ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်

ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
8 May 2024 12:00 pm တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

လွန်ခဲ့သောနှစ် အနည်းငယ်မှစပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံအချို့တွင် စွန့်ပစ်ထားသော နေအိမ် (သို့မဟုတ်) ယိုယွင်းပျက်စီးနေသော အိမ်များကို ၁ ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချပေးနေမှုမှာ အလွန်ကျော်ကြား ဂယက်ရိုက်လျက် ရှိသည်။

ထိုသို့ ၁ ဒေါ်လာဖြင့် ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်မှာ အခြေချနေထိုင်သည့် လူဦးရေ ကျဆင်းနေမှုကို ဖြေရှင်းရန်အတွက် ဝယ်လက်များအား စွဲဆောင်နိုင်ရန် ဖြစ်သည်။

နေအိမ်များ ၁ ဒေါ်လာဖြင့် ရောင်းချမှုကို အီတလီနိုင်ငံရှိ မြို့များတွင် အကြိမ်ပေါင်းများစွာ အကောင်အထည် ဖော်ခဲ့ပြီး ဖြစ်သည်။

ယခုအခါ ပြင်သစ်နိုင်ငံရှိ မြို့ငယ်လေးတစ်ခုက ၁ ဒေါ်လာဖြင့် ရောင်းမည့်အစီအစဉ် အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံ Saint-Amand-Montrond မြို့လေးတွင် ၈၂၈ စတုရန်းပေကျယ်သော အိမ်တစ်လုံးကို ၁ ယူရို (၁ ဒသမ ၀၇ ဒေါ်လာ) ဖြင့် ရောင်းချပေးရန် စီစဉ်နေသည်။

နေအိမ်မှာ ၂ ထပ်ဖြစ်ပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။

နေအိမ်တွင် ခြံဝန်းကွက်လပ်နှင့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်ကြောင်း Ouest France က ဖော်ပြသည်။

တည်နေရာမှာ အဆိုပါ မြို့ကလေး၏ မြို့လယ်တွင် တည်ရှိသည်။

ဥရောပရှိ အခြားမြို့ကြီးများတွင် ၁ ဒေါ်လာဖြင့် ရောင်းချခဲ့သော အခြားအိမ်များနည်းတူ ယခုအိမ်မှာလည်း ပြုပြင်မွမ်းမံမှုများ များစွာပြုလုပ်ရန် လိုအပ်နေသည်။

ယခုအိမ်တွင် လူမနေသည်မှာ ၁၂ နှစ်ရှိပြီ ဖြစ်သည်။

နေအိမ်ကို ပြုပြင်မွမ်းမံရန်အတွက် ကန်ဒေါ်လာ ၁၃၆၁၈၀ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

စိတ်ဝင်စားသော ဝယ်လက်တို့အနေဖြင့် ဝယ်ယူကာ ပြုပြင်မွမ်းမံပြီးပါက အဆိုပါ မြို့လေးတွင် ပြောင်းရွှေ့နေထိုင်ရမည် ဖြစ်သည်။

လူဦးရေ ၉၀၀၀ ရှိသော မြို့ကလေးက ယခုအိမ်တွင် အမှန်တကယ် အခြေချနေထိုင်လိုသူကို ရှာဖွေနေကြောင်း မြို့ပြစီမံကိန်းဌာန လက်ထောက်အကြီးအကဲ Francis Blondieau က Ouest France သို့ ပြောသည်။

လျှောက်လွှာများကို ဧပြီလ ၁ ရက်မှ စတင်လက်ခံလျက်ရှိပြီး ဇွန်လ ၁၅ ရက်အထိ လက်ခံသွားမည် ဖြစ်သည်။

ဝယ်ယူရန် စိတ်ဝင်စားသူများအနေဖြင့် မိမိတို့ တင်သွင်းမည့် လျှောက်လွှာတွင် ပြန်လည်မွမ်းမံရေး အစီအစဉ်များကို ထည့်သွင်းဖော်ပြရမည်ဟု ဆိုသည်။

 

(Saint-Amand-Montrond မြို့ကလေးသည် ပြင်သစ်နိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး လူဦးရေ ၉၀၀၀ ဝန်းကျင်ရှိသည်။ ဓာတ်ပုံ-Getty Images)

 

ဒုတိယအိမ်အဖြစ် ဝယ်ယူလိုသူများ ပြန်လည် အငှားချထားမည့်သူများကို လက်ခံမည် မဟုတ်ချေ။

နေအိမ် ဝယ်ယူမည့်သူမှာ အဆိုပါအိမ်တွင် အနည်းဆုံး ၁၀ နှစ် နေထိုင်ရမည်ဟု ဆိုသည်။

အလားအလာရှိသော ဝယ်လက်များအနေဖြင့် အဆိုပါအိမ်ကို မေလ ၁၅ ရက်မှစတင်ကာ သွားရောက် ကြည့်ရှုနိုင်သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးအဖွဲ့က နေအိမ်ဝယ်ယူခွင့်ရမည့်သူကို စက်တင်ဘာလတွင် ရွေးချယ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အရောင်းအဝယ် စာချုပ်ချုပ်မည် ဖြစ်သည်။

အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ၅ လအတွင်း ပြုပြင်မွမ်းမံရမည်ဖြစ်ကာ ၂၀၂၈ ခုနှစ် ၊ ဇူလိုင်လတွင် မွမ်းမံပြင်ဆင်မှုများ အပြီးသတ်ပြုလုပ်ရမည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This small town in France is selling a house for 1 euro—applications are open, but there’s a catch (cnbc)

Photo Credit: Alain Jocard | Afp | Getty Images

 

 

[Zawgyi]

 

ျပင္သစ္ႏိုင္ငံ႐ွိ ၿမိဳ႕ငယ္တစ္ခုတြင္ ၿမိဳ႕လယ္႐ွိ ၈၂၈ စတုရန္းေပ က်ယ္ဝန္းေသာ ႏွစ္ထပ္အိမ္တစ္လုံးကို ၁ ယူ႐ို ျဖင့္ ေရာင္းခ်ေပးမည္၊ ေလွ်ာက္လႊာမ်ား လက္ခံေနၿပီး ဇြန္လ (၁၅) ရက္အထိ ေလွ်ာက္လႊာတင္ ဝယ္ယူႏိုင္

 

လြန္ခဲ့ေသာႏွစ္ အနည္းငယ္မွစၿပီး ကမ႓ာတစ္ဝန္းမွ ႏိုင္ငံအခ်ိဳ႕တြင္ စြန္႔ပစ္ထားေသာ ေနအိမ္ (သို႔မဟုတ္) ယိုယြင္းပ်က္စီးေနေသာ အိမ္မ်ားကို ၁ ေဒၚလာဝန္းက်င္ျဖင့္ ေရာင္းခ်ေပးေနမႈမွာ အလြန္ေက်ာ္ၾကား ဂယက္႐ိုက္လ်က္ ႐ွိသည္။

ထိုသို႔ ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးရျခင္း၏ ရည္႐ြယ္ခ်က္မွာ အေျခခ်ေနထိုင္သည့္ လူဦးေရ က်ဆင္းေနမႈကို ေျဖ႐ွင္းရန္အတြက္ ဝယ္လက္မ်ားအား စြဲေဆာင္ႏိုင္ရန္ ျဖစ္သည္။

ေနအိမ္မ်ား ၁ ေဒၚလာျဖင့္ ေရာင္းခ်မႈကို အီတလီႏိုင္ငံ႐ွိ ၿမိဳ႕မ်ားတြင္ အႀကိမ္ေပါင္းမ်ားစြာ အေကာင္အထည္ ေဖာ္ခဲ့ၿပီး ျဖစ္သည္။

ယခုအခါ ျပင္သစ္ႏိုင္ငံ႐ွိ ၿမိဳ႕ငယ္ေလးတစ္ခုက ၁ ေဒၚလာျဖင့္ ေရာင္းမည့္အစီအစဥ္ အေကာင္အထည္ ေဖာ္လာျခင္း ျဖစ္သည္။

ျပင္သစ္ႏိုင္ငံ Saint-Amand-Montrond ၿမိဳ႕ေလးတြင္ ၈၂၈ စတုရန္းေပက်ယ္ေသာ အိမ္တစ္လုံးကို ၁ ယူ႐ို (၁ ဒသမ ၀၇ ေဒၚလာ) ျဖင့္ ေရာင္းခ်ေပးရန္ စီစဥ္ေနသည္။

ေနအိမ္မွာ ၂ ထပ္ျဖစ္ၿပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ိဳးခန္း ၂ ခန္းပါဝင္သည္။

ေနအိမ္တြင္ ျခံဝန္းကြက္လပ္ႏွင့္ ဂိုေဒါင္တစ္လုံးလည္း ပါဝင္ေၾကာင္း Ouest France က ေဖာ္ျပသည္။

တည္ေနရာမွာ အဆိုပါ ၿမိဳ႕ကေလး၏ ၿမိဳ႕လယ္တြင္ တည္႐ွိသည္။

ဥေရာပ႐ွိ အျခားၿမိဳ႕ႀကီးမ်ားတြင္ ၁ ေဒၚလာျဖင့္ ေရာင္းခ်ခဲ့ေသာ အျခားအိမ္မ်ားနည္းတူ ယခုအိမ္မွာလည္း ျပဳျပင္မြမ္းမံမႈမ်ား မ်ားစြာျပဳလုပ္ရန္ လိုအပ္ေနသည္။

ယခုအိမ္တြင္ လူမေနသည္မွာ ၁၂ ႏွစ္႐ွိၿပီ ျဖစ္သည္။

ေနအိမ္ကို ျပဳျပင္မြမ္းမံရန္အတြက္ ကန္ေဒၚလာ ၁၃၆၁၈၀ ကုန္က်ႏိုင္သည္ဟု ခန္႔မွန္းထားသည္။

စိတ္ဝင္စားေသာ ဝယ္လက္တို႔အေနျဖင့္ ဝယ္ယူကာ ျပဳျပင္မြမ္းမံၿပီးပါက အဆိုပါ ၿမိဳ႕ေလးတြင္ ေျပာင္းေ႐ႊ႕ေနထိုင္ရမည္ ျဖစ္သည္။

လူဦးေရ ၉၀၀၀ ႐ွိေသာ ၿမိဳ႕ကေလးက ယခုအိမ္တြင္ အမွန္တကယ္ အေျခခ်ေနထိုင္လိုသူကို ႐ွာေဖြေနေၾကာင္း ၿမိဳ႕ျပစီမံကိန္းဌာန လက္ေထာက္အႀကီးအကဲ Francis Blondieau က Ouest France သို႔ ေျပာသည္။

ေလွ်ာက္လႊာမ်ားကို ဧၿပီလ ၁ ရက္မွ စတင္လက္ခံလ်က္႐ွိၿပီး ဇြန္လ ၁၅ ရက္အထိ လက္ခံသြားမည္ ျဖစ္သည္။

ဝယ္ယူရန္ စိတ္ဝင္စားသူမ်ားအေနျဖင့္ မိမိတို႔ တင္သြင္းမည့္ ေလွ်ာက္လႊာတြင္ ျပန္လည္မြမ္းမံေရး အစီအစဥ္မ်ားကို ထည့္သြင္းေဖာ္ျပရမည္ဟု ဆိုသည္။

 

(Saint-Amand-Montrond ၿမိဳ႕ကေလးသည္ ျပင္သစ္ႏိုင္ငံအလယ္ပိုင္းတြင္တည္႐ွိၿပီး လူဦးေရ ၉၀၀၀ ဝန္းက်င္႐ွိသည္။ ဓာတ္ပုံ-Getty Images)

 

ဒုတိယအိမ္အျဖစ္ ဝယ္ယူလိုသူမ်ား ျပန္လည္ အငွားခ်ထားမည့္သူမ်ားကို လက္ခံမည္ မဟုတ္ေခ်။

ေနအိမ္ ဝယ္ယူမည့္သူမွာ အဆိုပါအိမ္တြင္ အနည္းဆုံး ၁၀ ႏွစ္ ေနထိုင္ရမည္ဟု ဆိုသည္။

အလားအလာ႐ွိေသာ ဝယ္လက္မ်ားအေနျဖင့္ အဆိုပါအိမ္ကို ေမလ ၁၅ ရက္မွစတင္ကာ သြားေရာက္ ၾကည့္႐ႈႏိုင္သည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္းတြင္ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ေနအိမ္ဝယ္ယူခြင့္ရမည့္သူကို စက္တင္ဘာလတြင္ ေ႐ြးခ်ယ္မည္ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလတြင္ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္မည္ ျဖစ္သည္။

အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ပိုင္း ၅ လအတြင္း ျပဳျပင္မြမ္းမံရမည္ျဖစ္ကာ ၂၀၂၈ ခုႏွစ္ ၊ ဇူလိုင္လတြင္ မြမ္းမံျပင္ဆင္မႈမ်ား အၿပီးသတ္ျပဳလုပ္ရမည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This small town in France is selling a house for 1 euro—applications are open, but there’s a catch (cnbc)

Photo Credit: Alain Jocard | Afp | Getty Images

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service