နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ
နေအိမ်သစ်မှာ နေထိုင်မယ့်သူတွေအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ သိထားသင့်စရာများ - Property Knowledge in Myanmar from iMyanmarHouse.com
12 Sep 2020 12:37 pm တွင် တင်ခဲ့သည်
1172 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ကဲ စာဖတ်ပရိသတ်တို့ရေ ... လာမယ့်လအနည်းငယ်ဆိုပဲ ဝါလကင်း လွတ် သီတင်းကျွတ်ကို ရောက်တော့မယ် ဆိုတော့ မင်္ဂလာရက်မြတ်မှာ လက်ထပ်မှု ပြုကြမယ့်သူတွေ၊ အိုးသစ်၊ အိမ်သစ်နဲ့ နေထိုင်ကြ မယ့်သူတွေ၊ နေရာထိုင်ခင်း အသစ်မှာ ပြောင်းရွှေ့နေထိုင်ကြမယ့် သူတွေအများအပြားရှိနေကြမှာပါ။ ဝါတွင်းသုံးလတာကာလမှာ နေရာဟောင်း၊ အိုး အိမ်အဟောင်းမှာ နေထိုင်ပြီးတဲ့နောက် ဝါကျွတ်ချိန် ရောက်တဲ့အခါ အိမ်သစ်နေရာ သစ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ ရှိလာ တတ်ကြပါတယ်။
တကယ်လို့ သင့်အနေနဲ့ အိုးသစ် အိမ်သစ်ကို ပြောင်းရွှေ့ကြတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပြောင်းရွှေ့ နေထိုင်လာပြီးနောက်မှာ ဘယ်လိုမျိုးပြင် ဆင်မှုတွေ ပြုလုပ်ရမလဲဆိုတဲ့ အချက် တွေက သိပ်ကို အရေးကြီးပါတယ်။ နေရာ ထိုင်ခင်းအသစ်မှာ မနေထိုင်ခင်ကတည်း က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့် သလို၊ နေထိုင်နေစဉ်အချိန်မှာလည်း အိမ်သစ်အတွက် အသင့်တော်ဆုံး ပြင်ဆင် မှုတွေ ဘယ်လို ပြုလုပ်သင့်တယ်ဆိုတာ သိထား သင့်ပါတယ်။ ဒီတော့လာမယ့် ဝါကျွတ်အချိန်အခါသမယမှာ အိုးသစ် အိမ်သစ်မှာ နေထိုင်တော့မယ့် မိသားစု တွေ၊ ကြင်စဦး ဇနီးမောင်နှံတွေအတွက် မှတ်ထား သင့်စရာ နည်းလမ်းကောင်းတွေ ဝေမျှ ပေးလိုက်ပါတယ်။
အိမ်တစ်အိမ်ရဲ့ အဓိကအကျဆုံး ကတော့ လုံခြုံမှုတံခါးတွေပါပဲ။ အရင်အိမ် အဟောင်းပဲဖြစ်ဖြစ်၊ အိမ်အသစ်ပဲဖြစ် ဖြစ်၊ တပ်ဆင်ထားတဲ့ တံခါးတွေ၊ တံခါး လော့ခ်တွေကို အသစ်ပြောင်းလဲတပ် ဆင် လိုက်ပါ။ အဝင်တံခါးမကြီး၊ နောက် ဖေးဘက်တံခါးတွေ၊ ခြံတံခါးတွေမှာ ခတ်ထားတဲ့ လုံခြုံရေး သော့ခလောက်တွေကို မိမိတို့ မိသားစုဝင်တွေသာ သိထားတဲ့ လုံခြုံရေးသော့တွေ၊ သော့ဂဏန်းအသစ် တွေကိုသာ အသုံးပြုသင့်ပါတယ်။
အရေးပေါ်မီးတွေ၊ ခေါင်းလောင်း တွေ၊ အချက်ပေးခလုတ်မီးတွေကို လဲလှယ် ပါ။ တော်သင့်ရုံအသုံးပြုတတ်ကြလို့ ဘက် ထရီအသစ်ပြန်လဲလှယ်ဖို့ သတိမထားမိတဲ့ ဒီလိုအရေးပေါ် အချက်ပေးခေါင်းလောင်း တွေရဲ့ အားသွင်းစနစ်တွေကို အသစ်လဲ လှယ်ပေးပါ။ မတော်တဆမှု မဖြစ်အောင် နဲ့ ကြိုတင်သတိထားပြင်ဆင်ခြင်းက အကောင်းဆုံးပါပဲ။ ရုတ်တရက် ဖြစ်ပေါ်လာ တဲ့ အခြေအနေကို ကြိုမသိနိုင်တာကြောင့် ဒီလိုမျိုးအရေးပေါ် အချက်ပြခလုတ်တွေ ကို အသစ်ပြင်ဆင်အသုံးပြုသင့် ပါတယ်။
လျှပ်စစ်မီးအသုံးပြုမှုစနစ်တွေကို စစ်ဆေးပါ။ အသစ်လဲလှယ် လိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ဝါယာကြိုးတွေ၊ မီးလုံး၊ မီးချောင်းတွေ၊ မီးချောင်းချုပ်တွေ၊ မီး ခလုတ်တွေ၊ ပါဝါဘရိတ်တွေ၊ မော်တာ၊ မီးဘောက်စ် တွေ အစရှိတဲ့ တစ်အိမ်လုံးစာ အသုံးပြုမယ့် မီးအားစနစ်အတွက် တတ် ကျွမ်းသူနဲ့ စစ်ဆေးသင့်ပါတယ်။ မီးကြိုး ပေါက်ပြဲနေ တာမျိုးတွေ၊ မီးအား စနစ် ပျက်ယွင်းနေတာတွေ၊ မီးလုံး၊ မီးချောင်း ကျွမ်းနေတာ၊ လျှပ်စစ်အားမလျှောက် တော့တာတွေကို အသစ်လဲလှယ်ပြီး တပ်ဆင်အသုံးပြုပါ။
ရေသုံးစနစ်တွေကို စစ်ဆေးပါ။ နေအိမ်တစ်အိမ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းကလည်း ရေအသုံးပြုမှု စနစ်ပါပဲ။ သုံးရေနဲ့ သောက်ရေတို့အတွက် ရေအရင်းမြစ်ရရှိမှုတွေကို လေ့လာပါ။ နေအိမ်အသစ်မှာရှိနေတဲ့ မြေအောက် သွယ်ယူတဲ့ရေစနစ်၊ ရေတွင်းတူးစနစ်၊ အဝီစိစနစ်၊ ဒါမှမဟုတ် အခြားရေသွယ်ယူ စနစ်တွေကို မိမိတို့မိသားစုတွေနဲ့ အဆင် ပြေနိုင်မယ့်နည်းလမ်းတွေကို ရွေးချယ် သင့်ပါတယ်။ သောက်သုံးရေစနစ်ကို လည်း ရေအရင်းမြစ်ကောင်းကောင်းနဲ့ ရေအသုံးပြုမှုအတွက် မပူမပင်ရတဲ့ အခြေ အနေဖြစ်အောင် လုပ်ဆောင်တတ်ဖို့ လိုပါတယ်။
အိမ်သစ်အတွက် တစ်အိမ်လုံးစာ နေရာထိုင်ခင်းလုံခြုံမှုကို ဦးစားပေးပြီး စစ်ဆေးပါ။ ပြင်ဆင်ပါ။ အမိုးတွေ၊ အကာ အရံတွေ၊ ခြေနင်း ကြမ်းခင်းပြင်တွေ အစ ရှိသဖြင့် အကောင်းဆုံးဖြစ်အောင် ဖန်တီး ပြင်ဆင်တတ်ဖို့ လိုပါတယ်။ မိမိ မိသားစု တို့နဲ့ ကိုက်ညီသင့်တော်မယ့် နေအိမ် အတွက် ရာသီဥတုဒဏ်၊ လူနေထိုင်မှု လုံခြုံစိတ်ချရခြင်း၊ ခိုင်ခံ့မှု ရှိမရှိ စစ်ဆေး ခြင်း၊ သက်သောင့်သက်သာရှိမှုစတဲ့ အရာ တွေကို စစ်ဆေးသင့်ပါတယ်။ အမိုးအကာ တို့မှာ ပေါက်ပြဲတာတို့၊ မလုံခြုံတာတို့ကို ပြုပြင်သင့်ပါတယ်။ ကြမ်းခင်းပြင်တွေမှာ ဆိုရင်လည်း ကြမ်းခင်းအနင်းမခံနိုင်ခြင်း၊ ကြမ်းကျွံပေါက်ပြဲခြင်း၊ ကြမ်းခင်းပြင်မှာ ပျက်စီးယိုယွင်းနေခြင်းတို့ကို အသစ်ပြန် လည်ခင်းကျင်းသင့်ပါတယ်။ ပြတင်းတံခါး များ၊ ခြံစည်းရိုး၊ ဝင်းတံခါးတွေ စတဲ့အရာ တွေကလည်း နေအိမ်တစ်လုံးစာအတွက် အရမ်းကိုအရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လုံလုံခြုံခြုံ ဖြစ်မယ့် အခြေအနေအထိ ပြင်ဆင်ထား သင့်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service