ရောဂါပိုးကင်းတဲ့ သန့်စင်ခန်းဖြစ်အောင် ဘယ်လိုတွေ လုပ်နိုင်လဲ
ရောဂါပိုးကင်းတဲ့ သန့်စင်ခန်းဖြစ်အောင် ဘယ်လိုတွေ လုပ်နိုင်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2020 4:38 pm တွင် တင်ခဲ့သည်
1178 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
သန့်စင်ခန်းထဲမှာ ရောဂါပိုးမွှားပေါင်းစုံဟာ နေရာအနှံ့ ပျံ့နှံ့နေပါတယ်။ ဘက်တီးရီးယားတွေ မှိုတွေစုံလို့ပေါ့။ သန့်စင်ခန်းထဲ နေ့တိုင်းဝင်နေတဲ့ လူတွေရဲ့ခန္ဓာကိုယ်မှာလည်း ရောဂါပိုးတွေက ကပ်ညိနေနိုင်ပါတယ်။ ဒါဆို ဒီလောက် မသန့်ရှင်းတဲ့နေရာကို ဘယ်လိုသန့်ရှင်းရေး လုပ်ကြမလဲ။
သန်စင်ခန်းကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင်
သန့်စင်ခန်းထဲရှိတဲ့ ရောဂါပိုးတွေဟာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်တွေထက်တောင် ပိုများပါတယ်တဲ့။ လူတွေဟာ ရောဂါပိုးတွေကို ရှောင်ချင်လို့ မရပါဘူး။ တချို့ ပိုးမွှားတွေက လူကိုအန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ သင့်ကိုအန္တရာယ်ပြုမယ့် ပိုးမွှားတွေက သန့်စင်ခန်းထဲမှာ လှည့်လည် ချောင်းမြောင်းနေပါတယ်။
သူတို့တွေကတော့-
၁။ အစာအိမ်ကို ဒုက္ခပေးမယ့် ဗိုင်းရပ်ပိုးမွှားများ
သူတို့တွေက အိမ်သာရဲ့ဖင်ထိုင်ခုံပေါ်မှာ နေတတ်ပါတယ်။ သူတို့က မျက်နှာပြင်ပေါ်မှာ ၁ ပတ်လောက်ထိ နေနိုင်တဲ့အတွက် ကူးစက်လွယ်ပါတယ်။
၂။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော ရောဂါပိုးမွှားများ
မသန့်ရှင်းတဲ့အစာတွေစားမိရင် ဝမ်းထဲမှာပါရောဂါပိုးတွေ ပါလာပြီး တခြားသူတွေကိုပါ ကူးစက်နိုင်ပါတယ်။ E.coli ၊ Salmonella ၊ Shigella ၊ Campylobacter စတဲ့အကောင်တွေဟာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောကိုဖြစ်စေပြီး ဝမ်းထဲမှာ သွေးပါတတ်ပါတယ်။ ကလေးငယ်တွေကို အသက်အန္တရာယ် ဆုံးရှုံးစေတဲ့အထိ ဖြစ်နိုင်ပါတယ်။
၃။ အရေပြားနှင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးသော ဘက်တီးရီးယားပိုးမွှားမျာ
၄။ အရေပြားမှို
သန့်စင်ခန်းထဲဖိနပ်မပါပဲသွားရင် ဒီအကောင်တွေ ကပ်ပါတတ်ပါတယ်။
၅။ ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်ခြင်းကိုဖြစ်စေတတ်သော ရောဂါပိုးမွှားများ စတာတွေ ဖြစ်ပါတယ်။
သန့်စင်ခန်းကိုသာ ပုံမှန်သန့်ရှင်းရေးလုပ်ရင် ရောဂါပိုးအန္တရာယ် လျော့ကျနိုင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးပါ ထပ်ပေါင်းထည့်ရင် သင့်ကိုဖျားနာစေမယ့် အန္တရာယ်မှ ကင်းဝေးစေမှာပါ။
သန့်စင်ခန်းသန့်ရှင်းရေးအတွက် စည်းမျဉ်းတွေကို လိုက်နာရင်၊ သန့်စင်ခန်းသုံးပြီးတိုင်း သန့်ရှင်းရေးပြုလုပ်ရင် ဒီရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြေနည်းပါးမှာပါ။ ဒါဆို ဘယ်လို သန့်ရှင်းရေးလုပ်သင့်သလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။
ဘယ်လိုနည်းနဲ့ သန့်ရှင်းရေး လုပ်ကြမလဲ
* ပုံမှန်သန့်ရှင်းပါ။ သန့်ရှင်းပါဆိုတဲ့စကားလုံးက ကြမ်းပြင်တွေ၊ နံရံတွေ၊ အိမ်သာအိုးတွေ၊ သန့်စင်ခန်းထဲ ရှိသမျှ မျက်နှာပြင်အားလုံးကို သန့်ရှင်းပါလို့ ဆိုလိုပါတယ်။ တစ်ပတ်တစ်ခါတော့
* သန့်ရှင်းရေး လုပ်သင့်ပါတယ်။ သင့်မှာ (သို့) သင့် မိသားစုမှာ (သို့) အိမ်အလည်လာတဲ့သူတွေမှာ ဖျားနာနေတဲ့သူတွေ ရှိရင် ပိုပြီးသန့်ရှင်းရေးလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ မှန်ကန်တဲ့ သန့်စင်ဆေးရည်ကိုသာ ရွေးချယ်သင့်ပါတယ်။ တွေ့ကရာ ဆပ်ပြာမှုန့်နဲ့ သန့်ရှင်းတာမျိုး မလုပ်သင့်ပါဘူး။
* အိမ်သာခွက်ကို အဓိကထား သန့်ရှင်းရေးလုပ်ပါ။ အိမ်သာခွက်ဟာ တခြားသောနေရာတွေထက် ရောဂါပိုးများ ပိုမိုပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် ဆေးကြောမယ်ဆို သေချာတိုက်ချွတ် ဆေးကြောပါ။
* ရေချိုးခန်း နံရံတွေနဲ့ ကြမ်းပြင်တွေကို မှိုတွေ၊ ရေညှိတွေမတက်အောင် ပုံမှန်ဆေးကြောပါ။ ရေချိုးခန်းလိုက်ကာတွေကိုလည်း ၃ – ၆ လ တစ်ခါလောက် လဲပေးပါ။
အညစ်အကြေး တစ်ခုခု ပေကျံခဲ့ရင် စပရေးဘူးလေးထဲ ဆပ်ပြာရည်ထည့်ပြီး ပေတဲ့နေရာကိုပဲ ဖြန်းပြီး သန့်စင်ပေးပါ။
* သုံးပြီးသား ဖော့တွေကို နောက်တစ်ခေါက်ပြန်မသုံးပါနဲ့။ ဈေးပေါပြီး တစ်ခါသုံးဖော့တွေကိုသာ ဝယ်သုံးပါ။ သုံးပြီးသား ဖော့တွေမှာ ပိုးမွှားတွေ ကပ်ညိနေပြီး ပြန်သုံးတဲ့အခါ ရောဂါပိုးကမျက်နှာပြင်တွေမှာ ပြန်ပြီးကပ်ညိနေနိုင်ပါတယ်။ သန့်စင်ခန်းကိုပဲ သန့်ရှင်းရေးလုပ်နေလို့ မလုံလောက်ပါဘူး။ တစ်က်ိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့လည်း လိုအပ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင်-
အိမ်သာတက်ပြီးတိုင်း၊ သွားမတိုက်ခင်တိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးကြောပါ။
ရေဆွဲချမယ်ဆိုရင် အိမ်သာဖုံးကိုပိတ်ပြီးမှ ဆွဲချပါ။
သင် နေမကောင်းစဉ်က အသုံးပြုခဲ့သော သွားပွတ်တံကို ဆက်မသုံးပါနှင့်။
အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင် သင်ရော သင့်မိသားစုပါ ရောဂါပိုးကင်းစင်တဲ့ ပျော်ရွှင်စရာဘဝလေးကို ရရှိပ်ိုင်ဆိုင်နိုင်မှာပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: KKMM
[Zawgyi]
သူတို့တွေကတော့-
၃။ အရေပြားနှင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးသော ဘက်တီးရီးယားပိုးမွှားများ
၎။ အရေပြားမှို
အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင် သင်ရော သင့်မိသားစုပါ ရောဂါပိုးကင်းစင်တဲ့ ပျော်ရွှင်စရာဘဝလေးကို ရရှိပိုင်ဆိုင်နိုင်မှာပါ။
Credit: KKMM
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service