အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့

အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့ - Property News in Myanmar from iMyanmarHouse.com
6 May 2024 12:56 pm တွင် တင်ခဲ့သည်
989 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့လယ်သည် ဘုတ်ပြားများဖြင့် ပိတ်ကာထားသော အဆောက်အအုံများ ဈေးနှုန်းထိုးကျနေသော မိုးမျှော်တိုက်များဖြင့် တစ္ဆေမြို့ကြီးတစ်ခု ဖြစ်လာနေသည်။

ဆန်ဖရန်စစ္စကိုကဲ့သို့ မြို့ကြီးများ၏ မြို့ပေါ်ဒေသများတွင် အဆိုးသံသရာနှင့် ရင်ဆိုင်နေရသည့် သတင်းများ ပေါ်ပေါက်နေချိန်တွင် စိန့်လူးဝစ်မြိုလယ်မှာ ပိုမိုဆိုးရွားသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဆုတ်ယုတ် ယိုယွင်းနေပုံကို ဝေါစထရိဂျာနယ်က ဖော်ပြလာသည်။

သာဓကအနေဖြင့် စိန့်လူးဝစ်၏ အကြီးမားဆုံး ရုံးခန်းအဆောက်အအုံကြီးဖြစ်သော ၄၄ ထပ်မြင့်မားသည့် AT&T အဆောက်အအုံကြီးကို ကြည့်ပါ။ ထိုအဆောက်အအုံကြီးသည် ၂၀၀၆ ခုနှစ်က ကန်ဒေါ်လာ ၂၀၅ သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

သို့သော် လူသူကင်းမဲ့နေသော အဆိုပါ မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို မကြာသေးမီက ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းမျှဖြင့် ရောင်းချလိုက်ရာ ဆယ်စုနှစ် ၂ ခု မရှိသေးမီကာလအတွင်း ဈေးနှုန်း ၉၈ ရာခိုင်နှုန်းအထိ တုန်လှုပ်ဖွယ် ထိုးကျသွားခြင်းလည်း ဖြစ်သည်။

စိန့်လူးဝစ်မြို့လယ်၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုဖြစ်သော Railway Exchange အဆောက်အအုံကြီးမှာလည်း ယခုအခါ လူသူကင်းမဲ့ကာ ဆေးများ ကွာကျလျက် ရှိသည်။

 

(စိန့်လူးဝစ်မြို့လယ်သည် ဘုတ်ပြားများဖြင့် ပိတ်ကာထားသော အဆောက်အအုံများ၊ ဈေးနှုန်းထိုးကျနေသော မိုးမျှော်တိုက်များဖြင့် တစ္ဆေမြို့ကြီးတစ်ခု ဖြစ်လာနေသည်။)

 

 

[စိန့်လူးဝစ်မြို့လယ် Chestnut လမ်း၊ အမှတ် ၉၀၉ ရှိ AT&T အဆောက်အအုံ (ညာဘက်မှ ပိုမိုမြင့်မားသော အဆောက်အအုံ)]

 

 

(စိန့်လူးဝစ်မြို့လယ်၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုဖြစ်သော Railway Exchange အဆောက်အအုံ ကြီးမှာ ယခုအခါ လူသူကင်းမဲ့ကာ ဆေးများ ကွာကျလျက် ရှိသည်။)

 

(အမေရိကန် ပြည်ထောင်စုတွင် ၁၈၆၁ မှ ၁၉၀၃ ခုနှစ်အကြား စတုတ္ထအကြီးမားဆုံး ဖြစ်ခဲ့သည့် မြို့ကြီး တစ်မြို့၏ ဆုတ်ယုတ်သွားမှုမှာ မယုံနိုင်ဖွယ်ပင်)

 

၂၀၁၂ ခုနှစ်ကတည်းက စိန့်လူးဝစ်ရှိ အကြီးမားဆုံး ရုံးခန်းအဆောက်အအုံများမှာ ရာဖြတ်တန်ဖိုး ၂၄ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ကြောင်း St.Louis Business Journal က ဖော်ပြသည်။

စိန့်လူးဝစ်၏ အကြီးမားဆုံး ရုံးခန်းအဆောက်အအုံ ၂၅ ခုအနက် ၁၈ ခုမှာ တန်ဖိုး ကန်ဒေါ်လာ သန်း ၁၅၀ ခန့် ဆုံးရှုံးခဲ့ရာ ဒေသတွင်း သတင်းမီဒီယာတို့က အိမ်ခြံမြေကပ်ဘေးကြီးတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

စိန့်လူးဝစ်သည် တစ်ချိန်က အမေရိကန်၏ စတုတ္ထအကြီးမားဆုံးမြို့ ဖြစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေး နောက်ပိုင်း လူဦးရေ ကျဆင်းသွားခဲ့ပြီး ၃၀၀,၀၀၀ အောက်သာ ရှိတော့ကြောင်း၊ ၁၉၉၀ ပြည့်နှစ်ခန့်က လူဦးရေ ၄၀၀,၀၀၀ နီးပါး နေထိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြသည်။

တိုရွန်တိုတက္ကသိုလ်က အမေရိကန် မြောက်ပိုင်းမြို့ကြီးများသို့ လည်ပတ်သူပမာဏစာရင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် မြို့ပေါင်း ၆၆ မြို့ ဖော်ပြထားသည့်အနက် စိန့်လူးဝစ်မှာ အောက်ဆုံးတွင် ရပ်တည်နေသည်။

 

(စိန့်လူးဝစ်မြို့လယ် မြင်ကွင်း)

 

(စိန့်လူးဝစ်မြို့လယ် အိမ်တံခါးပေါက်တစ်ခုတွင် လူတစ်ဦး ထိုင်နေသည်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-AP)

 

 

ယခုအခါ စိန့်လူးဝစ်ရှိ ရုံးခန်းအဆောက်အအုံများမှာ လူသူကင်းမဲ့နေပြီး လမ်းများပေါ်တွင်လည်း တိတ်ဆိတ် ခြောက်ကပ်နေသည်။

လမ်းများပေါ်တွင် လူမရှိသောကြောင့် မော်တော်ကားများမှာ မြန်နှုန်းတင် မောင်းနှင်ကြရာ စိန့်လူးဝစ်သို့ လည်ပတ်သူများအတွက် အန္တရာယ် များပြားလှသည်။

(ဆက်စပ်သတင်း)

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြစ်

https://www.imyanmarhouse.com/news/read/1108582

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: America's forgotten 'doom loop' city, where $205m skyscrapers are selling for under $4m and the decaying downtown has become a ghost town (dailymail)

Photo Credit: dailymail, AP

 

 

 

[Zawgyi]

အေမရိက အိမ္ျခံေျမကပ္ေဘး (သို႔) အိမ္ျခံေျမေစ်းႏႈန္းမ်ား ေၾကာက္မက္ဖြယ္ ထိုးက်ေနေသာ အေမရိကန္မွ စိန္႔လူးဝစ္ျမိဳ႕

 

အေမရိကန္ျပည္ေထာင္စု မစ္ဇူရီျပည္နယ္၊ စိန္႔လူးဝစ္ျမဳိ႕လယ္သည္ ဘုတ္ျပားမ်ားျဖင့္ ပိတ္ကာထားေသာ အေဆာက္အအံုမ်ား ေစ်းႏႈန္းထိုးက်ေနေသာ မိုးေမွ်ာ္တိုက္မ်ားျဖင့္ တေစၦျမဳိ႕ၾကီးတစ္ခု ျဖစ္လာေနသည္။

ဆန္ဖရန္စစၥကိုကဲ့သို႔ ျမဳိ႕ၾကီးမ်ား၏ ျမဳိ႕ေပၚေဒသမ်ားတြင္ အဆိုးသံသရာႏွင့္ ရင္ဆုိင္ေနရသည့္ သတင္းမ်ား ေပၚေပါက္ေနခ်ိန္တြင္ စိန္႔လူးဝစ္ျမဳိလယ္မွာ ပိုမိုဆိုးရြားသည့္ အက်ပ္အတည္းႏွင့္ ရင္ဆိုင္ေနရျပီး ဆုတ္ယုတ္ ယိုယြင္းေနပံုကို ေဝါစထရိဂ်ာနယ္က ေဖာ္ျပလာသည္။

သာဓကအေနျဖင့္ စိန္႔လူးဝစ္၏ အၾကီးမားဆံုး ရံုးခန္းအေဆာက္အအံုၾကီးျဖစ္ေသာ ၄၄ ထပ္ျမင့္မားသည့္ AT&T အေဆာက္အအံုၾကီးကို ၾကည့္ပါ။ ထိုအေဆာက္အအံုၾကီးသည္ ၂၀၀၆ ခုႏွစ္က ကန္ေဒၚလာ ၂၀၅ သန္းျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့သည္။

သို႔ေသာ္ လူသူကင္းမဲ့ေနေသာ အဆိုပါ မိုးေမွ်ာ္တိုက္ၾကီးတစ္ခုလံုးကို မၾကာေသးမီက ကန္ေဒၚလာ ၃ ဒသမ ၅ သန္းမွ်ျဖင့္ ေရာင္းခ်လိုက္ရာ ဆယ္စုႏွစ္ ၂ ခု မရွိေသးမီကာလအတြင္း ေစ်းႏႈန္း ၉၈ ရာခိုင္ႏႈန္းအထိ တုန္လႈပ္ဖြယ္ ထိုးက်သြားျခင္းလည္း ျဖစ္သည္။

စိန္႔လူးဝစ္ျမဳိ႕လယ္၏ အထင္ကရ အေဆာက္အအံုၾကီးတစ္ခုျဖစ္ေသာ Railway Exchange အေဆာက္အအံုၾကီးမွာလည္း ယခုအခါ လူသူကင္းမဲ့ကာ ေဆးမ်ား ကြာက်လ်က္ ရွိသည္။

(စိန္႔လူးဝစ္ျမဳိ႕လယ္သည္ ဘုတ္ျပားမ်ားျဖင့္ ပိတ္ကာထားေသာ အေဆာက္အအံုမ်ား၊ ေစ်းႏႈန္းထိုးက်ေနေသာ မိုးေမွ်ာ္တိုက္မ်ားျဖင့္ တေစၦျမဳိ႕ၾကီးတစ္ခု ျဖစ္လာေနသည္။)

[စိန္႔လူးဝစ္ျမဳိ႕လယ္ Chestnut လမ္း၊ အမွတ္ ၉၀၉ ရွိ AT&T အေဆာက္အအံု (ညာဘက္မွ ပိုမိုျမင့္မားေသာ အေဆာက္အအံု)]

(စိန္႔လူးဝစ္ျမဳိ႕လယ္၏ အထင္ကရ အေဆာက္အအံုၾကီးတစ္ခုျဖစ္ေသာ Railway Exchange အေဆာက္အအံု ၾကီးမွာ ယခုအခါ လူသူကင္းမဲ့ကာ ေဆးမ်ား ကြာက်လ်က္ ရွိသည္။)

(အေမရိကန္ ျပည္ေထာင္စုတြင္ ၁၈၆၁ မွ ၁၉၀၃ ခုႏွစ္အၾကား စတုတၳအၾကီးမားဆံုး ျဖစ္ခဲ့သည့္ ျမဳိ႕ၾကီး တစ္ျမဳိ႕၏ ဆုတ္ယုတ္သြားမႈမွာ မယံုႏိုင္ဖြယ္ပင္)

 

၂၀၁၂ ခုႏွစ္ကတည္းက စိန္႔လူးဝစ္ရွိ အၾကီးမားဆံုး ရံုးခန္းအေဆာက္အအံုမ်ားမွာ ရာျဖတ္တန္ဖိုး ၂၄ ရာခုိင္ႏႈန္း နီးပါး က်ဆင္းခဲ့ေၾကာင္း St.Louis Business Journal က ေဖာ္ျပသည္။

စိန္႔လူးဝစ္၏ အၾကီးမားဆံုး ရုံးခန္းအေဆာက္အအံု ၂၅ ခုအနက္ ၁၈ ခုမွာ တန္ဖုိး ကန္ေဒၚလာ သန္း ၁၅၀ ခန္႔ ဆံုးရံႈးခဲ့ရာ ေဒသတြင္း သတင္းမီဒီယာတို႔က အိမ္ျခံေျမကပ္ေဘးၾကီးတစ္ခုအျဖစ္ ေဖာ္ျပခဲ့သည္။

စိန္႔လူးဝစ္သည္ တစ္ခ်ိန္က အေမရိကန္၏ စတုတၳအၾကီးမားဆံုးျမဳိ႕ ျဖစ္ခဲ့ေသာ္လည္း ကိုဗစ္ကပ္ေဘး ေနာက္ပိုင္း လူဦးေရ က်ဆင္းသြားခဲ့ျပီး ၃၀၀,၀၀၀ ေအာက္သာ ရွိေတာ့ေၾကာင္း၊ ၁၉၉၀ ျပည့္ႏွစ္ခန္႔က လူဦးေရ ၄၀၀,၀၀၀ နီးပါး ေနထိုင္ခဲ့ေၾကာင္း နယူးေယာက္တုိင္းမ္ သတင္းစာက ေဖာ္ျပသည္။

တိုရြန္တုိတကၠသိုလ္က အေမရိကန္ ေျမာက္ပိုင္းျမဳိ႕ၾကီးမ်ားသို႔ လည္ပတ္သူပမာဏစာရင္းကို ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလက ထုတ္ျပန္ခဲ့သည္။ ထိုစာရင္းတြင္ ျမဳိ႕ေပါင္း ၆၆ ျမဳိ႕ ေဖာ္ျပထားသည့္အနက္ စိန္႔လူးဝစ္မွာ ေအာက္ဆံုးတြင္ ရပ္တည္ေနသည္။

(စိန္႔လူးဝစ္ျမဳိ႕လယ္ ျမင္ကြင္း)

(စိန္႔လူးဝစ္ျမဳိ႕လယ္ အိမ္တံခါးေပါက္တစ္ခုတြင္ လူတစ္ဦး ထိုင္ေနသည္ကို ၂၀၂၁ ခုႏွစ္၊ ေမလ ၂၀ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-AP)

 

ယခုအခါ စိန္႔လူးဝစ္ရွိ ရံုးခန္းအေဆာက္အအံုမ်ားမွာ လူသူကင္းမဲ့ေနျပီး လမ္းမ်ားေပၚတြင္လည္း တိတ္ဆိတ္ ေျခာက္ကပ္ေနသည္။

လမ္းမ်ားေပၚတြင္ လူမရွိေသာေၾကာင့္ ေမာ္ေတာ္ကားမ်ားမွာ ျမန္ႏႈန္းတင္ ေမာင္းႏွင္ၾကရာ စိန္႔လူးဝစ္သို႔ လည္ပတ္သူမ်ားအတြက္ အႏၱရာယ္ မ်ားျပားလွသည္။

(ဆက္စပ္သတင္း)

အေမရိကန္ျပည္၊ စိန္႔လူးဝစ္ျမိဳ႕လယ္မွ ကန္ေဒၚလာ ၂၀၅ သန္းတန္ မိုးေမွ်ာ္တိုက္ၾကီးတစ္ခုလံုးကို တိုက္ခန္းတစ္ခန္းေစ်းပင္ မရွိေသာေစ်းႏႈန္းျဖင့္ အံ့အားသင့္ဖြယ္ အေရာင္းအဝယ္ျဖစ္

https://www.imyanmarhouse.com/news/read/1108582

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: America's forgotten 'doom loop' city, where $205m skyscrapers are selling for under $4m and the decaying downtown has become a ghost town (dailymail)

Photo Credit: dailymail, AP

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service