သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး

သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး - Property Knowledge in Myanmar from iMyanmarHouse.com
26 Oct 2020 11:51 am တွင် တင်ခဲ့သည်
4290 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ထမင်းစားတိုင်း တို့စရာ သခွားသီးမပါရင် မစားတတ်တဲ့သူတွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ဖြစ်မှာပါ။ အလှအပအတွက်သာမက ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်ကိုပါ သခွားသီးက ဘယ်လိုအကျိုးပြုနိုင်လဲဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားပါမယ်။

သခွားသီးမှာ ပါတဲ့အာဟာရဓါတ်တွေ

ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓါတွင်း ရေဓါတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓါတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

သခွားသီးမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။ နှလုံး၊ အဆုတ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ် ဖောက်လွှဲဖောက်ပြန် မဖြစ်စေဖို့ ကူညီပေးတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးတယ်။

ကိုယ်တွင်းအပူချိန် သဟဇာတဖြစ်ဖို့၊ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ပေးဖို့ ရေဓါတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ၉၆ ရာခိုင်နှုန်းသော ရေဓါတ်ပါဝင်တဲ့ သခွားသီးဟာ ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး ဆီးရွှင်စေတယ်။ ကလေးတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။

သခွားသီးက ကိုယ်အလေးချိန်ကို ကျစေနိုင်လား။

ကယ်လိုရီနဲ့ အဆီဓါတ်ပါဝင်မှုနည်းလို့ များများစားလည်း ကိုယ်အလေးချိန်ကို မတက်စေပါဘူး။ ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေသူတွေ၊ Gym မှာ အပြင်းအထန်ကစားပြီး ချွေးထွက်သွားတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို သခွားသီးနဲ့ အစားထိုးဖြည့်ပေးလို့ ရပါတယ်။ နေ့လည်နေ့ခင်း ဒါမှမဟုတ် ထမင်းစားတဲ့အချိန် အစာကြေလွယ်စေဖို့ သခွားသီးကို ဆလတ်နဲ့ သံပရာရည်ညှစ်ပြီး သုတ်တာ၊ ပေါင်မုန့်၊ ထမင်းနဲ့ တွဲစားလို့လည်း ရသလို အစိမ်းစားလို့လည်း အဆင်ပြေစေပါတယ်။

တခြားဘာအတွက်ရော ကောင်းသေးလဲ။

သခွားသီးဟာ သွေးတွင်းသကြားဓါတ်ကို ကျစေလို့ ဆီးချိုရောဂါ ရှိသူတွေအတွက်လည်း စားလို့ အဆင်ပြေစေပါတယ်။ အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်မှုများလို့ အစာကြေစေပြီး ဆီးနဲ့ဝမ်းကို မှန်စေတယ်။ ရေဓါတ်ကြောင့် ဝမ်းအမာတွေ မဖြစ်စေဖို့၊ ဝမ်းမချုပ်စေဖို့ ကူညီပေးတယ်။

အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ဒီလိုဘက်စုံ အသုံးဝင်တဲ့ သခွားသီးကို အစိမ်းလိုက်ပဲ စားမလား၊ ထမင်းနဲ့ပဲ ရောစားမလား၊ ပါးပါးလေးလှီးပြီး မျက်နှာမှာပဲ ကပ်မလား၊ လိုသလို အသုံးပြုလို့ ရတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

သခြားသီးကေပးတဲ့ အာဟာရတန္ဖိုး

ထမင္းစားတိုင္း တို႔စရာ သခြားသီးမပါရင္ မစားတတ္တဲ့သူေတြ႐ွိလား။ ဒါဆိုရင္ ဒီေဆာင္းပါးက သင့္အတြက္ျဖစ္မွာပါ။ အလွအပအတြက္သာမက ကိုယ္ခႏၶါနဲ႔ က်န္းမာေရးအတြက္ကိုပါ သခြားသီးက ဘယ္လိုအက်ိဳးျပဳႏိုင္လဲဆိုတဲ့အေၾကာင္းကို ႐ွင္းျပေပးသြားပါမယ္။

သခြားသီးမွာ ပါတဲ့အာဟာရဓါတ္ေတြ

ကစီဓါတ္၊ အသားဓါတ္၊ အမွ်င္ဓါတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ မဂၢနီဆီယမ္ဓါတ္၊ ပိုတက္စီယမ္ဓါတ္ ႂကြယ္ဝတယ္။ ကယ္လိုရီနဲ႔ အဆီဓါတ္အလြန္နည္းလို႔ ကိုယ္အေလးခ်ိန္ကို မတက္ေစသလို ဝိတ္ခ်ခ်င္သူေတြအတြက္လည္း အဆင္ေျပေစပါတယ္။ ေရဓါတ္ပမာဏ ၉၆ ရာခိုင္ႏႈန္း ပါဝင္လို႔ ကိုယ္ခႏၶါတြင္း ေရဓါတ္ျဖည့္ေပးႏိုင္တယ္။ သခြားသီးရဲ႕ အာဟာရဓါတ္ေတြ အျပည့္အဝရ႐ွိဖို႔ အခြံမခြာဘဲ စားေပးရပါမယ္။

ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြ

သခြားသီးမွာ ပါဝင္တဲ့ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြဟာ ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တယ္။ ႏွလုံး၊ အဆုတ္ကို က်န္းမာေစၿပီး ကိုယ္ခံအားစနစ္ ေဖာက္လႊဲေဖာက္ျပန္ မျဖစ္ေစဖို႔ ကူညီေပးတယ္။ ခုခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး က်န္းမာေစတယ္။ ကိုယ္တြင္းအဂၤါေတြကို ဒုကၡေပးႏိုင္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။

ေရဓါတ္ခမ္းေျခာက္ျခင္းကို ကာကြယ္ေပးတယ္။

ကိုယ္တြင္းအပူခ်ိန္ သဟဇာတျဖစ္ဖို႔၊ အညစ္အေၾကးနဲ႔ အဆိပ္အေတာက္ေတြကို ဆီးအျဖစ္ အျပင္ကို စြန္႔ထုတ္ေပးဖို႔ ေရဓါတ္က မ႐ွိမျဖစ္လိုအပ္ပါတယ္။ ၉၆ ရာခိုင္ႏႈန္းေသာ ေရဓါတ္ပါဝင္တဲ့ သခြားသီးဟာ ကိုယ္တြင္း ေရဓါတ္ခမ္းေျခာက္ျခင္းကို ကာကြယ္ေပးၿပီး ဆီး႐ႊင္ေစတယ္။ ကေလးေတြအတြက္လည္း အစာစားခ်င္စိတ္ကို ျဖစ္ေစႏိုင္ပါတယ္။

သခြားသီးက ကိုယ္အေလးခ်ိန္ကို က်ေစႏိုင္လား။

ကယ္လိုရီနဲ႔ အဆီဓါတ္ပါဝင္မႈနည္းလို႔ မ်ားမ်ားစားလည္း ကိုယ္အေလးခ်ိန္ကို မတက္ေစပါဘူး။ ကိုယ္အေလးခ်ိန္ ခ်ဖို႔ ႀကိဳးစားေနသူေတြ၊ Gym မွာ အျပင္းအထန္ကစားၿပီး ေခြၽးထြက္သြားတဲ့အခါ ဆုံး႐ႈံးသြားတဲ့ ေရဓါတ္ကို သခြားသီးနဲ႔ အစားထိုးျဖည့္ေပးလို႔ ရပါတယ္။ ေန႔လည္ေန႔ခင္း ဒါမွမဟုတ္ ထမင္းစားတဲ့အခ်ိန္ အစာေၾကလြယ္ေစဖို႔ သခြားသီးကို ဆလတ္နဲ႔ သံပရာရည္ညႇစ္ၿပီး သုတ္တာ၊ ေပါင္မုန္႔၊ ထမင္းနဲ႔ တြဲစားလို႔လည္း ရသလို အစိမ္းစားလို႔လည္း အဆင္ေျပေစပါတယ္။

တျခားဘာအတြက္ေရာ ေကာင္းေသးလဲ။

သခြားသီးဟာ ေသြးတြင္းသၾကားဓါတ္ကို က်ေစလို႔ ဆီးခ်ိဳေရာဂါ ႐ွိသူေတြအတြက္လည္း စားလို႔ အဆင္ေျပေစပါတယ္။ အမွ်င္ဓါတ္နဲ႔ ေရဓါတ္ပါဝင္မႈမ်ားလို႔ အစာေၾကေစၿပီး ဆီးနဲ႔ဝမ္းကို မွန္ေစတယ္။ ေရဓါတ္ေၾကာင့္ ဝမ္းအမာေတြ မျဖစ္ေစဖို႔၊ ဝမ္းမခ်ဳပ္ေစဖို႔ ကူညီေပးတယ္။

အသားအေရကို ေအးျမေစၿပီး ဘက္တီးရီးယားပိုးမႊားေတြကို ေသေစလို႔ အေရျပားအလွအပ ထိန္းသိမ္းတဲ့ေနရာမွာလည္း သခြားသီးကို အသုံးမ်ားလာၾကပါတယ္။ ဝက္ျခံနဲ႔ အဖုအပိမ့္ေတြ၊ ေခြၽးေပါက္က်ယ္တာကို သက္သာေစၿပီး ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမပ်က္စီးေစဖို႔ အစိုဓါတ္ထိန္းၿပီး ကာကြယ္ေပးႏိုင္ပါတယ္။

ကဲ ဒီလိုဘက္စုံ အသုံးဝင္တဲ့ သခြားသီးကို အစိမ္းလိုက္ပဲ စားမလား၊ ထမင္းနဲ႔ပဲ ေရာစားမလား၊ ပါးပါးေလးလွီးၿပီး မ်က္ႏွာမွာပဲ ကပ္မလား၊ လိုသလို အသုံးျပဳလို႔ ရတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service