လယ္ယာေျမ ဝယ္ေရာင္း လုပ္ၾကရာမွာ မသိမျဖစ္ လုိအပ္တာ ခြင့္ျပဳမိန္႕ (ပံုစံ-၁၅) ပါ

လယ္ယာေျမ ဝယ္ေရာင္း လုပ္ၾကရာမွာ မသိမျဖစ္ လုိအပ္တာ ခြင့္ျပဳမိန္႕ (ပံုစံ-၁၅) ပါ - Property Knowledge in Myanmar from iMyanmarHouse.com
9 Sep 2019 1:37 pm တွင် တင်ခဲ့သည်
7804 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

 ### Zawgyi Version ###

၂၀၁၂ ခုႏွစ္ လယ္ယာေျမ ဥပေဒႏွင့္ နည္းဥပေဒမ်ား ျပ႒ာန္းၿပီးေနာက္ ပိုင္း မွာေတာ့ ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္မွာ လယ္ယာေျမမ်ားကို အကြက္ ရုိက္ၿပီး ျပန္လည္ ေရာင္းခ်ၾကလို႔ ဝယ္ယူေနထိုင္ၾကတာကို ခရီးလမ္းတစ္ေ လွ်ာက္မွာ ေတြ႔ျမင္ရပါတယ္။

တကယ္ေတာ့ လယ္ယာေျမကေန လူေနထိုင္ခြင့္ရတဲ႔ ေျမျဖစ္ဖို႔ဆုိတာ အ ဆင့္ဆင့္ ေဆာင္ရြက္ရတာျဖစ္လို႔ အေျပာလြယ္သေလာက္ အလုပ္ခက္ပါ တယ္။ အငိုလြယ္လို႔ အရႈိက္ခက္ပါတယ္။ ယေန႔အခ်ိန္အခါမွာ ေတာေ ရာၿမိဳ႕ ပါမက်န္ လယ္ယာေျမေတြကို အကြက္ရုိက္ၿပီး ေရာင္းစားေနၾကတာကို စာ ဖတ္သူမ်ားလည္း ေတြ႔ျမင္ရမွာပါ။

မသိမျဖစ္ ပံုစံ(၇)နဲ႔ ေျမစာရင္းပံုစံ (၁၀၅)

ဒီေတာ့ လယ္ယာေျမကေန လူေနထိုင္ခြင့္ရဖို႔အတြက္ အဆင့္ဆင့္ ေက်ာ္ျ ဖတ္ရပံုေလးေတြကို သိထားရင္ ေကာင္းတာေပါ့။ အိမ္ၿခံေျမ အေရာင္းအ ဝယ္နဲ႔ မကင္းႏိုင္တဲ႔ သူတုိ႔အတြက္လည္း ေလ့လာထားသင့္ပါတယ္။ လယ္ ယာေျမအေၾကာင္း ေျပာၿပီဆုိတာနဲ႔ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ (၇) ရယ္၊ သက္ေသခံ ေျမပံုလို႔ေခၚတဲ႔ ေျမစာရင္းပံုစံ(၁၀၅)ရယ္ လယ္ယာေျ မ စိုက္ပ်ိဳးမႈအပ အျခားနည္း အသံုးျပဳရန္ ေလွ်ာက္ထားခ်က္ ပံုစံ-၃၀(က)နဲ႔ ပံုစံ(၁၅) ခြင့္ျပဳမိန္႔ ရရွိႏိုင္ပံုတို႔ကို ေျပာျပလုိပါတယ္။

ပံုစံ (၇)နဲ႔ တြဲလ်က္သာ သက္ေသခံ ေျမပံုလည္းပါ၊ ေျမ(၅)မ်ိဳး ရွိေနတာ

ပံုစံ(၇)ဆိုတာ "လယ္ယာေျမ လုပ္ပိုင္ခြင့္ လက္မွတ္" ကို ဆုိလိုတာပါ။ အဲ႔ဒီ ပံုစံ(၇)နဲ႔ တြဲလ်က္ ေျမစာရင္း ပံုစံ(၁၀၅) လို႔ ေခၚတဲ႔ ေျမပံု၊ ေျမရာဇဝင္လည္း ပါရမယ္။ အဲ႔ဒီစာရြက္က "အျဖဴေရာင္" ပါ။ အျခားကိစၥအတြက္ ထုတ္ယူသံုးစြဲ လို႔ မရပါဘူး။ ပံုစံ(၇) ထုတ္ေပးတဲ႔ ေျမကြက္ေတြကေတာ့.....

(က) လက္ရွိ အသံုးျပဳခြင့္ ရရွိထားတဲ႔ လယ္ယာေျမ (ခ)လႊဲေျပာင္းလက္ခံတဲ႔ သူေတြ၊ အေမြဆက္ခံတဲ႔ သူေတြအတြက္ ထုတ္ေပး ထားတဲ႔ လယ္ယာေျမ (ဂ) ေျမလြတ္ေျမလပ္ေျမရုိင္းကေန ေျပာင္းလဲ သတ္မွတ္ေပးလိုက္တဲ႔ လယ္ ယာေျမ (ဃ)ျပန္လည္ သိမ္းယူထားတဲ႔ လယ္ယာေျမ ႏွင့္ (င)အသစ္ ေဖာ္ထုတ္လိုက္တဲ႔ လယ္ယာေျမ ဆုိၿပီး (၅)မ်ိဳး ရွိပါတယ္။

အဲ႔ဒီ လယ္ယာေျမေတြကို ေတာင္သူ လယ္သမားေတြနဲ႔ လူပုဂိၢဳလ္/ အဖြဲ႔အ စည္း တို႔ကို လယ္ယာေျမ ဥပေဒ၊ နည္းဥပေဒေတြနဲ႔အညီ ထုတ္ေပးပါတယ္။

လယ္ယာေျမ ဥပေဒပုဒ္မ ၉(ခ)အရ ခံစားခြင့္

လယ္ယာေျမ အားလံုးကိုျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းကိုျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ ရွိတယ္လို႔ ျပ႒ာန္းထားပါတယ္။ ထိုသို႔ျပဌာန္းထားခဲ့ေပမဲ့ အထက္အဆင့္ဆင့္က အမိန္႔ညႊန္ၾကားခ်က္ တစ္စံုတစ္္ရာ ထုတ္ျပန္႔ေပးျခင္း မရွိေသးတဲ႔အတြက္ အစပိုင္းမွာ ေဆာင္ရြက္ခြင့္၊ အက်ိဳးခံစားခြင့္မရွိခဲ့ဘူး။ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ (၁၆.၅.၂၀၁၉)ရက္စြဲပါ ၫႊန္ၾကားခ်က္အမွတ္(၂/၂၀၁၉)၊ (၃/၂၀၁၉)ႏွင့္ (၄/၂၀၁၉)တို႔ျဖင့္ လယ္ယာေျမကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္း ကိစၥရပ္မ်ားအတြက္ လယ္ယာေျမ တန္ဖိုးသတ္မွတ္ျခင္း၊ တံဆိပ္ေခါင္းခြန္ေပးေဆာင္ေစျခင္း၊ တရား၀င္မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းႏွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူအမည္ ေျပာင္းလဲျခင္းလုပ္ငန္းစဥ္မ်ားအတြက္ ေဆာင္ရြက္ရန္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ပါတယ္။ ထို႔ေၾကာင့္ ယခုအခါ လယ္ယာေျမနဲ႔ပတ္သက္ၿပီး တရား၀င္ပိုင္ဆိုင္မႈစာရြက္စာတမ္း ခိုင္ခိုင္မာမာျဖင့္အေရာင္းအ၀ယ္ျပဳလုပ္လို႔ရၿပီျဖစ္ပါတယ္။

ပံုစံ(၁၀၅) ဆုိတာ အျဖဴေရာင္ စာရြက္ေပၚက ေျမပံုပါ

ပံုစံ(၁၀၅)ဆိုတာ "သက္ေသခံ ေျမပံု" ကို ေျပာတာပါ။ ပိုင္ဆိုင္မႈအတြက္ အေထာက္အထား မဟုတ္ဘူးေနာ္။ ေျမစာရင္း ပံုစံ(၁၀၅)လုိ႔ လည္း ေခၚၾက တယ္။ (အျဖဴေရာင္ကြာတုိဆိုဒ္ စာရြက္ေပၚမွာ ေျမပံု ေရးဆြဲျပထားတာပါ။) ပံုစံ(၇)နဲ႔ ပူးတြဲထားတာ ျဖစ္တယ္ ေနာက္တစ္ႀကိမ္ထုတ္သံုးလို႔ မရတဲ႔ (Death Certificate) ျဖစ္ပါတယ္။

အျပာေရာင္ပံုစံ (၁၀၅) ေျမပံုကေတာ့ အေထာက္အထား တစ္ခုအတြက္ပါ

ေနာက္ထပ္ ေျမစာရင္းပံုစံ (၁၀၅) လို႔ ဆုိတဲ႔ သက္ေသခံ ေျမပံုစံမ်ိဳးလည္း ရွိေသးတယ္။ (အျပာေရာင္ စာရြက္ ကာရွည္ဆုိဒ္) ပံုစံေပါ့။

"ဝမ္းေနာ့ဖုိက္" လို႔ အဂၤလိပ္လိုလည္း ေခၚၾကတယ္။ ကိစၥတစ္ခု (ဥပမာ.. ဘဏ္ေငြ ေခ်းရန္) အတြက္ ေလွ်ာက္ထားတဲ႔အခါမွာ ပူးတြဲတင္ျပရတဲ႔ စာရြက္ တစ္မ်ိဳးျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း ဒါကိုပဲ ပိုင္ဆုိင္မႈ အေထာက္အထား ထင္ၿပီး သိမ္းဆည္းခံထားတတ္ၾကတယ္။

ပံုစံ ၃၀(က) ဆိုတာက်ျပန္ေတာ့ လယ္ေျမကို စိုက္ပ်ိဳးမႈမွအပ၊ အျခားနည္း အ သံုးျပဳရန္ ေလွ်ာက္ထားခ်က္ပါ။ တုိင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္ လယ္ ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႔ရဲ႕ စိစစ္ေထာက္ခံခ်က္နဲ႔ ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႔က ခြင့္ျပဳမိန္႔ ထုတ္ေပးႏိုင္ရန္ အမႈတြဲ ဖြင့္လွစ္ေဆာင္ရြက္ရတဲ႔ လုပ္ငန္း စာတြဲ ျဖစ္ပါတယ္။ ခြင့္ျပဳမိန္႔ မဟုတ္ပါ။

ခြင့္ျပဳမိန္႔ဆုိတာ ပံုစံ(၁၅) ကို ေျပာတာပါ

ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႔မွ လယ္ေျမကို အျခားနည္း အသံုးျပဳဖုိ႔ ခြင့္ျ ပဳတဲ႔ အသံုးျပဳခြင့္လက္မွတ္က ပံုစံ(၁၅) ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္ေျပာရရင္ လယ္ယာေျမကို အျခားနည္း အသံုးျပဳခြင့္ ေလွ်ာက္လႊာ မွာ ပံုစံ(၁၄) နဲ႔ ေျမစာရင္းပံုစံ (၁၀၅) အပါအဝင္ အချးအေထာက္အကူျပဳ စာရြက္စာတမ္းေတြ ျပည့္စံုတဲ႔ လုပ္ငန္းစာတြဲ ပံုစံ-၃၀(က)နဲ႔ ေလွ်ာက္ထားရ မယ္။ အဲ႔ဒီေလွ်ာက္ထားခ်က္အတိုင္း အေရးယူ ေဆာင္ရြက္ေပးမွသာ ပံုစံ (၁၅) ခြင့္ျပဳမိန္႔ ရရွိမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပံုစံ(၁၄) ေလွ်ာက္ထားၿပီးေၾကာင္း ေလွ်ာက္လႊာျပသၿပီး ပံုစံ-၃၀ (က) လုပ္ငန္းစာတြဲ(အမႈတြဲ) ဓါတ္ပံုမိတၱဴ ျပသေပးလုိက္တာနဲ႔ လယ္ယာေျမ ကို အျခားနည္း အသံုးျပဳရန္ ခြင့္ျပဳမိန္႔ ရၿပီလို႔ မထင္လိုကၾကပါနဲ႔ ပံုစံ(၁၅) ျပ မွသာ ခြင့္ျပဳမိန္႔ရတာ ျဖစ္ပါတယ္ဆိုတာ သတိေပးလိုက္ပါရေစ။

ပံုစံ (၁၅) ခြင့္ျပဳမိန္႔ဆုိတာ လယ္ေျမကို အျခားနည္း အသံုးျပဳရန္ ခြင့္ျပဳမိန္႔ ကို ေျပာတာ။ လယ္ေျမမဟုတ္တဲ႔ အျခားလယ္ယာေျမဆုိတာလည္း ရွိေသး တယ္။ ဥပမာ...ယာေျမ/ဥယ်ာဥ္ၿခံေျမဈ စနိေျမ၊ ကိုင္း၊ ကၽြန္းေျမတုိ႔ကို အျခား နည္း အသံုးျပဳခြင့္ရေအာင္ ေလွ်ာက္ထားေဆာင္ရြက္လုိ႔ ရပါတယ္။

အဲ႔ဒီလို လယ္ေျမမဟုတ္တဲ႔ အျခားလယ္ယာေျမေတြကို အျခားနည္းျဖင့္ အ သံုးျပဳရန္ ထုတ္ေပးတဲ႔ လက္မွတ္ကိုေတာ့ ပံုစံ-၁၅(ခ) လို႔ ေခၚပါတယ္။ တုိင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္ အစိုးရအဖြဲ႔က ထုတ္ေပးပါတယ္။

အခုလို အိမ္ၿခံေျမ အေရာင္းအဝယ္ လုပ္ကိုင္ေနၾကတဲ႔ ဝယ္ေရာင္း အ က်ိဳးေ ဆာင္ပြဲစားမ်ားအေနနဲ႔ လယ္ယာေျမေတြကို လူေနထိုင္ခြင့္ ရဖုိ႔ ေလွ်ာက္ ထားရယူတဲ႔ နည္း ပံုစံ၁၅(က) "လယ္ယာေျမမ်ားအား အျခားနည္း အသံုးျပဳ ခြင့္ျပဳမိန္႔" နဲ႔ တုိင္းေဒသႀကီး ျပည္နယ္ အစိုးရအဖြဲ႔မွ ထုတ္ေပးတဲ႔ ပံုစံ-၁၅(ခ) တုိ႔ အေၾကာင္း နားလည္သြားၿပီဆုိေတာ့ လယ္ယာေျမေတြ ဝယ္ရင္း ခြဲျခမ္း စိတ္ျဖာဆံုးျဖတ္ခ်က္ ခ်ႏိုင္ၿပီလုိ႔ ယံုၾကည္လိုက္ပါၿပီ။

"ေရာင္းပန္းသာလို႔ ဝယ္ပန္းလၿပီး ႀကံတိုင္းေအာင္လုိ႔ ေဆာင္တုိင္းေျမာက္ ၾကပါေစ"

မွီျငမ္း။ ။၂၀၁၇ ေျမယာႏွင့္ သက္ဆုိင္ေသာ ဥပေဒေဆာင္းပါးမ်ား စု စည္းမႈစာအုပ္

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ မွ iMyanmarHouse.com အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

### Unicode Version ###

 

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်ေ လျှာက်မှာ တွေ့မြင်ရပါတယ်။

တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ဆိုတာ အ ဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်လို့ အပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်။ ယနေ့အချိန်အခါမှာ တောေ ရာမြို့ ပါမကျန် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာကို စာ ဖတ်သူများလည်း တွေ့မြင်ရမှာပါ။

မသိမဖြစ် ပုံစံ(၇)နဲ့ မြေစာရင်းပုံစံ (၁၀၅)

ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့် ကျော်ြ ဖတ်ရပုံလေးတွေကို သိထားရင် ကောင်းတာပေါ့။ အိမ်ခြံမြေ အရောင်းအ ဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထားသင့်ပါတယ်။ လယ် ယာမြေအကြောင်း ပြောပြီဆိုတာနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရယ်၊ သက်သေခံ မြေပုံလို့ခေါ်တဲ့ မြေစာရင်းပုံစံ(၁၀၅)ရယ် လယ်ယာေြ မ စိုက်ပျိုးမှုအပ အခြားနည်း အသုံးပြုရန် လျှောက်ထားချက် ပုံစံ-၃၀(က)နဲ့ ပုံစံ(၁၅) ခွင့်ပြုမိန့် ရရှိနိုင်ပုံတို့ကို ပြောပြလိုပါတယ်။

ပုံစံ (၇)နဲ့ တွဲလျက်သာ သက်သေခံ မြေပုံလည်းပါ၊ မြေ(၅)မျိုး ရှိနေတာ

ပုံစံ(၇)ဆိုတာ "လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်" ကို ဆိုလိုတာပါ။ အဲ့ဒီ ပုံစံ(၇)နဲ့ တွဲလျက် မြေစာရင်း ပုံစံ(၁၀၅) လို့ ခေါ်တဲ့ မြေပုံ၊ မြေရာဇဝင်လည်း ပါရမယ်။ အဲ့ဒီစာရွက်က "အဖြူရောင်" ပါ။ အခြားကိစ္စအတွက် ထုတ်ယူသုံးစွဲ လို့ မရပါဘူး။ ပုံစံ(၇) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....

(က) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ (ခ)လွှဲပြောင်းလက်ခံတဲ့ သူတွေ၊ အမွေဆက်ခံတဲ့ သူတွေအတွက် ထုတ်ပေး ထားတဲ့ လယ်ယာမြေ (ဂ) မြေလွတ်မြေလပ်မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ် ယာမြေ (ဃ)ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့် (င)အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး (၅)မျိုး ရှိပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အ စည်း တို့ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။

လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)အရ ခံစားခွင့်

လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ထိုသို့ပြဌာန်းထားခဲ့ပေမဲ့ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန့်ပေးခြင်း မရှိသေးတဲ့အတွက် အစပိုင်းမှာ ဆောင်ရွက်ခွင့်၊ အကျိုးခံစားခွင့်မရှိခဲ့ဘူး။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ (၃/၂၀၁၉)နှင့် (၄/၂၀၁၉)တို့ဖြင့် လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေ တန်ဖိုးသတ်မှတ်ခြင်း၊ တံဆိပ်ခေါင်းခွန်ပေးဆောင်စေခြင်း၊ တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် ယခုအခါ လယ်ယာမြေနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုစာရွက်စာတမ်း ခိုင်ခိုင်မာမာဖြင့်အရောင်းအဝယ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်။

ပုံစံ(၁၀၅) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ

ပုံစံ(၁၀၅)ဆိုတာ "သက်သေခံ မြေပုံ" ကို ပြောတာပါ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူးနော်။ မြေစာရင်း ပုံစံ(၁၀၅)လို့ လည်း ခေါ်ကြ တယ်။ (အဖြူရောင်ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲပြထားတာပါ။) ပုံစံ(၇)နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ်ထုတ်သုံးလို့ မရတဲ့ (Death Certificate) ဖြစ်ပါတယ်။

အပြာရောင်ပုံစံ (၁၀၅) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ

နောက်ထပ် မြေစာရင်းပုံစံ (၁၀၅) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ်။ (အပြာရောင် စာရွက် ကာရှည်ဆိုဒ်) ပုံစံပေါ့။

"ဝမ်းနော့ဖိုက်" လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ်။ ကိစ္စတစ်ခု (ဥပမာ.. ဘဏ်ငွေ ချေးရန်) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုးဖြစ်ပါတယ်။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်းခံထားတတ်ကြတယ်။

ပုံစံ ၃၀(က) ဆိုတာကျပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ၊ အခြားနည်း အ သုံးပြုရန် လျှောက်ထားချက်ပါ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မဟုတ်ပါ။

ခွင့်ပြုမိန့်ဆိုတာ ပုံစံ(၁၅) ကို ပြောတာပါ

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့ ခွင့်ြ ပုတဲ့ အသုံးပြုခွင့်လက်မှတ်က ပုံစံ(၁၅) ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ(၁၄) နဲ့ မြေစာရင်းပုံစံ (၁၀၅) အပါအဝင် အခြးအထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ-၃၀(က)နဲ့ လျှောက်ထားရ မယ်။ အဲ့ဒီလျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ (၁၅) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံစံ(၁၄) လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသပြီး ပုံစံ-၃၀ (က) လုပ်ငန်းစာတွဲ(အမှုတွဲ) ဓါတ်ပုံမိတ္တူ ပြသပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုကကြပါနဲ့ ပုံစံ(၁၅) ပြ မှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်ဆိုတာ သတိပေးလိုက်ပါရစေ။

ပုံစံ (၁၅) ခွင့်ပြုမိန့်ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေဆိုတာလည်း ရှိသေး တယ်။ ဥပမာ...ယာမြေ/ဥယျာဉ်ခြံမြေဈ စနိမြေ၊ ကိုင်း၊ ကျွန်းမြေတို့ကို အခြား နည်း အသုံးပြုခွင့်ရအောင် လျှောက်ထားဆောင်ရွက်လို့ ရပါတယ်။

အဲ့ဒီလို လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေတွေကို အခြားနည်းဖြင့် အ သုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ-၁၅(ခ) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပေးပါတယ်။

အခုလို အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဝယ်ရောင်း အ ကျိုးေ ဆာင်ပွဲစားများအနေနဲ့ လယ်ယာမြေတွေကို လူနေထိုင်ခွင့် ရဖို့ လျှောက် ထားရယူတဲ့ နည်း ပုံစံ၁၅(က) "လယ်ယာမြေများအား အခြားနည်း အသုံးပြု ခွင့်ပြုမိန့်" နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးတဲ့ ပုံစံ-၁၅(ခ) တို့ အကြောင်း နားလည်သွားပြီဆိုတော့ လယ်ယာမြေတွေ ဝယ်ရင်း ခွဲခြမ်း စိတ်ဖြာဆုံးဖြတ်ချက် ချနိုင်ပြီလို့ ယုံကြည်လိုက်ပါပြီ။

"ရောင်းပန်းသာလို့ ဝယ်ပန်းလပြီး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက် ကြပါစေ"

မှီငြမ်း။ ။၂၀၁၇ မြေယာနှင့် သက်ဆိုင်သော ဥပဒေဆောင်းပါးများ စု စည်းမှုစာအုပ်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service