ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ ???

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ ??? - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2019 12:06 pm တွင် တင်ခဲ့သည်
15202 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ..။

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား ?? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ ??? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ ???

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို ၊ အခွန်ဆောင်စရာမလို လို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ ????

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁) အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

( ၁၂ခွဲ x ၅၀ပေ )ရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉% ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄% ဖြစ်တဲ့တံဆိပ်ခေါင်းခွန်ကတော့မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အ၀ယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိုးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင်အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ် ။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။ (အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂) မျိုးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိုးမျိုးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နှုန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလိုလို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

 

Credit: ကြည်မြန်မာ(အကျိုးဆောင်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service