ကင္မ္ကာဒါရွီယန္၏ ေလာ့စ္အိန္ဂ်လိ ကြန္ဒိုခန္း ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ကင္မ္ကာဒါရွီယန္၏ ေလာ့စ္အိန္ဂ်လိ ကြန္ဒိုခန္း ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
15 Nov 2019 12:56 pm တွင် တင်ခဲ့သည်
1218 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ကမၻာေက်ာ္ေမာ္ဒယ္လ္၊ ရုပ္ရွင္သရုပ္ေဆာင္ ကင္မ္ကာဒါရွီယန္ႏွင့္ ခင္ပြန္းျဖစ္သူ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္တို႔က ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ကာလာဘာဆက္စ္အရပ္ရွိ ကြန္ဒိုခန္းကို ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

ကင္မ္ ကာဒါရွီယန္တို႔ စံုတြဲသည္ စတုရန္းေပ ၂၂၆၀ က်ယ္ဝန္းသည့္ အဆိုပါကြန္ဒိုခန္းကို ၂ ႏွစ္ခန္႔ ပိုင္ဆိုင္ခဲ့ျပီးေနာက္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။ မူလက ၎တို႔၏ စီးပြားေရးလုပ္ငန္းအတြက္ ရံုးအျဖစ္အသံုးျပဳခဲ့ျခင္းျဖစ္သည္။

၎တို႔၏ လုပ္ငန္းမွာ ေနာက္ပိုင္းတြင္ ေရေမႊး၊ အလွကုန္ႏွင့္ အမ်ဳိးသမီးဝတ္ ေကာက္ေၾကာင္းေဖာ္ အဝတ္အစားမ်ား ထုတ္လုပ္ေရး ဘက္အထိ ခ်ဲ႕ထြင္လာခဲ့သည္။

ရံုးခန္းအျဖစ္သာ အသံုးျပဳခဲ့သည္ျဖစ္ရကား ေစ်းကြက္တင္ဓာတ္ပံုမ်ားတြင္ ပင္မဧည့္ခန္းေနရာမွ လြဲျပီး အျခားၾကည့္စရာ မ်ားမ်ားစားစား မရွိခဲ့။

သို႔တိုင္ေအာင္ ကင္မ္ကာဒါရွီယန္က သူ၏ ရံုးခန္းကို ခမ္းနားသည့္ျမင္ကြင္းျဖစ္ေစရန္ ဘယ္လ္ဂ်ီယံ ဒီဇိုင္နာ ဗင္းဆင့္ ဗန္ဒိုင္းစန္ကို ေခၚယူကာ မြမ္းမံခဲ့သည္။

ကင္မ္ ကာဒါရွီယန္၏ ေနအိမ္ႏွင့္ ရံုးခန္းအၾကား ျခားနားခ်က္မွာ လက္တြဲခဲ့ေသာ ဒီဇိုင္နာ မတူျခင္းႏွင့္ အေရာင္ရင့္မ်ား အသံုးျပဳမႈအပိုင္း ျဖစ္သည္။

ကင္ေညးဝက္စ္၏ အမည္ရင္းမွာ ကင္ေညး အိုမာရီ ဝက္စ္ျဖစ္ျပီး ၁၉၇၇ ခုႏွစ္၊ ဇြန္လ ၈ ရက္တြင္ ေမြးဖြားကာ အေမရိကန္ ရက္ပ္အဆိုေတာ္၊ ေတးေရး၊ ေတးထုပ္လုပ္သူ၊ စြန္႔ဦးစီးပြားေရးလုပ္ငန္းရွင္၊ ဖက္ရွင္ဒီဇိုင္နာ ဘဝမ်ားျဖင့္ က်င္လည္ခဲ့သည္။

ကင္ေညးဝက္စ္သည္ သမိုင္းတစ္ေလွ်ာက္အေရာင္းရဆံုး ရက္ပ္အဆိုေတာ္မ်ားထဲမွ တစ္ဦးျဖစ္သည္။

ဂီတအကယ္ဒမီဟုဆိုသည့္ ဂရမ္မီဆု ၂၁ ၾကိမ္အထိ ရရွိထားရာ သမိုင္းတစ္ေလွ်ာက္ ဆုအမ်ားဆံုးရရွိထားသည့္ အႏုပညာရွင္တစ္ဦး ျဖစ္လာသည္။

ကင္မ္ ကာဒါရွီယန္၏ အမည္ရင္းမွာ ကင္ဘာေလ ႏိုအယ္ ကာဒါရွီယန္ျဖစ္ျပီး ၁၉၈၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၂၁ ရက္တြင္ ေမြးဖြားသည္။

ကင္မ္ ကာဒါရွီယန္ကို သတင္းမီဒီယာတို႔ စတင္အာရံုစိုက္မိသည္မွာ ပဲရစ္ဟီလ္တန္၏ ဖက္ရွင္စတိုင္ပညာရွင္အျဖစ္ ျဖစ္သည္။

ကင္မ္ ကာဒါရွီယန္သည္ Twitter ႏွင့္ Instagram တို႔တြင္ follower သန္းေပါင္းရာႏွင့္ခ်ီ၍ ရရွိထားသူျဖစ္သည္။

သူ၏ အမည္ျဖင့္ ထုတ္ကုန္မ်ားစြာ ထုတ္လုပ္ခဲ့ရာ ၂၀၁၄ ခုႏွစ္၊ မိုဘိုင္းဂိမ္းတစ္ခုျဖစ္ေသာ Kim Kardashian: Hollywood အျပင္၊ အဝတ္အစားႏွင့္ အျခားထုတ္ကုန္ အမ်ဳိးမ်ဳိး ပါဝင္သည္။

ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္ႏွင့္ အခ်စ္ေရးမွာလည္း သတင္းမီဒီယာတို႔၏ ထိပ္တန္းသတင္းတစ္ရပ္ျဖစ္ခဲ့သည္။

၎တို႔စံုတြဲသည္ ၂၀၁၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး သားသမီး ၄ ဦး ထြန္းကားကာ ဘဲအဲရ္ႏွင့္ ဟိုက္ဒန္းေဟးလ္တို႔တြင္ ေနအိမ္မ်ားစြာ ပိုင္ဆိုင္ထားသည္။

ကင္မ္ ကာဒါရွီယန္သည္ Disaster Movie (၂၀၀၈)၊ Deep in the Valley (၂၀၀၉) ႏွင့္ Temptation: Confessions of a Marriage Counselor (၂၀၁၃) ဇာတ္ကားမ်ားတြင္ ပါဝင္သရုပ္ေဆာင္ထားသည္။

တိုင္းမ္မဂၢဇင္းၾကီးက ကင္မ္ကာဒါရွီယန္ကို ၂၀၁၅ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ထည့္သြင္းေဖာ္ျပခဲ့ျပီး Vogue မဂၢဇင္းၾကီးကလည္း ၂၀၁၆ ေပါ့ပ္ယဥ္ေက်းမႈ၏ ျပယုဂ္အျဖစ္ သတ္မွတ္ခဲ့သည္။

(ဆက္စပ္သတင္းမ်ား)

(၁) ကင္ေညးဝက္စ္ႏွင့္ ကင္မ္ကာဒါရွီယန္တို႔စံုတြဲက ဧကေပါင္း ၉၀၀၀ ေက်ာ္က်ယ္ဝန္းကာ ကန္ေဒၚလာ ၁၄ သန္း တန္ေၾကးရွိသည့္ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူ

https://www.imyanmarhouse.com/news/read/856751

(၂) ကင္မ္ကာဒါရွီယန္၏ ခင္ပြန္း ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္က ေလာ့စ္အိန္ဂ်လိတြင္ တန္ဖိုးနည္း အမိုးခံုးအိမ္မ်ား ေဆာက္လုပ္ခဲ့ျခင္းေၾကာင့္ ေဒသခံတို႔၏ တိုင္ၾကားျခင္းခံရ

https://www.imyanmarhouse.com/news/read/849376

(၃) ဇနီးျဖစ္သူ ကင္မ္ကာဒါရွီယန္အတြက္ ခရစၥမတ္လက္ေဆာင္အျဖစ္ ဝယ္ေပးရန္ စရန္ေပးထားသည့္ ကန္ေဒၚလာ ၁၄ သန္းတန္ ကြန္ဒိုခန္းကို ကင္ေညးဝက္စ္က ဝယ္ယူမႈ ဖ်က္သိမ္း

https://www.imyanmarhouse.com/news/read/803423

(၄) ႏွစ္သစ္ကူးကာလတြင္ မီယာမီကမ္းေျခ၌ ကြန္ဒိုခန္းဝယ္ရန္ စီစဥ္ေနေသာ ကင္မ္ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္

https://www.imyanmarhouse.com/news/read/794316

(၅) ေကာ္စတာရီကာႏိုင္ငံတြင္ ကင္မ္ကာဒါရွီယန္ အပန္းေျဖေလ့ရွိကာ သီးသန္႔စားဖိုမွဴးႏွင့္ အမိုးေပၚေရကူးကန္ ပါဝင္သည့္ ေနအိမ္ၾကီးကို တစ္ညလွ်င္ ေပါင္ ၁၁၀၀၀ ျဖင့္ ငွားရမ္းတည္းခိုႏိုင္

https://www.imyanmarhouse.com/news/read/703227

(၆) နယူးေယာက္တြင္ အဆိုေတာ္ျဖစ္လိုသည့္ အမ်ဳိးသမီးက ကင္မ္ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္တို႔၏ ေနအိမ္ကို ဝယ္ယူ

https://www.imyanmarhouse.com/news/read/681454

(၇) ကင္ေညးဝက္စ္ ခ်ီကာဂိုကို ေျပာင္းဖို႔ၾကံေနသလား၊ ခ်ီကာဂိုမွာ အိမ္ဝယ္လိုက္ျပီလား

https://www.imyanmarhouse.com/news/read/770734

(၈) ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္က ဗိသုကာကုမၸဏီ တည္ေထာင္လိုက္ျပီးေနာက္ ဝင္ေငြနည္းပါးသူမ်ားအတြက္ တန္ဖိုးနည္းအိမ္ရာမ်ား ေဆာက္လုပ္ရန္စီစဥ္

https://www.imyanmarhouse.com/news/read/746998

(၉) ကင္မ္ ကာဒါရွီယန္ႏွင့္ ကင္ေညးဝက္စ္တို႔က ၎တို႔၏ေနအိမ္ကို ကန္ေဒၚလာ သန္း ၂၀ အကုန္အက်ခံကာ ျပဳျပင္မြမ္းမံ

https://www.imyanmarhouse.com/news/read/699388

(၁၀) ၂၀၂၀ တြင္ အေမရိကန္သမၼတေလာင္းျဖစ္လာဖြယ္ရွိသည္ဟု ခန္႔မွန္းျခင္းခံရသူ ဟစ္ပ္ေဟာ့အဆိုေတာ္ ကင္ေညးဝက္စ္ ေဟာလိဝုဒ္ေနအိမ္ ဝယ္လက္ေတြ႔ျပီ

https://www.imyanmarhouse.com/news/read/648242

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ကမ္ဘာကျော်မော်ဒယ်လ်၊ ရုပ်ရှင်သရုပ်ဆောင် ကင်မ်ကာဒါရှီယန်နှင့် ခင်ပွန်းဖြစ်သူ ရက်ပ်အဆိုတော် ကင်ညေးဝက်စ်တို့က လော့စ်အိန်ဂျလိမြို့၊ ကာလာဘာဆက်စ်အရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ကင်မ် ကာဒါရှီယန်တို့ စုံတွဲသည် စတုရန်းပေ ၂၂၆၀ ကျယ်ဝန်းသည့် အဆိုပါကွန်ဒိုခန်းကို ၂ နှစ်ခန့် ပိုင်ဆိုင်ခဲ့ပြီးနောက် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။ မူလက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအတွက် ရုံးအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ လုပ်ငန်းမှာ နောက်ပိုင်းတွင် ရေမွှေး၊ အလှကုန်နှင့် အမျိုးသမီးဝတ် ကောက်ကြောင်းဖော် အဝတ်အစားများ ထုတ်လုပ်ရေး ဘက်အထိ ချဲ့ထွင်လာခဲ့သည်။

ရုံးခန်းအဖြစ်သာ အသုံးပြုခဲ့သည်ဖြစ်ရကား ဈေးကွက်တင်ဓာတ်ပုံများတွင် ပင်မဧည့်ခန်းနေရာမှ လွဲပြီး အခြားကြည့်စရာ များများစားစား မရှိခဲ့။

သို့တိုင်အောင် ကင်မ်ကာဒါရှီယန်က သူ၏ ရုံးခန်းကို ခမ်းနားသည့်မြင်ကွင်းဖြစ်စေရန် ဘယ်လ်ဂျီယံ ဒီဇိုင်နာ ဗင်းဆင့် ဗန်ဒိုင်းစန်ကို ခေါ်ယူကာ မွမ်းမံခဲ့သည်။

ကင်မ် ကာဒါရှီယန်၏ နေအိမ်နှင့် ရုံးခန်းအကြား ခြားနားချက်မှာ လက်တွဲခဲ့သော ဒီဇိုင်နာ မတူခြင်းနှင့် အရောင်ရင့်များ အသုံးပြုမှုအပိုင်း ဖြစ်သည်။

ကင်ညေးဝက်စ်၏ အမည်ရင်းမှာ ကင်ညေး အိုမာရီ ဝက်စ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် မွေးဖွားကာ အမေရိကန် ရက်ပ်အဆိုတော်၊ တေးရေး၊ တေးထုပ်လုပ်သူ၊ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်နာ ဘဝများဖြင့် ကျင်လည်ခဲ့သည်။

ကင်ညေးဝက်စ်သည် သမိုင်းတစ်လျှောက်အရောင်းရဆုံး ရက်ပ်အဆိုတော်များထဲမှ တစ်ဦးဖြစ်သည်။

ဂီတအကယ်ဒမီဟုဆိုသည့် ဂရမ်မီဆု ၂၁ ကြိမ်အထိ ရရှိထားရာ သမိုင်းတစ်လျှောက် ဆုအများဆုံးရရှိထားသည့် အနုပညာရှင်တစ်ဦး ဖြစ်လာသည်။

ကင်မ် ကာဒါရှီယန်၏ အမည်ရင်းမှာ ကင်ဘာလေ နိုအယ် ကာဒါရှီယန်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် မွေးဖွားသည်။

ကင်မ် ကာဒါရှီယန်ကို သတင်းမီဒီယာတို့ စတင်အာရုံစိုက်မိသည်မှာ ပဲရစ်ဟီလ်တန်၏ ဖက်ရှင်စတိုင်ပညာရှင်အဖြစ် ဖြစ်သည်။

ကင်မ် ကာဒါရှီယန်သည် Twitter နှင့် Instagram တို့တွင် follower သန်းပေါင်းရာနှင့်ချီ၍ ရရှိထားသူဖြစ်သည်။

သူ၏ အမည်ဖြင့် ထုတ်ကုန်များစွာ ထုတ်လုပ်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မိုဘိုင်းဂိမ်းတစ်ခုဖြစ်သော Kim Kardashian: Hollywood အပြင်၊ အဝတ်အစားနှင့် အခြားထုတ်ကုန် အမျိုးမျိုး ပါဝင်သည်။

ရက်ပ်အဆိုတော် ကင်ညေးဝက်စ်နှင့် အချစ်ရေးမှာလည်း သတင်းမီဒီယာတို့၏ ထိပ်တန်းသတင်းတစ်ရပ်ဖြစ်ခဲ့သည်။

၎င်းတို့စုံတွဲသည် ၂၀၁၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားကာ ဘဲအဲရ်နှင့် ဟိုက်ဒန်းဟေးလ်တို့တွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသည်။

ကင်မ် ကာဒါရှီယန်သည် Disaster Movie (၂၀၀၈)၊ Deep in the Valley (၂၀၀၉) နှင့် Temptation: Confessions of a Marriage Counselor (၂၀၁၃) ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ကင်မ်ကာဒါရှီယန်ကို ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး Vogue မဂ္ဂဇင်းကြီးကလည်း ၂၀၁၆ ပေါ့ပ်ယဉ်ကျေးမှု၏ ပြယုဂ်အဖြစ် သတ်မှတ်ခဲ့သည်။

(ဆက်စပ်သတင်းများ)

(၁) ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယန်တို့စုံတွဲက ဧကပေါင်း ၉၀၀၀ ကျော်ကျယ်ဝန်းကာ ကန်ဒေါ်လာ ၁၄ သန်း တန်ကြေးရှိသည့် မွေးမြူရေးခြံကြီးကို ဝယ်ယူ

https://www.imyanmarhouse.com/news/read/856751

(၂) ကင်မ်ကာဒါရှီယန်၏ ခင်ပွန်း ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က လော့စ်အိန်ဂျလိတွင် တန်ဖိုးနည်း အမိုးခုံးအိမ်များ ဆောက်လုပ်ခဲ့ခြင်းကြောင့် ဒေသခံတို့၏ တိုင်ကြားခြင်းခံရ

https://www.imyanmarhouse.com/news/read/849376

(၃) ဇနီးဖြစ်သူ ကင်မ်ကာဒါရှီယန်အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ပေးရန် စရန်ပေးထားသည့် ကန်ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို ကင်ညေးဝက်စ်က ဝယ်ယူမှု ဖျက်သိမ်း

https://www.imyanmarhouse.com/news/read/803423

(၄) နှစ်သစ်ကူးကာလတွင် မီယာမီကမ်းခြေ၌ ကွန်ဒိုခန်းဝယ်ရန် စီစဉ်နေသော ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်

https://www.imyanmarhouse.com/news/read/794316

(၅) ကော်စတာရီကာနိုင်ငံတွင် ကင်မ်ကာဒါရှီယန် အပန်းဖြေလေ့ရှိကာ သီးသန့်စားဖိုမှူးနှင့် အမိုးပေါ်ရေကူးကန် ပါဝင်သည့် နေအိမ်ကြီးကို တစ်ညလျှင် ပေါင် ၁၁၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်

https://www.imyanmarhouse.com/news/read/703227

(၆) နယူးယောက်တွင် အဆိုတော်ဖြစ်လိုသည့် အမျိုးသမီးက ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့၏ နေအိမ်ကို ဝယ်ယူ

https://www.imyanmarhouse.com/news/read/681454

(၇) ကင်ညေးဝက်စ် ချီကာဂိုကို ပြောင်းဖို့ကြံနေသလား၊ ချီကာဂိုမှာ အိမ်ဝယ်လိုက်ပြီလား

https://www.imyanmarhouse.com/news/read/770734

(၈) ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က ဗိသုကာကုမ္ပဏီ တည်ထောင်လိုက်ပြီးနောက် ဝင်ငွေနည်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်စီစဉ်

https://www.imyanmarhouse.com/news/read/746998

(၉) ကင်မ် ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့က ၎င်းတို့၏နေအိမ်ကို ကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံ

https://www.imyanmarhouse.com/news/read/699388

(၁၀) ၂၀၂၀ တွင် အမေရိကန်သမ္မတလောင်းဖြစ်လာဖွယ်ရှိသည်ဟု ခန့်မှန်းခြင်းခံရသူ ဟစ်ပ်ဟော့အဆိုတော် ကင်ညေးဝက်စ် ဟောလိဝုဒ်နေအိမ် ဝယ်လက်တွေ့ပြီ

https://www.imyanmarhouse.com/news/read/648242

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service