နောက်အိမ်ထောင်ပြုထားသည့် မိဘနှစ်ပါးစုံမဟုတ်သော ကိတ္တိမမွေးစား သားသမီးထံမှ မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်

နောက်အိမ်ထောင်ပြုထားသည့် မိဘနှစ်ပါးစုံမဟုတ်သော ကိတ္တိမမွေးစား သားသမီးထံမှ မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2019 11:51 am တွင် တင်ခဲ့သည်
2038 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ ဦးသက်နိုင်ဆွေကို တွေ့လိုက်ရသည်။ ““ဦးသက်နိုင် ရောက်နေတာကြာပြီလား””ဟု စာရေးသူက နှုတ်ဆက်လိုက် သည်။

““မကြာသေးပါဘူးဆရာ””

““လာဗျာ...ထိုင်၊ ဦးသက်နိုင်ထံကဆိုရင် ထူးထူး ခြားခြား အိမ်မြေအရောင်းအ၀ယ်ကိစ္စတွေ ကြားရတတ်တယ်။ အခု ကိစ္စပေါ်ပြန်ပြီလား””

ဦးသက်နိုင်မှာ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ် သဖြင့် အရောင်းအ၀ယ်အခက်အခဲရှိခဲ့လျှင် စာရေးသူထံလာရောက် ဆွေးနွေးတတ်ပါသည်။

““အခက်အခဲရှိမှ ဆရာ့ဆီလာသလိုဖြစ်နေပြီ။ အခုလည်း မြေပိုင်ဆိုင်မှု အရှုပ်အထွေးရှိနေလို့ ဆရာ””

““ကဲ အဖြစ်အပျက်ဇာတ်လမ်းလေး ပြောပါဦး””

““မြေကွက်ဂရန်အမည်ပေါက်က လင်မယားနှစ်ဦး အမည်ပေါက်ဆရာ၊ လင်ဖြစ်သူက အရင်ကွယ်လွန်သွားတယ်””

““ဒါဆိုရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်သေရင် လင်ဝေစုကို မယားကခံစားခွင့်ရှိတယ် မဟုတ်လား။ လင်ယောက်ျားကွယ်လွန်သွားတော့ မြေကွက်က ဇနီးတစ်ဦးတည်း ပိုင်ဆိုင်ခွင့်ရှိသွားပြီ။ သားသမီးကျန်ခဲ့လား””

““သားသမီးမမွေးဖွားခဲ့ဘူးဆရာ။ ဒါပေမယ့် လင် ယောက်ျားကွယ်လွန်မှ ဇနီးဖြစ်သူတစ်ဦးတည်းအနေနဲ့ ဆွေ မျိုးနီးစပ်ထဲက မိန်းကလေးတစ်ဦးကို ကိတ္တိမမွေးစားမှတ်ပုံတင် စာချုပ်နဲ့ မွေးစားလိုက်တယ်””

““မွေးစားမိခင်ရှိသေးလား။ ကွယ်လွန်သွားပြီလား””

““ကွယ်လွန်သွားပြီဆရာ။ အဲဒီမြေကွက်နဲ့အိမ်ကို မွေးစားသမီးက ရောင်းမှာဆရာ””

““ဒါကလည်း ရှင်းပါတယ်။ ကွယ်လွန်သွားတဲ့ မွေးစား မိခင်ရဲ့ ပိုင်ဆိုင်သမျှ အိမ်မြေရွှေငွေအားလုံးက မွေးစားသမီး က ခံစားခွင့်ရှိတယ်လေ””

““ဟုတ်ပါတယ်ဆရာ၊ ဒါကြောင့် ၀ယ်လက်ကလည်း ရှင်းတယ်လို့ ၀ယ်လိုက်တာပဲ ဆရာ””

““စရန်ငွေချေလိုက်ပြီပေါ့။ သတင်းစာထဲမှာ ကန့်ကွက် သူ ရှိမရှိ ထည့်သွင်းကြေညာသေးလား””

““ကြေညာတယ်ဆရာ၊ အဲဒီမှာ ကန့်ကွက်သူပေါ်လာ တယ်””

““ဘယ်ကနေ ကန့်ကွက်သူက ပေါ်လာတာလဲ””

မွေးစားမိခင်ရဲ့ လင်ယောက်ျားမှာ ပထမအိမ်ထောင် ရှိခဲ့တယ်။ ပထမဇနီးကွယ်လွန်မှ နောက်အိမ်ထောင်ပြုခဲ့တာ ဖြစ်တယ်။ ပထမဇနီးနဲ့ရတဲ့ သားတစ်ယောက်ရှိတယ်လို့ ဆိုပါ တယ်။ အဲဒီသားဖြစ်သူက သတင်းစာထဲကနေ သူ့ဝေစုရခွင့် ရှိတဲ့အတွက် အမွေဆိုင်အိမ်မြေဖြစ်လို့ ကန့်ကွက်ကြောင်း ကြေညာထားတာ ဆရာ””

““ဥပဒေစကားအရပြောရရင်တော့ လင်ပါသားက ကန့်ကွက်တာပေါ့””

““ဟုတ်ပါတယ် ဆရာ၊ အဲဒါဘယ်လိုဖြစ်နိုင်သလဲလို့ လာဆွေးနွေးတာပါ ဆရာ””

““အိမ်ထောင်နှစ်ဆက်ဖြစ်နေတော့ ပစ္စည်းပိုင်ဆိုင်မှု ကို အရင်စဉ်းစားဖို့ လိုပါတယ်။ ဦးသက်နိုင်ပြောစကားအရ ဆိုရင် ဂရန်မြေအမည်ပေါက်က ဒုတိယဇနီးနဲ့ပူးတွဲအမည် ပေါက်ထားတဲ့အတွက် လင်မယားနှစ်ဦးလက်ထက်ပွားပစ္စည်း လို့ ဆိုရမယ်””

““လင်ပါသားက နောက်အိမ်ထောင်မှဖြစ်ထွန်းတဲ့ လက်ထက်ပွားပစ္စည်းကို ရပိုင်ခွင့်ရှိပါသလား””

““မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိရင်း ဖရင်း နောက်အိမ်ထောင်ပြုစဉ် သားသမီးများက အမွေဆောင်းခဲ့ ခြင်းမရှိခဲ့လျှင် လင်ပါမယားပါ သားသမီးနှင့် မိထွေးပထွေး တို့သည် အမွေခွဲဝေရခွင့်ရှိတယ်လို့ ဆိုပါတယ်။ တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ကိုဖန်စိနှင့် ဒေါ်ရှုတင် ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ -၁၁၇ မှာလည်း အဲဒီ လို ဆုံးဖြတ်ထာတာတွေ့ရတယ်””

ဒါဆိုရင် အခုကိစ္စမှာ ကန့်ကွက်သူ လင်ပါသားက ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုပြီးမှာ အမွေခွဲဝေရရှိထား ခြင်း ရှိမရှိ စုံစမ်းဖို့ လိုတာပေါ့””

“မှန်ပါတယ်။ ဖခင်ရင်း နောက်အိမ်ထောင်ပြုစဉ်က ဖခင်နဲ့ အမွေခွဲဝေယူခဲ့ခြင်းမရှိခဲ့ရင်တော့ ဖခင်ကွယ်လွန်ချိန် မှာ ကျန်ရှိတဲ့ အမွေပစ္စည်းကို မိထွေးဖြစ်သူနဲ့ ဥပဒေပြဋ္ဌာန်း ချက်နဲ့အညီ ခွဲဝေရရှိမှာ ဖြစ်ပါတယ်““

““မိထွေးဖြစ်သူက ကွယ်လွန်သွားပြီဆိုတော့ မွေးစား သမီးနဲ့ ခွဲဝေယူရမှာပေါ့နော်””

““မှန်ပါတယ်။ ဖခင်ကွယ်လွန်ချိန်က မိထွေးနဲ့ အမွေ ပစ္စည်းကို ခွဲဝေရယူခဲ့ခြင်းမရှိခဲ့ရင်တော့ အခုနောက်ဆုံးကျန် ရှိတဲ့ မွေးစားသမီးနဲ့ အမွေခွဲဝေရယူရမှာ ဖြစ်ပါတယ်””

““ထက်ဝက်စီခွဲဝေယူရမှာပေါ့နော်””

““ဥပဒေအရ အဲဒီလိုမဟုတ်ဘူး””

““ဗဟုသုတအဖြစ် ရှင်းပြပါဦး ဆရာ””

““မွေးစာခြင်းကိစ္စကို ဒုတိယအချက်အနေနဲ့ စဉ်းစားရမှာ ဖြစ်တယ်””

““မွေးစားတာကတော့ မှတ်ပုံတင်ကိတ္တိမ မွေးစား စာချုပ်ကို ချုပ်ဆိုပြီး အမွေစားအမွေခံအဖြစ် မွေးစားကြောင်း ဖော်ပြထားတယ်။ မွေးစားစာချုပ်ကိုလည်း ကျွန်တော်ကိုယ်တိုင် ကြည့်ခဲ့တာ ဆရာ””

““မှန်ပါတယ်။ ကိတ္တိမမွေးစားစာချုပ်က ဥပဒေနဲ့ အညီ ချုပ်ဆိုထားပေမယ့် မိစုံဖစုံ နှစ်ပါးစုံ ကိတ္တိမမွေးစား ခြင်းမဟုတ်ဘဲ လင်ယောက်ျားကွယ်လွန်မှ မယားဖြစ်သူ တစ်ဦး တည်း မွေးစားခြင်းဖြစ်နေတာ တွေ့ရမယ်””

““ဒါဆိုရင် ကွယ်လွန်သွားတဲ့ လင်ယောက်ျားအမွေ ကို မိမိတစ်ဦးတည်က မွေးစားထားတဲ့ သားသမီးက ရပိုင်ခွင့် မရှိတော့ဘူးပေါ့””

““ဥပဒေက အဲဒီလိုတစ်ဖက်သတ်ပြဋ္ဌာန်းမထားပါ ဘူး။ မိရင်းဖရင်းနှင့် မိထွေး ပထွေးတို့ ပေါင်းသင်းစဉ် သားသမီးထွန်းကားခြင်းမရှိခဲ့ပါက ထိုသို့ လင်မယားပေါင်းသင်း နေစဉ်အတွင်း ဖြစ်ထွန်းသောနှစ်ပါးစုံ သို့မဟုတ် လက်ထက်ပွားပစ္စည်း၏ ခြောက်ပုံတစ်ပုံကို လင်ပါ မယားပါသားသမီး ကရ၍ ကျန်ခြောက်ပုံ ငါးပုံကို မိထွေးပထွေးကရသည်လို့ မငြိမ်းအေးနှင့် မောင်မောင် ရန်ကုန်စီရင်ထုံးအတွဲ(၃)၊ စာမျက် နှာ-၅၄၉ အမှုမှာ ဆုံးဖြတ်ထားပါတယ်””

““မိဘနှစ်ပါးစုံက မွေးစားတာမဟုတ်ဘဲ တစ်ဦး ကွယ်လွန်မှ မွေးစားတဲ့ သားသမီးက ဘယ်လိုခံစားခွင့်ရှိပါ သလဲ””

““ဦးသက်နိုင်ကို ရှင်းအောင်ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဒေါ်အေးအေးသန်းနှင့် ဦးကံရှိန် ၂၀၀၄ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ၁၄၆ အမှုမှာ ဖခင်ရင်းနှင့် မိထွေးဖြစ်သူတို့ ပေါင်းသင်းစဉ် သားသမီး မထွန်းကားဘဲ ဖခင်ရင်းကွယ်လွန်မှ မိထွေးဖြစ်သူက ကိတ္တိမ သမီးမွေးစားခြင်းဖြစ်သည်။ ထို့ကြောင့် လင်ပါသားသည် ဖခင်ရင်းကွယ်လွန်သည့်အခါ ကျန်ရှိသည့် မိထွေးနှင့် အမွေခွဲဝေ ရရှိမည်ဖြစ်သည်။ ဖခင်ရင်းနှင့် မိထွေးတို့ ပေါင်းသင်းစဉ် ဖြစ်ထွန်းသော လက်ထက်ပွားပစ္စည်းအပေါ် လင်ပါသားက ခြောက်ပုံတစ်ပုံ၊ မိထွေးက ခြောက်ပုံငါးပုံရမည်။ မိထွေး ကွယ်လွယ်သဖြင့် မိထွေးတစ်ဦးတည်က မွေးစားထားသော ကိတ္တိမသမီးသည် မိထွေးဝေစု ခြောက်ပုံငါးပုံကို မွေးစားမိခင် ဝေစုအဖြစ်ရရှိမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်””

““ဆရာ ရှင်းပြချက်အရဆိုရင် အခုကန့်ကွက်တဲ့ လင်ပါသားက ဖခင်ရင်း နောက်အိမ်ထောင်ပြုစဉ်က အမွေခွဲ ဝေရရှိပြီးဖြစ် မဖြစ်စုံစမ်းဖို့လိုပြီပေါ့။ ခွဲဝေယူခဲ့ခြင်း မရှိရင် အမွေရခွင့်ရှိသွားပြီ””

““ဟုတ်ပါတယ်။ ဒါကြောင့် နှစ်ဖက်ညှိနှိုင်းပြေလည် ရင်တော့ အရောင်းအ၀ယ်ဆက်လုပ်သင့်ပါတယ်။ အမှုအခင်း ဖြစ်နိုင်မယ့် အခြေအနေရှိရင်တော့ စရန်ငွေပြန်ယူသင့်တယ်”” လို့ အကြံပြုဆွေးနွေးလိုက်ပါတယ်။

ထီယု (ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service