တက္ကဆပ်ပြည်နယ်ရှိ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ပုန်းအောင်းနေထိုင်ခဲ့သည့်စံအိမ်ကြီး ဝယ်လက်ပေါ်ပေါက်
တက္ကဆပ်ပြည်နယ်ရှိ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ပုန်းအောင်းနေထိုင်ခဲ့သည့်စံအိမ်ကြီး ဝယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
25 Feb 2020 12:06 pm တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
ဧကပါင်း ၁၃၆၉ ဧက ကျယ်ဝန်းသည့် စံအိမ်သည် တချိန်က ရာဇဝင်လူဆိုး၊ လူသတ်သမားကြီး ဘင်နီ ဘီနီယန် နေထိုင်ခဲ့သည့် စံအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဒသမ ၉၅ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီဖြစ်သည်။ Fincastle ဟု အမည်ရသော စံအိမ်ကြီးသည် တချိန်က နာမည်ကျော် ဒါးလက်စ်မြို့ဂိုဏ်းစတား၊ လော့စ်အိန်ဂျလိ လောင်းကစားလောက အဓိပတိကြီး ပုန်းခိုခဲ့သည့်နေရာဖြစ်သည်။
(ယခုစံအိမ်ကြီး အရောင်းဈေးကွက်တင်ခဲ့သည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/860284  အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)
ဒါးလက်စ်မြို့မှ တစ်နာရီခွဲခရီး၊ အေသင်စ်မြို့မှ မိနစ်ပိုင်းခရီးသာ ဝေးကွာသည့်အရပ်တွင် တည်ရှိသော အဆိုပါစံအိမ်ကြီးသည် လွန်ခဲ့သော ၉ လခန့်က ကန်ဒေါ်လာ ၁၁ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ခြင်းဖြစ်ပြီး The Icon Global Group ၏ ပိုင်ရှင် ဘားနတ် Bernard Uechtritz က ဈေးကွက်တင်ခဲ့ခြင်း ဖြစ်ကာ ဖေဖော်ဝါရီ ၆ ရက်တွင် ရောင်းထွက်သွားသည်။
အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ခေါ်ဈေးထက်များပြားကြောင်း မစ္စတာ ဘားနတ်က ပြောကြားခဲ့ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ခဲ့သည်။
အဆိုပါခြံကြီးသည် သစ်တောထူထပ်ပြီး သဘာဝတောရိုင်းတိရ စ္ဆာန်များလည်း များစွာနေထိုင်ကျက်စားလျက်ရှိသည့်နေရာဖြစ်ကာ အားလပ်ရက် အပန်းဖြေစံအိမ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အရောင်းဈေးကွက်သို့ ရာစုနှစ်ဝက်ခန့် မရောက်ဘဲရှိနေခဲ့သည်။
စံအိမ်ကြီးကို ဒါးလက်စ်ရှိ မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သော Schoellkofs မိသားစုက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြင်းကုန်းနှီး ရောင်းချသည့်လုပ်ငန်းဖြင့် ကြွယ်ဝလာကြခြင်းဖြစ်သည်။
ခြံဝန်းကြီးအတွင်း ရေကန်ကြီး ၃ ကန်ပါဝင်ရာ ဧက ၆၀ ၊ ၃၀ နှင့် ၂၀ အသီးသီး ကျယ်ဝန်းကြသည်။
လူပေါင်း ၃၀ နှင့်အထက် အိပ်စက်နိုင်သော စံအိမ်ကြီး ၃ လုံးလည်း ပါဝင်သည်။
ရေကန်ကြီးများတွင် လှေဆိပ်များလည်း များစွာ ပါဝင်သည်။
ဗာဂျီးနီးယားပြည်နယ်၏ နောက်ဆုံး ဗြိတိသျှဘုရင်ခံတစ်ဥိးဖြစ်သော လော့ဒ် ဖင်းကာဆယ်ကို အစွဲပြုကာ စံအိမ်ကြီး၏ အမည် ပေးခဲ့ခြင်း ဖြစ်သည်။
စံအိမ်ကြီးကို ပထမဆုံးပိုင်ဆိုင်သူမှာ လာ့စ်ဗီးဂပ် လောင်းကစားထိပ်သီးကြီး၊ ရာဇဝင်လူဆိုး လူသတ်သမားကြီး ဘင်နီ ဘီနီယွန်၏ စီးပွားဖက်ဖြစ်သူ အိုင်ဗီ မေလာက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဘင်နီ ဘီနီယွန်သည် ယခုစံအိမ်ကြီးတွင် လာရောက်ပုန်းခိုကာ ဒုစရိုက်ဂိုဏ်းသားများကို ကွပ်ကဲခဲ့ဖူးသည်။
အိုင်ဗီ မေလာသည် လောင်းကစားအချက်အခြာနေရာတစ်ခုအဖြစ်အသုံးပြုရန် ကြီးမားသည့် စံအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
ယခုစံအိမ်ကို ဝယ်ယူသွားသည့် ပိုင်ရှင်သစ် မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
shwe-hninsi
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service