အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားခြင်းသည် မည်သူ့တွင်တာဝန်ရှိသလဲ။ (BCC) မကျသေးလျှင် ဘာတွေဖြစ်နိုင်လဲ။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားခြင်းသည် မည်သူ့တွင်တာဝန်ရှိသလဲ။ (BCC) မကျသေးလျှင် ဘာတွေဖြစ်နိုင်လဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2020 11:46 am တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့်မြေရှင်ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူသူများက စုပေါင်းအခွန် ဆောင်ရန် တာဝန်မရှိပါ။ တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီး ကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။

အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ်ချမှတ်နိုင် ပါတယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။ ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် ကြိုတင်ညှိနှိုင်းပြောဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့်မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ ကောက်ခံခြင်းများရှိနေပါသည်။

နောက်ထပ်နစ်နာစရာတစ်ချက်က အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့်အတွက် ကိုယ်ပိုင်မီတာလျှောက်ထားလို့ မရသေးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံပြုသည့် မီတာတစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရခိုင်းပါတယ်။ ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊ မီအားလုံစုံစွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။

ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။

ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက် ကျပြီး လူနေထိုင်ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့်ကိစ္စများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ေလွ်ာက္ထားျခင္းသည္ မည္သူ႔တြင္တာဝန္ရွိသလဲ။ (BCC) မက်ေသးလွ်င္ ဘာေတြျဖစ္ႏိုင္လဲ။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ေလွ်ာက္ထားဖို႔ မည္သူ႔တြင္ တာ၀န္ရွိသလဲဆိုလွ်င္ ကန္ထ႐ိုက္တာႏွင့္ေျမရွင္ခ်ဳပ္ဆိုေသာစာခ်ဳပ္ေပၚမူတည္ၿပီး ႏွစ္ဦးအခ်ိဳးက်ထည့္၀င္က်ခံရန္ (သို႔မဟုတ္) ကန္ထ႐ိုက္တာတစ္ဦးတည္းက်ခံရန္ ဆံုးျဖတ္ရမွာျဖစ္ပါသည္။ တိုက္ခန္း၀ယ္ယူသူမ်ားက စုေပါင္းအခြန္ ေဆာင္ရန္ တာ၀န္မရွိပါ။ တိုက္ခန္း၀ယ္ယူသူမ်ားကို ေရာင္းခ်သည့္အခါ လူေနထိုင္ခြင့္ရရွိရန္အတြက္ အေဆာက္အဦၿပီးစီး ေၾကာင္းလက္မွတ္ (BCC) ရရွိေအာင္ ေဆာင္ရြက္ေပးရမည့္တာ၀န္သည္ ေရာင္းသူႏွင့္သာ သက္ဆိုင္ပါသည္။

အေဆာက္အဦၿပီးစီးေၾကာင့္လက္မွတ္ (BCC) ခြင့္ျပဳခ်က္မက်မီ လူေနထိုင္သည့္ကိစၥအတြက္ သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမွ စစ္ေဆးေတြ႕ရွိ၍ ဒဏ္ေငြေကာက္ခံျခင္းမ်ားရွိလာပါကလည္း ဒဏ္ေငြက်ခံရန္ တာ၀န္သည္လည္း ကန္ထ႐ိုက္တာ (သို႔မဟုတ္) ေျမရွင္ကသာ တာ၀န္ယူက်ခံရမွာျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဥပေဒပုဒ္မ-၃၁၂(င)အရ ခြင့္ျပဳခ်က္မရွိဘဲ ၀င္ေရာက္ ေနထိုင္ျခင္း၊ အသံုးျပဳျခင္းအတြက္ ေန႔စဥ္ ေငြဒဏ္ က်ပ္တစ္ေသာင္းမွ က်ပ္ငါးေသာင္းထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ ပါတယ္။

အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မက်ေသးသည့္တိုက္ျဖစ္သည့္အတြက္ ကိုယ္ပိုင္ လွ်ပ္စစ္မီတာတပ္ဆင္ရန္ကိစၥကိုလည္း ထည့္သြင္းစဥ္စားရေပမည္။ ကိုယ္ပိုင္လွ်ပ္စစ္မီတာတပ္ဆင္ရန္ အတြက္ ကုန္က်စရိတ္ကို မည္သူက်ခံမလဲဆိုတာလည္း အေရးႀကီးကိစၥအျဖစ္ပါ၀င္လာျပန္သည္။ လွ်ပ္စစ္ မီတာတစ္လံုးကို ၅သိန္းေက်ာ္ကုန္က်ေနသည့္ ေခတ္ကာလတြင္ ႀကိဳတင္ၫွိႏႈိင္းေျပာဆိုထားျခင္းမရွိပါက ေရာင္းသူမ်ားျဖစ္ေသာ ကန္ထ႐ိုက္တာႏွင့္ေျမရွင္တို႔သည္ တိုက္ခန္း၀ယ္ယူသူထံမွ ကုန္က်စရိတ္ထပ္မံ ေကာက္ခံျခင္းမ်ားရွိေနပါသည္။

ေနာက္ထပ္နစ္နာစရာတစ္ခ်က္က အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) မရေသးသည့္အတြက္ ကိုယ္ပိုင္မီတာေလွ်ာက္ထားလို႔ မရေသးပါဘူး။ တစ္တိုက္လံုးအတြက္ စုေပါင္းအသံုျပဳသည့္ မီတာတစ္လံုးထဲကို ေနထိုင္သည့္အခန္းမ်ား အခ်ိဳးက်ထည့္၀င္ က်ခံရခိုင္းပါတယ္။ ထိုသို႔ အခ်ိဳးက်ထည့္၀င္က်ခံျခင္းသည္ ကုန္က်စရိတ္မ်ားျပားျခင္း၊ မီအားလံုစံုစြာအသံုး မျပဳႏိုင္ျခင္း စသည့္ဒုကၡေတြရွိပါသည္။

ထို႔ေၾကာင့္ အထက္ပါကိစၥမ်ားကို စတင္၀ယ္ယူသည့္အခ်ိန္က စာခ်ဳပ္ခ်ဳပ္ရာတြင္ ထည့္သြင္းခ်ဳပ္ဆို ထားမွသာ အခန္း၀ယ္ယူသူမ်ားအေနျဖင့္ ပိုမိုစိတ္ခ်ရမွာျဖစ္ၿပီး စာခ်ဳပ္တြင္ မပါ၀င္ပါက ကန္ထ႐ိုက္တာႏွင့္ ေျမရွင္သည္ တိုက္ခန္း၀ယ္ယူသူမ်ားကို အခ်ိဳးက်ထည့္၀င္ခိုင္းျခင္း၊ ကုန္က်စရိတ္ေကာက္ခံျခင္းမ်ား ရွိႏိုင္ပါတယ္။

ထို႔အတြက္ တိုက္ခန္း၀ယ္ယူမည္ဆိုလွ်င္ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) ခြင့္ျပဳခ်က္ က်ၿပီး လူေနထိုင္ခြင့္ရၿပီးသား တိုက္ခန္းကိုေရြးခ်ယ္၀ယ္ယူျခင္းျဖင့္ အထက္ကေဖာ္ျပထားသည့္ကိစၥမ်ားကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service