အမွေပုံပစ္စည်းတွင် မိမိ၏ကြွေးမြီကိုတောင်းရန် စတင်သည့်အချိန်

အမွေပုံပစ္စည်းတွင် မိမိ၏ကြွေးမြီကိုတောင်းရန် စတင်သည့်အချိန် - Property Knowledge in Myanmar from iMyanmarHouse.com
2 Jan 2019 1:22 pm တွင် တင်ခဲ့သည်
1436 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ကျွန်တော်၏ ကျောင်းနေဖက်မိတ်ဆွေဖြစ်သူ ဦးအောင်မင်းမှ ပါရမီလမ်းကောင်းသန့်ဖုစင်တာတွင် တွေ့ဆုံရင်း အကူအညီတစ်ခု တောင်းလာပါသည် ။ ထိုကိစ္စမှာ မိတ်ဆွေတစ်ဦးမှ စီးပွားရေးလုပ်၍ ငွေချေးထားပြီး ပြန်ဆပ်ချိန်နီးမှ ကွယ်လွန်သွားခဲ့သည် ။ မုဆိုးဖိုတစ်ဦးဖြစ်၍ သားသမီးများကို အကြောင်းကြားသော်လည်း မည်သူမှ မဆပ်ကြ ၊ နောက်ဆုံးကြားသိရသည်မှာ ကျန်ရစ်သူသားသမီးများက မိတ်ဆွေကြီးအား အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု စွဲထားကြောင်း သိရပြီး မိမိမှာလည်း ချေးငွေများကို ပြန်လည်ရရှိဖို့ မည်သို့မည်ပုံ ပြုလုပ်ရမည်ဖြစ်ကြောင်း သိလို၍ ရှင်းပြပေးရန် အကူအညီတောင်းခံလာခြင်းပင် ဖြစ်လေသည် ။

သည့်အတွက် ကျွန်တော်က " အေးပါကွာ ။ကိုယ်သဘောပေါက်ပါပြီ ။ဒါပေမဲ့ အရေးကြီးတာတစ်ခုတော့ မေးပါရစေ ။ သုတို့တွေစွဲဆိုထားတဲ့ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုမှာ တရားရုံးက အပြီးသတ် ဒီကရီချမှတ်ပြီးပြီးလား " ဟု မေးရာသူက " မချရသေးပါဘူး ။ပမာဏဒီကရီတော့ ချပြီးပြီလို့ သိလိုက်ရပါတယ် " ဟု ပြောသဖြင့် ကျွန်တော်က " ဟာ ဒါဆိုရင်တော့ မင်း ကံကောင်းတာပဲ ၊ ချေးငွေပြန်ရဖို့ သေချာသွားပြီပေါ့ကွာ ။မင်းအနေနဲ့က မိမိရဲ့ဝေစုကို တောင်းဆိုလိုသော တရားပြိုင်တစ်ဦးအနေနဲ့ လျှောက်ထားခွင့် ရှိလို့ပါပဲ "

" အမွေမှုတွေမှာ တရားလိုအပြင်တရားပြိုင်များကလည်း အမွေစုရခွင့်ရှိသဖြင့် အမှုဖြစ်ပွားခြင်းများကို ပိတ်ပင်သည့်အနေဖြင့် တရားလိုသာမက ၊ အမွေစုရခွင့်ရှိသော တရားပြိုင်များကလည်း လျှောက်ထားတောင်းဆိုနိုင်ရန် တရားမကျင့်ထုံး ဥပဒေအမိန့် ၂၀ ၊ နည်းဥပဒေ ၁၃(၂)တွင် လမ်းဖွင့်ပေးထားတယ် ။အမွေမှုတွင် သေသူထံမှ ကြွေးမြီရရန်ရှိသော မြီရှင်သည်လည်းအမှုသည်အဖြစ် ပါဝင်ခွင့် ရှိပါတယ် "

" နည်းဥပဒေ ၁၃(၂)ပါ " အဆိုပါပစ္စည်းမှ ပေးချေခြင်း ခံထိုက်ခွင့်ရှိမည့်သူအားလုံးသည် ပမာဏဒီဂရီတွင် ပါဝင်နိုင်ကြသည် " ဟူသောစကားရပ်ကို သတ္တုချကြည့်ပါက ပမာဏဒီကရီတွင် ပါဝင်နိုင်ကြသည် " ဟူသော စကားရပ်ကို သတ္တုချကြည့်ပါက ပမာဏဒီကရီအရ တရားပြိုင် ရရန်ရှိသော အမွေဝေစုကို ရယူနိုင်ရန် တရားပြိုင်က လျှောက်ထားခွင့်ကိုနည်းဥပဒေ ၁၃(၂)က ၊ ဖန်တီးထားကြောင်း မြင်သာပါတယ် ။ဒီအတွက် အမွေဝေစုရရန် လျှောက်ထားခွင့်သည်ပမာဧဒီကရီအပေါ် အခြေခံသည်ဖြစ်ရာ ပမာဏဒီကရီ ချမှတ်သည့်နေ့တွင် ထိုသို့လျှောက်ထားပိုင်ခွင့်ရှိသည်ဟု သဘာဝကျကျ ကောက်ယူရမှာဖြစ်တယ် "

" အဲဒါကြောင့် သူငယ်ချင်းအနေနဲ့ အချိန်မှီသေးတယ်လို့ ဆိုရမှာပဲ ။ အကယ်၍ အပြီးသတ်ဒီကရီ ချမှတ်သောအခါ အမှုပြီးပြတ်သွားပြီဖြစ်သဖြင့် ဒီကရီမချမှတ်မှီမှာပဲ လျှောက်ထားရမှာ ဖြစ်တယ် "

" အပြီးသတ် ဒီကရီချမှတ်ပြီးနောက် အမှုပြီးဆုံးသွားသောအခါတွင်မူ ထိုသို့လျှောက်ထားခွင့်မှ လမ်းပိတ်သွားပြီဖြစ်တယ် ၊ အပြီးသတ်ဒီကရီချပြီး အမွေေ​၀စုသတ်မှတ်ပေးရန် လျှောက်ထားခွင့်ရှိကြောင်းကို တရားမကျင့်ထုံးဥပဒေတွင် ပြဌာန်းထားခြင်း မရှိသကဲ့သို့ ၊ သာဓကလည်း မရှိပါလို့ ဆိုထားတယ်လေ "

" နောက်ပြီးတော့ ကာလစည်းကမ်းဥပဒေအရဆိုရင်လည်း သူငယ်ချင်းရဲ့ကြွေးမြီဟာ ပမာဏဒီကရီချမှတ်တဲ့နေမှ စတင်၍ မိမိရထိုက်သည်ဆိုသော ဝေစုကိုသတ်မှတ်ခွဲဝေပေးရန် လျှောက်ထားပိုင်ခွင့်ရှိသည်ဖြစ်ရာ ကာလစည်းကမ်းသတ်မှတ်အက်ဥပဒေ ၊ ပထမဇယား ၊ အမှတ်စဉ် ၁၈၁ တွင် သတ်မှတ်ထားသည့် ၃နှစ်အတွင်း လျှောက်ထားနိုင်ကြောင်း ပြဌာန်းထားလို့ ကာလစည်းကမ်းသတ်မကျော်သေးဘူးလို့ ဆိုလိုတယ် "

" အခုလည်း သူငယ်ချင်းရဲ့ ချေးငွေဟာ ပြန်ရဖို့သေချုာနေပြီ ၊ အပြီးသတ်ဒီကရီချပြီးတဲ့အထိတော့ သည်းခံပြီး စောင့်ပေးရမှာပေါ့ ၊ ပမာဏဒီကရီချမှတ်စဉ်က မူလအမှုဟာ မပြီးဆုံးသေးပါဘူး ၊ အဆင့်တစ်ဆင့်သာပြီးပြတ်ခြင်း ဖြစ်တယ် ၊ အပြီးသတ်ဒီကရီချမှတ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ၊ ကျန်ရှိနေသေး၍ ၊ တရားပြိုင်တစ်ဦးဟာ ၊ အပြီးသတ် ဒီကရီမချမီ မိမိ၏ဝေစုကို သတ်မှတ်ပေးရန် လျှောက်ထားခွင့် လမ်းပွင့်နေသေးသည် ။အဲဒါ ကြောင့် သူငယ်ချင်းလည်း အမွေဝေစုရခွင့်ရှိသောဆိုတဲ့သဘောနဲ့ သေသူထံမှ ကြွေးမြီရရန်ရှိသော မြီရှင်အနေနဲ့ တရားပြိုင်အဖြစ် လျှောက်ထားရမှာပဲလေ "

" တကယ်လို့သာ စောစောကကိုယ်မေးခဲ့သလို အပြီးသတ်ဒီကရီချမှတ်ပြီးရင်တော့ သူငယ်ချင်းအနေနဲ့ အမွေဝေစုသတ်မှတ်ပေးရန် ၊ လျှောက်ထားခဲ့ရင် လည်း လက်ခံဆုံးဖြတ်ပေးရန် အမှုမရှိတော့လို့ ရမှာ မဟုတ်တော့ဘူး "

" အပြီးသတ် ဒီဂရီချမှတ်ပြီးသည့်နောက် အမွေဝေစုသတ်မှတ်ပေးရန်လျှောက်ထားခွင့်မရှိမရှိကြောင်းကို ဆုံးဖြတ်ထားတဲ့ စီရင်ထုံးလည်း ရှိသေးတယ်"

" အဲဒါကတော့ " ဦးခင်မောင်အေး(ကွယ်လွန်သူ ဒေါ်ခင်သန်းလွင်၏ တရားဝင်ကိုယ်စားလှယ် )နှင့် ဒေါ်ဝင်းမြင့် (ကွယ်လွန်သူ ဦးကျော်စိုး၏တရားဝင်ကိုယ်စားလှယ်) ပါ ၃ ၊ ၂၀၁၃ ခုနှစ် ၊ တရားမအယူခံအမှတ် ၄၅ ၊ ၂၀၁၄ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ရေးထုံး ၊စာ-၅၆ " မှာ ရန်ကုန်တိုင်းတရားရုံး ၊ ၁၉၉၃ ခုနှစ် ၊ တရာမကြီးမှုအမှတ် ၅၂၆ တွင် တရားလို ဒေါ်ရီက တရားပြိုင် (၁) ဒေါ်သန်းမေ (၂)ဒေါ်အေးကျင် (၃) ဦးကျော်စိုးနှင့် ဒေါ်ခင်သန်းလွင်တို့အပေါ် အမွေပုံစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုရာ ရန်ကုန်တိုင်းဒေကြီး တရားလွှတ်တော်၏ဟ ၄-၅-၂၀၁၂ ရက်စွဲပါ စီရင်ချက်နှင့် ဒီကရီချမှတ်ခဲ့ပါတယ် ။ယင်းကိုပယ်ဖျက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ချက်နဲ့ ဒီကရီကို ချမှတ်ခဲ့ပါတယ် ။တရားပြိုင်များက မကျေနပ်သဖြင့် ဤတရားမ အထူးအယူခံမှုကိုတင်သွင်းခြင်း ဖြစ်ပါတယ် "

" ထို့ကြောင့် တရားပြိုင် ဦးခင်းမောင်အေးက ၊ အထူးအယူခံဝင်ခွင့်ပြုရန် ၊ ၂၀၁၃ ခုနှစ် ၊ တရားမအထွေထွေ လျှောက်လွှာ (အထူး) အမှတ် ၁၁၁ ကို လျှောက်ထားသဖြင့် ပြဿနာများကို ကြားနာပြီး " အမွေပုံစီမံခန့်ခွဲပေးစေလိုမှုတွင် အပြီးသတ် ဒီကရီချမှတ်ပြီးနောက်မှ  ၊ ၄င်းတို့ဝေစုအတွက် နောက်ဆက်တွဲ ဒီကရီချမှတ်ပေးရန် လျှောက်ထားခြင်း မရှိကြောင်း ၊ ဖြေဆိုလိုက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး ရန်ကုန်တိုင်းတွင် စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုခဲ့ပါတယ်  "

" ဒေါ်အုံးရင်နှင့် ဦးမြအောင်ပါအမှု ၊ ၁၉၉၀ ပြည့်နှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံးစာ-၁၆၀ (၁၆၄) အရ အမွေခွဲဝေပေးရန် တောင်းဆိုနိုင်သည့်အကြောင်းသည် အမွေရှင်ကွယ်လွန်ချိန်တွင် စတင်ပေါ်ပေါက်သည်ဖြစ်သောကြောင့် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုကို အမွေဆိုင်တစ်ဦးကတရားလိုပြုလုပ်၍ စွဲဆိုရာ၌ တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်သည့်နေ့ကို အမွေရှင်သေဆုံးသည့်နေ့အဖြစ် အဆိုလွှာတွင် ဖော်ပြတရားစွဲဆိုရပါတယ် ။သို့သော် တရားရုံးက ဦးဆောင်ဦးရွက်ပြု၍ အမွေပုံစီမံခန့်ခွဲသော အမှု၌ တရားပြိုင်တစ်ဦးက အမွေဝေစုတောင်းဆိုခွင့်မှာမှု တရားလိုအား အမွေဝေစုသတ်မှတ်ပေးသော ပမာဏဒီကရီအပေါ် အခြေခံကာ တောင်းဆိုရခြင်း ဖြစ်သည်မှာ နည်းဥပဒေ ၁၃ (၁၂)ပါ ပြဌာန်းချက်များအရ မြင်သာတယ် "

" ဒါကြောင့် သူငယ်ချင်းလည်းမင်းရဲ့ ချေးငွပြန်ရနိုင်ဖို့အတွက် တရားရုံးမှာ အပြီးသတ်ဒီကရီ မချမှတ်မီ ၊ အမြန်သာလျှောက်ထားပေတော့ကွာ " ဟု ပြောမှ လာစဉ်ကနှင့် မတူတော့ဘဲ ရွှင်လန်းပြုံးပျော်ကာ နှုတ်ဆက်၍ ပြန်သွားပါတော့သည် ။

Credit: ကြယ်နီလေး (ဥပဒေ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service