အိမ္ျခံေျမတိုက္ခန္းဝယ္တဲ့အခါ အေရးၾကီးဆံုးက ဘယ္သူလဲ…?

အိမ္ျခံေျမတိုက္ခန္းဝယ္တဲ့အခါ အေရးၾကီးဆံုးက ဘယ္သူလဲ…? - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2020 11:13 am တွင် တင်ခဲ့သည်
5055 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

စာဖတ္သူပရိတ္သတ္တခ်ိဳ႕က ေမးၾကတယ္ အိမ္ျခံေျမတိုက္ခန္းဝယ္ရင္ စရန္ေပးစာခ်ဳပ္ခ်ဳပ္စဥ္က ေရွ႕ေနမေခၚဘဲ အျပီးအပိုင္စာခ်ဳပ္တဲ့ေန႔ေရာက္မွ ေရွ႕ေနေခၚျပီး စာခ်ဳပ္လို႔ရတယ္မဟုတ္လားတဲ့ေလ။ဒီေမးခြန္းက (၂) မ်ိဳးခြဲျပီးရွင္းျပမွ အဆင္ေျပမွာပါ။

ေရွ႕ေနမေခၚဘဲ စရန္ေပးစာခ်ဳပ္တာမ်ိဳးလည္းရွိပါတယ္။အဲဒီလိုစာခ်ဳပ္မ်ိဳးေတြကေတာ့ ပါမစ္ေျမမူရင္းျဖစ္ေစ ၊ ဂရန္ေျမမူရင္းျဖစ္ေစ မူလအမည္ေပါက္ထံက ဝယ္ယူရတာမ်ိဳးဆိုရင္ ေရွ႕ေနမပါလည္း ရပါတယ္။ထို႔အတူဘဲ တိုက္ခန္းတို႕၊ ကြန္ဒိုတို႕ဆိုရင္လည္း မူလအမည္ေပါက္ေျမရွင္ထံက ျဖစ္ေစ မူလကန္ထရုိက္တာထံကျဖစ္ေစ တိုက္ရုိက္ဝယ္ယူရတာမ်ိဳးဆိုရင္ ေရွ႕ေနမပါဘဲစရန္ေပးစာခ်ဳပ္လို႔ ရပါတယ္။

အဲဒီလို စရန္ေပးျပီးတဲ့ေနာက္ က်န္ေငြေပးေခ်ေတာ့မယ္ဆိုရင္ေတာ့ ေရွ႕ေနျဖစ္ေစ ၊ စာခ်ဳပ္စာတမ္းကၽြမ္းက်င္သူျဖစ္ေစ လိုလာပါျပီ။ဘာေၾကာင့္လည္းဆိုေတာ့ ပါမစ္ေျမ ၊ ဂရန္ေျမျဖစ္ရင္ အမည္ေပါက္မွန္ကန္မႈရွိမရွိ သိရွိဖို႕လိုအပ္သလို ၊ အတုအစစ္ခြဲျခားတတ္ဖို႕လည္းလိုပါတယ္။

တိုက္ခန္းဆိုရင္လည္း ေျမရွင္ထံက တိုက္ရုိက္ဝယ္ယူခဲ့ရင္ေျမရွင္ပိုင္တဲ့ အခန္း (သို႔မဟုတ္) ေျမရွင္နဲ႔ ကန္ထရုိက္တာ နွစ္ဦးသေဘာတူအခန္းေပးအခန္းယူစာခ်ဳပ္ ကိုေတာင္းၾကည့္ဖို႔လိုတယ္။ေျမရွင္အခန္းပိုင္မွန္တယ္ဆိုရင္ အဲဒီအခန္းေပအခန္းယူစာခ်ဳပ္မိတၱဴကိုဝယ္သူက ေတာင္းယူတာထားဖို႔လိုတယ္။ဒါမွသာ ေျမရွင္ပိုင္အခန္းကိုဝယ္ယူလိုက္ရတာဘဲဆိုျပီး စိတ္ခ်မ္းသာသြားမွာေပါ့။

ထိုနည္းတူပါဘဲ ကန္ထရုိက္ဘက္ျခမ္းကိုဝယ္မယ္ဆိုရင္လည္း အဲဒီအခန္းေပးအခန္းယူစာခ်ဳပ္ကိုေတာင္းရမွာဘဲ။ အဲဒီေတာ့ ကန္ထရုိက္ပိုင္အခန္းဘဲဝယ္ဝယ္ ၊ ေျမရွင္ပိုင္အခန္းဘဲဝယ္ဝယ္ ၊ အေရးၾကီးဆံုး အခ်က္တစ္ခ်က္ရွိေသးတယ္။အဲဒါက အေဆာက္အအံုေဆာက္လုပ္ျပီးစီးေၾကာင္းလက္မွတ္ (BCC) ရေအာင္ေစာင့္ပါ။ BCC လက္မွတ္ရွိရင္ တရားဝင္ေဆာက္လုပ္တဲ့ တိုက္ျဖစ္တယ္ဆိုေတာ့ စိတ္ခ်ရတာေပါ့။ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္တဲ့အေဆာက္အဦးဆိုရင္ ဝယ္ျပီးေနတာေတာင္စိတ္မေအးရဘူးေပါ့။ စည္ပင္ (ယာ/အံု) ဌါနက လာျပီး စစ္ေဆးမွာေၾကာက္ေနရတယ္ေလ။

ဒါေၾကာင့္ေျပာတာေပါ့။ စရန္ေပးစာခ်ဳပ္စဥ္ကေတာ့ ပြဲစားေတြေျပာစကားထဲမွာဘဲ ဇာတ္ေမွ်ာေနခဲ့မိတယ္။က်န္ေငြေပးေခ်တဲ့ေန႔ေရာက္ေတာ့ ပြဲစားေတြက လိုက္လာျပီး သက္သလက္မွတ္ထိုးဖို႕ေတာင္ တုန္႕ေနွးသြားၾကတယ္။ မလာႏိုင္တဲ့အေၾကာင္း လုပ္မ်ားေနတဲ့ေန႔မွာ ပြဲစားကလည္းမလာေရွ႕ေနကလည္း မပါဘူးဆိုရင္ ေျမရွင္ေျပာသလို ကန္ထရုိက္စီစဥ္သလိုအလြယ္လိုက္ျပီးစာခ်ဳပ္လိုက္လို႔အဆင္ေျပသြားတယ္ဆုိရင္ေကာင္းတာေပါ့။

အဲဒီလိုမဟုတ္ဘဲ လမ္းေဘးေဈးဆိုင္က အလြယ္တကူဝယ္ယူရရွိတဲ့စာခ်ဳပ္နဲ႔ ခ်ဳပ္ခဲ့မိရင္ျဖင့္ စာခ်ဳပ္ထဲမွာ ေရာင္းသူဝယ္သူရဲ႕ တာဝန္ေတြအျပည့္အဝမပါသလို ေရာင္းသူဝယ္သူရဲ႕ အခြင့္အေရးေတြလည္းျဖည့္စြတ္စရာေတြက်န္ေနခဲ့ရင္ ေနာက္မွ အခြင့္အေရးေတာင္းဆိုလို႕မရေတာ့ဘူးေလ။ဝယ္သူရဲ႕ အခြင့္အေရးေတြဆံုးရႈံးတာေပါ့။

တကယ္လို႕ မိမိဝယ္ယူခဲ့တဲ့ တိုက္ခန္းနဲ႕ပတ္သက္လို႕ဘဲျဖစ္ျဖစ္ ေျမကြက္နဲ႕ပတ္သက္လို႔ဘဲျဖစ္ျဖစ္ အရႈပ္အရွင္းျပႆနာေတြေပၚခဲ့ရင္ အားကိုးအားထားက ဒီအေရာင္းအဝယ္စာခ်ဳပ္တစ္ခုဘဲရွိတာေလ။အဲဒီအေရာင္းအဝယ္စာခ်ဳပ္ကိုဘဲ အေျခခံျပီးျပႆနာကိုရွင္းရမွာေလ။အဲဒီေတာ့မွ စာခ်ဳပ္ထဲမွာေတာ့ ထည့္မေရးမိခဲ့ဘူး။ဒါေပမဲ့ အျပင္မွာေတာ့ “ နႈတ္ကတိ ” နဲ႕ ဒီလိုသေဘာတူညီခ်က္ရွိေသးတယ္ဆိုျပီး ျငင္းခံုၾကရင္လည္း စာခ်ဳပ္ထဲမွာ မပါရင္ေရာင္းသူက ျငင္းလို႕ရတယ္ေလ။ တစ္ခါတရံ ကိုယ့္ဘက္ကမွန္ရဲ႕သားနဲ႕ ရႈံးတယ္ဆိုေတာ့ စာခ်ဳပ္မွာ ျပည့္ျပည့္စံုစံု မေရးခဲ့မိလို႕ နစ္နာရတာေလ။

ဒါေၾကာင့္ စာခ်ဳပ္စာတမ္းဆိုတာ “ စကားမေျပာေသာ သက္ေသ ” ျဖစ္တာေၾကာင့္ တိုက္ခန္းျဖစ္ေစ ၊ အိမ္ျခံေျမျဖစ္ေစ ၊ လယ္ယာေျမျဖစ္ေစ စရန္ေပးစာခ်ဳပ္စဥ္ကလည္း ေရွ႕ေနနဲ႕ စာခ်ဳပ္စာတမ္းကၽြမ္းက်င္သူလိုအပ္သလို အျပီးအပိုင္ေငြေခ်းစာခ်ဳပ္ခ်ဳပ္တဲ့အခါမွာလည္း ေရွ႔ေနနဲ႕ ကၽြမ္းက်င္သူတို႕လိုအပ္ပါတယ္။

အိမ္ျခံေျမတိုက္ခန္းဝယ္တယ္ဆိုတာ လူတိုင္းလူတိုင္းအနွစ္နွစ္အလလက ခ်ိဳးျခံေခၽြတာျပီး စုေဆာင္းထားခဲ့ရတဲ့ေငြနဲ႔ ဝယ္ရတာျဖစ္တဲ့အတြက္၊ အိမ္ျခံေျမတိုက္ခန္းအေၾကာင္းနားလည္တတ္ကၽြမ္းတဲ့ အက်ိဳးေဆာင္ပြဲစားမ်ားနဲ႕ ျဖစ္ေစ ၊ ေရွ႔ေနေရွ႕ရပ္မ်ားကိုေခၚယူျပီးျဖစ္ေစ ၊ ဝယ္ယူတာ အေကာင္းဆံုးလို႕သာ အၾကံေပးပါရေစ။

ေရွ႕ေနငွါးလို႕ တစ္သိန္း ၊ နွစ္သိန္းေပးရတာေလးကိုမျမင္ပါနဲ႕ ဝယ္သူအေနနဲ႕ မကၽြမ္းက်င္တဲ့ပြဲစားစကား နားေထာင္မိျပီး ဝယ္ခဲ့မိရင္အခက္အခဲေတြ ေတြ႕ရတတ္ပါတယ္။ ၾကီးမားတဲ့အခြင့္အေရးေတြဆံုးရႈံးတတ္ပါတယ္။ " ထိုင္ေနတာအေကာင္းသား ၊ ထသြား မွ အက်ိဳးမွန္းသိ " ဆိုသလို ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ဒုကၡေတြ႕ရတတ္ပါတယ္။ ဒီေတာ့ အနွစ္ခ်ဳပ္ၾကစို႕၊ အိမ္ျခံေျမတိုက္ခန္းစာခ်ဳပ္ရင္ စရန္ေပးတဲ့ အခါမွာေရာ ၊ အျပီးစာခ်ဳပ္တဲ့အခါမွာေရာ ၊ ကၽြမ္းက်င္သူေခၚ၍ျဖစ္ေစ၊ ေရွ႕ေနေခၚ၍ျဖစ္ေစ တိုက္တြန္းအၾကံေပးလိုက္ရပါတယ္။

“ အေဆြ ခင္ပြန္းေကာင္းနဲ႕ ေတြ႕ၾကပါေစ ”

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

စာဖတ်သူပရိတ်သတ်တချို့က မေးကြတယ် အိမ်ခြံမြေတိုက်ခန်းဝယ်ရင် စရန်ပေးစာချုပ်ချုပ်စဉ်က ရှေ့နေမခေါ်ဘဲ အပြီးအပိုင်စာချုပ်တဲ့နေ့ရောက်မှ ရှေ့နေခေါ်ပြီး စာချုပ်လို့ရတယ်မဟုတ်လားတဲ့လေ။ဒီမေးခွန်းက (၂)မျိုးခွဲပြီးရှင်းပြမှ အဆင်ပြေမှာပါ။

ရှေ့နေမခေါ်ဘဲ စရန်ပေးစာချုပ်တာမျိုးလည်းရှိပါတယ်။အဲဒီလိုစာချုပ်မျိုးတွေကတော့ ပါမစ်မြေမူရင်းဖြစ်စေ ၊ ဂရန်မြေမူရင်းဖြစ်စေ မူလအမည်ပေါက်ထံက ဝယ်ယူရတာမျိုးဆိုရင် ရှေ့နေမပါလည်း ရပါတယ်။ထို့အတူဘဲ တိုက်ခန်းတို့၊ ကွန်ဒိုတို့ဆိုရင်လည်း မူလအမည်ပေါက်မြေရှင်ထံက ဖြစ်စေ မူလကန်ထရိုက်တာထံကဖြစ်စေ တိုက်ရိုက်ဝယ်ယူရတာမျိုးဆိုရင် ရှေ့နေမပါဘဲစရန်ပေးစာချုပ်လို့ ရပါတယ်။

အဲဒီလို စရန်ပေးပြီးတဲ့နောက် ကျန်ငွေပေးချေတော့မယ်ဆိုရင်တော့ ရှေ့နေဖြစ်စေ ၊ စာချုပ်စာတမ်းကျွမ်းကျင်သူဖြစ်စေ လိုလာပါပြီ။ဘာကြောင့်လည်းဆိုတော့ ပါမစ်မြေ ၊ ဂရန်မြေဖြစ်ရင် အမည်ပေါက်မှန်ကန်မှုရှိမရှိ သိရှိဖို့လိုအပ်သလို ၊ အတုအစစ်ခွဲခြားတတ်ဖို့လည်းလိုပါတယ်။

တိုက်ခန်းဆိုရင်လည်း မြေရှင်ထံက တိုက်ရိုက်ဝယ်ယူခဲ့ရင်မြေရှင်ပိုင်တဲ့ အခန်း (သို့မဟုတ်) မြေရှင်နဲ့ ကန်ထရိုက်တာ နှစ်ဦးသဘောတူအခန်းပေးအခန်းယူစာချုပ် ကိုတောင်းကြည့်ဖို့လိုတယ်။မြေရှင်အခန်းပိုင်မှန်တယ်ဆိုရင် အဲဒီအခန်းပေအခန်းယူစာချုပ်မိတ္တူကိုဝယ်သူက တောင်းယူတာထားဖို့လိုတယ်။ဒါမှသာ မြေရှင်ပိုင်အခန်းကိုဝယ်ယူလိုက်ရတာဘဲဆိုပြီး စိတ်ချမ်းသာသွားမှာပေါ့။

ထိုနည်းတူပါဘဲ ကန်ထရိုက်ဘက်ခြမ်းကိုဝယ်မယ်ဆိုရင်လည်း အဲဒီအခန်းပေးအခန်းယူစာချုပ်ကိုတောင်းရမှာဘဲ။ အဲဒီတော့ ကန်ထရိုက်ပိုင်အခန်းဘဲဝယ်ဝယ် ၊ မြေရှင်ပိုင်အခန်းဘဲဝယ်ဝယ် ၊ အရေးကြီးဆုံး အချက်တစ်ချက်ရှိသေးတယ်။အဲဒါက အဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) ရအောင်စောင့်ပါ။ BCC လက်မှတ်ရှိရင် တရားဝင်ဆောက်လုပ်တဲ့ တိုက်ဖြစ်တယ်ဆိုတော့ စိတ်ချရတာပေါ့။ ခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့အဆောက်အဦးဆိုရင် ဝယ်ပြီးနေတာတောင်စိတ်မအေးရဘူးပေါ့။ စည်ပင် (ယာ/အုံ) ဌါနက လာပြီး စစ်ဆေးမှာကြောက်နေရတယ်လေ။

ဒါကြောင့်ပြောတာပေါ့။ စရန်ပေးစာချုပ်စဉ်ကတော့ ပွဲစားတွေပြောစကားထဲမှာဘဲ ဇာတ်မျှောနေခဲ့မိတယ်။ကျန်ငွေပေးချေတဲ့နေ့ရောက်တော့ ပွဲစားတွေက လိုက်လာပြီး သက်သလက်မှတ်ထိုးဖို့တောင် တုန့်နှေးသွားကြတယ်။ မလာနိုင်တဲ့အကြောင်း လုပ်များနေတဲ့နေ့မှာ ပွဲစားကလည်းမလာရှေ့နေကလည်း မပါဘူးဆိုရင် မြေရှင်ပြောသလို ကန်ထရိုက်စီစဉ်သလိုအလွယ်လိုက်ပြီးစာချုပ်လိုက်လို့အဆင်ပြေသွားတယ်ဆိုရင်ကောင်းတာပေါ့။

အဲဒီလိုမဟုတ်ဘဲ လမ်းဘေးဈေးဆိုင်က အလွယ်တကူဝယ်ယူရရှိတဲ့စာချုပ်နဲ့ ချုပ်ခဲ့မိရင်ဖြင့် စာချုပ်ထဲမှာ ရောင်းသူဝယ်သူရဲ့ တာဝန်တွေအပြည့်အဝမပါသလို ရောင်းသူဝယ်သူရဲ့ အခွင့်အရေးတွေလည်းဖြည့်စွတ်စရာတွေကျန်နေခဲ့ရင် နောက်မှ အခွင့်အရေးတောင်းဆိုလို့မရတော့ဘူးလေ။ဝယ်သူရဲ့ အခွင့်အရေးတွေဆုံးရှုံးတာပေါ့။

တကယ်လို့ မိမိဝယ်ယူခဲ့တဲ့ တိုက်ခန်းနဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ် မြေကွက်နဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ် အရှုပ်အရှင်းပြဿနာတွေပေါ်ခဲ့ရင် အားကိုးအားထားက ဒီအရောင်းအဝယ်စာချုပ်တစ်ခုဘဲရှိတာလေ။အဲဒီအရောင်းအဝယ်စာချုပ်ကိုဘဲ အခြေခံပြီးပြဿနာကိုရှင်းရမှာလေ။အဲဒီတော့မှ စာချုပ်ထဲမှာတော့ ထည့်မရေးမိခဲ့ဘူး။ဒါပေမဲ့ အပြင်မှာတော့ “ နှုတ်ကတိ ” နဲ့ ဒီလိုသဘောတူညီချက်ရှိသေးတယ်ဆိုပြီး ငြင်းခုံကြရင်လည်း စာချုပ်ထဲမှာ မပါရင်ရောင်းသူက ငြင်းလို့ရတယ်လေ။ တစ်ခါတရံ ကိုယ့်ဘက်ကမှန်ရဲ့သားနဲ့ ရှုံးတယ်ဆိုတော့ စာချုပ်မှာ ပြည့်ပြည့်စုံစုံ မရေးခဲ့မိလို့ နစ်နာရတာလေ။

ဒါကြောင့် စာချုပ်စာတမ်းဆိုတာ “ စကားမပြောသော သက်သေ ” ဖြစ်တာကြောင့် တိုက်ခန်းဖြစ်စေ ၊ အိမ်ခြံမြေဖြစ်စေ ၊ လယ်ယာမြေဖြစ်စေ စရန်ပေးစာချုပ်စဉ်ကလည်း ရှေ့နေနဲ့ စာချုပ်စာတမ်းကျွမ်းကျင်သူလိုအပ်သလို အပြီးအပိုင်ငွေချေးစာချုပ်ချုပ်တဲ့အခါမှာလည်း ရှေ့နေနဲ့ ကျွမ်းကျင်သူတို့လိုအပ်ပါတယ်။

အိမ်ခြံမြေတိုက်ခန်းဝယ်တယ်ဆိုတာ လူတိုင်းလူတိုင်းအနှစ်နှစ်အလလက ချိုးခြံချွေတာပြီး စုဆောင်းထားခဲ့ရတဲ့ငွေနဲ့ ဝယ်ရတာဖြစ်တဲ့အတွက်၊ အိမ်ခြံမြေတိုက်ခန်းအကြောင်းနားလည်တတ်ကျွမ်းတဲ့ အကျိုးဆောင်ပွဲစားများနဲ့ ဖြစ်စေ ၊ ရှေ့နေရှေ့ရပ်များကိုခေါ်ယူပြီးဖြစ်စေ ၊ ဝယ်ယူတာ အကောင်းဆုံးလို့သာ အကြံပေးပါရစေ။

ရှေ့နေငှါးလို့ တစ်သိန်း ၊ နှစ်သိန်းပေးရတာလေးကိုမမြင်ပါနဲ့ ဝယ်သူအနေနဲ့ မကျွမ်းကျင်တဲ့ပွဲစားစကား နားထောင်မိပြီး ဝယ်ခဲ့မိရင်အခက်အခဲတွေ တွေ့ရတတ်ပါတယ်။ ကြီးမားတဲ့အခွင့်အရေးတွေဆုံးရှုံးတတ်ပါတယ်။ " ထိုင်နေတာအကောင်းသား ၊ ထသွား မှ အကျိုးမှန်းသိ " ဆိုသလို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဒုက္ခတွေ့ရတတ်ပါတယ်။ ဒီတော့ အနှစ်ချုပ်ကြစို့၊ အိမ်ခြံမြေတိုက်ခန်းစာချုပ်ရင် စရန်ပေးတဲ့ အခါမှာရော ၊ အပြီးစာချုပ်တဲ့အခါမှာရော ၊ ကျွမ်းကျင်သူခေါ်၍ဖြစ်စေ၊ ရှေ့နေခေါ်၍ဖြစ်စေ တိုက်တွန်းအကြံပေးလိုက်ရပါတယ်။

“ အဆွေ ခင်ပွန်းကောင်းနဲ့ တွေ့ကြပါစေ ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service