ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္၊ အလွနတ္ဖုရားမ မာရီလင္မြန္ရိုးႏွင့္ 20th Century Fox ရုပ္ရွင္ကုမၸဏီကိုတည္ေထာင္သူ ဂ်ဳိးဆက္ ရွန္႔ခ္တို႔ ေနထိုင္ခဲ့ဖူးေၾကာင္းေကာလာဟလမ်ားရွိေသာ ေလာ့စ္အိန္ဂ်လိစံအိမ္အေရာင္းေစ်းကြက္ဝင္လာ

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္၊ အလွနတ္ဖုရားမ မာရီလင္မြန္ရိုးႏွင့္ 20th Century Fox ရုပ္ရွင္ကုမၸဏီကိုတည္ေထာင္သူ ဂ်ဳိးဆက္ ရွန္႔ခ္တို႔ ေနထိုင္ခဲ့ဖူးေၾကာင္းေကာလာဟလမ်ားရွိေသာ ေလာ့စ္အိန္ဂ်လိစံအိမ္အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
24 Oct 2019 11:36 am တွင် တင်ခဲ့သည်
1209 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မာရီလင္မြန္ရိုး၏ အမည္ရင္းမွာ ေနာ္မာ ယန္း ေမာ္တန္ဆန္ျဖစ္ျပီး ၁၉၂၆ ခုႏွစ္၊ ဇြန္လ ၁ ရက္တြင္ ေမြးဖြားကာ ၁၉၆၂ ခုႏွစ္၊ ၾသဂုတ္လ ၅ ရက္တြင္ ကြယ္လြန္ခဲ့သည္။

အေမရိကန္ ရုပ္ရွင္သရုပ္ေဆာင္၊ ေမာ္ဒယ္လ္၊ အဆိုေတာ္အျဖစ္ ေက်ာ္ၾကားခဲ့သည္။

ဆယ္စုႏွစ္တစ္ခုခန္႔သာ အႏုပညာေလာကတြင္ က်င္လည္ခဲ့ရကာ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ဆံုးပါးခဲ့ရေသာ္လည္း ထိပ္တန္းဝင္ေငြ အရွာေဖြႏိုင္ဆံုး သရုပ္ေဆာင္မင္းသမီးမ်ားတြင္ ပါဝင္ခဲ့ျပီး သူ၏ရုပ္ရွင္မ်ားမွ ထိုေခတ္ ေငြတန္ဖိုးအရပင္ ကန္ေဒၚလာ သန္း ၂၀၀ ခန္႔ ရွာေဖြႏိုင္ခဲ့သည္။

အိမ္ေထာင္ ၃ ၾကိမ္က်ခဲ့ျပီး ေနာက္ဆံုးခင္ပြန္းျဖစ္သူမွာ အာသာေမလာျဖစ္ကာ ၁၉၅၆ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး ၁၉၆၁ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့သည္။

ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းျပီး ၁၉၆၂ ခုႏွစ္၊ ၾသဂုတ္လ ၅ ရက္တြင္ မူးယစ္ေဆးအလြန္အကၽြံသံုးကာ ေသဆံုးသြားခဲ့ရသည္။

ယခုအခါ မာရီလင္မြန္ရိုး တစ္ခ်ိန္က ေနထိုင္ခဲ့ဖူးသည့္ အိပ္ခန္း ၉ ခန္းပါ စံအိမ္ၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

Owlwood Estate ဟု လူသိမ်ားေသာ စံအိမ္ၾကီးသည္ ကမၻာေပၚတြင္ နာမည္အေက်ာ္ဆံုး ထိပ္တန္းအေက်ာ္အေမာ္မ်ားေနထိုင္ရာ ေလာ့စ္အိန္ဂ်လိ၏ လူကံုထံရပ္ကြက္တစ္ခုျဖစ္ေသာ ဟြမ္ဘီေဟးလ္အရပ္တြင္တည္ရွိျပီး ျခံအက်ယ္အဝန္း ၁၀ ဧကခန္႔အထိ ရွိသည္။

ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ေဂ်းဇက္ (Jay-Z) က အဆိုပါစံအိမ္ၾကီးတြင္ ဂရမ္မီဆုရသည့္အထိမ္းအမွတ္ပြဲကို က်င္းပခဲ့ရာ ရီဟားနား၊ ဒီေဂ် ခါလက္ဒ္၊ နစ္ခ္ ဂ်ဳိးနာ့စ္တို႔အျပင္ အျခားအေက်ာ္အေမာ္မ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

ယခုအခါ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၁၁၅ သန္းအထိ ေစ်းေခၚကာ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

ကၽြႏု္ပ္တို႔ အမ်ားစုမွာ အဆိုပါစံအိမ္ၾကီးကို ဝယ္ယူရန္ တတ္ႏိုင္မည္မဟုတ္ေသာ္လည္း ကမၻာေက်ာ္မ်ား ေလွ်ာက္လွမ္းခဲ့ၾကသည့္ ခမ္းမလမ္းမ်ား၊ စံအိမ္ၾကီး၏ ဓာတ္ပံုမ်ားကိုကား ၾကည့္ရႈခံစားႏိုင္သည္ မဟုတ္ပါေလာ။ အီတလီ ရီးေနးဆင္း ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ၾကီးကို ဗိသုကာပညာရွင္ ေရာဘတ္ ဒီ-ဖာကြာက ၁၉၃၀ ျပည့္လြန္ ကာလမ်ားတြင္ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

မာရီလင္မြန္ရိုးသည္ အဆိုပါစံအိမ္ၾကီးတြင္ ကမၻာေက်ာ္ 20th Century Fox ရုပ္ရွင္ကုမၸဏီကိုတည္ေထာင္သူ ဂ်ဳိးဆက္ ရွန္႔ခ္ႏွင့္အတူ ေနထိုင္ခဲ့သည္ဟူေသာ ေကာလာဟလသတင္းမ်ားလည္း ရွိေနသည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္းတြင္လည္း Sonny & Cher ေရာ့ခ္ဂီတဇနီးေမာင္ႏွံက ၎တို႔၏ ဟာသျပပြဲအစီအစဥ္မ်ား ရုပ္ရွင္ရိုက္ကူးခဲ့သည္။

စံအိမ္ၾကီး၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၂၀၁ ရွိျပီး ယခုအခါ ပိုင္ရွင္သစ္ ေခၚယူေနျပီ ျဖစ္သည္။

စံအိမ္အတြင္း ေရခ်ဳိးခန္း ၁၀ ခန္း၊ ဧည့္ေဂဟာေဆာင္ ၁ ခုႏွင့္ ဝန္ထမ္းေနထိုင္ရန္ေနရာမ်ား ပါဝင္သည္။

ခမ္းနားလွေသာ စက်င္ေက်ာက္ မီးလင္းဖိုမ်ား၊ သလင္းဖန္မီးဆိုင္းမ်ား၊ လက္မႈလက္ရာမ်ားျဖင့္ ပံုေဖာ္ထားေသာ မီးလင္းဖိုအေပၚစင္မ်ား၊ ၂၄ ကာရက္ေရႊျဖင့္ အလွဆင္ထားမႈမ်ားလည္း ေတြ႔ရသည္။

အထပ္ ၃ ထပ္ႏွင့္ ေျမေအာက္ခန္းတို႔ကို ဓာတ္ေလွကားတစ္ခုျဖင့္ ဆက္သြယ္ေပးထားသည္။

အိမ္ျပင္တြင္ ေရကူးကန္တစ္ခု ပါဝင္သည့္အျပင္ ေရကူးကန္ေဘးအိမ္တစ္လံုးလည္း ပါဝင္ေသးသည္။

ေရကူးကန္ကို အိုလံပစ္ဆုတံဆိပ္ရွင္၊ ရုပ္ရွင္မင္းသမီး အက္စ္သာ ဝီလ်ံစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ေစ်းကြက္တင္ေပးသည္မွာ Compass အိမ္ျခံေျမကုမၸဏီမွ တိုင္ရြန္ မက္ကီလန္၊ ဆယ္လီ ေဖာ္စတာ ဂ်ဳန္းစ္၊ တိုမာ ဖရစ္မန္းတို႔ႏွင့္ Hilton & Hyland မွ ဒရူး ဖန္တန္တို႔က ေစ်းကြက္တင္ေပးထားသည္။

(ဆက္စပ္သတင္းမ်ား)

(၁) ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္၊ အလွနတ္ဖုရားမ မာရီလင္မြန္ရိုးႏွင့္ တတိယေျမာက္ခင္ပြန္းတို႔ ငွားရမ္းေနထိုင္ခဲ့သည့္ စံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/743397

(၂) အာသာေမလာႏွင့္ မာရီလင္မြန္ရိုးတို႔ လက္ထပ္ခဲ့ၾကသည့္ နယူးေယာက္ေနအိမ္

https://www.imyanmarhouse.com/news/read/651045

(၃) မာရီလင္မြန္ရိုးေသဆံုးခဲ့သည့္ေနအိမ္ၾကီး

https://www.imyanmarhouse.com/news/read/601430

https://www.imyanmarhouse.com/news/read/612057

(၄) မာရီလင္မြန္ရိုး ငွားရမ္းေနထိုင္ဖူးခဲ့ေသာစံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/791455

(၅) အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီႏွင့္ အလွနတ္ဖုရားမ မာရီလင္မြန္ရိုးတို႔ ခ်ိန္းေတြ႔ခဲ့ၾကသည့္ ေနအိမ္ၾကီး

https://www.imyanmarhouse.com/news/read/799947

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မာရီလင်မွန်ရိုး၏ အမည်ရင်းမှာ နော်မာ ယန်း မော်တန်ဆန်ဖြစ်ပြီး ၁၉၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် မွေးဖွားကာ ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်လ်၊ အဆိုတော်အဖြစ် ကျော်ကြားခဲ့သည်။

ဆယ်စုနှစ်တစ်ခုခန့်သာ အနုပညာလောကတွင် ကျင်လည်ခဲ့ရကာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးခဲ့ရသော်လည်း ထိပ်တန်းဝင်ငွေ အရှာဖွေနိုင်ဆုံး သရုပ်ဆောင်မင်းသမီးများတွင် ပါဝင်ခဲ့ပြီး သူ၏ရုပ်ရှင်များမှ ထိုခေတ် ငွေတန်ဖိုးအရပင် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရှာဖွေနိုင်ခဲ့သည်။

အိမ်ထောင် ၃ ကြိမ်ကျခဲ့ပြီး နောက်ဆုံးခင်ပွန်းဖြစ်သူမှာ အာသာမေလာဖြစ်ကာ ၁၉၅၆ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီး ၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် မူးယစ်ဆေးအလွန်အကျွံသုံးကာ သေဆုံးသွားခဲ့ရသည်။

ယခုအခါ မာရီလင်မွန်ရိုး တစ်ချိန်က နေထိုင်ခဲ့ဖူးသည့် အိပ်ခန်း ၉ ခန်းပါ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

Owlwood Estate ဟု လူသိများသော စံအိမ်ကြီးသည် ကမ္ဘာပေါ်တွင် နာမည်အကျော်ဆုံး ထိပ်တန်းအကျော်အမော်များနေထိုင်ရာ လော့စ်အိန်ဂျလိ၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော ဟွမ်ဘီဟေးလ်အရပ်တွင်တည်ရှိပြီး ခြံအကျယ်အဝန်း ၁၀ ဧကခန့်အထိ ရှိသည်။

ကမ္ဘာကျော် ရက်ပ်အဆိုတော် ဂျေးဇက် (Jay-Z) က အဆိုပါစံအိမ်ကြီးတွင် ဂရမ်မီဆုရသည့်အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ရာ ရီဟားနား၊ ဒီဂျေ ခါလက်ဒ်၊ နစ်ခ် ဂျိုးနာ့စ်တို့အပြင် အခြားအကျော်အမော်များလည်း တက်ရောက်ခဲ့ကြသည်။

ယခုအခါ အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၁၅ သန်းအထိ ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

ကျွနု်ပ်တို့ အများစုမှာ အဆိုပါစံအိမ်ကြီးကို ဝယ်ယူရန် တတ်နိုင်မည်မဟုတ်သော်လည်း ကမ္ဘာကျော်များ လျှောက်လှမ်းခဲ့ကြသည့် ခမ်းမလမ်းများ၊ စံအိမ်ကြီး၏ ဓာတ်ပုံများကိုကား ကြည့်ရှုခံစားနိုင်သည် မဟုတ်ပါလော။ အီတလီ ရီးနေးဆင်း ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ဗိသုကာပညာရှင် ရောဘတ် ဒီ-ဖာကွာက ၁၉၃၀ ပြည့်လွန် ကာလများတွင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မာရီလင်မွန်ရိုးသည် အဆိုပါစံအိမ်ကြီးတွင် ကမ္ဘာကျော် 20th Century Fox ရုပ်ရှင်ကုမ္ပဏီကိုတည်ထောင်သူ ဂျိုးဆက် ရှန့်ခ်နှင့်အတူ နေထိုင်ခဲ့သည်ဟူသော ကောလာဟလသတင်းများလည်း ရှိနေသည်။

၁၉၇၀ ပြည့်လွန်ကာလများအတွင်းတွင်လည်း Sonny & Cher ရော့ခ်ဂီတဇနီးမောင်နှံက ၎င်းတို့၏ ဟာသပြပွဲအစီအစဉ်များ ရုပ်ရှင်ရိုက်ကူးခဲ့သည်။

စံအိမ်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၂၀၁ ရှိပြီး ယခုအခါ ပိုင်ရှင်သစ် ခေါ်ယူနေပြီ ဖြစ်သည်။

စံအိမ်အတွင်း ရေချိုးခန်း ၁၀ ခန်း၊ ဧည့်ဂေဟာဆောင် ၁ ခုနှင့် ဝန်ထမ်းနေထိုင်ရန်နေရာများ ပါဝင်သည်။

ခမ်းနားလှသော စကျင်ကျောက် မီးလင်းဖိုများ၊ သလင်းဖန်မီးဆိုင်းများ၊ လက်မှုလက်ရာများဖြင့် ပုံဖော်ထားသော မီးလင်းဖိုအပေါ်စင်များ၊ ၂၄ ကာရက်ရွှေဖြင့် အလှဆင်ထားမှုများလည်း တွေ့ရသည်။

အထပ် ၃ ထပ်နှင့် မြေအောက်ခန်းတို့ကို ဓာတ်လှေကားတစ်ခုဖြင့် ဆက်သွယ်ပေးထားသည်။

အိမ်ပြင်တွင် ရေကူးကန်တစ်ခု ပါဝင်သည့်အပြင် ရေကူးကန်ဘေးအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

ရေကူးကန်ကို အိုလံပစ်ဆုတံဆိပ်ရှင်၊ ရုပ်ရှင်မင်းသမီး အက်စ်သာ ဝီလျံစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်တင်ပေးသည်မှာ Compass အိမ်ခြံမြေကုမ္ပဏီမှ တိုင်ရွန် မက်ကီလန်၊ ဆယ်လီ ဖော်စတာ ဂျုန်းစ်၊ တိုမာ ဖရစ်မန်းတို့နှင့် Hilton & Hyland မှ ဒရူး ဖန်တန်တို့က ဈေးကွက်တင်ပေးထားသည်။

(ဆက်စပ်သတင်းများ)

(၁) ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့်၊ အလှနတ်ဖုရားမ မာရီလင်မွန်ရိုးနှင့် တတိယမြောက်ခင်ပွန်းတို့ ငှားရမ်းနေထိုင်ခဲ့သည့် စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/743397

(၂) အာသာမေလာနှင့် မာရီလင်မွန်ရိုးတို့ လက်ထပ်ခဲ့ကြသည့် နယူးယောက်နေအိမ်

https://www.imyanmarhouse.com/news/read/651045

(၃) မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး

https://www.imyanmarhouse.com/news/read/601430

https://www.imyanmarhouse.com/news/read/612057

(၄) မာရီလင်မွန်ရိုး ငှားရမ်းနေထိုင်ဖူးခဲ့သောစံအိမ်ကြီး

https://www.imyanmarhouse.com/news/read/791455

(၅) အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် အလှနတ်ဖုရားမ မာရီလင်မွန်ရိုးတို့ ချိန်းတွေ့ခဲ့ကြသည့် နေအိမ်ကြီး

https://www.imyanmarhouse.com/news/read/799947

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service