နံနံပင်အမြစ် စားလို့ရလား … ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်အမြစ် စားလို့ရလား … ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
13 Dec 2020 12:39 pm တွင် တင်ခဲ့သည်
11664 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode] နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး အမြစ်ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။

တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

နံနံပင်ရဲ့ အမြစ် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲ…………

နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။

နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နံနံပင်အမြစ်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။

နံနံပင်အမြစ်မှာပါတဲ့ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးက အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့ salmonella လို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။

နံနံပင် အမြစ်ကလည်း နံနံပင်အရွက်နည်းတူ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓာတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့ free radicalတွေကို ဟန့်တားပေးပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တယ်။

နံနံပင်အမြစ်ရဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေထဲက တစ်ခုက ကင်ဆာတိုက်ဖျက်နိုင်တာပါ။ နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် C နဲ့ ဗီတာမင် E၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့က ကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။

အရေပြား ကျန်းမာစေတယ်။

နံနံပင် အမြစ်က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။

နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှင်းခူ နဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

နံနံပင် အမြစ်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။ နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

နံနံပင်မှာပါတဲ့ Cineole၊ Borneol၊ Limonene နဲ့ Alpha-pinene ဒြပ်ပေါင်းတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။beta-phelandrene ကဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ နံနံပင်ပင်မှာ မအီမသာဖြစ်တာနဲ့အော့အန်တာကိုသက်သာစေနိုင်ပါတယ်။

အစာကြေစေနိုင်တယ်။

နံနံပင်အမြစ်ကို ဟင်းတွေထဲမှာ ထည့်ချက်မယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အစာကြေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ ခံတွင်းမြိန်စေပြီး အစာကြေစေဖို့ဆိုရင် နံနံပင် အမြစ်ကို အသုံးပြုလို့ရပါတယ်။

ဒါတွေအပြင် နံနံပင်အမြစ်က နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး လေဒီလေးတွေ လစဉ် ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါသေးတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]













အရေပြား ကျန်းမာစေတယ်။






အစာကြေစေနိုင်တယ်။






Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service