အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ - Property News in Myanmar from iMyanmarHouse.com
6 May 2024 12:33 pm တွင် တင်ခဲ့သည်
1260 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး တချိန်က ပိုင်ဆိုင်ခဲ့သော စံအိမ်ကို ရယူပိုင်ဆိုင်လိုသူ မည်သူကိုမဆို အခမဲ့ပေးသွားမည်ဖြစ်ပြီး ပိုင်ဆိုင်လိုသူမရှိပါက အဆိုပါစံအိမ်ကို ဖြိုချဖျက်ဆီးတော့မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ၊ ဘာလင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာသည်။

ဂျာမနီအစိုးရသည် နာဇီတို့၏ အဆောက်အအုံများနှင့် စပ်လျဉ်းပြီး ခေါင်းခဲနေရသည်မှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်သည်။

 

(ဤစံအိမ်ကို ဂိုဘဲလ်အတွက် ၁၉၃၉ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဘာလင်ပြည်နယ်၊ ဘာလင်မြို့၏ မြောက်ဘက် Bogensee ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသော တောအုပ်တစ်ခုထဲတွင် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Patrick Pleul/ dpa/ picture alliance)

 

နာဇီဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဇက် ဂိုဘဲလ်အတွက် ဆောက်လုပ်ခဲ့သော စံအိမ်ကို ဖြိုချဖျက်ဆီးရမည့်အရေးမှ ရှောင်လွှဲနိုင်ရန် နောက်ဆုံးကြိုးပမ်းသည့်အနေဖြင့် ဘာလင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာနက အခမဲ့ပေးမည့် ကမ်းလှမ်းချက် ထပ်မံကြေညာလာခြင်းလည်း ဖြစ်သည်။

ဘာလင်ပြည်နယ်၏ ဘဏ္ဍာရေးဝန်ကြီး Stefan Evers က ပြောသည်မှာ စံအိမ်အား လိုချင်သူ မည်သူကိုမဆို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ဘာလင်ပြည်နယ်ရဲ့ လက်ဆောင်အဖြစ် ဒီနေရာကို ရယူဖို့ ဘယ်သူကိုမဆို ကျွန်တော် ကမ်းလှမ်းပါတယ်” ဟု Stefan Evers က ပြောသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကလို ဒီတစ်ကြိမ်မှာလည်း ဒီအိမ်ကို ယူမယ့်သူမရှိဘူးဆိုရင် ဖြိုချဖျက်သိမ်းဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်”

 

((Bogensee စံအိမ်၏ သမိုင်းကြောင်း))

ဘာလင်မြို့ပြင်တွင် တည်ရှိသော ၁၇ ဟက်တာ (၄၂ ဧက) ကျယ်ဝန်းသော မြေနေရာတွင် ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မြို့အုပ်ချုပ်ရေးအဖွဲ့က အဆိုပါမြေနေရာကို ဂိုဘဲလ်အား ၁၉၃၆ ခုနှစ်တွင် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

နာဇီဝါဒဖြန့်ချိရေးဝန်ကြီးက ဤစံအိမ်ကို အပန်းဖြေအိမ်အဖြစ် အသုံးပြုခဲ့သည်။

ဂိုဘဲလ်သည် စံအိမ်တွင် နာဇီထိပ်တန်းခေါင်းဆောင်များ၊ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များအား ဧည့်ခံမှု ပြုလုပ်ခဲ့သည့်အပြင် သူ၏ လျှို့ဝှက်အချစ်ရေး များစွာအတွက် ချစ်ဗိမာန်နေရာအဖြစ်လည်း အသုံးပြုခဲ့ သည်ဟု ဆိုသည်။

၁၉၄၅ ခုနှစ်တွင် ဂိုဘဲလ်တို့ ဇနီးမောင်နှံသည် ဘာလင်မြို့မှ ဗုံးခိုကျင်းတစ်ခုတွင် ကလေးများနှင့်အတူ အဆုံးစီရင်သွားခဲ့ကြပြီးနောက် ဤစံအိမ်ကြီးကို စစ်ဆေးရုံအဖြစ် ယာယီအသုံးပြုခဲ့သေးသည်။

နောက်ပိုင်းတွင် အရှေ့ဂျာမနီ ကွန်မြူနစ်ပါတီ၏ လူငယ်ရေးရာဌာနအဖြစ် အသုံးပြုခဲ့သည်။

ဘာလင်တံတိုင်းပြိုလဲပြီးနောက်ပိုင်း စံအိမ်ကြီးကို ဆယ်စုနှစ်တစ်ခုခန့် အမျိုးမျိုးအဖုံဖုံ အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင်မူ စွန့်ပစ်ခံလိုက်ရသည်။ စံအိမ်ကြီး မွမ်းမံထိန်းသိမ်းရေးတာဝန်မှာ ဘာလင်ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရတို့၏ ပုခုံးပေါ်သို့ ရောက်လာသည်။

ဂျာမနီအစိုးရသည် နာဇီတို့နှင့် ဆက်နွှယ်ခဲ့သည့် အဆောက်အအုံများနှင့် စပ်လျဉ်းပြီး ကာလကြာရှည် ခေါင်းခဲခဲ့ ရသည်။

နာဇီတို့နှင့် ဆက်နွှယ်ခဲ့သည့် အဆောက်အအုံများကို ထိန်းသိမ်းထားရှိမည်ဆိုပါက လက်ယာစွန်း အစွန်းရောက် ဝါဒီများ ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် အများအားဖြင့် ဖြိုဖျက်ပစ်လေ့ ရှိခဲ့သည်။

 

(ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း Bogensee စံအိမ်ကြီးကို အရှေ့ဂျာမနီ ကွန်မြူနစ်ပါတီ၏ လူငယ်ရေးရာ ဌာနအဖြစ် အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Christian Thiel/ imago images)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Germany: Berlin offers up Goebbels' villa for free (dw)

Photo Credit: Patrick Pleul/ dpa/ picture alliance, Christian Thiel/ imago images

 

 

[Zawgyi]

အေဒါ့ဖ္ ဟစ္တလာ၏ ဝါဒျဖန္႔ခ်ိေရးဝန္ၾကီး ဂိုဘဲလ္ေနထိုင္ခဲ့ေသာ ဘာလင္မွ စံအိမ္ကို ပိုင္ဆိုင္လိုသူ မည္သူကိုမဆို ဂ်ာမနီအစိုးရက အခမဲ့ေပးမည္ျဖစ္ျပီး ယူလိုသူမရွိလွ်င္ ျဖိဳခ်ပစ္မည္ဟု ေၾကညာလာ

 

အေဒါ့ဖ္ ဟစ္တလာ၏ ဝါဒျဖန္႔ခ်ိေရးဝန္ၾကီး တခ်ိန္က ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ကို ရယူပိုင္ဆိုင္လိုသူ မည္သူကိုမဆို အခမဲ့ေပးသြားမည္ျဖစ္ျပီး ပိုင္ဆိုင္လိုသူမရွိပါက အဆိုပါစံအိမ္ကို ျဖိဳခ်ဖ်က္ဆီးေတာ့မည္ ျဖစ္ေၾကာင္း ဂ်ာမနီႏိုင္ငံ ၊ ဘာလင္ျပည္နယ္အစိုးရအဖြဲ႔က ေၾကညာသည္။

ဂ်ာမနီအစိုးရသည္ နာဇီတို႔၏ အေဆာက္အအံုမ်ားႏွင့္ စပ္လ်ဥ္းျပီး ေခါင္းခဲေနရသည္မွာ ကာလၾကာရွည္ခဲ့ျပီ ျဖစ္သည္။

(ဤစံအိမ္ကို ဂိုဘဲလ္အတြက္ ၁၉၃၉ ခုႏွစ္တြင္ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။ ဘာလင္ျပည္နယ္၊ ဘာလင္ျမိဳ႕၏ ေျမာက္ဘက္ Bogensee ေရကန္ၾကီးကို စီးမိုးေတြ႔ျမင္ေနရေသာ ေတာအုပ္တစ္ခုထဲတြင္ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Patrick Pleul/ dpa/ picture alliance)

နာဇီဝါဒျဖန္႔ခ်ိေရးဝန္ၾကီး ဂ်ဳိးဇက္ ဂိုဘဲလ္အတြက္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ကို ျဖိဳခ်ဖ်က္ဆီးရမည့္အေရးမွ ေရွာင္လႊဲႏိုင္ရန္ ေနာက္ဆံုးၾကိဳးပမ္းသည့္အေနျဖင့္ ဘာလင္ျပည္နယ္ ဘ႑ာေရးဝန္ၾကီးဌာနက အခမဲ့ေပးမည့္ ကမ္းလွမ္းခ်က္ ထပ္မံေၾကညာလာျခင္းလည္း ျဖစ္သည္။

ဘာလင္ျပည္နယ္၏ ဘ႑ာေရးဝန္ၾကီး Stefan Evers က ေျပာသည္မွာ စံအိမ္အား လိုခ်င္သူ မည္သူကိုမဆို အခမဲ့ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

“ဘာလင္ျပည္နယ္ရဲ႕ လက္ေဆာင္အျဖစ္ ဒီေနရာကို ရယူဖို႔ ဘယ္သူကိုမဆို ကၽြန္ေတာ္ ကမ္းလွမ္းပါတယ္” ဟု Stefan Evers က ေျပာသည္။

“လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြကလို ဒီတစ္ၾကိမ္မွာလည္း ဒီအိမ္ကို ယူမယ့္သူမရွိဘူးဆိုရင္ ျဖိဳခ်ဖ်က္သိမ္းဖို႔ကလြဲျပီး တျခားေရြးခ်ယ္စရာ မရွိေတာ့ပါဘူး။ ဒီအတြက္လည္း ကၽြန္ေတာ္တို႔ ၾကိဳတင္ျပင္ဆင္ထားျပီးျဖစ္ပါတယ္”

 

((Bogensee စံအိမ္၏ သမိုင္းေၾကာင္း))

ဘာလင္ျမိဳ႕ျပင္တြင္ တည္ရွိေသာ ၁၇ ဟက္တာ (၄၂ ဧက) က်ယ္ဝန္းေသာ ေျမေနရာတြင္ ဝါဒျဖန္႔ခ်ိေရးဝန္ၾကီး ဂိုဘဲလ္ေနထိုင္ရန္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က အဆိုပါေျမေနရာကို ဂိုဘဲလ္အား ၁၉၃၆ ခုႏွစ္တြင္ လက္ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္။

နာဇီဝါဒျဖန္႔ခ်ိေရးဝန္ၾကီးက ဤစံအိမ္ကို အပန္းေျဖအိမ္အျဖစ္ အသံုးျပဳခဲ့သည္။

ဂိုဘဲလ္သည္ စံအိမ္တြင္ နာဇီထိပ္တန္းေခါင္းေဆာင္မ်ား၊ အႏုပညာရွင္မ်ား၊ ရုပ္ရွင္သရုပ္ေဆာင္မ်ားအား ဧည့္ခံမႈ ျပဳလုပ္ခဲ့သည့္အျပင္ သူ၏ လွ်ိဳ႕ဝွက္အခ်စ္ေရး မ်ားစြာအတြက္ ခ်စ္ဗိမာန္ေနရာအျဖစ္လည္း အသံုးျပဳခဲ့ သည္ဟု ဆိုသည္။

၁၉၄၅ ခုႏွစ္တြင္ ဂိုဘဲလ္တို႔ ဇနီးေမာင္ႏွံသည္ ဘာလင္ျမိဳ႕မွ ဗံုးခိုက်င္းတစ္ခုတြင္ ကေလးမ်ားႏွင့္အတူ အဆံုးစီရင္သြားခဲ့ၾကျပီးေနာက္ ဤစံအိမ္ၾကီးကို စစ္ေဆးရံုအျဖစ္ ယာယီအသံုးျပဳခဲ့ေသးသည္။

ေနာက္ပိုင္းတြင္ အေရွ႕ဂ်ာမနီ ကြန္ျမဴနစ္ပါတီ၏ လူငယ္ေရးရာဌာနအျဖစ္ အသံုးျပဳခဲ့သည္။

ဘာလင္တံတိုင္းျပိဳလဲျပီးေနာက္ပိုင္း စံအိမ္ၾကီးကို ဆယ္စုႏွစ္တစ္ခုခန္႔ အမ်ဳိးမ်ဳိးအဖံုဖံု အသံုးျပဳခဲ့ၾကျပီး ေနာက္ပိုင္းတြင္မူ စြန္႔ပစ္ခံလိုက္ရသည္။ စံအိမ္ၾကီး မြမ္းမံထိန္းသိမ္းေရးတာဝန္မွာ ဘာလင္ျပည္နယ္ႏွင့္ ျပည္ေထာင္စုအစိုးရတို႔၏ ပုခံုးေပၚသို႔ ေရာက္လာသည္။

ဂ်ာမနီအစိုးရသည္ နာဇီတို႔ႏွင့္ ဆက္ႏႊယ္ခဲ့သည့္ အေဆာက္အအံုမ်ားႏွင့္ စပ္လ်ဥ္းျပီး ကာလၾကာရွည္ ေခါင္းခဲခဲ့ ရသည္။

နာဇီတို႔ႏွင့္ ဆက္ႏႊယ္ခဲ့သည့္ အေဆာက္အအံုမ်ားကို ထိန္းသိမ္းထားရွိမည္ဆိုပါက လက္ယာစြန္း အစြန္းေရာက္ ဝါဒီမ်ား ျပန္လည္ေပၚေပါက္လာမည္ကို စိုးရိမ္ေသာေၾကာင့္ အမ်ားအားျဖင့္ ျဖိဳဖ်က္ပစ္ေလ့ ရွိခဲ့သည္။

(ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္း Bogensee စံအိမ္ၾကီးကို အေရွ႕ဂ်ာမနီ ကြန္ျမဴနစ္ပါတီ၏ လူငယ္ေရးရာ ဌာနအျဖစ္ အသံုးျပဳခဲ့သည္။ ဓာတ္ပံု-Christian Thiel/ imago images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Germany: Berlin offers up Goebbels' villa for free (dw)

Photo Credit: Patrick Pleul/ dpa/ picture alliance, Christian Thiel/ imago images

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service