ဘာကြောင့် မြေဂရန်အမည်ပေါက်လုပ်ဖို့ စိတ်ပျက်ကြတာလဲဆိုတာ - Property Knowledge in Myanmar from iMyanmarHouse.com
6944 Views

ဘာကြောင့် မြေဂရန်အမည်ပေါက်လုပ်ဖို့ စိတ်ပျက်ကြတာလဲဆိုတာ

Knowledge | Posted by Si Thu Aung

မြေဂရန် အမည်ပေါက် ပြည်သူတွေ ဘာကြောင့် မြေဂရန်/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ

(ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ)

မြေဂရန်တခုလုပ်ရင် အချက်အလက်ဘယ်လောက်ပဲပြည့်စုံပါစေ လုပ်ငန်းစဉ်ကိုနားလည်နေတာတောင် (မြေပုံကူး အခွန်ဆောင် စာချုပ်ချုပ် မြေပုံထပ်ကူး ဂရန်/ဘိုးဘွားလျှောက်)အစအဆုံး မြေစာရင်းဌာန၊ အခွန်ရုံး ၊ ထွေအုပ်ဌာန ဒီရုံးသုံးခု အတက်အဆင်းဟာ ၄/၅/၆ လကြာတတ်တာ သဘာဝတစ်ခုလားတောင်မေးရပါတော့မယ် ဒါကြောင့်တချို့ပြည်သူတွေ ဘာဂရန်မှမလုပ်ပဲ စာချုပ်လေးတွေပဲကိုင်ထားကြတာပါ။ တကယ်တော့ ဂရန်မလုပ်ပဲထားခြင်းဟာ နိုင်ငံတော်အတွက် ဂရန်အခွန်တွေအများကြီးနစ်နာပါတယ်။ မြန်မာပြည်မှာ ကျွှန်တော်ခန့်မှန်းကြည့်တာ အမှန်တကယ်မြေယာပိုင်ဆိုင်မှု ၂၀ ရာနှူန်းလောက်သာ အမည်ပေါက်ဂရန်/ဘိုးဘွား/၃ခ/ပုံစံ ၇ တွေရှိကြမှာပါ။

ကျန် ၈၀ ရာနှုန်းဟာ ရုံးကိစ္စတွေနားမလည်လို့မလုပ်ကြသလို ရုံးတွေရဲ့လုပ်ငန်းစဉ်အရမ်းကြာမြင့်မှုတွေကို စိတ်ပျက်သူတွေများလှပါတယ်။ နိုင်ငံတော်အတွက် ၈၀ ရာခိုင်းနှုန်းသော မြေခွန်တွေအရမ်းနစ်နာပါတယ်။ ဒါအပြင် မိမိတို့လို SME လုပ်ငန်းများအသက်ရှင်ဖို့လိုအပ်သော ငွေအရင်အနှီးအတွက် ချေးငွေများလျှောက်ထားရာတွင် မြေယာပိုင်ဆိုင်မှုလိုအပ်ပြန်ပါတယ်။ ဒါကြောင့် SME သမားတွေဟာ မဖြစ်မနေ မြေပိုင်ဆိုင်မှုလုပ်ကြပါတယ်။

တချို့SME တွေဟာ မြေပိုင်ဆိုင်မှုမရှိလို့ချေးငွေမရကြပြန်ဘူး ဒီအတွက်လုပ်ငန်းတွေတိုးတက်သင့်သလောက်မတိုးတက်နိုင်ပါဘူး။ သူတို့ဟာပိုင်ဆိုင်မှုမရှိတာ မလုပ်လို့မရှိတာထက် လုပ်ရမှာကြောက်ကြလို့ပါပဲ။ ရုံးလုပ်ငန်းစဉ်တွေကို ယခုထက်ပိုမိုမြန်ဆန်အောင်ဆောင်ရွက်နိုင်ရင် ပြည်သူတွေပိုမိုယုံကြည်ပြီး အမည်ပေါက်ဂရန်/ဘိုးဘွား တွေလုပ်လာလိမ့်မယ်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူတွေ/SME တွေအတွက်များစွာအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတော်ဘက်ကလဲ အခွန်တွေများစွာရလာပါလိမ့်မယ်။

ယခုလက်ရှိအခြေအနေကတော့ ပြည်သူအများစုဟာ အရပ်စာချုပ်တွေနဲ့သာအများစုရှိနေကြပြီး အမည်ဖောက်ဖို့ လုပ်သူအရမ်းနည်းပါးခြင်းဟာ မြေယာပိုင်ဆိုင်မှုအငြင်းပွါးမှုတွေအထိပါကူးစက်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက တချို့သေသာသွားတယ် သူ့မြေကွက်သူ နာမည်ပေါက်ပိုင်ဆိုင်မသွားကြပါဘူး။

ဒါတွေဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဘယ်ဥပဒေတွေကြောင့်လဲ ဘာတွေပြန်ပြင်သင့်သလဲ ဘယ်လိုမြန်အောင် လုပ်သင့်လဲ အစိုးရဘက်က ဥပဒေရေးရာကော်မတီတွေပြန်စိစစ်သင့်ပြီ လူတွေကြောင့်လား မှုတွေကြောင့်လား ပြန်စိစစ်ပါ။ ပြည်သူတွေက အစိုးရဌာနတွေအပေါ် ဒီလိုကိစ္စလေးတွေကအစ အယုံအကြည်ပျက်စေတယ်။

လွှတ်တော်ဘက်က လိုအပ်တဲ့ဥပဒေ နည်းဥပဒေတွေကို ပြန်လည်စိစစ်ပြီး ယခုထက်ပိုမိုမြန်ဆန်တဲ့နည်းတွေစဉ်းစားသင့်တယ်။ တခြားသူထံမှဝယ်ယူပြီး အမည်ပေါက်လုပ်ငန်းစဉ်အနည်းငယ်ပြောပြပါမယ်။

(၁) မြေစာရင်းမှာ စာချုပ်ချုပ်ဖို့မြေပုံကူး(ကွင်းဆင်း)

(၂) အခွန်ရုံးမှာအခွန်ဆောင်

(၃) မြေစာရင်းမှာ စာချုပ်ချုပ်

(၄) မြေငှါးဂရန်/ဘိုးဘွား လျှောက်ဖို့ မြေပုံထပ်ကူး

(၅) မြေငှါးဂရန်အတွက် ခရိုင်ထွေအုပ်ရုံးမှာ လျှောက်

(၆) ခရိုင်ထွေအုပ်က မြို့နယ်ထွေအုပ်ကိုကွင်းဆင်းဖို့ပြန်ချ

(၇) မြို့နယ်ထွေအုပ်မှကွင်းဆင်း

(၈) မြို့နယ်ထွေအုပ် မှ သတင်းစာမှာကန့်ကွက်သူရှိမရှိ ၁၄ရက်ကြော်ငြာ

(၉) မြေစာရင်းကို ဂရန်အတွက်အမည်ပေါက်မြေပုံထုတ်ရန် ထွေအုပ်ကပြန်ပို့

(၁၀) နောက်ဆုံးအဆင့် ခရိုင်ရုံးပြန်တက် အမှုတွဲစုံရင် ခရိုင်ဥက္ကဌ (ကောလိပ်တော်အရာရှိ ) လက်မှတ်ထိုး

အမလေး ရေးရတာတောင်မောတယ် တကယ်အဲဒီအဆင့်တွေကိုလက်တွေ့လုပ်ကြည့်ပါ အနိစ္စ ဒုက္ခ အနတ္တ လက္ခနာရေးသုံးပါးကိုအစုံအလင်တွေ့မြင်ရမှာပါ။ ဒီအဆင့် ၁၀ ခုကိုအချိန်ဘယ်လောက် ကြာနိုင်လဲဆိုတာ ခန့်မှန်းတွက်ချက်ပါ။ ဒါတွေဟာတကယ့် အမှန်တရားတွေပါ။ ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ။

ဝမ်းမစတော့နိုင်ရင်တောင် တူးစတော့လောက်ဆိုမဆိုးဘူး။ အခုက ၁၀ ဆင့်လောက်လုပ်ရမဲ့ကိစ္စဟာ တကယ်စိတ်ပျက်စရာကြီးပါ။ ကဲ ဘယ်လိုမြန်အောင်လုပ်သင့်လဲ ဘယ်နည်းဥပဒေကကြန့်ကြာစေလဲ။ ဘယ်သူတွေကြောင့်လဲ အဖြေရှာကြရအောင်ဗျာ

(မှတ်ချက်) ကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေတာပါ။

 

Credit: ညီညီအောင် (ပြည်)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service