ဘာကြောင့် မြေဂရန်အမည်ပေါက်လုပ်ဖို့ စိတ်ပျက်ကြတာလဲဆိုတာ

ဘာကြောင့် မြေဂရန်အမည်ပေါက်လုပ်ဖို့ စိတ်ပျက်ကြတာလဲဆိုတာ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2018 1:18 pm တွင် တင်ခဲ့သည်
6960 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေဂရန် အမည်ပေါက် ပြည်သူတွေ ဘာကြောင့် မြေဂရန်/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ

(ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ)

မြေဂရန်တခုလုပ်ရင် အချက်အလက်ဘယ်လောက်ပဲပြည့်စုံပါစေ လုပ်ငန်းစဉ်ကိုနားလည်နေတာတောင် (မြေပုံကူး အခွန်ဆောင် စာချုပ်ချုပ် မြေပုံထပ်ကူး ဂရန်/ဘိုးဘွားလျှောက်)အစအဆုံး မြေစာရင်းဌာန၊ အခွန်ရုံး ၊ ထွေအုပ်ဌာန ဒီရုံးသုံးခု အတက်အဆင်းဟာ ၄/၅/၆ လကြာတတ်တာ သဘာဝတစ်ခုလားတောင်မေးရပါတော့မယ် ဒါကြောင့်တချို့ပြည်သူတွေ ဘာဂရန်မှမလုပ်ပဲ စာချုပ်လေးတွေပဲကိုင်ထားကြတာပါ။ တကယ်တော့ ဂရန်မလုပ်ပဲထားခြင်းဟာ နိုင်ငံတော်အတွက် ဂရန်အခွန်တွေအများကြီးနစ်နာပါတယ်။ မြန်မာပြည်မှာ ကျွှန်တော်ခန့်မှန်းကြည့်တာ အမှန်တကယ်မြေယာပိုင်ဆိုင်မှု ၂၀ ရာနှူန်းလောက်သာ အမည်ပေါက်ဂရန်/ဘိုးဘွား/၃ခ/ပုံစံ ၇ တွေရှိကြမှာပါ။

ကျန် ၈၀ ရာနှုန်းဟာ ရုံးကိစ္စတွေနားမလည်လို့မလုပ်ကြသလို ရုံးတွေရဲ့လုပ်ငန်းစဉ်အရမ်းကြာမြင့်မှုတွေကို စိတ်ပျက်သူတွေများလှပါတယ်။ နိုင်ငံတော်အတွက် ၈၀ ရာခိုင်းနှုန်းသော မြေခွန်တွေအရမ်းနစ်နာပါတယ်။ ဒါအပြင် မိမိတို့လို SME လုပ်ငန်းများအသက်ရှင်ဖို့လိုအပ်သော ငွေအရင်အနှီးအတွက် ချေးငွေများလျှောက်ထားရာတွင် မြေယာပိုင်ဆိုင်မှုလိုအပ်ပြန်ပါတယ်။ ဒါကြောင့် SME သမားတွေဟာ မဖြစ်မနေ မြေပိုင်ဆိုင်မှုလုပ်ကြပါတယ်။

တချို့SME တွေဟာ မြေပိုင်ဆိုင်မှုမရှိလို့ချေးငွေမရကြပြန်ဘူး ဒီအတွက်လုပ်ငန်းတွေတိုးတက်သင့်သလောက်မတိုးတက်နိုင်ပါဘူး။ သူတို့ဟာပိုင်ဆိုင်မှုမရှိတာ မလုပ်လို့မရှိတာထက် လုပ်ရမှာကြောက်ကြလို့ပါပဲ။ ရုံးလုပ်ငန်းစဉ်တွေကို ယခုထက်ပိုမိုမြန်ဆန်အောင်ဆောင်ရွက်နိုင်ရင် ပြည်သူတွေပိုမိုယုံကြည်ပြီး အမည်ပေါက်ဂရန်/ဘိုးဘွား တွေလုပ်လာလိမ့်မယ်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူတွေ/SME တွေအတွက်များစွာအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတော်ဘက်ကလဲ အခွန်တွေများစွာရလာပါလိမ့်မယ်။

ယခုလက်ရှိအခြေအနေကတော့ ပြည်သူအများစုဟာ အရပ်စာချုပ်တွေနဲ့သာအများစုရှိနေကြပြီး အမည်ဖောက်ဖို့ လုပ်သူအရမ်းနည်းပါးခြင်းဟာ မြေယာပိုင်ဆိုင်မှုအငြင်းပွါးမှုတွေအထိပါကူးစက်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက တချို့သေသာသွားတယ် သူ့မြေကွက်သူ နာမည်ပေါက်ပိုင်ဆိုင်မသွားကြပါဘူး။

ဒါတွေဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဘယ်ဥပဒေတွေကြောင့်လဲ ဘာတွေပြန်ပြင်သင့်သလဲ ဘယ်လိုမြန်အောင် လုပ်သင့်လဲ အစိုးရဘက်က ဥပဒေရေးရာကော်မတီတွေပြန်စိစစ်သင့်ပြီ လူတွေကြောင့်လား မှုတွေကြောင့်လား ပြန်စိစစ်ပါ။ ပြည်သူတွေက အစိုးရဌာနတွေအပေါ် ဒီလိုကိစ္စလေးတွေကအစ အယုံအကြည်ပျက်စေတယ်။

လွှတ်တော်ဘက်က လိုအပ်တဲ့ဥပဒေ နည်းဥပဒေတွေကို ပြန်လည်စိစစ်ပြီး ယခုထက်ပိုမိုမြန်ဆန်တဲ့နည်းတွေစဉ်းစားသင့်တယ်။ တခြားသူထံမှဝယ်ယူပြီး အမည်ပေါက်လုပ်ငန်းစဉ်အနည်းငယ်ပြောပြပါမယ်။

(၁) မြေစာရင်းမှာ စာချုပ်ချုပ်ဖို့မြေပုံကူး(ကွင်းဆင်း)

(၂) အခွန်ရုံးမှာအခွန်ဆောင်

(၃) မြေစာရင်းမှာ စာချုပ်ချုပ်

(၄) မြေငှါးဂရန်/ဘိုးဘွား လျှောက်ဖို့ မြေပုံထပ်ကူး

(၅) မြေငှါးဂရန်အတွက် ခရိုင်ထွေအုပ်ရုံးမှာ လျှောက်

(၆) ခရိုင်ထွေအုပ်က မြို့နယ်ထွေအုပ်ကိုကွင်းဆင်းဖို့ပြန်ချ

(၇) မြို့နယ်ထွေအုပ်မှကွင်းဆင်း

(၈) မြို့နယ်ထွေအုပ် မှ သတင်းစာမှာကန့်ကွက်သူရှိမရှိ ၁၄ရက်ကြော်ငြာ

(၉) မြေစာရင်းကို ဂရန်အတွက်အမည်ပေါက်မြေပုံထုတ်ရန် ထွေအုပ်ကပြန်ပို့

(၁၀) နောက်ဆုံးအဆင့် ခရိုင်ရုံးပြန်တက် အမှုတွဲစုံရင် ခရိုင်ဥက္ကဌ (ကောလိပ်တော်အရာရှိ ) လက်မှတ်ထိုး

အမလေး ရေးရတာတောင်မောတယ် တကယ်အဲဒီအဆင့်တွေကိုလက်တွေ့လုပ်ကြည့်ပါ အနိစ္စ ဒုက္ခ အနတ္တ လက္ခနာရေးသုံးပါးကိုအစုံအလင်တွေ့မြင်ရမှာပါ။ ဒီအဆင့် ၁၀ ခုကိုအချိန်ဘယ်လောက် ကြာနိုင်လဲဆိုတာ ခန့်မှန်းတွက်ချက်ပါ။ ဒါတွေဟာတကယ့် အမှန်တရားတွေပါ။ ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ။

ဝမ်းမစတော့နိုင်ရင်တောင် တူးစတော့လောက်ဆိုမဆိုးဘူး။ အခုက ၁၀ ဆင့်လောက်လုပ်ရမဲ့ကိစ္စဟာ တကယ်စိတ်ပျက်စရာကြီးပါ။ ကဲ ဘယ်လိုမြန်အောင်လုပ်သင့်လဲ ဘယ်နည်းဥပဒေကကြန့်ကြာစေလဲ။ ဘယ်သူတွေကြောင့်လဲ အဖြေရှာကြရအောင်ဗျာ

(မှတ်ချက်) ကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေတာပါ။

 

Credit: ညီညီအောင် (ပြည်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service