ဖြစ်ပြီး အသိသက်သေနှစ်ဦး လိုအပ်ပါသည်။ ကျမ်းကျိန်လွှာပြုလုပ် မည့်သူသည် မှတ်ပုံတင်မူရင်းနှင့် စာချုပ်စာတမ်း အထောက်များရှိလျှင်လဲ ကျမ်းကျမ်းလွှာနှင့်အတူ တရားရုံးသို့ ပူးတွဲ တင်ပြပေးရန်လိုပါသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများသာ ကျမ်းကျိန်လွှာ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

အိမ်ခြံမြေကိစ္စရပ်များတွင် ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ ပျောက် ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ တရားဝင် ခင်ပွန်း၊ ဇနီး၊ သားသမီး တော်စပ်မှု မှန်ကန် ကြောင်း ကျမ်းကျိန်လွှာ၊ GP/SP ပေးအပ်ထားသူမှာ သက်ရှိထင်ရှားရှိသည်မှာ မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ တင်ပြခြင်းများရှိကာ အကြောင်းအရာပေါ် မူတည်၍ မှန်ကန်သည့်ကိစ္စကိုသာ ကျမ်းကျိန်ဆိုရန် လိုအပ်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်း၊ မေတ္တာဖြင့် ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်း ၊ စွန့်လွှတ်ခြင်းများမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းအနေဖြင့် ကျမ်းကျိန်လွှာဖြင့် တင်ပြနေခြင်းများလဲရှိပါသည်။ ကျမ်းကျိန်လွှာမှာ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမဟုတ်ဘဲ မှန်ကန်သောကိစ္စရပ်အတွက် သက် သေပြခြင်းဖြစ်ပါက ပိုင်ဆိုင်မှုကို ညွှန်ပြနိုင်သော စာရွက်စာတမ်းအထောက်အထားတစ်စောင် ဖြစ်နိုင်ပါသည်။

နိုင်ငံခြားရောက်နေသူတစ်ဦးမှာ ကျမ်းကျိန်လွှာပြုလုပ်လိုလျှင် ၎င်းရောက်ရှိနေသောနိုင်ငံ၏ သံအမတ် (သို့) သံရုံးတာဝန်ခံရှေ့တွင် ကျမ်းကျိန်လွှာပြုလုပ်နိုင်ပါသည်။ ကျမ်းကျိန်လွှာတစ်စောင်အား မှတ်ပုံတင်လိုပါကလဲ (၄)အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကာ (၄)လကျော် မှတ်ပုံတင်ခြင်းမရှိသော ကျမ်းကျိန်လွှာမှာ အထောက်အထားစာရွက်စာတမ်း တစ် စောင် ဖြစ်လာမည်မဟုတ်ပါ။

သက်သေခံပုဒ်မ- ၁၃၆ အရ အမှုများတွင် သက်သေခံချက်တစ်ခုခုအား လက်ခံသင့်မသင့်ဆိုသော အကြောင်းခြင်း ရာမှာ ထင်ရှားခြင်းရှိမရှိသော အချက်ပေါ်မူတည်ပြီး တရားရုံးမှ သုံးသပ်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း(၂) - လက်ထပ်ပွားပစ္စည်းဆိုသည်မှာ အဘယ်နည်း။

လက်ထပ်ပွှားပစ္စည်းဆိုသည်မှာ လင်မယားနှစ်ဦး လက်ထပ်ပြီးချိန်မှ စ၍ ပွားများလာသော ပစ္စည်းကို လက်ထပ်ပွှားပစ္စည်းနှင့် နှစ်ပွှားစုံပစ္စည်းဟု ခေါ်ပါသည်။ လက်ထပ်ပွှားပစ္စည်းတွင် လင်မယားနှစ်ဦးအနက် တစ်ဦး တည်း၏ ကြိုးစား အားထုတ်မှုဖြင့် ဖြစ်ထွန်းလာသော လက်ထပ်ပွှားပစ္စည်းနှင့် တစ်ဦးဘက်မှ အမွေဆက်ခံမှုအရ ခံစားခွင့်ရှိသော အမွေရလက်ထပ်ပွှားပစ္စည်းဟူ၍ နှစ်မျိုးရှိပါသည်။ နှစ်ပွှားစုံပစ္စည်းမှာမှု နှစ်ဦးကြိုးပမ်းမှုဖြင့် ရရှိလာသောပစ္စည်း၊ ပွှားများလာသောပစ္စည်းများကို ခေါ်ပါသည်။

လင်မယား နှစ်ဦးပိုင်ပစ္စည်းမှာ သာမာန် အခြေအနေတွင် အတူပိုင်ဆိုင်ပြီး နှစ်ဦးလုံးနှင့် သက်ဆိုင်ကြခြင်းမျိုးဖြစ် ပါသည်။(ဦးဖေနှင့် ဦးမောင်မောင်ခ၊ ၁၀ ရန်ကုန် ၂၆၁(၂၆၈)- ချစ်တီးကုန်တိုက်နှင့် မောင်သာလှိုင်၊ ၃ ရန်ကုန် ၃၂၂ စုံညီခုံ ) အမွေရ လက်ထပ်ပွှားပစ္စည်းတွင်လဲ တစ်ဦး၏ ပစ္စည်းတွင် တစ်ဦးမှ ခံစားခွင့်ရှိသော်လည်း အမွေရသူမှ (၃)ပုံ(၂)ပုံရရှိကာ ခင်ပွန်း/ဇနီးမှ (၃)ပုံ(၁)ပုံ ရရှိမည်ဖြစ်ပါသည်။

ထို့ကြောင့် ကွာရှင်းမှုပြုလိုလျှင်လဲ ငယ်လင်ငယ်မယားဖြစ်ပါက နှစ်ပါးစုံပစ္စည်းနှင့် လက်ထပ်ပွှားပစ္စည်း များအား ညီတူမျှတူ ခွဲဝေခြင်းပြုနိုင်ပါသည်။ ပါရင်းပစ္စည်းနှင့် လက်ထပ်ပွှားပစ္စည်းမှာ ရောထွေးမှုရှိကာ အိမ်ခြံ မြေအဖြစ် ဝယ်ယူခဲ့ သော်ပစ္စည်းအား ကွာလိုမှုဖြင့် ပစ္စည်းခွဲဝေသည့်အခါ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ်သာ ခွဲဝေမှုပြုမည်ဖြစ်ပါသည်။

နှစ်ဦးသဘောတူ ကွာရှင်းကြခြင်းမဟုတ်ဘဲ တရားဥပဒေတစ်ရပ်ရပ်အရ ပစ္စည်းခွဲဝေရခြင်းမျိုး ဖြစ်ပေါ်ပါက အညီအမျှခွဲဝေပေးရခြင်းမျိုးနှင့် သက်ဆိုင်ခြင်းတော့ မရှိပါ။ အိမ်ထောင်ရေးပြစ်မှုများတွင်တော့ သက်ဆိုင်ရာဥပဒေ အတိုင်းသာ ပစ္စည်းခွဲဝေကြမည်ဖြစ်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

⚖️မေးခွန်း(၃) - ဦးစွာဝယ်ပိုင်ခွင့် ဆိုသည်မှာ အဘယ်နည်း။

အမွေဆိုင်မိသားစုအချင်းချင်းမှာ ပစ္စည်းခွဲဝေခြင်းများပြုရာ၌ ဦးစွာဝယ်ယူနိုင်သည့်အခွင့်အရေး ရရှိပါသည်။ အခြားသူတစ်ဦးတစ်ယောက်အား ခွဲဝေပြီးသော အမွေဝေစုကို ရောင်းချခြင်းမပြုမီ အမွေဆိုင်မှာ ဘိုး ဘွား အစဉ်အဆက် ပိုင်ဆိုင်လာသော ပစ္စည်းအပေါ်၌ ဦးစွာဝယ်ယူနိုင်ပါသည်။

အမွေခွဲမှုများ ပြုရာတွင် ခုနှိမ်၍ အမွေပစ္စည်းအား ဝယ်ယူခြင်းပြုရန် တောင်းဆိုနိုင်ပြီး ဘိုးဘွား အစဉ်အဆက် အမွေ အနှစ်ပစ္စည်းအား လက်ဆင့်ကမ်း ထားရှိနိုင်ရန် ရည်ရွယ်၍ မြန်မာဓလေ့ထုံးဥပဒေအရ ဦးစွာဝယ်ယူခွင့် အခွင့် အရေးပေးခြင်းပင်ဖြစ်ပါသည်။

ဦးစွာ ဝယ်ယူနိုင်သည့် အခွင့်အရေးကို အမွေဆိုင်များမှ ငြင်းဆိုကြပြီးဖြစ်ပါက သူစိမ်းအား ရောင်းချမှုပြုရာတွင် ထပ်မံအသိပေး ရောင်းချရန် မလိုတော့ပါ။ သို့သော် ကျန်ရှိနေသေးသော ပစ္စည်းတစ်စုံတစ်ရာအား အမွေဆိုင်များအား ဝယ်ယူရန် အသိမပေးဘဲ အသစ်ထပ်မံ ရောင်းချမှုပြုလျှင် ၎င်းအမွေဆိုင်များမှ ကန့်ကွက်ခြင်း ပြုနိုင်ပါသည်။

ဖခင်ဖြစ်သူ သေဆုံး၍ မိခင်မှ အမွေပစ္စည်းအား ရောင်းချခြင်းမှာ သား/သမီးများမှာ ဦးစွာ ဝယ်ယူနိုင်သည့် အခွင့်အရေး မရရှိနိုင်သေးပါ။ အကြောင်းမှာ မိခင်ထံတွင်သာ အမွေပစ္စည်းမှာ ဆက်ခံခွင့်ရရှိပြီး သားသမီးများမှာ မိခင်နှင့် အမွေဆိုင်တန်းတူ အခွင့်အရေး မရှိ၍ ဖြစ်ပါသည်။ မိခင်မရှိသည့်နောက်ပိုင်းမှာ သားသမီးများ အချင်းချင်း အမွေဆိုင်များ ဖြစ်လာကြမည်ဖြစ်ပါသည်။

အမွေအား မခွဲမပေးလိုက်မီအချိန်တွင် ဦးစွာ ဝယ်ယူလိုသူအမွေဆိုင်မှ ထိုအခွင့်အရေးအား စတင် တောင်းဆိုမှု အသုံးပြုရမည်ဖြစ်ပါသည်။ ထို့ပြင် သူစိမ်းအား ရောင်းချသည်ကို မသိရှိပါက ဦးစွာဝယ်ယူလိုသည့် အမွေဆိုင်မှာ ကာလစည်းကမ်းသတ်(၁)နှစ်အတွင်း ထိုအခွင့်အရေးကို တောင်းဆိုမှုပြုနိုင်ပါသေးသည်။ ဦးစွာဝယ်ယူနိုင်သည့် အခွင့်အ ရေးမပေးဘဲ သူစိမ်းအား လွှဲပြောင်းရောင်းချသည့် အရောင်းအဝယ်အား အမွေဆိုင်တစ်ဦးမှ (၁)နစ်အတွင်း ပယ်ဖျက် ခွင့်ရှိကြောင်း ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service